Thursday, February 18, 2016

နီးကပ်ဆက်စပ်သည့် လူထုနှင့် အဖွဲ့အစည်းများကို ပူပေါင်းသွားမည်ဟု DKBA ပြောဆို


အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် တိုးတက်သောဗုဒ္ဓဘာသာကရင် အမျိုး သားတပ်မတော်-DKBA အနေဖြင့် ဒေသတွင်းလုံခြုံရေး၊ ဒေသအေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်များကို နီးကပ်ဆက်စပ်ရာ အဖွဲ့အစည်း များနှင့် လူထုများကို ပူးပေါင်းလုပ်ဆောင်သွားမည်ဟု DKBA ပြောခွင့်ရ ဗိုလ်မှူးကြီး စောဆန်းအောင်က ယနေ့ ပြောဆိုသည်။

ANP ၏ မဟာမိတ်ဆက်ဆံရေး ရပ်စဲကြောင်း ထုတ်ပြန်ချက် တရားမ၀င်ဟု UNA ဆို


ရခိုင်အမျိုးသားပါတီရဲ့ UNA နဲ့ မဟာမိတ်ဆက်ဆံရေး ရပ်စဲကြောင်း ကြေညာထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ၎င်းမှာ တရားဝင် မဟုတ်တာကြောင့် အသိအမှတ်မပြုနိုင်ဘူးလို့ UNA က မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

သံတမန်နည်းအရ ရှင်းဖို့ အဆင်မပြေလျှင် မဟာဆိုင်ဘာတိုက်ခိုက်မှုကြီး အီရန်ကို ပြုလုပ်ရန် အမေရိကန်ပြင်ဆင်ထားခဲ့ဟုဆို


အီရန်နျူကလီးယားအစီအစဉ် ရပ်တန့်ရန်အတွက် သံတမန်ခင်းအရ အမေရိကန်အစိုးရက ချဉ်းကပ်ဆောင်ရွက်မှု အောင်မြင်သွားခဲ့ပြီး ယင်းသို့ မအောင်မြင်ပါက ပြင်းထန်သော ဆိုင်ဘာတိုက်ခိုက်မှုများပြုလုပ်ရန်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ထွက်ရှိလာသော မှတ်တမ်းများနှင့် စစ်ထောက်လှမ်းရေးများကို ကိုးကားလျက် အမေရိကန်သတင်းစာ The New York Times သတင်းစာကြီးက ဖော်ပြထားသည်။

ငြိမ်းချမ်းရေး နှင့် ဥပဒေစိုးမိုးရေး ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့ ဆွေးနွေးဟုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် နေပြည်တော်တွင် တတိယအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းမြောက်ဒေသ စစ်ပွဲများနှင့် ဒုက္ခသည်များအရေး သက်ဆိုင်ရာအစိုးရများ အမြန်ဆုံးဖြေရှင်းရေးအဆို ကန့်ကွက်သူမရှိ ပြည်သူ့လွှတ်တော် အတည်ပြု


ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ အမြန်ဆုံး ရပ်တန့်နိုင်ရေး နှင့် စစ်ဘေးရှောင် ပြည်သူများအား ဒုက္ခသည်အဖြစ် ရောက်ရှိနေမှုကို ပြည်ထောင်စုအစိုးရ၊ ရှမ်းပြည်နယ်အစိုးရ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ဆောင်ရွက်ပေးရန် အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

တစ်ကျွန်းပြန်ဘ၀မှ အမတ်ဖြစ်လာသူတစ်ဦး ၊ သို့မဟုတ် ကယားနယ်က ကိုယ်စားလှယ်


လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူဖြစ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုး ထမ်းရွက်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပါပဲ။ လူ့တန်ဖိုးနှင့် ပတ်သက်ပြီး ကိုအောင်ကျော်စိုး (ခ) ဖိုးခွားက အထက်ပါ အတိုင်း ခံယူထားသည်။ သူ့ခံယူချက် အတိုင်းပင် သူ့အသက် ၄၇ နှစ်အတွင်း သူဖြတ်သန်းခဲ့သည့် ခေတ်စနစ်ဆိုးက ပခုံးပေါ် တင်ပေးလိုက်သည့် သမိုင်းပေးတာဝန်ကို တစ်ကြိမ်မက စိတ်လိုလက်ရ ထမ်းဆောင်ခဲ့သည်။

