Wednesday, February 17, 2016

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်းဖြစ်သည့် ရှမ်းမြောက်တိုက်ပွဲများ ရပ်တန့်ရန် ၈၈ မျိုးဆက်တောင်းဆို


ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိတွေ့တိုက်ခိုက်မှုများဖြစ်ပွားနေသည့် နှစ်ဖက် လက်နက်ကိုင်တပ်များကို တိုက်ပွဲများ ရပ်တန့်ရန် တွေ့ဆုံမေတ္တာ ရပ်ခံသွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုဂျင်မီက ပြောသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးက ဆက်နွယ်နေဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောကြား


မြန်မာအစိုးရသစ်၏ ဦးစားပေး လုပ်ငန်းများမှာ အခြေခံဥပဒေ ပြင်ဆင် ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရေးတို့ ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက Karen News သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ KNU သည် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရန် (နှစ်ပေါင်း) ၆၀ ကျော် အသင့်ရှိနေခဲ့သည်ဟု ပဒိုကွယ်ထူးဝင်းက ဆိုသည်။

ညီဖြစ်သူအတွက် ပါဝင်မဲဆွယ်ပေးလာသည့် အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်


အမေရိကန်သမ္မတသစ်နေရာအတွက် ညီဖြစ်သူ၏ ပါဝင်ယှဉ်ပြိုင်နေမှုတွင် သမ္မတဟောင်း ဂျော့ဘုရှ် (ဂျူနီယာ) ကိုယ်တိုင် ပါဝင်ကူညီ မဲဆွယ်ပေး နေကြောင်း သိရသည်။ လတ်တလောတွင် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်ပါတီနှစ်ခု၏ သမ္မတ လောင်းနေရာအတွက် ရွေးချယ်ရန် ပြည်နယ်အလိုက် ယှဉ်ပြိုင်နေရာ ဂျက်ဘုရှ်သည် ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြု ပါဝင်နေသည်။ လက်ရှိအခြေအနေအရ ရီပတ်ဘလစ်ကန် သမ္မတလောင်း နေရာအတွက် ဒေါ်နယ်လ်ထရမ့်က အဓိကရေပန်းစားနေပြီး ဂျက်ဘုရှ်မှာ တတိယ၊ သို့မဟုတ် စတုတ္ထ လူကြိုက်အများဆုံး နေရာမျှတွင်သာရှိနေဆဲ ဖြစ်သည်။

လွှတ်တော်သည် ကိုယ်စားလှယ်များ ကိုယ်ကျိုးအသုံးချရန် စင်မြင့်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြင့်တက်လာစေ ရန်ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၅ ရက်တွင် လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်၌ ပြုလုပ်ခဲ့သော ဒုတိယအကြိမ် လွှတ်တော်ကိုယ်စား လှယ်များအတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စား လှယ်များ နှလုံးသွင်းရမည့် သဘောသဘာဝများကို ရှင်းလင်းပြောကြား ခဲ့သည်။

ထိုင်းဘုန်းကြီးများနှင့် စစ်တပ် ပဋိပက္ခဖြစ်ပားခဲ့



ဦးတေဇဟိုတယ်ကို အစိုးရသတိပေး


ဟိုတယ်တွင် နိုင်ငံရေးဆိုင်ရာ အစည်းအဝေးများ ကျင်းပခွင့်မပြုကြောင်း သမ္မတဦးသိန်းစိန်တိုက်ရိုက်ခန့်အပ်ထားသည့် နေပြည်တော်ကောင်စီက ဦးတေဇ၏ ထူးဆောက်လုပ်ရေးဖွံ့ဖြိုးမှုအဖွဲ့ထံ အသိပေးစာတစ်စောင်ပေးပို့ အကြောင်းကြားထားသည်။

Tuesday, February 16, 2016

၅၉ (စ) ပြင်ဆင်ရေး ပြည်သူ့လက်ကို အပ်လိုက်ပါ



ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံ အများစုတွင် သမ္မတ သို့မဟုတ် ဝန်ကြီးချုပ် စသည့် နိုင်ငံတော် အကြီးအကဲကို ပြည်သူများက တိုက်ရိုက် ရွေးကောက်တင်မြှောက်ကြသည်။ အချို့သော နိုင်ငံများတွင်မူ ထိုသို့မဟုတ်ဘဲ ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူတို့ကိုယ်စား ထပ်ဆင့်၍ ရွေးချယ်တင်မြှောက်ကြပါသည်။မြန်မာနိုင်ငံသည် နိုင်ငံတော်သမ္မတအား ပြည်သူတို့က တိုက်ရိုက် ရွေးကောက်တင်မြှောက်ခွင့် မရှိသည့်အတွက် ဒုတိယ အမျိုးအစားတွင် ပါဝင်သည်ဟု ဆိုရပါမည်။ 

