Wednesday, January 27, 2016

လ၀က၀န်ကြီးဌာန ပြည်ထဲရေးအောက် ထားရှိဖို့အဆိုအပေါ် တုံ့ပြန်မှု


လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက် ပြောင်းရွှေ့ဖို့ သမ္မတဦးသိန်းစိန်အဆို တင်သွင်းထားတဲ့ အစီအစဉ်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေမူကြမ်းကော်မတီက တင်သွင်းမှာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်များ အင်္ဂလိပ်စာသင်ယူလိုလျှင် နိုင်ကျဉ်းဟောင်းများ ကူညီမည်


လွှတ်တော်အမတ်များလိုအပ်၍ အင်္ဂလိပ်စာသင်ယူလိုလျှင် နိုင်ကျဉ်းဟောင်းများက ကူညီပေးမည်ဟု နိုင်ကျဉ်းဟောင်းများက ရွေးကောက်ခံထားရသည့် အမတ်များနှင့် ဇန်န၀ါရီ ၂၃ ရက်နေ့က မြို့မကျောင်းလမ်းရှိ အိုရီယန်တယ် ဟောက်စ်၌ အလွတ်သဘောတွေ့ဆုံပွဲတွင် ပြောကြားသည်။

လွှတ်တော်တွင်းရော၊ ပြင်ပမှာပါ ပြည်သူ့အကျိုးသယ်ပိုးဖို့ အနိုင်ရအမတ်များကို ဦးဌေးဦးညွှန်ကြား


ပြည်သူလူထုအကျိုးစီးပွားအတွက် လွှတ်တော်အတွင်းသာမက လွှတ်တော် ပြင်ပမှာပါ ကြိုးပမ်းဆောင်ရွက်ကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များကို ပါတီ၏ ပူးတွဲဥက္ကဌဖြစ်သူ ဦးဌေးဦးက ညွှန်ကြားလိုက်သည်။

စာရိတ္တပြုပြင်မှုကိုသာဦးတည်ပြီး ပြစ်မှုကျူးလွန်သူများကိုအပြစ်ပေးရန် အကြံပြု

 
ပြစ်မှုကျူးလွန်သူများအား အကျင့်စာရိတ္တပြုပြင်မှုကိုသာဦးတည်ပြီး အပြစ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌအဖြစ်တာဝန်ယူထားသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက အကြံပြုထားသည်။ "ပြစ်မှုကျူးလွန်သူများအား အပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ရပါမည်။ ပြစ်ဒဏ်ကျခံရသူများကိုလည်း နောက်နောင် ရာဇဝတ်မှု ကျူးလွန်ခြင်းမှ ကင်းလွတ်စေရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ သင်ကြားပေးပြီး လူ့အသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင်အောင် ဖန်တီးပေးရန် လိုပါသည်" ဟု ကော်မတီက အကြံပြုထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီး ဌာနအောက်သို့ပြောင်းရန်စီစဉ်


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် လုပ်ငန်း ဆောင်တာများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင် ဦးစီးဌာနအဖြစ်ထားရှိ သွားမည်ဟု သိရသည်။ နိုင်ငံတော်သမ္မတရုံးမှ လွှတ်တော်ဥပဒေကြမ်းကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ ဇန်နဝါရီ ၂၆ရက်တွင် ပေးပို့သော စာအရသိရသည်။

ငြိမ်းချမ်းရေးနဲ့ စီးပွားရေး သည့်ထက် လက်တွေကျစေချင်


အခု ရက်အတောအတွင်း တိုင်းပြည်ရဲ့တာဝန်အရှိဆုံး ပုဂ္ဂိုလ်များရဲ့ ပြောစကားတချို့ဟာ မိမိတို့ ပြည်သူများ နားဝမှာ ပျားသကာလို ချိုကြရပါတယ်။ ကြိုဆိုကြရမယ့် စကားတွေပါပဲ။ ပထမစကားက တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့စကားဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အသစ်များ၏ လွှတ်တော်လေ့လာရေး



