Wednesday, April 22, 2020

ရွှေတိဂုံဘုရားဖူးမျှော်ခွင့် ကို ဧပြီ ၃၀ ထိ ပိတ်ထားမည်

Image may contain: 1 person, outdoor
သင်္ကြန်နှစ်သစ်ကူးကာလအပြီးတွင် ပြန်လည်ဖွင့်လှစ်ရန်စီစဉ်ထားသည့်ရွှေတိဂုံဘုရားဖူးခွင့်ကို ဧပြီလ ၃၀ ရက် အထိ ထပ်မံပိတ်သိမ်းထားမည်ဖြစ်ကြောင်း ရွှေတိဂုံဘုရားဂေါပက အဖွဲ့ဝင်ဒေါက်တာရဲအောင်ကပြောသည်။

စိုင်းစိုင်းခမ်းလှိုင်က ကိုဗစ်-၁၉ ကာကွယ်ရေးအတွက်အလှူငွေ ကျပ်သိန်း ၃၀၀ ကနဦး လှူဒါန်းထား

Image may contain: 1 person, standing, sitting and indoor
နှစ်စဉ်ကျင်းပသော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ရှိုးပွဲကို ယခုနှစ်တွင် အွန်လိုင်းမှဖျော်ဖြေသည့် ပုံစံဖြင့် အခမဲ့ ကျင်းပခဲ့သော်လည်း စိုင်းစိုင်းခမ်းလှိုင်၏ ပရိသတ်များနှင့် မိတ်ဆွေများ၏ ဝိုင်းဝန်းလှူဒါန်းမှုမှ ယခုအချိန်ထိ အလှူငွေကျပ်သိန်း ၈၀၀ ခန့် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ရောဂါ သက်သာသည့် ၉ဦးစလုံး ဆေးရုံမှ ဆင်းခွင့်ရ

No photo description available.
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ ( ဧပြီ ‌၂၂ ရက်)နံနက် ၁၀ နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၂၁) ဦးရှိပြီး ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၉) ဦး‌ရှိကြောင်းသိရသည်။

မန္တလေးသို့ ဝင်ရောက်လာသူများ (၂၈)ရက် Quarantine နေရမည့် အစီအစဉ် ယနေ့စတင်၊ နေရာ၊ဒေသ အတိအကျ မပါဘဲ မန္တလေးတိုင်း ပြင်ပ ရောဂါဖြစ်ပွားမှုများသည့် ဒေသများဟုသာ ဖော်ပြထား

Image may contain: 2 people, people standing and outdoor
မန္တလေးတိုင်း ပြင်ပ COVID-19 ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသများသို့ သွားရောက်နေထိုင်ခဲ့ပြီး မန္တလေးတိုင်း အတွင်းသို့ ပြန်လည်ရောက်ရှိလာသူများ အနေဖြင့် Quarantine (အသွားအလာ ကန့်သတ် စောင့်ကြည့်ခြင်း) (၂၈)ရက် နေထိုင်ရမည်ဖြစ်ကြောင်း တိုင်းအစိုးရက ညွှန်ကြားစာ ထပ်မံထုတ်ပြန်သည်။

ငှက်ဖျားကုသဆေး hydroxychloroquine က ကိုရိုနာဗိုင်းရပ်စ်အတွက် ထိရောက်မှုမရှိဟု လေ့လာတွေ့ရှိ

No photo description available.

Covid-19 ကုသရေးမှာ အလားအလာရှိတဲ့ ဆေးဝါတစ်ခုအဖြစ်အမွှမ်းတင်နေကြတဲ့ hydroxychloroquine ဆေးဟာ တကယ်လက်တွေ့စမ်းသပ်ကြည့်ရာမှာ ထိရောက်မှုမရှိဘူးလို့ အခုလ(၂၂)ရက် နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

အမေရိကန်တွင် တစ်ရက်အတွင်း အမြင့်ဆုံး သေဆုံးနှုန်းအဖြစ် လူပေါင်း ၂၈၀၀ ကျော် သေဆုံး

Image may contain: one or more people and people sitting
COVID 19 ကမ္ဘာ့ကပ်ရောဂါ ဗဟိုချက်မဖြစ်သော အမေရိကန်ပြည်ထောင်စုတွင် ယမန်နေ့က လူပေါင်း ၂၈၀၄ ဦး သေဆုံးခဲ့ပြီး ရောဂါစတင်ဖြစ်ပွားချိန်မှ ယခုအချိန်ထိ အများဆုံး သေဆုံးသည့် နေ့ရက်တစ်ရက် ဖြစ်လာခဲ့သည်။

COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေစဉ် ဒဏ်ရာရရှိမှုနှင့် ကွယ်လွန်မှုအပေါ် ဝမ်းနည်းရပါကြောင်း

Image may contain: text
COVID-19 ဓာတ်ခွဲနမူနာများအား စစ်တွေမြို့မှ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ကူညီသယ်ယူပို့ဆောင်ခဲ့စဉ် ဒဏ်ရာရှိခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ဦးပြည့်စုံဝင်းမောင်သည် (၂၁-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့မှုအပေါ် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းပါသည်။ ဦးပြည့်စုံဝင်းမောင်သည် မိမိတို့နိုင်ငံ COVID-19 ကပ်ရောဂါကြီးအား ကျော်လွှားအောင်မြင်နိုင်စေရန် ပြည်သူများ၏အကျိုး အတွက် လုပ်ငန်းများကို ဆောင်ရွက်ခဲ့သူဖြစ်သဖြင့် နိုင်ငံအတွက် တာဝန်ကျေပွန်သူနိုင်ငံသား တစ်ဦးကို ဆုံးရှုံးခဲ့ရခြင်းလည်းဖြစ်ပါသည်။

မြန်မာပလာဇာမှ MPT အရောင်းစာရေးအမျိုးသမီး ကိုဗစ်ရောဂါ စစ်တွေ့ရှိရမှု မည်သို့မည်ပုံ ကူးစက်ခံရမှန်းမသိရှိရသေး

Image may contain: people sitting, table and indoor
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယမန်နေ့ ညက ကိုဗစ်လူနာသစ် ၂ ဦးတွေ့ရှိကြောင်း ထုတ်ပြန်ခဲ့ရာတွင် တစ်ဦးမှာ ရန်ကုန်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမှဖြစ်ပြီး မြန်မာပလာဇာမှ MPT အရောင်းစာရေး အမျိုးသမီး ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံများ COVID-19 ကူးစက်ခံရမှု နောက်ဆုံးအခြေအနေ

No photo description available.

Monday, April 20, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါကာကွယ်ရေး စစ်ဆေးဆောင်ရွက်စဉ် ဆိုင်ကယ် မရပ်တန့်ခဲ့သူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ

Image may contain: one or more people

ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါကာကွယ်ရေးစစ်ဆေးဆောင်ရွက်စဉ် ဆိုင်ကယ်မရပ်တန့်ခဲ့သူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးအခြေအနေ


No photo description available.

မုံရွာတွင် Mask တပ်ခိုင်းခြင်းကြောင့် မကျေနပ်၍ တာဝန်ရှိသူကို ဓါးဖြင့်ခုတ်ခဲ့သူအား ဖမ်းဆီးရမိ

Image may contain: 2 people, outdoor and nature
ယနေ့ ဧပြီ ၂၀ တွင်စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ၊ ပြည်တော်သာ ရပ်ကွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတစ်ဦးကို ဓါးဖြင့်ခုတ်သွားသူကို ဖမ်းဆီးရမိပြီဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ပြန်ခိုးဝင်လာသူများကို ထိန်းချုပ်ရန်မလွယ်ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူးပြော

Image may contain: cloud, sky, tree, outdoor and nature

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှည်လျားတဲ့ နယ်စပ်ခြံစည်းရိုးတွေကနေ ရခိုင်ပြည်နယ်ထဲ ပြန်လည်ခိုးဝင်လာတဲ့သူတွေကို ထိန်းချုပ်ဖို့ မလွယ်ဘူးလို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဗိုင်းရပ်စ်သတ်ဆေး remdesivir ဖြင့် မျောက်များကို စမ်းသပ်ကုသမှု အောင်မြင်

Image may contain: one or more people

Gilead Sciences ဆေးသုတေသနကုမ္ပဏီက စမ်းသပ်နေတဲ့ ဗိုင်းရပ်စ်သတ်ဆေး ရမ်ဒီစီဗာ remdesivir ကို မျောက်တွေနဲ့ စမ်းသပ်ခဲ့ရာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးနိုင်တယ်လို့ အမေရိကန် ကူးစက်ရောဂါများဆိုင်ရာ အမျိုးသားအင်စတီကျု NIAID က ဧပြီ ၁၇ က ထုတ်ပြန်ခဲ့ပါတယ်။

ယနေ့နံနက်ပိုင်း မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ (၁၁၁) ဦး၊ သေဆုံး (၅) ဦးနှင့်သက်သာ (၂) ဦးရှိပြီး ထပ်တိုးလူနာမရှိ

No photo description available.