မြန်မာသမ္မတသစ် နေရာအတွက် အလျှော့အတင်း စောင်းကြိုးညှင်း


မြန်မာနိုင်ငံတွင် အသစ်ခေါ်ယူ စည်းဝေးလိုက်သော လွှတ်တော်သစ်သည် တပ်မတော်နှင့် NLD ပါတီတို့အကြား ရာထူးနှင့် အာဏာခွဲဝေရန် အလျှော့အတင်း ညှိနှိုင်းပွဲ အချီသစ်အတွက် အခင်းအကျင်းကို ယခင်အပတ်က ပြင်ဆင်ပေးထားပြီ ဖြစ်သည်။

Monday, February 15, 2016

၅၉ (စ) နှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ခြေများ


မတ်လအကုန် ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး အစိုးရတရပ် ဖွဲ့စည်းတော့မယ်။ ပေါက်ကောင် မဖွင့်သေး၊ ဂဏန်းတွေက မငြိမ်သေးပါ။

လပွတ္တာမြို့ သို့မဟုတ် ပြာပုံအောက်က ရေထွက်ကုန် ဈေးကွက်


လပွတ္တာမြို့ ကမ်းနားလမ်းတလျှောက် မြင်ကွင်းများက အနိဋ္ဌာရုံတခုလို ဖြစ်နေသည်။ ယခင်က ငါး၊ ပုစွန်၊ ကဏန်း လာရောက် ရောင်းချ သူများ၊ ခရီးသွားသူများ၊ ရေထွက်ကုန် ၀ယ်ယူသည့် ဒိုင်များ၊ အလုပ်သမားများ၊ ဈေးဆိုင်၊ စားသောက်ဆိုင်များဖြင့် ပျားပန်းခတ်မျှ လှုပ် ရှားသွားလာ စည်ကားခဲ့သည့် ကမ်းနားလမ်းက ယခုတော့ ကျက်သရေ ကင်းမဲ့နေသည့် မီးလောင်ပြင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ပြောင်းလဲဖို့ မျှော်လင့်တာ ကြာခဲ့ပြီ


ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် တိုင်းသူပြည်သားများ၏ အခွန်ထမ်းဆောင်မှုကို အားထားရသော ကြောင့် ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က ကွန်ဒိုမီနီယံ ဥပဒေနှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေကို တပြိုင်နက် အတည်ပြုခဲ့သည်။ 

တိုင်းရင်းမီဒီယာမှတဆင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆီသို့ ဆောင်ပုဒ်ဖြင့် စတုတ္ထအကြိမ် တိုင်းရင်းမီဒီယာညီလာခံ စတင်ကျင်းပ


နိုင်ငံတကာ မြန်မာ့သတင်း(BNI)က ဦးဆောင်၍ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့၌ ဖေဖော်ဝါရီ ၁၄ရက်မှ ၁၆ရက်နေ့အထိ ကျင်ပမည့် တိုင်းရင်းမီဒီယာမှ တဆင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့ ဆောင်ပုဒ် ဖြင့် စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို စတင်ကျင်းပနေပြီ ဖြစ်သည်။

တိုင်းရင်းမီဒီယာများကို ထောက်ပံ့ရန် သန်းရာချီလျာထားကြောင်း အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေပြော


တိုင်းရင်းသတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးရန် လာမည့် အစိုးရဘတ်ဂျက်တွင် ကျပ်ငွေ သန်းရာချီလျာထားကြောင်း ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတန်းအတွင်းဝန် ဦးတင့်ဆွေက ရခိုင် ပြည်နယ်၊ မြောက်ဦးမြို့တွင် ဖေဖော်ဝါရီ ၁၄ မှ ၁၆ ရက်ထိ ကျင်းပနေသည့် စတုတ္ထအကြိမ် တိုင်းရင်း မီဒီယာ ညီလာခံ ပထမနေ့ တွင် ကေအိုင်စီသို့ ပြောသည်။