Tuesday, January 26, 2016

၂၀၁၆ တွင် စောင့်ကြည့်ရမည့်သူများ



တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု မှတ်တမ်း (ရုပ်သံ)



လိပ်ကျွန်းအမှု အယူခံဝင်ရန် အချိန်မလုံလောက်၍ ထပ်တိုးတောင်းဆိုရာ ထိုင်းတရားရုံးခွင့်ပြု


လိပ်ကျွန်းလူသတ်မှုဖြင့် ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား သေဒဏ် ချမှတ်ခဲ့ပြီးနောက်၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်တွင် တစ်လ ပြည့်သော် လည်း အမှုအယူခံဝင်ရန် အဆင်သင့်မဖြစ်သေးသဖြင့် ရက်တိုးမြင့်တောင်း ဆိုခဲ့ရာ ထိုင်းတရားရုံးက ခွင့်ပြုလိုက်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ အကျိုးဆောင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ဦးမန်းဝင်းခိုင်သန်း အမျိုးသားလွှတ်တော် အစည်းအဝေးတက်ရောက် လေ့လာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် လျာထားသည်ဟု နာမည်ထွက်ပေါ်နေသည့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ မှ ဦးမန်းဝင်းခိုင်သန်းသည် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ ဇန်နဝါရီ ၂၅ရက်နေ့က လာရောက်လေ့လာခဲ့သည် ကိုတွေ့ရသည်။

လာမည့်လွှတ်တော်တွင် မြေသိမ်းယာသိမ်း ကိစ္စရပ်များကို အရေးကြီး လုပ်ငန်းစဉ် အဖြစ်ဖြေရှင်းရန် အကြံပြု


ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် မြေသိမ်း၊ ယာသိမ်းကိစ္စရပ်များကို အရေးအကြီးလုပ်ငန်း စဉ်အဖြစ် ဖြေရှင်းဆောက်ရွက်ရန် လိုအပ်ကြောင်း လယ်၊ ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေး ကော်မရှင်၏ အစီအရင်ခံစာ၌ အကြံပြု ဖော်ပြထားသည်။

ဝင်လာမစဲ တသဲသဲ ထွက်တော့ပြန်ချုပ် တလှုပ်လှုပ်


နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြန်ပြီတဲ့။ နိုင်ငံရေး အချုပ်သားတွေ မပါဘူး။ ဝမ်းနည်းရမှာ လိုလို၊ ဝမ်းသာရမျာလိုလို။ အကျဉ်းထောင်အသီး သီးက လွှတ်ပေးလိုက်တဲ့ ၁၀၂ ဦးမှာ နိုင်ငံရေး အကျဉ်းသားကလည်း ၅၀ ဝန်းကျင်လောက်ပဲ ပါတယ်လို့ သိရပြန်တယ်။ ဒါကြောင့် ဝမ်းနည်းဝမ်းသာ မှာ ဝမ်းသာမယ်ဆိုရင် ယမ်းသာတာကို တစ်ဝက်လောက် ထပ်လျှော့ပစ်ရ ဦးမယ်၊ ၁၀၂ ယောက်မှာ နိုင်/ကျဉ်းက ၅၀ ဝန်းကျင်ပါတာကိုး။

အစိုးရအလုပ်သည် ကြီးမားသောအလုပ်


နှစ်ပေါင်း ၅၀ ကျော် စစ်အစိုးရအဆက်ဆက်နှင့် စစ်အာဏာရှင် အဆက်ဆက်အောက် နေထိုင်ခဲ့ရသော ပြည်သူများသည် ၎င်းတို့၏ လိုအင်အမှန်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၈ က တစ်သံတည်း ထွက်ပြဆို ခဲ့သည်။ ဤသို့ဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီသည် တောင်ပြိုကမ်းပြိုနိုင်လိုက်သည်။ သို့ဆိုလျှင် လာမည့်နှစ်လသာသာအတွင်းတွင် အင်န်အယ်လ်ဒီ အစိုးရသစ်ကို ပြည်သူများ ရပေတော့မည်။

