Tuesday, July 14, 2015
Monday, July 13, 2015
သမ္မတကို ပြည်သူကတိုက်ရိုက်ရွေးခွင့်ရလို့လား
“ဒုတိယ ငါးနှစ် သမ္မတ အဖြစ်ဆောင်ရွက်ပေးပါ”၊ “သမ္မတကြီး ဆက်လက်ပြီး သမ္မတတာဝန်ထမ်းဆောင် ပေးပါ”၊ “Mr. President: We want You 2nd Term” … စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လက်ရှိ သမ္မတ ဦးသိန်းစိန်ကို နောက်ထပ် သမ္မတသက်တမ်း ၅ နှစ် ထပ်မံတာဝန်ယူဖို့ ယခုလ ၁၂ ရက်က ကျောက်တန်းမြို့နယ် မှော်ဝန်းမြစ်ကူးတံတားဖွင့်ပွဲမှာ ပြည်သူတချို့ဆိုသူတွေက တောင်းဆိုကြတယ်လို့ ဖတ်ရှုလိုက်ရပါတယ်။
ရွေးကောက်ပွဲမတိုင်မီ NCA လက်မှတ်ထိုးနိုင်ရေး ဖြစ်နိုင်ချေ ရှိမရှိ
လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေေ ရွးကောက်ပွဲ မတိုင်မီတစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် (NCA)ကို အပြီးသတ် ချုပ်ဆိုနိုင်ရန် ကြိုး ပမ်းသွားမည်ဟု အစိုးရ က ပြောကြားသလို တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေးအဖွဲ့ အစည်း များကလည်း လက်ရှိအစိုးရသက်တမ်းအတွင်း NCA ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေး မူဘောင် ဆွေးနွေး ပွဲ ဦးတည်ရန် မူအရ သဘောတူကြောင်း ပြော ဆိုလာသည်ကို ကြားရ၏။ သို့အတွက် ရွေးကောက်ပွဲမတိုင် မီ NCA လက်မှတ်ထိုးနိုင်ရေး ဖြစ်နိုင်ချေ ရှိမရှိ ဆိုသည်ကို ဆွေးနွေးသုံးသပ် တင်ပြလို၏။
NLD ပညာဒါနကျောင်းများနဲ့ ထူးချွန်သူများကို သိန်း ၃၀၀ ချီးမြှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်ရဲ့ ပညာဒါနကျောင်းတွေကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့  တဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရန်ကုန်တိုင်း အတွင်းက ပညာဒါနကျောင်းတွေအတွက် ထောက်ပံ့ငွေကျပ် သိန်း ၃၀၀ ကျော် ပေးအပ်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
လိပ်ကျွန်းလူသတ်မှု DNA စစ်လို့မရတော့
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်တဲ့ DNA အထောက်အထားတွေကို ပြန်လည် စစ်ဆေးလို့ မရတော့ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ဟာ ဗြိတိန်နိုင်ငံ သား David Miller နဲ့ Hannah Witheridge တို့ကို သတ်ပစ်မှုနဲ့ တရားစွဲဆိုခံထားရ ပါတယ်။
တရုတ်ဒုံးကျဉ်တွေ သြစီထိ ရောက်နိုင်
တရုတ်နိုင်ငံပိုင် တာဝေးပစ် ဒုံးကျဉ်တွေဟာ သြစတြေးလျနိုင်ငံအထိ ရောက်ရှိလာနိုင်ပြီ ဆိုတဲ့ ပြောဆိုမှုကို သြစတြေးလျ ဝန်ကြီးချုပ်က အလေးမထားသလို နေလိုက်ပါတယ်။ တောင်တရုတ် ပင်လယ်ပြင်မှာ တရုတ် နယ်ချဲ့လာတဲ့အပေါ် စိုးရိမ်နေကြ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံ ပညာရှင်တွေရဲ့ သုတေသနအရ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်အနေနဲ့ လှုပ်ရှားမှု များလာသလို စစ်ရေးမှာလည်း သြစတြေးလျကိုပါ ဆွဲထည့်မယ့် အနေအထား ရှိတယ်လို့ ပြောဆိုထားပါတယ်။
ရီမန်မှာ အပစ်ရပ်ရေး သဘောတူမှုကို ချိုးဖောက်ကြ
