ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တက်ရောက်ကြမည့် ကိုယ်စားလှယ်အချိုးအစားကို သုံးကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်းအဝေးတွင် အတည်ပြုလိုက်သည်ဟု UPDJCအဖွဲ့ဝင်ဖြစ်သူ NLDပါတီမှ ဦးဥာဏ်ဝင်းက ပြောကြားလိုက်သည်။
Tuesday, December 15, 2015
အမေရိကန်ဗလီများတွင် လုံခြုံရေးအန္တရာယ်ကြီးမားနေ လက်နက်ကိုင် အစောင့်များငှားရမ်း အသုံးပြုနေရ
အမေရိကန်မွတ်စလင်များအပေါ်လက်တုံ့ပြန်မည်ကို စိုးရိမ်မှုများကြီးထွားနေစဉ် လော့စ်အိန်ဂျလိစ်ဆင်ခြေဖုံးများမှသည် ၀ါရှင်တန်ဒီစီ၏ ဆင်ခြေဖုံးများအထိ အမေရိကန်နိုင်ငံတစ်ဝန်း ဗလီများတွင် လုံခြုံရေးကို မြင့်တင်လျက်ရှိသည်။လုံခြုံရေးစိုးရိမ်ရမှုမှာ မြင့်မားလာကြောင်း အမေရိကန်အစ္စလာမ်ခေါင်းဆောင်များက ပြောကြားခဲ့ကြပြီး တုံ့ပြန်အရေးယူဆောင်ရွက်မှုများပြုလုပ်နေရကာ လက်နက်ကိုင်အစောင့်များကိုလည်း ငှားရမ်း အသုံးပြုနေရကြောင်း သိရသည်။ ယင်းသို့ဖြစ်လာရခြင်းမှာ ပါရီနှင့် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဘာနာဒီနိုတွင် တိုက်ခိုက်မှုများဖြစ်ပေါ်ပြီးနောက် အိုင်အက်စ်ကို အားကျသည့် အကြမ်းဖက် တိုက်ခိုက် မှုများနှင့် ပတ်သက်၍ လူထု၏စိုးရိမ်မှုမြင့်မားလာခြင်းနှင့်လည်း သက်ဆိုင်နေသည်။
ယနေ့အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုကို သူရဦးရွှေမန်း ပြောပြီ
သူရဦးရွှေမန်းက သူ့ဖေ့ဘွတ်စာမျက်နှာတွင် ယနေ့အတွက် အကြီးမားဆုံး သော စိန်ခေါ်မှုမှာ တစ်ဦးနှင့်တစ်ဦး၊ ❝တစ်ဘက်နှင့်တစ်ဘက်ယုံကြည်မှု❞ ရရှိရေး ဖြစ်သည့် ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ လေးစားမှု၊ နားလည်ပေးမှုများ အပြန်အလှန် ရရှိရေးတို့အတွက် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးပင်ဖြစ်သည်ဟုယနေ့နံနက်က ရေးသားထားသည်။
တရုတ်၏ ခြစားမှုနှိမ်နင်းရေးကြောင့် သတ်သေမှုများ၊ ပုံမှန်မဟုတ်သည့် သေဆုံးမှုများ ပိုများလာ
တရုတ်သမ္မတ ရှီကျင်ပင်းက ကွန်မြူနစ်ပါတီတွင်း ခြစားမှုနှိမ်နင်းရေးကို မကြုံစဖူးထုတ်ပယ်သန့်စင် အရေးယူမှုစတင်ပြီး သုံးနှစ်အကြာ နိုင်ငံတွင် သတ်သေမှုများ၊ ပုံမှန်မဟုတ်သည့် သေဆုံးမှုများ ပိုများလာသည့်အတွက် ယင်းသို့သေဆုံးမှုများ ရပ်တန့်ရန် စုံစမ်းစစ်ဆေးသည့် နည်းလမ်းများကို ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း နိုင်ငံရှိ နိုင်ငံရေးလေ့လာ သူများက ပြောကြားသည်။
ပါရီတိုက်ခိုက်မှုများအတွက် အမေရိကန်တွင် တာဝန်ရှိသည်ဟု နိုအမ် ချောင်စကီးပြော