လာအို ဖွံ့ဖြိုးရေး အမေရိကန်အကူအညီထပ်ပေးဖို့ ၀န်ကြီးကယ်ရီ ကတိပေး


လာအိုနိုင်ငံမှာကြုံတွေ့နေရတဲ့ ငတ်မွတ်ခေါင်းပါးမှုပြသနာ၊ မပေါက်ကွဲ သေးတဲ့ ဗုံးတွေရှင်းလင်းရေးပြသနာနဲ့ မဲခေါင်မြစ်ဝှမ်း အောက်ပိုင်းဒေသ နည်းပညာဆိုင်ရာလက်လှမ်းမှီစေဖို့ အမေရိကန်ပြည်ထောင်စုအနေ နဲ့ကူညီနေတဲ့ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

လက်ပံတောင်း ဆန္ဒပြသူတွေကို လမ်းပိတ်ဆို့မှု ဒေသကုန်စည် စီးဆင်းရေး ခက်ခဲ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ မြေယာနစ်နာ ကြေးမယူထားတဲ့ လယ်တွေ အတွက် သီးနှံလျော်ကြေးပေးဖို့ တောင်းဆိုတဲ့ ဒေသခံတွေ ဆန္ဒပြနေတဲ့အတွက် ပုသိမ်-မုံရွာ ကားလမ်း ပိတ်ဆို့တားဆီး ထားပြီး ကုန်စည်စီးဆင်းမှုတွေ အခက်အခဲတွေဖြစ်နေပါတယ်။ဆန္ဒပြသူတွေ ရှိရာကို ဒီနေ့မှာတော့ ယင်းမာပင် ခရိုင်အထွေအထွေအုပ်ချုပ်ရေးမှူး လာရောက်ခဲ့ပြီး မနက်ဖန်မှာ မြန်မာ ၀မ်ပေါင်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးမယ်လို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ပြင်သစ်တိုက်ခိုက်မှု အကြမ်းဖက်သမားများ ဗွီဒီယို IS ထုတ်ဝေ


ပြင်သစ်နိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှု၊ ဆီးရီးယားနဲ့ အီရတ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့သူတွေကို ခေါင်းဖြတ် ကွပ်မျက်မှုတွေ ပြုလုပ်ခဲ့ကြတဲ့ အကြမ်းဖက်သမား ၉ ဦးပါဝင်တဲ့ ဗီဒီယိုကို IS အစွန်းရောက်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုကိုလည်း ပြသထားပြီး ဒီလူတွေဟာ ပြင်သစ်ကို ဒူးထောက်အောင် လုပ်နိုင်ခဲ့တဲ့ ရဲရင့်သူခြင်္သေ့တွေ ဖြစ်တယ် ဆိုပြီး တင်စားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံမှုအပေါ် အမြင်တချို့


မကြာခင်အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းမယ့် NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်အတွက် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကြား စေ့စပ်ညှိုနှိုင်းပေးရေးဟာ ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်လာလိမ့်မယ်လို့ မြန်မာ့ အရေးလေ့လာသူတချို့ကသုံးသပ်ကြပါတယ်။

ဖားကန့်နယ်မြေ စက်ယန္တရား အစီးတစ်သောင်းကျော် စစ်ဆေးနိုင်ခဲ့


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကွင်းဆင်းစစ်ဆေး နေတဲ့ အထူးစုံစမ်းရေးအဖွဲ့ဟာ ကျောက်မျက် တူးဖော်ရေးကုမ္ပဏီတွေ အသုံးပြုနေတဲ့ စက်ယန္တရားအစီးရေ တစ်သောင်းကျော်ကို စစ်ဆေးခဲ့တယ် လို့ သိရပါတယ်။ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီနှစ်ရာကျော်ရဲ့ စက်ယန္တရားတွေကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောပါတယ်။

မန္တလေးခရိုင်ဗကသအတွင်းရေးမှူးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မလေးခုဖြင့် စွဲချက်တင်


