Tuesday, February 09, 2016

မန္တလေးတိုင်း အစိုးရအဖွဲ့ လူထုမသိဘဲ မည်သည့်အရာမျှ မလုပ်ဟုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် အများဆုံးပါဝင်မည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနှင့် ပြည်သူလူထု မသိဘဲ မည်သည့်အရာမျှ မလုပ်ဆောင်ဟု အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟု နာမည်ထွက်ပေါ်နေသူ ဒေါက်တာဇော်မြင့်မောင်က ကတိပေး ပြောကြားသည်။

လက်ပံတောင်းတောင် ဒေသခံများ သံဆူးကြိုးများ ဖယ်ရှားပြီး ဆန္ဒပြ


စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားတဲ့မြေတွေကို သီးနှံလျော်ကြေးပေးဖို့ ဆန္ဒပြတောင်းဆို တဲ့ ဒေသခံတောင်သူ ၂၀၀ လောက်ဟာ မနေ့က ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ကာရံထားတဲ့ သံဆူးကြိုးတွေကို ဖယ်ရှားပြီး ကုမ္ပဏီရှေ့အထိ သွားရောက်ဆန္ဒပြကြပါတယ်။

NLD အစိုးရလက်ထက် ဖြစ်သင့်သည့် ဖက်ဒရယ်စနစ်


မည်သို့သော ဖက်ဒရယ်စနစ်သည် အသင့်တော်ဆုံးဖြစ်သလဲဆိုသော မေးခွန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကတည်းက တိုင်းပြည် အတွက် သေရေးရှင်ရေးမေးခွန်းဖြစ်သည်။ နိုင်ငံသားတိုင်းတူညီသော အခွင့်အရေးခံစားခွင့်ရစေမည်ဆိုသော ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စုအစိုးရတည်ထောင်ရန် ၁၉၄၇ ဖေဖော်ဝါရီတွင် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

မကွေးတိုင်း ၀န်ကြီးချုပ်အဖြစ် ရေပန်းစားနေသူ ဒေါက်တာအောင်မိုးညို လွှတ်တော်သို့ သက်သေခံကဒ်ပြား မဆွဲလာ၍ စစ်ဆေးခံရ


မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ရေပန်းစားနေသူ ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ၁၀ ဦးတွင် ပါဝင်သူလည်းဖြစ်သူ ဒေါက်တာအောင်မိုးညိုအား ဖေဖော်ဝါရီ ၈ရက်နေ့က တိုင်းလွှတ်တော်ရုံး ၀င်ပေါက်အနီးတွင် ရဲမှူးတစ်ဦးပါဝင်သောအဖွဲ့က လုံခြုံရေးအရ စစ်ဆေးခဲ့ ကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ရွေးချယ်ခံရ



ဒုတိယအကြိမ် ရှမ်း ပြည်နယ်လွှတ်တော်ပထမပုံမှန် အစည်းအဝေးတွင် လွှတ်တော်ဥ က္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီကိုယ် စားပြု ကျိုင်းတုံမဲဆန္ဒနယ် အမှတ် (၁)မှ ဦးစိုင်းလုံးဆိုင်ပင် ထပ်မံ ရွေးချယ်ခံခဲ့ရသည်။ လွှတ်တော်ပထမနေ့တွင် လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ပြည်ခိုင်ဖြိုးပါတီမှ ဦးစိုင်းလုံးဆိုင် နှင့် ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်ကိုယ်စားပြု မူဆယ် အမှတ်(၁)မဲဆန္ဒနယ်မှ ဦးစိုင်း ကျော်သိန်းတို့အား ကိုယ်စားလှယ် များက အသီးသီးအဆိုတင်သွင်း ခဲ့ရာ တစ်ဦးထက်ပိုနေသဖြင့် မဲခွဲ ဆုံးဖြတ်ရာတွင် အထက်ပါအတိုင်း အဖြေပေါ်ထွက်ခဲ့ခြင်းဖြစ် သည်။

ပဲခူးတက္ကသိုလ် ဗိုလ်ချုပ်အောင်ဆန်း(၁၀၁)နှစ်ပြည့်အကြိုပွဲတွင် ကျောင်းသားများဆန္ဒထုတ်ဖော်


ပဲခူးတက္ကသိုလ်၌ ပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၁) နှစ်မြောက် မွေးနေ့အကြို ဟောပြောပွဲနှင့်ကဗျာရွတ်ဆိုပွဲတွင် ပါမောက္ခချုပ်ဟောပြော နေစဉ် ကျောင်းသားအချို့က ဗီနိုင်းများကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အကြိုဟောပြောပွဲအတွက် စာရေးဆရာများ အား ဖိတ်ခေါ်ရန် ပဲခူးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပါမောက္ခချုပ် ထံ စာတင်ခဲ့သော်လည်း စာရေးဆရာများ၏ နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံစာကို တောင်းခံခဲ့သောကြောင့် ဟောပြောပွဲနေ့တွင် ဆန္ဒထုတ် ဖော်ခဲ့ကြောင်း ယင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂဒုဥက္ကဋ္ဌ မပန်ပန်ဖူး သက်နိုင်က ပြောသည်။