ထိပ်တန်း နိုင်ငံရေးဝေဖန်သုံးသပ်သူနှင့် အတွေးအခေါ်ပညာရှင် နိုအမ် ချောင်စကီးက ပြီးခဲ့သည့်လက ပါရီအကြမ်းဖက် တိုက်ခိုက်မှုများအတွက် အမေရိကန်ပြည်ထောင်စုနှင့် ၄င်း၏ မဟာမိတ်များကို အပြစ်တင်ခဲ့သည်။မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ချောင်စကီးက အီရတ်နှင့် အာဖဂန်ကို အမေရိကန်ခေါင်းဆောင်သည့် ကျူးကျော်မှုမှာ မကြာသေးမီက ကမ္ဘာနှင့်အ၀န်းကို ရိုက်ခတ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု လှိုင်းလုံးများ၏ အကြောင်းရင်း ဇစ်မြစ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
စစ်မှုထမ်းဟောင်းများ နောက်ဆံမငယ်စေရန် ဆောင်ရွက်ခြင်းသည် ကြီးမားသည့် ကုသိုလ်ဖြစ်သည်ဟုပြော
စစ်မှုထမ်းဟောင်းများ အိုသည့် နာသည့် အချိန်တွင် ၎င်းတို့၏ ဘ၀များကို နောက်ဆံမငယ်ရစေရန် ဆောင်ရွက်ပေးခြင်းသည် ကြီးမားသည့် ကုသိုလ် တစ်ခုဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်လမ်းနှင့် ရတနာမဉ္ဇူလမ်း ထောင့်ရှိ 'ကရုဏာကမ္ဘာ စစ်မှုထမ်းဟောင်း ဘိုးဘွားရိပ်သာ' ဆောက်လုပ် ရန် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကား ပြောကြားခြင်းဖြစ်သည်။
အမေရိကန်တပ်ကြပ် စစ်ခုံရုံးတင်ခံရ
အာဖဂန်နစ္စတန်မှာ ရောင်းရင်းရဲဘော်တွေကို အန္တရာယ်ကျရောက်စေပြီး တပ်ပြေးမှုနဲ့ တပ်ကြပ် Bowe Bergdahl ကို စစ်ခုံရုံးတင်ဖို့ အမေရိကန် စစ်တပ်က တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ဘက်ဂ်ဒယ်လ်ဟာ တာလီဘန်တို့ရဲ့အကျဉ်းသားအဖြစ် ငါးနှစ်ကြာနေခဲ့ရပြီး နောက် ကျူးဘားနိုင်ငံ Guantanamo ပင်လယ်အော်ရှိ အမေရိကန် အကျဉ်း ထောင်မှာ ဖမ်းဆီးထားတဲ့ တာလီဘန် (၅) ဦးတို့နဲ့ ပြီးခဲ့တဲ့နှစ် ဖလှယ်ခဲ့လို့ ပြန်လွှတ်မြောက်လာသူဖြစ်ပါတယ်။ သူ့ကိုပြစ်မှုထင်ရှားတွေ့ရှိရင် ဘက်ဂ် ဒယ်လ်ဟာ စစ်အကျဉ်းထောင်မှာ ထောင်ဒဏ်တသက်ကျခံရမှာဖြစ်ပါတယ်။
တရုတ်လူ့အခွင့်အရေးရှေ့နေ ရုံးတင်စစ်ဆေးမှု လူအများ စိတ်ဝင်စား
အထင်ကရ လူ့အခွင့်အရေးရှေ့နေဖြစ်တဲ့ Pu Zhiqiang ကို ထောက်ခံသူ အုပ်စုတစုဟာ ဘေဂျင်းမြို့တော် တရားရုံးအပြင်ဘက်မှာ တနင်္လာနေ့က စုဝေး ရောက်ရှိခဲ့ကြပါတယ်။ အမှုစစ်နေတဲ့ အဲဒီတရားရုံးအပြင်ဘက်မှာ အာဏာပိုင်တွေအနေနဲ့ သတင်းထောက်တွေကို ခြိမ်းခြောက်မှုများရှိခဲ့ပြီး ဆန္ဒပြသူတွေနဲ့ သံတမန်တွေလည်း တွန်းထိုးခြင်းခံခဲ့ကြရပါတယ်။
IS အပေါ် အမေရိကန်ညွန့်ပေါင်းတပ် အနိုင်ရမည်ဟု အိုဘားမားယုံကြည်