Wednesday, February 17, 2016

အမှုအတွက် နိုင်ငံခြားသားရှေ့နေငှားမည်ဆိုသော သတင်းဖြစ်ပေါ်နေသည်ကို ယင်လတ်ငြင်းပယ်


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ထရာသည် သူမတာ ဝန်ထမ်းဆောင် ခဲ့စဉ်က ဆောင်ရွက် ခဲ့သည့် ဆန်စပါးစီမံကိန်းမအောင် မြင်မှုအတွက် တရားရုံးချုပ်တွင် စစ် အစိုးရက တရားစွဲထားသည်။ထိုအမှု ကိုရင်ဆိုင်ရန် ယင်လတ်က နိုင်ငံခြား သားရှေ့နေကို ငှားမည်ဟူ သော သတင်းများဖြစ်ပေါ်နေခြင်းကို သူမ က ဖေဖော်ဝါရီ ၁ရ ရက်၌ ငြင်းပယ် လိုက်သည်ဟု ဘန်ကောက်ပို့စ်က ဖေဖော်ဝါရီ ၁ရ ရက်၌ ဖော်ပြသည်။ 

ဘန်ကောက်နတ်ကွန်း ဗုံးခွဲမှုတွင် ထိုင်းရဲတပ်ဖွဲ့ နှိပ်စက်သဖြင့် အပြစ်ဝန်ခံခဲ့ရခြင်းဟု သံယယ တရားခံများဆို


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှု၏ သံသယ တရားခံများက မိမိတို့တွင် အမှန်တကယ် အပြစ်မရှိကြောင်းနှင့် ထိုင်းရဲများ၏ နှိပ်စက်ညှင်းပန်းမှုကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ လူပေါင်း ၂၀ မျှ အသက်ဆုံးရှုံးစေခဲ့သည့် ယမန်နှစ် ဗုံးကွဲမှုနှင့် ပတ်သက်ပြီး ဘီလယ်လ် မိုဟာမက်နှင့် ယူဆူဖူ မီရိုင်လီတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လူအမြောက်အမြား သတ်ဖြတ်မှု၊ စစ်လက်နက် ပစ္စည်းများ ကိုင်တွယ် အသုံးပြုမှုများဖြင့် တရားစွဲဆိုခဲ့သည်။ 

RCSSနှင့် TNLA တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအပေါ် သဘောထားအမြင်များ

ရှမ်းပြည်နယ်၊ မြောက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်မှာ ၄ လခန့် ကြာမြင့်ပြီ ဖြစ်သည်။

ငြိမ်းချမ်းရေးမှ ညီညွှတ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဆီသို့


မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရန်မှာ တိုင်းရင်းသားအားလုံး ပါဝင်နိုင်ခွင့်က မရှိမဖြစ် အရေးပါသည်။နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်ကာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံအနှံ့ အပြားရှိ တိုင်းရင်းသား ဒေသများသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ ရွေးကောက်ပွဲတွင် တိုင်းရင်းသား ပါတီ ၆၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော် လည်း NLD က တစ်နိုင်ငံလုံးတွင် ပြတ်သားစွာ အနိုင်ရခဲ့သည် လူနည်းစု တိုင်းရင်းသားများ အများစု နေထိုင်သည့် ပြည်နယ် ၇ ခု အနက် ၅ ခုတွင် NLD က အများစု အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အနိုင်ရခဲ့ခြင်းမှာ မဲဆန္ဒရှင်များ၏ ရိုးရိုးသားသား ထောက်ခံမှုကြောင့်ဖြစ်သည်။

