Tuesday, December 22, 2015

သမ္မတဟောင်း၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးခြင်း


နိုင်ငံပိုင်သတင်းစာတွေကနေ အများပြည်သူသိရှိလေ့လာအကြံပြုနိုင်ရန်ဆိုပြီး ဥပဒေကြမ်းတစ်ခုကို ယနေ့ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းမှာ အခန်း ၅ ခန်းနဲ့ ပုဒ်မ ၁၄ ခုပါဝင်တာကို တွေ့ရပါတယ်။ လောလောဆယ်တော့ ဥပဒေအကြမ်းဖြစ်နေသေးပေးမယ့် မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုတော့မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

တပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိဟု UWSA ပြော


ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ယုံကြည်မှု တိုးမြှင်ရန် ဆန္ဒရှိကြောင်း “၀”အထူးဒေသ(၂) ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံက မနေ့က ပြောလိုက်ပါတယ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ပန်ဆန်းမြို့ရှိ ၀” အထူးဒေသ(၂) ပြည်သူ့ခန်းမ မှာ မနေ့ကပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တြိဂံဒေသတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးတို့နှင့် တွေ့ဆုံရာတွင် ဦးရှောက်မင်လျံက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များသာမက အစိုးရအဖွဲ့များလည်းနိုင်ငံရေးပင်စင် ရရှိမည်ဟု သူရဦးရွှေမန်းပြော


တစ်လုံးတစ်ခဲတည်းပေးအပ်မည့် နိုင်ငံရေးပင်စင်ငွေသည် လွှတ်တော် ကိုယ်စားလှယ်များကိုသာ ပေးအပ်မည်မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၊ ၀န် ကြီးများ၊ ၀န်ကြီးချုပ်များအပါအ၀င် အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ အားလုံး ပါဝင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောကြားသည်။

ကချင်-တရုတ်နယ်စပ် စစ်ဘေးဒုက္ခသည်များအတွက် အနွေးထည်များ လိုအပ်နေ


ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ထိန်းချုပ်နယ်မြေ ကချင်-တရုတ်နယ်စပ် စစ်ဘေးရှောင် စခန်းများမှ ဒုက္ခသည်များအတွက် ဆောင်း ရာသီ အအေးဒဏ် ခံနိုင်သည့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။ ကချင်-တရုတ်နယ်စပ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းဖြစ်သည့် မှတ်တိုင် အထက် ၆၊ အောက် ၆ တို့တွင် ဆီးနှင်းများ ကျဆင်းပြီး အလွန်းအေးနေ၍ ဒုက္ခသည်များ ဆောင်းဒဏ်ခံနိုင်ရန်အတွက် အနွေးထည်များ လိုအပ်နေ ကြောင်း၊ ကျန်းမာရေးအတွက် ဆေးဝါးများ လည်း လိုအပ်နေကြောင်း ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဟိန်းဝေါမ်က ဧရာဝတီကို ပြောပြသည်။

မြန်မာနိုင်ငံတိုးတက်မှုနှေးကွေးခြင်းသည် ညီညွတ်ရေးအားပျော့နေသော ကြောင့်ဖြစ်၍ သတိထားရန်လိုဟု ပါမောက္ခချုပ်ဆရာတော်မိန့်ကြား


အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတိုးတက်မှုနှေးကွေးခြင်းသည် ညီညွတ်ရေးအားပျော့နေသောကြောင့်ဖြစ်သည်ကို သတိထားကြရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသကမိန့်ကြားသည်။

Monday, December 21, 2015

တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေမှာ လွှတ်တော်အမတ်များသာ ရခြင်းမဟုတ်ဟု သူရဦးရွှေမန်းပြော


တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေမှာ လွှတ်တော်အမတ်များသာ ရခြင်းမဟုတ်ဘဲ ၂၀၁၁ခုနှစ်မှ ၂၀၁၆မတ်လအတွင်း တာဝန် ထမ်းဆောင်ခဲ့သော သမ္မတ၊ ဒုသမ္မတများအပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းနှင့်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်းများမှ ဥက္ကဌနှင့် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဌနှင့် ကော်မတီဝင်များကပါ ရရှိကြမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ BBC သတင်း ဌာန၏ သတင်းထုတ်ပြန်ချက်ကို SSPP / SSAငြင်းပယ်ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာနှစ်ဦးကို ကွင်းလုံးကျွတ် လွှတ်ပေးသင့်ကြောင်း တရားရုံးသို့ တင်ပြ


ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံထားရသည့် မြန်မာနှစ်ဦး ပြစ်မှုကျူးလွန်ကြောင်း မထင်ရှားသဖြင့် ကွင်းလုံးကျွတ် လွှတ်ပေးသင့်ကြောင်း မြန်မာနှစ်ဦးဘက်က လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က လျှောက်လဲချက် အကျဉ်းချုပ် အစီရင်ခံစာတစ်စောင်ကို ယနေ့ တရားရုံးသို့ တင်သွင်းလိုက်သည်။

MPC ငြိမ်းချမ်းရေးစင်တာအား NLD အစိုးရလက်ထက်တွင် ဖျက်သိမ်းမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြားကြောင်း သူမနှင့် တွေ့ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဆို


သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကြားဝင်ဆောင်ရွက်ပေးခဲ့သော မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန ( အရပ်အခေါ် MPC မြန်မာငြိမ်းချမ်းရေး စင်တာ ) အား အန်အယ်လ်ဒီ အစိုးရလက်ထက်တွင် ဖျက်သိမ်းမည် မဟုတ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် တွေ့ဆုံရာတွင်ပြောကြားကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံမှ သိရသည်။..

သမ္မတကို ‪‎နောက်ကြောင်းပြန်တရားမစွဲနိုင်ဖို့‬ ဥပဒေဖြင့် တားမြစ်ရန်ပြင်ဆင်


သမ္မတကို နောက်ကြောင်းပြန်တရားမစွဲနိုင်ရန်နှင့် အကာအကွယ်ပေးရန် ဥပဒေကြမ်း တစ်ရပ်ကို ဒီဇင်ဘာ ၂၁ ရက်ထုတ် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် ဖေါ်ပြသည်။နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ဟု အမည်ပေးထားပြီး ဥပဒေကြမ်းတွင် သမ္မတ တာဝန်ထမ်းခဲ့သူကို ကာကွယ်ပေးရန် ကိုယ်ရံတော် ခန့်ထားရမည်ဟု ပါရှိပြီး ထိုကုန်ကျစရိတ်ကို နိုင်ငံမှ ကျခံရန် ပါရှိသည်။

မောင်တောမှာ ရိုဟင်ဂျာတစ်ဦး ပစ်သတ်ခံရ


ရခိုင်ပြည်နယ် မောင်တောမြို့အနီးက စစ်ဆေးရေးဂိတ်တစ်ခုမှာ မြန်မာနယ်ခြား စောင့်တပ်ဖွဲ့က ပစ်ခတ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ရိုဟင်ဂျာ တစ်ဦး သေဆုံးခဲ့ကြောင်း ကုလားတန်သတင်းဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဖားကန့်က ဆန္ဒပြ ခေါင်းဆောင်တွေ KIA ပြန်မလွှတ်သေး


ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးတဲ့ ကုမ္ပဏီတွေက လုပ်ငန်းသုံးယာဉ်တွေ မြို့ရွာအတွင်း ဖြတ်သန်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြတဲ့ အဖွဲ့ခေါင်းဆောင်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒီဇင်ဘာလ ၁၆ ရက်နေ့က ခေါ်ဆောင်သွားရာမှာ ဒီနေ့အထိ ပြန်မလွှတ်သေးဘဲ ဆွေးနွေးနေဆဲဖြစ်တယ်လို့ KIA တပ်ရင်း၆ တပ်ရင်းမှူးက RFA ကို ပြောပါတယ်။

သမ္မတတာဝန်လွှဲပြောင်းပေးရေး အသေးစိတ်ကို ဒီဇင်ဘာ ၂၂ ရက်တွင် ထပ်မံဆွေးနွေးမည်


နိုင်ငံတော်အကြီးအကဲတာဝန် စနစ်တကျလွှဲပြောင်းရန် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အသွင်ကူးပြောင်းရေး ကော်မတီတို့ လာမည့်ဒီဇင်ဘာ ၂၂ ရက် (အင်္ဂါနေ့)တွင် အသေးစိတ် ဆွေး နွေးကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

လွှတ်တော်အမတ်များ ပင်စင်ခံစားခွင့်နှင့် ပြည်သူ့အသံ


လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ သက်တမ်းကုန်ဆုံးပါက နိုင်ငံရေးပင်စင်တစ်လုံးတစ်ခဲတည်းခံစားခွင့်ရရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးမှုများရှိခဲ့သည်။ တိုင်းပြည်က ဆင်းရဲနေပြီး တစ်နေ့လုပ်ခ ၃,၆၀၀ ကျပ်ရရေး ရုန်းကန်နေရသည့် အခြေခံလုပ်သားများရှိနေချိန်တွင် ၀န်ထမ်းမဟုတ်သည့် နိုင်ငံရေးလုပ်သူဥပဒေပြုမဏ္ဍိုင်မှ လွှတ်တော်အမတ်များကို ပင်စင်လစာခံစားခွင့်ပေးရန် မဖြစ်သင့်ကြောင်း ပြည်သူများကဝေဖန်နေပြီး အချို့လွှတ်တော်အမတ်များပင်လျှင် ပင်စင်ယူရန်စိတ်မလုံကြောင်း ပြောကြားမှုများရှိလာသည်။ 