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၃၆၉) ဦးတို့၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (၄)ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၆၅)ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း (၁၉-၄- ၂၀၂၀)ရက်နေ့၊ ည (၁၁:၁၅) သတင်းတွင် ထုတ်ပြန်ခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်းမှာ ကူးစက်သူပေါင်း (၂)သန်း(၄)သိန်းကျော်၊ သေဆုံးသူ (၁)သိန်း(၆)သောင်းခွဲရှိလာ

Image may contain: one or more people

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ (၁)သိန်း(၆)သောင်းခွဲရှိလာပြီး။ ကူးစက်သူ (၂)သိန်း(၄) သိန်းကျော်ရှိလာပြီ လို့ ဒီမနက် worldometer ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု


No photo description available.
ဧပြီ ၂၀၊ ၂၀၂၀ (မနက် ၁၀ နာရီ)

လားရှိုးမြို့ကို လေကြောင်းလိုင်းဖြင့်ရောက်ရှိလာသူ(၁၂)ဦး Facility Quarantine Center သို့ ဝင်ရောက်


Image may contain: one or more people and indoor

Covid- 19 ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရဲ့ ကျေးဇူးတင်စကား

Image may contain: 1 person, standing and indoor

ကရုဏာနဲ့ တာဝန် ထမ်းဆောင် နေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများကို ကျေးဇူးတင်ပါတယ်။ နိုင်ငံ့ စက်ယန္တရားကြီး လည်ပတ်နိုင်ဖို့ နေ့စဉ်တာဝန်ကိုယ်စီ ထမ်းရွက်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများကို ကျေးဇူးတင်ပါတယ်။

ပိုးတွေ့လူနာအသစ် ၃ ဦးထပ်မံတွေ့ရှိ၊ စုစုပေါင်း ၁၁၁ ဦးရှိလာ

Image may contain: text
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ ယနေ့ (ဧပြီ ၁၉ ရက်)တွင် (ဒုတိယအသုတ်)အဖြစ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၁) ခုအနက် (၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ည ၁၁ နာရီ ၁၅ မိနစ်တွင် ထုတ်ပြန်သည်။

ကိုဗစ်ကပ်ရောဂါအတွက် တရုတ်တွင် တာဝန်ရှိ၍ အကျိုးဆက်များ ရင်ဆိုင်ရနိုင်ဟု အမေရိကန်သမ္မတထရမ့် သတိပေး

Image may contain: 1 person, standing and suit
အမေရိကန်သမ္မတ ထရမ့်က တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်ရောဂါဖြစ်ပွားမှုအတွက် တာဝန်ရှိသဖြင့် အကျိုးဆက်များကို ရင်ဆိုင်ရနိုင်ဟု သတိပေးပြောဆိုလိုက်ကြောင်း နိုင်ငံတကာသတင်းများတွင် ရေးသားဖော်ပြထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူများဆွေးနွေးခြင်းအား နိုင်ငံတော်၏အတိုင်ပင်ခံ Facebook Account မှ တိုက်ရိုက်ထုတ်လွှင့်မည်


No photo description available.

လူတိုင်းကချစ်ပါတယ်

Image may contain: 1 person, outdoor, text that says 'ရုပ်လှဖို့ မလိုပါဘူး စိတ်ထားကောင်းရင် လူတိုင်းက ချစ်ပါတယ်...'

Covid-19 ရဲ့ အရေးပေါ်လက္ခဏာများ

မြန်မာနိုင်ငံတွင်Covid-19 အတည်ပြုလူနာ (၁၁၁)ဦးအထိရှိလာပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁သိန်း၆သောင်း ကျော်ရှိလာပြီး ရောဂါကူးစက်ခံရသူ (၂.၄) သန်းကျော်အထိမြင့်တက်လာ

Image may contain: text

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ဧပြီလ ၂၀ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း(၁၆၅,၀၄၆) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ပြောကြားချက် သတင်းထုတ်ပြန်ချက်များအရသိရှိရပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၂,၄၀၇,၂၁၁) ဦး ကူးစက်ခံထားကြောင်း သိရသည်။

My Blog List