နန်းမြတ်ကို အဆိုတော်အနေနဲ့ရော သရုပ်ဆောင်အနေနဲ့ရော တွဲမြင်ပြီး အားပေးပေးပါ နန်းမြတ်ဖြိုးသင်းနှင့် စကားစမြည်


လူငယ်သရုပ်ဆောင်များ ခေါင်းဆောင်ပြီး ဟာသသရုပ်ဆောင်များ အင်အား ကောင်းကောင်းဖြင့် ရိုက်ကူးထားသည့် ‘အီဖေကိုယ်တို့ ရွေးကောက်ပွဲ’ ဇာတ်ကားကို ရန်ကုန်အပါအ၀င် နယ်မြို့များ၌ ရုံတင်ပြသလျက် ရှိရာ ပရိသတ်အားပေးမှုရရှိနေသည်။ ထို့ကြောင့် ယင်းဇာတ်ကားတွင် အဓိက သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် နန်းမြတ်ဖြိုးသင်း ကို ယင်းဇာတ်ကားအကြောင်း အမှတ်တရများအပါအ၀င် ၎င်း၏အနုပညာ လှုပ်ရှားမှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လျှင် ပြည်သူ့အတွက် သိသာသည့် အပြောင်းအလဲဖော်ဆောင်နိုင်မည်ဟု သုံးသပ်သူများပြော


ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတရာထူးရရှိမည်ဆိုပါက အစိုးရအဖွဲ့ နှင့်လွှတ်တော်သည် ပြည်သူလူထုအတွက် သိသာသည့်နိုင်ငံရေးအပြောင်း အလဲကို ညီညွတ်စွာဖော်ဆောင်နိုင်မည်ဟု လွှတ်တော်အမတ်ဟောင်းအချို့ နှင့် မြန်မာ့နိုင်ငံရေးလေ့လာသူတို့က သုံးသပ်ပြော ကြားသည်။

သမ္မတရွေးချယ် တင်မြှောက်ရေးလုပ်ငန်းစဉ် မတ်လ ၁၇ ရက်တွင် စတင်မည်


သမ္မတရွေးချယ် တင်မြှောက်ရေးလုပ်ငန်းစဉ်ဖြစ်သည့် ဒုတိယသမ္မတ လောင်းများ အဆိုပြုရမည့်လွှတ်တော်ကိုယ် စားလှယ်များအစုအဖွဲ့အစည်း အဝေးကို ၂၀၁၆ မတ်လ ၁၇ ရက် (ကြာသပတေးနေ့)တွင် စတင် ရန် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက အစည်းအဝေး ပထမနေ့၌ ကြေ ညာသည်။

၅၉ ( စ) ဆိုင်းငံ့မှု အတွက် ငြင်းခုံသံများ ပေါ်ထွက်နေချိန် လွှတ်တော် အနေဖြင့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောက်ရွက်မည်ဟု မျှော်လင့်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပို့


မီးဘေးသင့် ဒေသများအတွက် လွှတ်တော်ကိုယ်စားလှယ်များ နေ့တွက် စရိတ်ဖြင့် ကျပ်သိန်း ၁၂၀ ကျော် လှူဒါန်း


ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မီးဘေးအန္တရာယ်ကျရောက်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် နှင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တို့ အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ငွေလှူဒါန်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောသည်။

အရပ်သားနယ်မြေတွေကို ရုရှား ဗုံးကြဲနေတယ်လို့ ဂျာမနီဝန်ကြီးချုပ် ပြော


ဆီးရီးယား နိုင်ငံထဲ အရပ်သား တွေ နေထိုင် တဲ့ ဒေသ တွေမှာ ပြုလုပ်နေတဲ့ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် အင်မတန် ခြောက်ခြားတုန်လှုပ်ရတယ်ဆိုပြီး ဂျာမနီဝန်ကြီးချုပ် အိန်ဂလာမာ့ခဲလ် က ပြောပါတယ်။ ဆီးရီးယား ပြည်တွင်းစစ် နဲ့ ဆက်စပ်ပြီး ဒေသတွင်း ဖြစ်ပေါ် နေတဲ့ ဒုက္ခသည် ပြဿနာ ကို ဘယ်လို ကိုင်တွယ် ကြမလဲ ဆိုတာ ဆွေးနွေးဖို့ ဝန်ကြီး ချုပ် မာ့ခဲလ် က တူရကီ နိုင်ငံ မြို့တော် အဲန်ကာရာမှာ ရောက်ရှိနေပြီး တူရကီ ဝန်ကြီးချုပ် အာမက် ဒါဗူးတော်လူး နဲ့ တွေ့ ဆုံ ခဲ့ ပါတယ်။