ရီမန်နိုင်ငံ ပြည်ပရောက် အစိုးရအဖွဲ့ရဲ့ အဆိုအရ အေဒင်မြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း လူပေါင်း ၃၅ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ယာယီ အပစ်အခတ် ရပ်စဲရေးကာလအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ အတွက် ဒါဟာ သဘောတူညီမှုကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။
မာလာလာ ၁၈ နှစ် ပြည့်ပြီ
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Malala Yousafzai က သူ့ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့ပွဲကို ဆီးရီးယားအမျိုးသမီး ငယ်တွေအတွက် ကျောင်းတစ်ကျောင်း ဖွင့်ပြီး ကျင်းပလိုက်ပါတယ်။ လက်ဘနွန်နိုင်ငံမှာ ရှိပြီး ဆီးရီးယား ဒုက္ခသည်တွေအတွက် ဖွင့်လှစ်တဲ့ စာသင်ကျောင်းရဲ့ ဖွင့်ပွဲကို ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။
သုံးရက်အတွင်း ဂရိလွှတ်တော်ရဲ့ အတည်ပြုချက် ယူရမယ်
ဂရိနိုင်ငံ ကြွေးမြီကိစ္စနဲ့ ပတ်သက်ပြီး ညအချိန်အထိ ဆွေးနွေးနေကြဆဲ ဖြစ်ပြီး ဂရိအစိုးရအနေနဲ့ ဗုဒ္ဓဟူးနေ့ အထိ အသုံးစရိတ် ပိုလျှော့ချမယ်ဆိုတဲ့ အတည်ပြုချက်ကို လွှတ်တော်ကနေ ရရှိအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြ
မြောက်ကိုရီးယားနိုင်ငံတွင် လစ်လပ်နေသည့် ကာကွယ်ရေးဝန်ကြီးနေရာတွင် ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးတစ်ဦးကို ခန့်အပ်ထားကြောင်း ဇူလိုင် ၁၁ ရက်က ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်အရ သိရ သည်။ ယခင် ကာကွယ်ရေးဝန်ကြီးဟောင်းကို လေယာဉ်ပစ်သေနတ်နှင့် ပစ်သတ်ကွပ် မျက်ပြီး သုံးလ အကြာတွင် ယခု ကာကွယ်ရေးဝန်ကြီးအသစ် ထွက်ပေါ်လာ ခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းစာရင်းတွင်သမ္မတဦးသိန်းစိန်မပါ
လာမည့်ေ၇ွးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ၀င်ရောက်ယှဉ်ပြိုင်အရွေးခံ မည့်ကိုယ်စားလှယ်လောင်းစာ ရင်းတွင် သမ္မတ ဦးသိန်းစိန်၏နာမည်မပါ ရှိသေးကြောင်း ပါတီဗဟိုကော်မတီဝင် သူရဦးအောင်ကို ကပြော ပါတယ်။
မြန်မာနိုင်ငံအနှံ့သို့ ပန်းပေါင်းစုံ ဘုရားဆင်းတုတော် ၇၀၀၀ ထပ်မံ လှူဒါန်းမည်
မြန်မာနိုင်ငံ အနှံ့အပြားသို့ ပန်းပေါင်းစုံ ဘုရားဆင်းတုတော် အဆူ ၇,၀၀၀ ထပ်မံ လှူဒါန်းမည် ဖြစ်ကြောင်း အလှူရှင် မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်းမှ အတွင်းရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။ အဆိုပါ ပန်းပေါင်းစုံ ဘုရား ဆင်းတုတော် ၇,၀၀၀ ကို ယနေ့ ရွှေတိဂုံစေတီတော်မြတ်တွင် ဘုရားအနေကဇာတင်ပွဲ ကျင်းပပြီး ရခိုင်နယ်စပ်ဒေသ၊ ပခုက္ကူနှင့်အခြားမြို့များသို့ ပို့ဆောင်လှူဒါန်းမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“၂၀၁၅ ရွေးကောက်ပွဲက အရေးကြီးတယ်။ Our Vote is Our Future”