IS အစ္စလမ်မစ်အစွန်းရောက်စစ်သွေးကြွတွေကို ဆန့်ကျင်ချေမှုန်းနေတဲ့ သူတို့ရဲ့တိုက်ပွဲမှာ အမေရိကန်ပြည်ထောင်စုဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့အနေနဲ့ အဆုံးမှာ အောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန် သမ္မတ ဘရက်အိုဘားမားက တနင်္လာနေ့က ပြောလိုက်ပါတယ်။ စစ်သွေးကြွ အုပ်စုဟာ အရေးနိမ့်နေပြီး သူတို့ရဲခေါင်းဆောင်တွေ ပုံးရှောင်ဖို့နေရာလည်း မရှိတော့ဘူးလို့ သမ္မတအိုဘားမားကပြောပါတယ်။
မချောစန္ဒီထွန်းအပေါ် စွဲချက်တခု ပယ်ဖျက်
တပ်မတော် အကြီးအကဲကို သရော်ထားတဲ့ ဓာတ်ပုံကို Facebook လူမှု ကွန်ရက်ပေါ်မှာ မျှဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရတဲ့ မချောစန္ဒီထွန်းခေါ် ချစ်သမီးကို ဒီကနေ့ စစ်ဆေးရာမှာတော့ စွဲချက်မခိုင် လုံတဲ့အတွက် စွဲဆိုထားတဲ့ အမှုတစ်မှုဖြစ်တဲ့ အသရေဖျက်မှု ပုဒ်မ ၅၀၀ ကို ပယ်ဖျက် ပေးလိုက်ပါတယ်။ နောက်ထပ် စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄ ဃ တွေဟာလည်း လူ့အခွင့်အရေးနဲ့ မကိုက်ညီတဲ့အတွက် ပယ်ဖျက်ပေးဖို့ လိုတယ်လို့လည်း အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ ဒီကနေ့ မချောစန္ဒီထွန်းကိုယ်တိုင် အစစ်ဆေးခံတဲ့ မအူပင်မြို့ တရားရုံးထုတ်တဲ့ အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။
ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ ရှေ့နှစ်ဆန်းကျင်းပနိုင်ဖွယ်ရှိ
နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်မယ့်သူ အရေအတွက်ကို သဘောတူညီချက် ရပြီးရင် အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ အစိုးရကြား နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ဖို့ နိုင်ငံရေး မူဘောင်တရပ်ကို ချမှတ်နိုင်မှာ ဖြစ်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူတို့က ပြောပါတယ်။ အစိုးရသစ် ဖွဲ့စည်းမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဘက်က ကိုယ်စားလှယ်တွေလည်း ဒီကနေ့ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ချမှတ်ရေး ဆွေးနွေးပွဲမှာ စတင် ပါဝင်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရ လွှတ်တော်အမတ်တွေဝေဖန်
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ ၅ နှစ်တာ သက်တမ်း အတွင်း ပြုပြင်ပြောင်းလဲမှုတွေ ထိရောက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်ညီလာခံတွေမှာ ကိုယ်စားလှယ်တွေ ဝေဖန်လိုက်ကြ ပါတယ်။နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေ သာမက တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေ ရှိတယ်လို့လည်း ထောက်ပြပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက တင်ပြပေးမှာ ဖြစ်ပါတယ်။