ဖမ်းဆီးခံ ကျောင်းသားများအရေး လွှတ်တော်ကိုယ်စားလှယ်များက လွတ်မြောက်အောင် စွမ်းဆောင်ပေးရန် မျှော်လင့်


ဖမ်းဆီးခံ ကျောင်းသားများအရေး လွှတ်တော်အတွင်း ရောက်ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည် လွတ်မြောက်အောင် စွမ်းဆောင်ပေးရန် မျှော်လင့်ကြောင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံက သိရှိရသည်။ လက်ရှိတွင် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် လွှတ်တော်တွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ နုတ်ထွက်ပေးရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ကြောင့် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ အပါအ၀င် အခြားပုဒ်မများဖြင့် အရေးယူခံနေရခြင်း ဖြစ်သည်။

တိုက်ပွဲများရပ်တန့်ရေး ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာရေးအတွက် သျှမ်းပါတီကြီး ၂ ခုတိုက်တွန်းတောင်းဆို



အမေဖြစ်သူ ဒေါ်စုကို သမ္မတအဖြစ် မြင်လိုပါက သားနှစ်ဦး မြန်မာနိုင်ငံသား ခံယူဟု ဦးရဲထွဋ်ပြော


ရွေးကောက်ပွဲတွင် ရာခိုင်နှုန်း ၈၀ နီးပါးဖြင့် အနိုင်ရခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ) က ကန့်သတ်ထားရာ အဆိုပါ ပုဒ်မကို ပြင်ဆင်ရန်မလိုဘဲ ဒေါ်စု၏ မိသားစုဝင်များ နိုင်ငံသား ခံယူလိုက်ပါက အလွယ်တကူ သမ္မတ ဖြစ်နိုင်သည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောခွင့်ရ ဦးရဲထွဋ်က ပြောဆိုလိုက်သည်။

“လက်နက် ဖြုတ်သိမ်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ရွက်ဆစ်က ပြောကြား


ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (SSA-S) ၏ ဌာနချုပ် လွိုင်ထိုင်းလန်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ထောင်နှင့်ချီသော ရှမ်းလူမျိုးများ တက်ရောက်ခဲ့ကြပြီး SSA-S ခေါင်းဆောင် က မိန့်ခွန်း ပြောကြားခဲ့သည်။ လွိုင်ထိုင်းလန်သည် ထိုင်း- မြန်မာ နယ်စပ် မျဉ်းမှ မီတာရာဂဏန်း အနည်းအငယ်အကွာ တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိသည်။ SSA-S သည် ၁၉၉၆ တွင် ဘိန်းဘုရင် ခွန်ဆာ၏ တပ်ဖွဲ့မှ ခွဲထွက်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ရွက်ဆစ်က ဦးဆောင်လျက်ရှိသည်။ ခွန်ဆာ သည် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သဖြင့် ရွက်ဆစ်က ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။

အသွင်ကူးပြောင်းနေတဲ့ မြန်မာနဲ့ ဆက်လက် ဆက်ဆံသွားမည်ဟု အိုဘားမား ပြော


အသွင်ကူးပြောင်းရေးအဆင့်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံနဲ့ဆက်ပြီး ထိတွေ့ ဆက်ဆံသွားမှာ ဖြစ်တဲ့အကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ပြောလိုက်ပါတယ်။ ကာလီဖိုးနီးယားပြည်နယ်၊ Rancho Mirage အပန်းဖြေမြို့က Sunnylands ခြံဝင်းကြီးထဲမှာ ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးအဆုံးသတ် အင်္ဂါနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမားက အဲဒီလိုပြောသွားတာ ပါ။ အပြည့်အစုံကို သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင်သွားပြီး သတင်းယူခဲ့ တဲ့ ကိုကျော်ကျော်သိန်းက Sunnylands ကနေ သတင်းပေးပို့ထားပါတယ်။