မူးယစ်အန္တရာယ် တိုက်ဖျက်ဖို့ ပုပ်ရဟန်းမင်းကြီး မိန့်ကြား


မက္ကဆီကိုနိုင်ငံမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ တနင်္ဂနွေနေ့က မြို့တော်၊ Mexico City မှာရှိတဲ့ Ecatepec ဆင်ခြေဖုန်း အရပ်မှာ ကက်သလစ်ဘာသာဝင်ပေါင်း ၃ သိန်းလောက် တက်ရောက်တဲ့ ၀တ်ပြုဆုတောင်းပွဲကြီး ကျင်းပခဲ့ပါတယ်။

အစိုးရသစ်အလွှဲအပြောင်း သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်နေရဆဲ


အစိုးရသစ် အလွှဲအပြောင်းမှာ အခြေခံ ဥပဒေပြင်ဆင်ရေး၊ တိုင်းရင်းသား အရေးတို့နဲ့ ပတ်သက်ပြီး အခက်အခဲ အဟန့်အတား ပြဿနာတွေ ရှိနေဦးမှာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ရဲ့ ဒုတိယဥက္ကဋ္ဌက ပြောဆိုပါတယ်။ ဒါပေမယ့်အပြောင်းအလဲအတွက် အရေးကြီးဆုံး ဖြစ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ဘက်က အားစိုက် လုပ်ဆောင်မယ်လို့လည်း ပြောဆိုပါတယ်။ 

ဆီးရီးယားလေကြောင်း တိုက်ခိုက်မှု ရပ်ဖို့ ရုရှားကို ကန် တိုက်တွန်း


ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အရေးကိစ္စမှာ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေပါဝင်ပြီး ဆီးရီးယားနိုင်ငံအတွင်းက အတိုက်အခံ တပ်ဖွဲ့တွေအပေါ် လေကြောင်းကနေပြီး တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းဖို့ ရုရှားသမ္မတ Valdimir Putin ကို အမေရိကန်သမ္မတ Barack Obama က တောင်းဆိုလိုက်ပါတယ်။

အမေရိကန် တရားရုံးချုပ် တရားသူကြီး အစားမထိုးဖို့ ရီပက်ပလီကန်တွေ တောင်းဆို


ကွယ်လွန်ခဲ့တဲ့ အမေရိကန် နိုင်ငံတော်တရားရုံးချုပ်၊ တရားသူကြီး Antonin Scalia နေရာအတွက် သမ္မတ Barack Obama အနေနဲ့ သူ့ရဲ့သမ္မတသက် တမ်း နောက်ဆုံးနှစ်အတွင်း အစားထိုးခန့်အပ်တာမလုပ်ဖို့ ရီပတ်ဘလီကန် တွေက တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ် တိုက်ပွဲများ အရေး SSPP အဖွဲ့ကြားဝင် ညှိနှိုင်းမည်


ရှမ်းပြည်နယ်ထဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့နဲ့ တအာင်းပလောင်လွတ်မြောက် ရေးတပ်ဖွဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုတွေ ရပ်စဲဖို့အတွက် RCSS အဖွဲ့အနေနဲ့ ဆွေးနွေးဖို့အဆင်သင့်ရှိကြောင်း SSPP ရှမ်းပြည်တိုးတက်ရေး ပါတီ နာယက ဗိုလ်ချုပ်ဆေထင် ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးအပြီး ပြောဆိုလိုက်ပါတယ်။

ငြိမ်းချမ်းရေးကိစ္စ UNFC ခေါင်းဆောင်များ ဆွေးနွေး



မြန်မာနိုင်ငံရဲ့လုံခြုံရေး၊ ကာကွယ်ရေးနဲ့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် မရေးထိုးသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင် ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ဒေသလွှတ်တော်တွေ စွမ်းရည်မြင့်ရေး ခြေ/ဥ ပြင်ဖို့ လို


ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေ ပိုမိုအသက်ဝင်လာဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ပြဌာန်း ရမှာဖြစ်တယ်လို့ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်များအားပေးမြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။ဒီနေ့ ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ပြုလုပ်တဲ့ စွမ်းဆောင်ရည်မြင့်မား တဲ့ ဒေသဆိုင်ရာ လွှတ် တော်တွေ ဖြစ်ပေါ်လာစေရေးနဲ့ နိုင်ငံရေးမှာ နိုင်ငံသားတွေ ပိုမိုပါဝင်လာစေရေး ဆွေးနွေးပွဲအပြီးမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့က ဒါရိုက်တာ ကိုသက်ဇော် က ပြောပါတယ်။