ဒီဗီဒီတစ်ခွေကို နှစ်ချီစောင့်ရိုက်ခဲ့ရတဲ့ နန်းဆုရတီစိုး
လွန်ခဲ့သည့် ၂ နှစ်ခန့်က အော်ဒီယိုအခွေထွက်ရှိထားသည့် ဒုတိယတစ်ကိုယ်တော်အခွေ ‘ရှေ့ဆက်သွားမှာပဲ’ဒီဗီဒီကို ၂၀၁၆ ဇန်နဝါရီ ၄ ရက်တွင် ဖြန့်ချိပေးမည်ဖြစ်ကြောင်း နန်းဆုရတီစိုးက ပြောသည်။ ‘‘၂ နှစ်ကြာသွားတာက ပထမတစ်နှစ်မှာ ဒီအခွေနဲ့ပတ် သက်ပြီး သေချာမလုပ်ဖြစ်ဘူး။ ရှိုးပွဲတွေအရမ်းဆိုနေရတော့ ရန်ကုန်မှာလည်းမရှိဘူး။ နယ်မှာ ဆိုရတာများတော့ အခွေထွက်ပြီး တစ်နှစ်လောက်က ဒီဗီဒီမရိုက် ဖြစ်ဘူး’’ဟု ၎င်းက ပြောသည်။
အပြောင်းအလဲနှင့် သဘောထားကြီးခြင်း
အခုတစ်လော ပုဂ္ဂလိကသတင်းစာတွေမှာ ကျွန်တော်တို့ပြည်သူတွေ အတွက် မင်္ဂလာရှိတဲ့ သတင်းတွေကို ဆက်တိုက်ဖတ်နေရ ပါတယ်။ နိုင်ငံထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှုတွေ၊ အပြန်အလှန်ဆွေးနွေး ထုတ်ပြန်မှုတွေကို လပိုင်း၊ ရက်ပိုင်းအတွင်းမှာ မြင်တွေ့နေရတာဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်အလင်းရောင်တောက်ပလာတော့မယ့် နိမိတ်လို့ မြင်မိပါတယ်။
NLD ဖွဲ့စည်းမည့်အစိုးရအဖွဲ့တွင် ဦးဝင်းထိန်ပါဝင်မည်မဟုတ်ဘဲ ပါတီ ဒုနာယက တာဝန်ယူရန်တင်ပြထားဟုဆို
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်အနေနှင့် NLD ပါတီက ဖွဲ့စည်းမည့်အစိုးရအဖွဲ့တွင် ပါဝင်မည်မဟုတ်ဘဲ NLD ပါတီ၏ ဒုတိယနာယကတာဝန်ကိုထမ်းဆောင်ရန် ယင်းပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်ထံ တင်ပြထားကြောင်း ယနေ့ (ဒီဇင်ဘာလ ၁၄ ရက်) ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ဦးဝင်းထိန်က ပြောကြားခဲ့သည်။
Monday, December 14, 2015
နိုင်သူက အမှိုက်ကောက်၊ ရှုံးသူက တိုက်ဆောက်၊ ပြည်သူမှာ ဗိုက်မှောက်
အင်္ဂလိပ်ဘာသာစကားတွင် Winner Takes All (နိုင်တဲ့လူအကုန်ယူသည်) ဟူသော စကားပုံရှိသည်။ မြန်မာနိုင်ငံမှာတော့ နိုင်တဲ့သူ အကုန်မယူနိုင်။ ရွေးကောက်ပွဲတွင် အနိုင်ရသူများ၏ ပထမဆုံး ဆောင်ရွက်ကြမည့် လုပ်ငန်း စဉ်သည် အမှိုက်ကောက်ဖို့ဟူသော စကားကိုကြားရတော့ အားလုံး အံ့သြ သွားကြသည်။
ဒေါ်အောင်ဆန်းစုကြည်အမှိုက်ကောက်၊ တစ်ပတ်တစ်ကြိမ်အမှိုက်ကောက်ဖို့ မှာကြား
ရန်ကုန်တိုင်းဒေသကြီးကော့မှူးမြို့နယ်တွင် ဒီဇင်ဘာလ ၁၃ရက်နေ့ နံနက် ၇နာရီတွင်စတင်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ဒေါ်အောင်ဆန်း စုကြည်ကအမှိုက်ကောက်ခဲ့ပြီး၊ တစ်လသို့မဟုတ်၊ တစ်ပတ်တစ်ကြိမ် အမှိုက်ကောက် သန့်ရှင်းရေး ပြုလုပ်ရန်မှာကြားထားသည်ဟု ယင်းမြို့နယ် တိုင်းလွှတ်တော်အမှတ် ၁၊ အနိုင်ရ NLD အမတ် ဒေါ်သန္တာအေးက မဇ္ဈိမကို ပြောသည်။