ဝန်ကြီးဦးရဲထွဋ်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း


အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှု တွေထဲက ရုပ်သိမ်းဖို့ ကျန်နေသေးတာတွေကို မြန်မာနိုင်ငံမှာ နောက် အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှပဲ လုပ်လိမ့်မယ်လို့ ယုံကြည်တဲ့ အကြောင်း မြန်မာသမ္မတရဲ့ ပြောခွင့်ရ၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။

ရေနံထုတ်လုပ်မှု ရပ်ထားဖို့ ရေနံထုတ် ၄ နိုင်ငံ သဘောတူ


ဈေးကွက်လိုအပ်ချက်ထက် ရေနံ ပိုလျှံနေတာကို ဖြေရှင်းတဲ့ အနေနဲ့ ရေနံထုတ်လုပ်မှုကို ရပ်ဆိုင်းထားဖို့ ကမ္ဘာ့ရေနံ ထုတ်လုပ်မှု အများဆုံး နိုင်ငံတွေထဲက နိုင်ငံ ၄ ခုတို့ သဘောတူလိုက်ကြပြီ ဖြစ်ပါတယ်။ ရုရှား၊ ဆော်ဒီအာရေးဗျ၊ ဗင်နီဇွဲလားနဲ့ ကာတာနိုင်ငံတို့က ရေနံလုပ်ငန်းဆိုင်ရာ ၀န်ကြီးတွေရဲ့ ဒီကနေ့ အင်္ဂါနေ့ ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာ တံခါးပိတ် ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ကန်-အာဆီယံမှာ တရုတ်အကြောင်း ဆွေးနွေး


အမေရိကန် ​- ​အာဆီယံညီလာခံအတွင်း ​တရုတ်နိုင်ငံအကြောင်းနဲ့ ​ကုန်သွယ်ရေး အကြောင်းကို ​အလေးထား ​ဆွေးနွေးကြဖို့ ​ရှိနေပါတယ်။ ကယ်လီဖိုးနီးယား ​ပြည်နယ်က ​အပန်းဖြေစခန်းမှာ ​ပြုလုပ်တဲ့ ​အစည်းအဝေးအတွင်း ​သမ္မတ ​ဘာရက်အိုဘားမားက ​မြန်မာနိုင်ငံမှာ ​ရွေးကောက်ပွဲကို ​ကောင်းမွန်စွာ ​ကျင်းပနိုင်တဲ့အပေါ် ​ချီးကျူးပြောဆိုခဲ့ပါတယ်။

တိုက်ပွဲများ အမြန်ဆုံး ရပ်ပေးဖို့ လွှတ်တော်အမတ် အဆိုတင်


ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲ မြို့နယ် အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေ ရတဲ့အတွက် အဲဒီတိုက်ပွဲတွေအမြန်ဆုံး ရပ်တန့်ပေးဖို့ နဲ့ စစ်ဘေးဒုက္ခသည် တွေရဲ့လူမှုဒုက္ခတွေကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ တိုက်တွန်း ကြောင်း အရေးကြီးအဆိုကို ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းထွန်းအောင် က ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ခေါင်းဆောင်ပုံများ မဖွယ်မရာ Facebook မှာတင်သူဆိုပြီး အမှုဖွင့်


နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဓာတ်ပုံတွေကို ပြုပြင်ပြီး ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့ ကြက်ဖကြီး အကောင့်ပိုင်ရှင်ဆိုသူ ကိုလှဖုန်းကို ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် တရားရုံးမှာ မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေရပ်ဆိုင်းရေးအတွက် အရေးကြီး အဆိုတင်


ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲမြို့နယ် အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ ဒုက္ခများစွာ ကြုံတွေ့နေရတာကြောင့် တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်နိုင်ရေးနဲ့ စစ်ဘေး ဒုက္ခသည်တွေရဲ့ လူမှုဒုက္ခတွေကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ကျားခေါင်းပါတီ ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းထွန်းအောင် က ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ဘာလဲ ဘယ်လဲ


