Tuesday, November 26, 2019

Monday, November 25, 2019

မီဒီယာ၊ အနုပညာရှင်များနှင့် ပြည်သူကိုလွှမ်းမိုးနိုင်စွမ်းရှိသူတို့သည် ငြိမ်းချမ်းရေးမြှင့်တင်ရေးနှင့် ပြဿနာများဖြေရှင်းရေးတွင် ပိုမို အရေးပါလာဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား



ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့သို့ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာ၊ အနုပညာရှင်များနှင့် ပြည်သူကိုလွှမ်းမိုးနိုင်စွမ်းရှိသူတို့သည် ငြိမ်းချမ်းရေးမြှင့်တင်ရေးနှင့် ပြဿနာများဖြေရှင်းရေးတွင် ပိုမို အရေးပါလာကြောင်း ပြောကြားသည်။

ICJ ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံ ဘက်မှ ရပ်တည်ထောက်ခံပွဲ မန္တလေးတွင် ပြုလုပ်မည်


မန္တလေးမြို့တွင် ICJ ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံဘက်မှ ရပ်တည်ထောက်ခံပွဲပြုလုပ်သွားမည်ဖြစ်ပြီး ယင်းထောက်ခံပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကို နိုဝင်ဘာလ (၂၅) ရက်နေ့ နေ့လည်ပိုင်းက ဗြဟ္မာစိုရ်လူမှုကူညီရေးအသင်းရုံးတွင် ပြုလုပ်ခဲ့သည် ။

ပထမဦးဆုံး ကမ်းခြေစိုက် စက်သေနတ်ကို အင်ဒိုနီးရှားရေတပ် စမ်းသပ်ပစ်ခတ်



အင်ဒိုနီးရှားရေတပ်ဟာ ကမ်းခြေစိုက် ၇၆ မမ စက်သေနတ်ကို ပထမဦးဆုံး စမ်းသပ်ပစ်ခတ်မှုပြုလုပ်ခဲ့ပါတယ်။

လွှတ်တော်ကို တရုတ်ထောက်လှမ်းမှု သြစတြေးလျ စုံစမ်းစစ်ဆေး


Image may contain: people sitting

တရုတ်နွယ်ဖွား သြစတြေးလျနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို မဲလ်ဘုန်း ပြည်နယ်လွှတ်တော်မှာ ထောက်လှမ်း ရေးပြုလုပ်ဖို့ လွှတ်တော်အမတ်နေရာအတွက် တရုတ်က ဝင်ရောက်ယှဉ်ပြိုင်ခိုင်းခဲ့တယ်ဆိုတဲ့ အမှုကို သြစတြေးလျက စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။

ICJ တရားရုံးသို့ သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်အတိုင်ပင်ခံ၏ ဆောင်ရွက်မှုကို နိုင်ငံသားအားလုံးက NLD ပါတီနှင့်အတူ ရပ်တည်ထောက်ခံမည်ဟု ယုံကြည်ကြောင်း NLD ပါတီထုတ်ပြန်


Image may contain: textImage may contain: text 

မန္တလေး ကျောက်မျက်ပြပွဲတွင် ရောင်းချထားသည့် ကျောက်စိမ်း လော့တွဲ(၂၈၀) ကျော် လာရောက်ထုတ်ယူခြင်းမရှိသေး


မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲတွင် ရောင်းချ ထားသည့် ကျောက်စိမ်း လော့တွဲ(၂၈၀) ကျော် လာရောက်ထုတ်ယူခြင်းမရှိသေးကြောင်း ပြပွဲကျင်းပရေးကော်မတီက သိရသည် ။

ဟောင်ကောင်ဒေသရွေးကောက်ပွဲ ဒီမိုကရေစီအမတ်တွေသောင်ပြိုကမ်းပြိုအနိုင်ရ၊ ဘာပဲဖြစ်ဖြစ် တရုတ်နယ်မြေတစိတ်တပိုင်းပဲလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော


Image may contain: 1 person, standing and text
ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ကောင်စီဝင်လောင်းတွေက ဟောင်ကောင်ခရိုင်ကောင်စီရွေးကောက်ပွဲတွေမှာ သိသိသာသာအများစုအနိုင်ရခဲ့ပြီး သောင်ပြိုကမ်းပြိုနေရာတွေအနိုင်ရခဲ့ပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာန ဝက်ဘ်ဆိုက်ဒ်လွှင့်တင်

Image may contain: 1 person 

ဂူတာပြင်ဖြစ်စဉ် စစ်တရားရုံး ဖြင့် စစ်ဆေးတော့မည်


No photo description available.
တပ်မတော်အက်ဥပဒေ(The Defence Services Act ) ၊ တပ်မတော်နည်းဥပဒေများ(The Defence Services Rules )နှင့် အညီဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး ( Court of Inquiry )က ဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု တင်ပြခဲ့သည့် ထင်မြင်ယူဆချက်အရ စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်းစဉ်များ ( Process of Military Justice)အတိုင်း ဆောင်ရွက်လျက်ရှိရာ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများအပေါ် အကျဉ်း စစ်တရားရုံးချုပ် ( Summary General Court-Martial) ဖြင့် ရုံးထိုင်စစ်ဆေးခြင်းအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်၌ စတင်စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုုတ်ပြန်သည်။

သုံ့ပန်းလဲလှယ်ဖို့ AA ထပ်မံကမ်းလှမ်း


အမှုဖွင့်၊ တရားစွဲခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးမယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက RFA ကို ဒီနေ့ ပြောလိုက်ပါတယ်။

ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်တွင် လျှောက်သွား နိုင်အောင် ပါတီထောင်ခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်းပြော


Image may contain: 1 person, standing and indoor

ဖက်ဒရယ်စနစ်ကို မှန်ကန်စွာ ကျင့်သုံးနိုင်ခြင်းဖြင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာနိုင်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်သည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ညီညွတ်ရေးကိုလည်း ဖြစ်ထွန်းစေနိုင်သည့် ထူးခြားချက်များ ရှိပါကြောင်း၊ထို့အတူ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် သည့် အလေ့အကျင့်ကောင်းများကိုလည်း အားပေးသည့် စနစ်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်အောင် ပါတီ တည်ထောင်ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် မဲစာရင်းကောက်ယူပြီးစီး


တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအ၀င် မြို့နယ် ၁၇  မြို့နယ်မှာ မဲဆန္ဒရှင်စာရင်း ကောက်ယူပြီးစီးသွားပြီလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးက ပြောပါတယ်။

နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်၌ တပ်မတော် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့


Image may contain: one or more people
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း TNLA အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရရှိမှု၊ ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူ များ၏ အကြမ်းဖက်လုပ်ရပ်များနှင့် တိုင်းစစ်ဌာနချုပ်များအလိုက် မူးယစ်ဆေး ဝါးများဖမ်းဆီးရရှိမှု အခြေအနေများနှင့် ပတ်သက်၍ တပ်မတော် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၄ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ် ခဲ့သည်။

ရန်ကုန်-မန္တလေးကားလမ်းကြီးဆုံမှတ်နေရာတွင် လက်ကားစျေး အကောင်အထည်ဖော်နေ


Image may contain: outdoorImage may contain: one or more people and outdoor
တစ်နိုင်ငံလုံးနှင့်ကုန်သွယ်နိုင်ရန် ရန်ကုန်-မန္တလေးကားလမ်းကြီးဆုံမှတ်နေရာတွင် လက်ကားစျေးတစ်ခု အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းမှ ဘိန်းခင်းများအား ဖျက်ဆီး


Image may contain: 1 person, sky, grass, cloud, mountain, flower, outdoor and nature

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းမှ ဘိန်းခင်းများအား ဖျက်ဆီးခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲ့ထံက သတင်းရရှိ သည်။

အိုင်စီဂျေတွင် သွားရောက်ဖြေရှင်းမည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ မုံရွာမြို့ မြို့တော်ခန်းမရှေ့၌ ပြုလုပ်


Image may contain: 2 people, outdoor 
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် တရားစွဲဆိုခံထားရသည့်အမှုကို သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် လူထုလှုပ်ရှားမှုတစ်ခုကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက မုံရွာမြို့ရှိ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