"ရန်ကုန်နဲ့ယှဉ်ရင် နေပြည်တော်က နိုင်ငံအတွင်း အခြားဒေသတွေနဲ့ ပိုနီးပြီး ဒီအချက်မှာတော့ ဦးသန်းရွှေနဲ့ သဘောတူပါတယ်” ဟု ဆို


ဒေါ်အောင်ဆန်းစုကြည်၏ NLD က ဦးဆောင်မည့် အစိုးရသစ်သည် ဧပြီ ၁ တွင် စတင် တာဝန်ထမ်းဆောင်မည် ဖြစ်သဖြင့် ရန်ကုန်အခြေစိုက် နိုင်ငံတကာ သံတမန်များ အနေဖြင့် နေပြည်တော်တွင် ပိုမိုရှိနေရန် လိုအပ်လာမည်ဖြစ်သည်။ နိုဝင်ဘာ ၈ ရွေးကောက်ပွဲအပြီး လွတ်တော်ပြန် အစတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၌ နိုင်ငံတကာမှ သံတမန်များ တွေ့ဆုံမှုပြုလုပ်ခဲ့သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) နှင့် လက်တွဲတော့မည် မဟုတ် ဟု ရခိုင်အမျိုးသားပါတီ ကြေညာချက်ထုတ်ပြန်


ရခိုင်အမျိုးသား ပါတီအနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)နှင့် လက်တွဲတော့မည်မဟုတ်ဘဲညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) နှင့်သာ ဆက်လက် လက်တွဲသွားမည် ဖြစ်ကြောင်း စစ်တွေမြို့တွင် ပြုလုပ်သည့် ရခိုင်အမျိုးသားပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

မတ်လ ၁၇ ရက်နေ့တွင် ဒုတိယသမ္မတ နေရာများ ရွေးချယ်နိုင်ရေးအတွက် အစုအဖွဲ့များ အစည်းအဝေး စတင်ကျင်းပရန် ပြည်ထောင်စုလွှတ်တော် နာယက ပြော


တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့အပါအဝင် ရွေးချယ်ခံကိုယ်စား လှယ်များ အစုအဖွဲ့ အသီးသီးတို့မှ ဒုတိယသမ္မတ အမည်စာရင်းတင်သွင်း နိုင်ရေးအစည်းအဝေးများကို လာမည့်မတ်လ ၁၇ ရက်နေ့တွင် စတင်ကျင်းပရန် ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသန္တရဥပဒေများ ထွက်ပေါ်ရေး ဦးစားပေးလုပ်ဆောင်မည်ဟု ဒေါ်စန္ဒာမင်း ဆို


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသန္တရဥပဒေများ ထွက်ပေါ်လာစေရေးအတွက် ဦးစားပေး ကြိုးပမ်းလုပ်ဆောင် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် မဲန္ဒနယ်အမှတ် ၁ မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောဆိုလိုက်သည်။

ကြံ့ခိုင်ရေးပါတီမှ အမတ်ဟောင်း ဦးလှဆွေက ၄င်းအား မဲ ၇သောင်း ကျော်ဖြင့် အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော်အမတ် ဦးပြူးလွင်အား ၃ကြိမ်မြောက် ကန့်ကွက်လွှာ တင်


မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် မျိုးလွှတ် အမတ်နေရာအတွက် ယှဉ်ပြိုင်ရာတွင် ဆန္ဒမဲ ၇၀၀၀၀ ကျော်အသာဖြင့် အနိုင်ရခဲ့သည့် NLD ကိုယ်စားပြု အမတ် ဦးပြူးလွင်အား ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သူ ကြံခိုင်ရေး ပါတီမှ မျိုးလွှတ်အမတ်ဟောင်း ဦးလှဆွေအား “ဗီဇမကောင်းသူ” ဟု ပြောကြားခဲ့သည်ဟု စွပ်စွဲကာ ကန့်ကွက်လွှာ တင်သွင်းခံထားရကြောင်း သတင်းရရှိသည်။

တပ်မတော်၏ "ညီငယ်" သို့မဟုတ် ရဲတပ်ဖွဲ့


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေး တပ်ဖွဲ့မှ အရာရှိ အများအပြား အား ခြစားမှုနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စုံစမ်းစစ်ဆေးလျက်ရှိသည် ဆိုသော သတင်းများ ၂၀၁၅ ဒီဇင်ဘာက တည်းက ထွက်ပေါ်လျက် ရှိသည်။ အကယ်၍ ထိုသတင်း မှန်ကန်သည် ဆိုပါက နိုင်ငံအတွင်း အစိုးရ၏ လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုကြား တင်းမာသည့် ဆက်ဆံရေး ရှိနေကြောင်း လက္ခဏာရပ် တစ်ခုဖြစ်သည်။