ရတနာပုံတက္ကသိုလ် အုတ်တံတိုင်းနံရံတွင် မှုတ်ဆေးဖြင့် အစိုးရကိုဆန့် ကျင်သည့် စာသားများရေးသား၍ ဆန္ဒထုတ်ဖော်ခဲ့သော မန္တလေးခရိုင် ဗကသအ တွင်းရေးမှူး ကိုရဲရင့်ပိုင်မှူးကို ဇန်န၀ါရီ ၂၅ရက်က တတိယအ ကြိမ်ရုံးထုတ်ရာ ပုဒ်မ လေးခုဖြင့် အမရပူရမြို့နယ်တရားရုံးက စွဲချက်တင် ခဲ့သည်။

ထိုင်းကမ်းခြေမှ သတ္တု အစိတ်အပိုင်း MH370မှ ဟုတ်မဟုတ် စစ်ဆေးနေ


ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေတစ်ခုတွင် လာတင်နေသည့် အပျက်အစီး အစိတ်အပိုင်း အချို့သည် ပျောက်ဆုံးနေသည့် MH370 လေယာဉ်မှ ဟုတ်မဟုတ် ကျွမ်းကျင်သူများက စစ်ဆေးနေကြောင်း သိရသည်။ မလေးရှား လေကြောင်းလိုင်းပိုင် MH370 လေယာဉ်သည် ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်က ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားပြီး လေယာဉ်၏ ကံကြမ္မာကို ယနေ့တိုင် တိတိကျကျ အဖြေမထုတ်နိုင်သေးချေ။ ယခုတွေ့ရှိသည့် အစိတ်အပိုင်းများသည် အဆိုပါ Boeing 777 လေယာဉ်မှ ဟုတ်မဟုတ်ကို ထိုင်းနှင့် မလေးရှား တာဝန်ရှိသူများ ပူးပေါင်း စစ်ဆေးနေခြင်း ဖြစ်သည်။

လွှတ်တော်အစည်းအဝေးသစ်တက်ရောက်ရမည့် ကိုယ်စားလှယ်သစ်များအား စိစစ်ရေးကတ်ပြားများ စတင်ထုတ်ပေး


ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးသစ်များသို့ တက်ရောက်ရန် ရှိသည့် ပြည်သူ့လွှတ်တော်နှင့် အ မျိုးသားလွှတ်တော်မှရွေးကောက် ပွဲအနိုင်ရ ကိုယ်စားလှယ်လောင်းများအား နေပြည်တော်၊ စည်ပင် ဧည့်ရိပ်သာဝင်းအတွင်း ကိုယ်စားလှယ်စိစစ်ရေး ကတ်ပြားများထုတ် ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အစိုးရ ဖွဲ့စည်းရေးနှင့် အရေးကြီးကိစ္စရပ်များဆွေးနွေး


လွှတ်တော်သစ် စတင်ရန် ခြောက်ရက်အလိုတွင် ပြုံးပြုံးရွှင်ရွှင်တွေ့ဆုံခဲ့ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် အစိုးရ ဖွဲ့စည်းရေး၊ အကူးအပြောင်း တည်ငြိမ်ရေး တို့အပါအ၀င် အရေးကြီးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်သည်။

အစိုးရသစ်နှင့် အဆင်ပြေစွာလက်တွဲနိုင်မည်ဟု တပ်ချုပ်ပြော


ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်နှင့် အဆင်ပြေစွာ လက်တွဲဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားကြောင်း သတင်းရရှိ သည်။

မြန်မာသတင်းသမားငါးဦးကို သမ္မတလွတ်ငြိမ်းခွင့်ပေးပါက တပ်မတော်က ကန့်ကွက်မည်မဟုတ်ဟု တပ်ချုပ်ပြောဟုဆို


နိုင်ငံတော်လျှို့ဝှက် ချက်အက်ဥပဒေဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော ယူနတီဂျာနယ်မှ သတင်းထောက် ငါးဦးကို သမ္မတက လွတ်ငြိမ်း ခွင့်ပေးပါက တပ်မတော်မှ ကန့်ကွက်မည် မဟုတ်ကြောင်း မြန်မာသတင်းမီ ဒီယာကောင်စီအဖွဲ့နှင့် တွေ့ဆုံ စဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

My Blog List