တိမ်းမှောက် အင်ဒိုနီးရှားသင်္ဘောက လူ ၄၀ နီးပါးကယ်ဆယ်နိုင်


အင်ဒိုနီးရှားနိုင်ငံအလည်ပိုင်း လှိုင်းထန်နေတဲ့ ပင်လယ်အတွင်း တိမ်းမှောက်သွားတဲ့ ခရီးသည်တင် ကတို့သင်္ဘော က လူပေါင်း ၄၀ နီးပါးကို ကယ်ယူဆယ်တင်နိုင်ခဲ့ပါတယ်။ အသက်ရှင်ကျန်သူ ၃၇ ယောက် နဲ့ ကလေးငယ် အလောင်း ၃ လောင်း ကို ဆယ်ယူရရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘေးအန္တရယ်ကာကွယ်စောင့် ရှောက်ရေး အေဂျင်စီ တာဝန်ရှိသူတွေက VOA ကိုပြောပါတယ်။

ကျောင်းသားတွေ နိုင်ငံပြန်လည်တည်ဆောက်ရေးမှာ ပါဝင်ခွင့်


မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ရှေ့တန်းက ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေကို တိုင်းပြည် ပြန်လည်တည်ဆောက်ရေးကဏ္ဍတွေမှာ ပါဝင်ခွင့်ပေးသင့်တယ်လို့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးတဲ့(၇၇)နှစ်ပြည့်မြောက် နေ့မှာ ကျောင်းသားခေါင်းဆောင်ဟောင်း တွေက ပြောပါတယ်။

အိန္ဒိယ အသက်အငယ်ဆုံး မုဒိမ်းသမား ထောင်ကလွတ်သွားပြီ


အိန္ဒိယနိုင်ငံမှာ ၂၀၁၂ ခုနှစ်က အမျိုးသမီးတဦးကို အသက်သေတဲ့ထိ မုဒိမ်းကျင့်ခဲ့တဲ့အမှုမှာ ပါဝင်ခဲ့တဲ့ အသက် အငယ်ဆုံးလူကို တနင်္ဂနွေနေ့မှာ ထောင်ကနေ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် လူရာပေါင်းများစွာ ကန့်ကွက် ဆန္ဒ ပြကြပါတယ်။အဲဒီဖြစ်ရပ်အပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်ခဲ့ပြီး မုဒိမ်းပြစ်မှုဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ ဥပဒေတွေကို ပြင်ဆင် ပြောင်းလဲရတဲ့ထိ ဖြစ်ခဲ့တာပါ။

တောင်တရုတ်ပင်လယ် ပေါ် စစ်လေယာဉ်ပျံတာ ရည်ရွယ်လုပ်တာ မဟုတ်လို့ ပန်တဂွန် ငြင်း


တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ်ဘက်က တည်ဆောက်နေတဲ့ လူလုပ်ကျွန်းအနီးကနေ B-52 ဗုံးကျဲလေယာဉ် နှစ်စင်း ပျံသန်းခဲ့တာဟာ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ဘူးလို့ အမေရိကန် ပန်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရတဦးက စနေနေ့မှာ ပြောပါတယ်။

Sonia Gandhi တို့ သားအမိ တရားစွဲခံရမှု အာမခံရ


အိန္ဒိယအတိုက်အခံ ကွန်ဂရက်ပါတီ ထိပ်တန်းခေါင်းဆောင်တွေဖြစ်ကြတဲ့ Sonia Gandhi နဲ့ သားဖြစ်သူ Rahul တို့ကို နယူးဒေလီတရားရုံးက စနေနေ့မှာ အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။ Rahul ရဲ့ အဘေးတော်သူ အိန္ဒိယနိုင်ငံ ပထမဆုံးဝန်ကြီးချုပ် Jawaharlal Nehru ၁၉၃၈ ခုနှစ်က ထူထောင်ခဲ့တဲ့ National Herald သတင်းစာကို ၂၀၀၈ ခုနှစ်မှာ အစိုးရက ပိတ်ပစ်ခဲ့ပေမဲ့ သူတို့ ၂ ဦးက ဒီသတင်းစာတိုက်နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေကို တရားမဝင် ရယူထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဆီးရီးယားငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုံခြုံရေးကောင်စီ အတည်ပြု


ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆီးရီးယားငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ နိုင်ငံတကာ လမ်းပြမြေပုံကို တညီတညွတ်တည်း အတည်ပြုပေးလိုက်နိုင် တာဟာ လူပေါင်း ၂ သိန်းခွဲကျော် သေဆုံးခဲ့ရတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး အင်အားကြီးတဲ့ နိုင်ငံတွေကြား ရှားရှားပါးပါး တစည်းတလုံးထဲ ရှိတာကို ပြနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါ တယ်။

IS နှင့် အစွန်းရောက် စစ်သွေးကြွများကို ကန့်ကွက်ရှုတ်ချရန် ဘင်္ဂလားဒေ့ရှ် မွတ်ဆလင် ခေါင်းဆောင်များ စတင်ကြိုးပမ်း


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစွန်းရောက် စစ်သွေးကြွ အယူအဆများ ကြီးထွားလာခြင်း မရှိစေရန် ရဲတပ်ဖွဲ့က အစ္စလာမ် ဓမ္မဆရာများနှင့် ဘာသာရေး ခေါင်းဆောင်များကို အနီးကပ် စောင့်ကြည့်လေ့လာနေစဉ် မွတ်ဆလင် ခေါင်းဆောင်များက အစ္စလာမ္မစ်နိုင်ငံတော် (IS) အကြမ်းဖက် အုပ်စု၏ လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချထားသည့် အစ္စလာမ္မစ် ကြေညာ ချက်တစ်ရပ် ထုတ်ပြန်ရန် ကြိုးပမ်းလျက်ရှိကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။

“ဖြတ်သန်းလာခဲ့တဲ့ အနုပညာသမား ဘဝတစ်လျှောက်မှာ ဒီဘွဲ့ကတော့ အကြီးမားဆုံးဘွဲ့ပါပဲ” ဟာသသရုပ်ဆောင် ဗေလုဝနဲ့ တွေ့ဆုံခြင်း


နာမည်ကျော် ဟာသသရုပ်ဆောင် ဗေလုဝနဲ့ တွေ့ဆုံပြီး လတ်တလော အနုပညာလှုပ်ရှားမှုများ၊ စာပေဟောပြောပွဲတွေမှာ ပြောဖြစ်တဲ့ အကြောင်း အရာများ၊ နိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နိုင်ငံသားတစ်ယောက် အနေနဲ့ သူ့ရဲ့ ခံစားမှုများ၊ ဆန္ဒသဘောထားများကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။ 

တောင်ငူ၌ ဗိုလ်ချုပ်မွေးနေ့အမီ ဗိုလ်ချုပ်ကြေးရုပ်အသစ်ပြောင်းလဲမည်


လာမည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ၁၀၁ နှစ်ပြည့်မြောက်မည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အမီ တောင်ငူမြို့ ကန်လမ်း ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်နေရာတွင် ယာယီစိုက်ထူ ခဲ့သည့်ရုပ်တုနေရာတွင် ရုပ်တုအသစ်ပြောင်းလဲထားရှိသွားမည်ဖြစ်ကြောင်း အဆိုပါ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတ်ီမှစုံစမ်းသိရှိရသည်။

ကြံ့ခိုင်ရေး ပါတီ လူငယ်အဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့ ပြန်လည် ဖွဲ့စည်း


ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစု ရှုံးနိမ့်ခဲ့သော ပြည်ထောင်စုကြံ့ခိုင် ရေး နှင့် ဖွံဖြိုးပါတီသည် လူငယ်အဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့များကို ပြည်လည်ဖွဲ့စည်း လျက်ရှိ ကြောင်း ယင်းပါတီ ရန်ကုန်တိုင်း အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်က ပြောကြားသည်။

သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းအား NLD အစိုးရအဖွဲ့တွင် ပူးပေါင်း ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားဟု သိရ


အန်အယ်လ်ဒီက ဦးဆောင်ဖွဲ့စည်းမည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရအဖွဲ့တွင် ပူးပေါင်းပါဝင်ရန်အတွက် သမ္မတရုံးဝန်ကြီးဦးအောင်မင်းကို ဒေါ်အောင်ဆန်းစုကြည်မှ ကမ်းလှမ်းထားကြောင်း နှစ်ဘက်အသိုင်းအ၀န်းထံမှ သိရသည်။အမျိုးသား ပြန်လည်သင့်မြတ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းရန် ကြိုးပမ်းနေသည့် အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ ကာလ အပြီးမှ စတင်၍ ၀န်ကြီး ဦးအောင်မင်းနှင့် နှစ်ကြိမ် တိုင်တိုင် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ကမ်းလှမ်းထားခြင်း ဖြစ်သည်ဟု ၀န်ကြီးဦးအောင်မင်းနှင့် အလွန်နီးစပ်သူ သုံးဦးကလည်း The Ladies သို့ အတည်ပြုပြောဆိုသည်။

My Blog List