Friday, November 22, 2019

YBS-61 ပေါ်တွင် ကျက်စားနေသည့် ခါး ၂ ဦး ဖမ်းဆီးရမိ

YBS-61 ပေါ်တွင် ကျက်စားနေသည့် ခါး ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရသည်။

ဖြစ်စဉ်မှာ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် ၁၆.၁၁.၂၀၁၉ ရက်နေ့ ၀၉၀၀ အချိန် ခါးပိုက်နှိုက်မှု လျော့နည်းကျဆင်းရေး အတွက် လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ အင်းစိန် လမ်း၊ သုခကားမှတ်တိုင်တွင် အသွင်ယူ စောင့်ကြည့်နေစဉ် ကားမှတ်တိုက်သို့ ဆိုက်ရောက်လာသော YBS (၆၁) ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်မသင်္ကာသူ ဇင်မင်းဝေ(ခ)အဖိုးကြီး၊ စိုးမင်းလှိုင်(ခ) ပြူးကျယ်တို့(၂)ဦးအား Bravogo စာတန်းပါ အညိုရောင် ခေါက်ပိုက်ဆံအိတ်(၁)လုံးနှင့် အိတ်အတွင်းမှ ငွေစက္ကူရောရာ (၃၁၀၀၀)ကျပ်၊ ၀၉၂၆၇၂၈၈၆၃၂၊ ၀၉၂၆၈၀၅၆၂၃၆၊ ၀၉၇၇၃၉၆၀၆၀၀၊ ၀၉၇၆၈၀၂၇၅၂၈ နံပါတ်များပါ ဆင်ကတ်(၄)ခု၊ မန်းတောင်ခြေ ဘိုးဘွားရိပ်သာ၊ မန္တလေးမြို့၊ ဦးကျော်သူ အမည်ပါ ဝန်ထမ်းစိစစ်ရေး ကတ်ပြား(၁)ခု တို့နှင့်အတူ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
စစ်ဆေးရာ အဆိုပါအိတ်အား YBS (၆၁) ယာဉ်ပေါ်ပါ အသက်(၅၀)နှစ် ခန့် အမျိုးသားတစ်ဦးထံမှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ ဇင်မင်းဝေ(ခ) အဖိုးကြီးနှင့် စိုးမင်းလှိုင်(ခ)ပြူးကျယ် တို့(၂)ဦးအား ဥပဒေနှင့်အညီ အမြန် တရားစွဲတင်ပို့ နိုင်ရေးဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ မိမိနယ်မြေအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ ခရိုင်/မြို့နယ်အလိုက် မှုခင်းနှိမ်နင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
The Ladies News

--- --- ---

No comments:

Post a Comment

My Blog List