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအများစုက ပြင်ဆင်မှု များ ပြုလုပ်နေချိန် ပြည်နယ်တိုင်းဒေ သကြီး ရွေးကောက်ပွဲ ကော်မရှင်များလည်း အလုပ်များနေကြပြီဖြစ် သည်။ မြန်မာနိုင်ငံ၏ ဒုတိယ လူဦးရေ အများဆုံးဖြစ်သော မန္တလေးတိုင်းဒေသကြီး ၏ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ရာ ဧရာဝတီသ တင်းထောက် မြတ်ပြည့်ဖြိုးက မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ထွဋ်ကို တွေ့ဆုံမေးမြန်း ထားပါသည်။
ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ငါးဦး ပြည်ခိုင်ဖြိုးပါတီမှ နုတ်ထွက်
ပြည်ခိုင်ဖြိုးပါတီဝင်များ ဖြစ်သည့် ကယားပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးလေးဦး ပါတီမှ နုတ်ထွက်သွားပြီး နောက် ပါတီ၏ ပြည်နယ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်နယ်ဝန်ကြီးချုပ်လည်းဖြစ်သော ဦးခင်မောင်ဦး ထပ်မံနုတ် ထွက်သွားကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ ဒုညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက ပြောသည်။
အနိမ့်ဆုံးလုပ်အားခ ကျပ် ၄,၀၀၀ သတ်မှတ်ရေး ဆန္ဒပြတောင်းဆို
မြန်မာနိုင်ငံကအလုပ်သမားတွေအတွက် အနိမ့်ဆုံးအခြေခံလုပ်အားခကို တနေ့ ၃,၆၀၀ ကျပ်အဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မီတီကနေ အဆိုပြုသတ် မှတ်လိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ အထည်ချုပ် စက်ရုံက အလုပ်သမားတွေ ဒီကနေ့ချီဆက်ဆန္ဒပြကြပါတယ်။ ရိုက်တာသတင်းတပုဒ်ကိုအခြေခံပြီး နန်းလောင်ဝ် က တင်ပြထားပါတယ်။
တိုက်ပွဲတွေ ဆက်ဖြစ်နေမှု တိုင်းရင်းသားခေါင်းဆောင်တွေ စိုးရိမ်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ မြန်မာအစိုးရတပ်တွေက အာရှလမ်းသစ်နဲ့ ၁၀ မိုင်အကွာ လောက်မှာရှိတဲ့ ဒီကေဘီအေရှိနိုင်တဲ့ နေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ ဒီကေဘီအေ အပါအ၀င် တိုင်းရင်းသားနယ်မြေတချို့မှာ အခုလို ထိုးစစ်ဆင်နေတာတွေ ဟာ တနိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးမှာ ထိခိုက်နိုင်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ စုစည်းထား တဲ့အဆင့်မြင့် ညှိနှိုင်းရေးကိုယ် စားလှယ်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြဝတီ-ကော့ကရိတ်လမ်းအနီး မြေမြှုပ်မိုင်းများ ရှိသောကြောင့် ဒေသခံများ အသွားအလာ ဆင်ခြင်ကြရန် BGF သတိပေး
တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သော မြဝတီ- ကော့ကရိတ် အာရှလမ်းအနီး မြေမြှုပ်မိုင်းများ ရှိနေသောကြောင့် ဒေသခံများ အသွားအလာ ဆင်ခြင်ရန် လိုအပ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF ဗိုလ်မှူး နိုင်မောင်ဇော်က The Voice သို့ ပြောကြားသည်။
မက္ကဆီကို မူးယစ်ရာဇာ ထောင်ဖောက်ပြေး
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မက္ကဆီကို မူးယစ်ရာဇာတဦးဟာ နှစ်ပေါင်း ၁၄ နှစ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် အတင်းကျပ်ဆုံး လုံခြုံရေးအဆင့် အတန်းသတ်မှတ်ထားတဲ့ အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွား ခဲ့ပါတယ်။