လွှတ်တော်အတွင်းသတင်းရယူမှု ကန့် သတ်ခံရသည့်အပေါ် ဂျာနယ်လစ် ကွန်ယက် ကြေငြာချက်ထုတ်ပြန်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်မှုအပေါ် ANP ပါတီရှေ့လမ်းစဉ်မူတည်


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် ဆွေးနွေးညှိုနှိုင်းလို့မရရင် ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ NLD ရဲ့အတိုက်အခံအဖြစ်ရပ်တည်သွားဖို့ ပါတီအနေနဲ့ဆုံးဖြတ် ထားကြောင်း ANP ဗဟိုအလုပ်အမှုဆောင်ဝင်တဦးက ပြောပါတယ်။ ရခိုင်မှာ မဲအများဆုံးရထားတဲ့ပါတီအနေနဲ့ ၀န်ကြီးချုပ်နေရာ ကို လိုချင်နေပေမဲ့လည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခက်အခဲ စိန်ခေါ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ဇီကာရောဂါပိုးတိုက်ဖျက်ရေး ဒေါ်လာ ၁.၈ ဘီလီယံ အိမ်ဖြူ တော် တောင်းခံ


အမေရိကန်ပြည်ထောင်စုအတွင်းနဲ့ တခြားနိုင်ငံတွေမှာ လက်ရှိ ဖြစ်ပွားနေ တဲ့ ဇီကာရောဂါပိုး တိုက်ဖျက်ရေး အရေးပေါ် ရံပုံငွေ ဒေါ်လာ ၁.၈ ဘီလီယံ ထောက်ပံ့ပေးဖို့ သမ္မတ Barack Obama က ကွန်ဂရက်လွှတ်တော်ထံ တောင်းဆိုလိုက်ပါတယ်။

IS စစ်သွေးကြွ ၇ ဦး ဖမ်းဆီးမိကြောင်း ရုရှားကြေညာ


ရုရှားနိုင်ငံ၊ မော်စကို၊ Saint Petersburg နဲ့ Sverdlovsk မြို့တွေမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်ခဲ့ကြတဲ့ IS စစ်သွေးကြွအဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ရုရှား နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။

New Hampshire ပြည်နယ် အကြို ရွေးကောက်ပွဲ Trump နှင့် Sanders ထိပ်ကပြေး


တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးစစ်တမ်းတွေအရ New Hampshire ပြည်နယ်မှာ ပြုလုပ်မယ့် ပါတီတွင်း ရွေးချယ်မှုတွေမှာ ဘီလီယံနာ သူဌေးကြီး Donald Trump ဟာ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နေကြတဲ့ ပြိုင်ဖက် သမ္မတလောင်းတွေထက် အသာစီး ရရှိနေပါတယ်။ ဘယ်သူ့ကို ထောက်ခံမယ်ဆိုတာ မဆုံးဖြတ်ရသေး သူတွေ ရဲ့ ထောက်ခံမှုကို ရရှိနိုင်ဖို့ သူ့ရဲ့ ပြိုင်ဖက်က သမ္မတလောင်းတွေ ကလည်း နောက်ဆုံးအချိန်အထိ အကြိတ်အနယ် မဲဆွယ် စည်းရုံးနေကြပါတယ်။

ဖွဲ့စည်းပုံကို စိန်ခေါ်ဖို့ အချိန်တန်ပြီလား


အင်န်အယ်လ်ဒီ အမတ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်တွေ စတင် အသက်ဝင်ပြီးတာနဲ့ လူပြောအများဆုံး ဖြစ်လာတဲ့ ကိစ္စ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးပါ။ အင်န်အယ်လ်ဒီ ရဲ့ ဥပဒေ အကြံပေး ရှေ့နေကြီး ဦးကိုနီကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ကနေ တားမြစ်ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉(စ) ရှိတယ်၊

တိုင်းနဲ့ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌတွေ ခန့်အပ်


ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၄ ခု မှာရှိတဲ့ ဒုတိယအကြိမ် တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်အစည်းအဝေးတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ရှမ်းနဲ့ ရခိုင် ပြည်နယ် ကလွဲလို့ ကျန် တိုင်းနဲ့ ပြည်နယ်အသီးသီးက လွှတ်တော်ဥက္ကဋ္ဌတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀၁၅ ရွေး ကောက်ပွဲ တခဲနက် အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေထဲက ရွေးချယ်ခဲ့ကြ ပါတယ်။ သတင်း အပြည့်အစုံကိုတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ကိုယ်တိုင် သတင်း သွားရောက်ရယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

My Blog List