TNLA ထံမှ သိမ်းဆည်းမိသည့် လေယာဉ်ပစ် FN 6 ပခုံးထမ်းအမြှောက် တရုတ်နိုင်ငံထုတ်ဖြစ်ပြီး ဒေါ်လာ ၇၅၀၀၀ မှ ၉၀၀၀၀ အထိ တန်ကြေးရှိ


Image may contain: one or more people and outdoorNo photo description available.
ပလောင်တပ်မတော် TNLA ထံမှ သိမ်းဆည်းရမိသည့် လေယာဉ်ပစ် FN 6 ပခုံး ထမ်းအမြှောက် အပါအဝင် လက်နက်များ သည် တရုတ်နိုင်ငံထုတ်များ ပါဝင်နေပြီး ပခုံးထမ်း လေယာဉ်ပစ် အမြှောက်သည် ဒေါ်လာ ၇၅၀၀၀ မှ ၉၀၀၀၀ အထိ တန်ကြေးရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို လက်ခံရန် စည်းရုံးသည့် ရှမ်းဝန်ကြီးကို ရွာထဲအဝင်မခံဘဲ ပိတ်ဆို့၊ ဝန်ကြီးနှင့် ရွာသားများ ၁ နာရီကြာ စကားများ


Image may contain: 5 people, people smiling, people standing and outdoor
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ္မတူမြစ်ကမ်းဘေးတွင် တည်ဆောက်နေသည့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို လက်ခံရန် တာလုံကျေးရွာသားများ လာရောက်စည်းရုံးသည့် ရှမ်းပြည်နယ်အစိုးရဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံကို ရွာသားများ ရွာထဲအဝင်မခံဘဲ ပိတ်ဆို့ ဆန္ဒပြပြီး ဝန်ကြီးနှင့် ၁ နာရီကြာ စကားများခဲ့ကြကြောင်း သိရှိရသည်။

တအာင်းအဖွဲ့ထံမှ သိမ်းဆည်းရမိသည့် လက်နက်များတွင် တရုတ်နိုင်ငံလုပ်လက်နက်များ ပါဝင်နေဟု တပ်မတော်ပြော


No photo description available.
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စု ဟိုမိန်းကျေးရွာနှင့် အနီးတစ်ဝိုက်တွင် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)ထံမှ သိမ်းဆည်းရမိသည့် လက်နက်များတွင် တရုတ်နိုင်ငံလုပ်လက်နက်များစွာ ပါဝင်နေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံ ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့သို့ရောက်ရှိ


Image may contain: 4 people, people smiling, people standing
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတမစ္စတာမွန်ဂျေအင်း၏ ဖိတ်ကြားချက်အရ ဘူဆန်မြို့တွင် ကျင်းပမည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်ရန်အတွက် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားရာ ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့သို့ ရောက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Friday, November 22, 2019

မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှု လက်မခံဟု ရုရှားသံအမတ်ပြော


Image may contain: 1 person
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားကြောင်း သိရသည်။

YBS-61 ပေါ်တွင် ကျက်စားနေသည့် ခါး ၂ ဦး ဖမ်းဆီးရမိ



YBS-61 ပေါ်တွင် ကျက်စားနေသည့် ခါး ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရသည်။

ICJ တွင် အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်ဖြေရှင်းခြင်းသည် ကောင်းမွန်သည့်ကိစ္စဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများ သုံးသပ်


Image may contain: textImage may contain: sky and outdoor
မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ကိစ္စအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်သွားရောက် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တာဟာ ကောင်းမွန်တဲ့ ကိစ္စတစ်ခု ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်နှစ်(၁၀၀)ပြည့်အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်


Image may contain: 14 people, people standing
နေပြည်တော် MICC II ၌ ယနေ့ (နိုဝင်ဘာလ ၂၂)ပြုလုပ်နေသည့် ကုန်သည်စက်မှုအသင်းချုပ်တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အ ခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြား မည်ဖြစ် ကြောင်း သိရသည်။

My Blog List