လွှတ်တော်အမတ်များ စွမ်းရည်မြှင့် သင်တန်း ကုလပို့ချမည်



ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ နိုင်ငံတကာလွှတ်တော်သမဂ္ဂ IPU တို့က ပူးပေါင်းပြီး ပြည်ထောင်စု အဆင့်လွှတ်တော်ကိုယ်စားလှယ်တွေအတွက် မနက်ဖြန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ကစပြီး စွမ်းရည်မြှင့် သင်တန်းပို့ချပေးသွားမှာဖြစ်ပါတယ်။

လွှတ်တော်သစ်ကိုကူညီရန် ကုလသမဂ္ဂနှင့်အတူ ယူကေ လွှတ်တော်အမတ် မြန်မာနိုင်ငံလာမည်


ကုလသမဂ္ဂနှင့်အတူ မြန်မာနိုင်ငံ၏ ပွင့်လန်းစ ဒီမိုကရေစီအတွက် ဗြိတိန် နိုင်ငံ Norwich North မဲဆန္ဒနယ်မှ အမျိုးသမီးလွှတ်တော်အမတ် ဖြစ်သူ ခိုးစမစ် Chloe Smith က လာရောက်ကူညီမည်ဖြစ်သည်။ ခိုးစမစ်အနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကာ ပြီးခဲ့သည့် သမိုင်းဝင်ရွေးကောက်ပွဲအပြီး လွှတ်တော်သစ်၌ ကိုယ်စားလှယ်အမတ်နေရာ ရွေးချယ်ခံရသည့် အမတ်သစ်များအား ကူညီထောက်ပံ့မှုများ ပေးသွားရန်ဖြစ်သည်။

အိုဘားမားအစိုးရအလွန် အာဆီယံနှင့် အမေရိကန်က ဆက်လက်လက် တွဲသွားမည်


သမ္မတအိုဘားမား အစိုးရနောက်ပိုင်းတွင်လည်း အမေရိကန်အနေဖြင့် အာဆီယံနှင့် ဆက်လက်လက် တွဲသွားမည်ဖြစ်ကြောင်း အရှေ့တောင် အာရှနိုင်ငံများ အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နီနာဟတ်ချီဂျန်း က စီအင်န်အေ သတင်းဌာနသို့ ဖေဖော်ဝါရီ ၁၄-၁၅ ၌ ဆန်ဒီလန်းတွင် ကျင်းပနေသည့် အမေရိကန်-အာဆီယံထိပ်သီးညီလာခံမတိုင်မီ အထူး အင်တာဗျူးရာ ပြောကြားသည်။

နာမည်ပျက် ကြေငြာခံရတာတောင် နည်းသေး


ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲ အသုံးစားရိတ် မတင်ပြတဲ့ အမတ်လောင်း ၇၀ ကျော် နာမည်ပျက်စာရင်း ကြေငြာခံရဖွယ်ရှိနေပါတယ်။ အားလုံးလိုလိုလောက် ဟာ ရွေးကောက်ပွဲမှာ အရွေးချယ် မခံရသူတွေပါ။ သူတို့တွေဟာ သတ်မှတ်အချိန်ကာလအတွင်း ရွေးကောက်ပွဲ ကုန်ကျစားရိတ် စာရင်းတွေကို သက်ဆိုင်ရာ ကော်မရှင်ဆီ တင်သွင်းရမှာပါ။ အဲလို တင်သွင်းဖို့ ပျက်ကွက်သူ ၂၀၀ ကျော်ရှိပြီး အားလုံးကို ကော်မရှင်က ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး၏ ပင်စင်သက်ကို (၆၅)နှစ်ဟု သတ်မှတ်ကြောင်း သတင်းထွက်ပေါ်


ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီးတို့၏ ပင်စင်သက်တမ်းကို ငါးနှစ်ထပ် တိုးကာ(၆၅) နှစ်ဟု ပြင်ဆင်သတ်မှတ်လိုက် ကြောင်း သတင်းများထွက်ပေါ် နေသည်။ တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တို့၏ ပင်စင်သက်ကို (၆၅) နှစ်ဟုပြင်ဆင် သတ်မှတ်လိုက်ကြောင်း တပ်မ တော်နှင့်နီးစပ်သော အသိုင်းအ ၀ိုင်းက ပြောကြားပြီး၊ ဖေဖော်ဝါရီ ၉ ရက်တွင်ပြုလုပ်ခဲ့သော တပ်မ တော်လေးလပတ် အစည်းအဝေး ၌ ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းBBC သတင်းဌာနကလည်း ဖေဖော်ဝါရီ ၁၁ ရက်တွင် သတင်းဖော်ပြသည်။

My Blog List