ရတနာပုံ-ရန်ကုန်ပွဲစဉ် ပြစ်ဒဏ်ချမှုကို ကန့်ကွက်ကြောင်း ဆန္ဒပြ
ရန်ကုန်ယူနိုက်တက်အသင်းကို အားပေးသော ပရိသတ်များနှင့် ဖွဲ့စည်းထားသည့် ရန်ကုန်ဝါရီယာဖန် ကလပ် အဖွဲ့ဝင်များက ရတနာပုံ-ရန်ကုန်ယူနိုက်တက် ပွဲစဉ်၌ ဖြစ်ပွားခဲ့သော ပြဿနာများနှင့် ပတ်သက်၍ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ချမှတ်သော ပြစ်ဒဏ်ကို လက်ခံနိုင်ခြင်း မရှိကြောင်း ဇူလိုင်လ ၁၂ ရက်နေ့က ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။
မယ်မြန်မာသရဖူနဲ့ လွဲချော်ခဲ့သူနှစ်ဦးရဲ့ ပြိုင်ပွဲဝင်အတွေ့အကြုံ
လွန်ခဲ့သည့်နှစ်လကတည်းက ဆန်ခါတင် အလှမယ် ၁၈ ဦးရွေးချယ်ထားသော Miss Myanmar World 2015 ပြိုင်ပွဲဝင်များ၏ နောက်ဆုံးပြိုင်ပွဲ ကို ဇူလိုင် ၁၁ ရက်က ကျင်းပခဲ့ ရာ မန္တလေးသူ ခင်ရတနာသိန်း မြင့်က သရဖူဆွတ်ခူးခဲ့ပြီး အလှ မယ်မော်ရိန်းနှင့် နန်းစန္ဒာလှထွန်း တို့က ဒုတိယနှင့် တတိယဆုတို့ ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ခြေဥပြင်ဆင်ရေး ရှုံးနိမ့်မှုနှင့် ပြည်သူ့အသံ
အခြေခံဥပဒေပြင်ဆင်ရေးပုဒ်မ ၄၃၆ (က) နှင့် ၄၃၆ (ခ)ပါ လွှတ်တော် တွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ကြိုတင် မျှော်လင့်ထားကြသည့်အတိုင်း အဓိက ပုဒ်မများ မပြင်ဆင်နိုင်ဘဲ မဲခွဲဆုံးဖြတ်မှုတွင် ရှုံးနိမ့်ခဲ့သည်။ အထူး သဖြင့် တပ်မတော် သားအမတ်များက ကန့်ကွက်ခဲ့၍ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်အမတ် များက ပြောသည်။ အခြေခံဥပဒေပြင်ဆင်ရေးအခက်အခဲ၊ အနာဂတ်သမ္မတ လောင်းရွေးချယ်ရေးတို့နှင့် ပတ်သက် ၍ ပါတီ များနှင့် နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၏ အမြင်များကို စုစည်း ဖော်ပြလိုက်ပါသည်။
ဒီချုပ်ကိုယ်စားလှယ်အဖြစ် အမျိုးသမီး၊ လူငယ်နှင့် တိုင်းရင်းသားဦးစား ပေးမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းများအဖြစ် အမျိုးသမီး၊ လူငယ်နှင့် တိုင်းရင်းသားများကို ဦးစားပေး စိစစ်ရွေးချယ်မည်ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်တွင် အင်န်အယ် လ်ဒီက ထုတ်ပြန်သည့် ကိုယ်စားလှယ်လောင်းများ တင်သွင်းစိစစ်ရွေးချယ်ရေး ညွှန်ကြားချက်နှင့် အဆိုပြု လျှောက်လွှာပုံစံများ၌ ပါရှိသည်။
သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် ကျောင်းသားငယ်များနှင့် ပြည်သူအချို့ ဆိုင်းဘုတ်ထောင်ဟုဆို
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကျောက်တန်းမြို့နယ် မှော်ဝန်းမြစ်ကူး တံတားဖွင့်ပွဲသို့ သွားရောက်သည့် ခရီးစဉ်တွင် သမ္မတဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် ပထမဆုံးအကြိမ် ဒေသခံကျောင်းသား ငယ်များအပါအဝင် ပြည်သူအချို့က ဆိုင်းဘုတ်များထောင်၍ ကြိုဆိုမှုများ ပြုလုပ်ခဲ့ခြင်းအပေါ် အငြင်းပွားမှု အချို့ရှိနေသည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
