အမေရိကန်သမ္မတ အိုဘားမားက အရှေ့တောင်အာရှနိုင်ငံက ခေါင်းဆောင် တွေကို ကယ်လီဖိုးနီးယားမှာ ခေါ်ယူတွေ့ဆုံပြီး ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပါတယ်။ အရှေ့တောင် အာရှ နိုင်ငံအများစုက အာဏာရှင်တွေ စစ်ခေါင်းဆောင်တွေ အာဏာကို သိမ်းထားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ပြည်သူ တွေ မရွေးချယ်ဘဲ အစိုးရလုပ်နေတဲ့ ခေါင်းဆောင်တွေနဲ့ လာအို၊ ဗီယက်နမ် လို ကွန်မြူနစ် အစိုးရတွေ အုပ်ချုပ်ကြီးစိုးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလူတွေနဲ့ အိုဘားမား တွေ့တာ မဖြစ်သင့်ဘူးလို့ ဝေဖန်တဲ့ အသံတွေ ထွက်နေပါတယ်။

ဂျပန်ကျွန်းအနီး ရေငုပ်သင်္ဘောတစီး ချဉ်းကပ်လာဟု ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်


ကိုရီးယား ရေလက်ကြားရှိ ဂျပန်ပိုင် Tsushima ကျွန်းအနီး သံသယဖြစ်ဖွယ် ကောင်းသည့် ရေငုပ်သင်္ဘောတစီး ချဉ်းကပ်လာသည်ကို တွေ့ရကြောင်း ဂျပန်ကာကွယ်ရေး ၀န်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ရေငုပ်သင်္ဘောကို ဂျပန်ကာကွယ်ရေးတပ်မှ ကင်းလှည့်လေယာဉ် P-3C နှင့် ကင်းလှည့်ရဟတ်ယာဉ်အပြင် ဖျက်သင်္ဘော Asagiri တို့ကကိုရီးယား နှင့် ဂျပန်ပင်လယ်အကြား Tsushima ကျွန်း၏ အရှေ့တောင်ဘက် ရေပြင်တွင် ရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး၊ ဂျပန်ပင်လယ်မှ အရှေ့တရုတ်ပင်လယ်သို့ ဦးတည်သွားနေခြင်းဖြစ် ကြောင်း ဖော်ပြထားပါတယ်

သက်တော်စောင့် ၁၆ ဦးအထိ မာ့ခ် ဇကာဘာ့ဂ် တိုးမြှင့်


ဖေ့စ်ဘုတ် (Facebook) တည်ထောင်သူတဦးဖြစ်တဲ့ မာ့ခ် ဇကာဘာ့ဂ်ဟာ အွန်လိုင်ကနေ ခြိမ်းခြောက်စာတွေ ရရှိပြီးနောက် လုံခြုံရေးကို တိုးမြှင့်လိုက် ရပါတယ်။ အမေရိကန်၊ ကယ်လီဖိုးနီးယားမှာရှိတဲ့ သူ့အိမ်မှာ အကာအကွယ် လုံခြုံရေးအတွက် သက်တော်စောင့် ၁၆ ယောက်အထိ တိုးမြှင့် လိုက်ရပါတယ်။

တိုက်ပွဲရပ်ရေး RCSS နှင့် TNLA တို့ နှစ်ပတ်အတွင်း ဆွေးနွေးနိုင်မည်


တိုက်ပွဲများရပ်တန့်နိုင်ရေး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် တအောဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တို့ နှစ်ပတ်အတွင်း ဆွေးနွေးနိုင်မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ဗိုလ်မှူး စိုင်းစုက ဖေဖော်ဝါရီ ၁၆ရက်တွင် မဇ္ဈိမကိုပြောသည်။

My Blog List