သမိုင်းဝင် ရာသီဥတုဆိုင်ရာ သဘာတူညီချက် ၁၉၆နိုင်ငံက ထောက်ခံ အတည်ပြု
ကမ္ဘာကြီး အန္တရာယ်ရှိလောက်အောင် ပူနွေးလာမှု၏ အဓိကလက်သည် တရားခံအဖြစ် ယူဆကြသည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သိသိသာသာ လျှော့ချရန် အတွက် ဒီဇင်ဘာ ၁၂ရက်နေ့က သမိုင်းဝင် ရာသီဥတုဆိုင်ရာ သဘောတူညီချက်တစ်ခုကို နိုင်ငံပေါင်း ၁၉၆နိုင်ငံမှ စေ့စပ်ညှိနှိုင်းသူများက အတည်ပြုခဲ့ကြသည်။
ကမ္ဘာဂြိုဟ် ဘေးကင်းရေး အကောင်းဆုံးရလဒ်အဖြစ် ရာသီဥတုဆိုင်ရာ ပါရီ သဘောတူညီမှုကို အိုဘားမားချီးမွှမ်း
ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် ရာသီဥတုဆိုင် အစည်းအဝေး၌ ရရှိခဲ့သည့် သဘောတူညီမှုသည် "ကျွန်တော်တို့ ပိုင်ဆိုင်ရာ တစ်ခုတည်း သော ကမ္ဘာဂြိုဟ် ဘေးကင်းရေးအတွက် အကောင်းဆုံးသော အခွင့် အလမ်း"ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ချီးမွှမ်းပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တစ်ခု ထပ်မံရရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် လူ့အခွင့်ရေးလှုပ်ရှားမှုတွေအတွက် တိုင်ဝမ်အခြေစိုက် National Chiao Taung University က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်လိုက်ပါတယ်။
ထိုင်းရောက် မြန်မာများအတွက် ထိုင်းစကားနဲ့ ဥပဒေသင်တန်း ဖွင့်မည်
ထိုင်းနိုင်ငံမှာရောက်ရှိ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် ထိုင်းဘာသာစကား၊ ထိုင်းစာပေ၊ ထိုင်းယဉ်ကျေးမှုနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို တတ်သိနားလည်စေဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဝတ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ ဒီဇင်ဘာလ ၂ဝ ရက်နေ့ကစပြီး သင်တန်းဖွင့်လှစ် သင်ကြားပေး သွားမယ်လို့ သိရပါတယ်။
RCSS/SSA ခေါင်းဆောင် ဦးယွက်ဆစ် စကခ (၁) မှူးနဲ့ သွားရောက်တွေ့ဆုံ
ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ (RCSS/SSA) အဖွဲ့ခေါင်းဆောင် ဦးယွက်ဆစ်ဟာ မြန်မာ့တပ်မတော် အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ကျောက်မဲ) စကခမှူးကို ပြီးခဲ့တဲ့ ရက်ပိုင်းက စကခ(၁) အခြေစိုက်ရာ ခမရ(၅ဝ၂) တပ်ရင်းမှာ တစ်ညအိပ်သွားရောက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ဖေါ်ပြလိုက်ပါတယ်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
























