မလေးရှားနိုင်ငံမှာ အမြင့်ဆုံး တောင်ဖြစ်တဲ့ ကီနာဘူလူ တောင်ပေါ်ဒေသမှာ အင်အားပြင်းတဲ့ငလျင်ကြောင့် မြေပြိုမှု၊ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် သေဆုံးသူ ၁၆ ယောက်အထိ အတည်ပြုနိုင်ပြီလို့ အာဏာ ပိုင်တွေက ဇွန်လ ၇ ရက်နေ့မှာ ပြောပါတယ်။
Monday, June 08, 2015
“၂၀၁၅ အပြီး တက်လာမယ့် အစိုးရကလည်း ဦးသန်းရွှေရဲ့ ဩဇာအာဏာ သက်ရောက်မှု ရှိမှာပဲ”
၂၀၁၅အထွေထွေ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆန်းစစ်မည့်စာမေး ပွဲကြီး တခုဟု နိုင်ငံရေးအသိုင်အဝိုင်းက သုံးသပ်ပြောဆိုနေကြပြီး နိုင်ငံရေးပါတီများ အားလုံးသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်နေကြပြီဖြစ်သည်။
တရုတ်က မြစ်ဆုံစီမံကိန်းကို ပြန်စချင်
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်ပိုင်း မြစ်ဆုံစီမံကိန်း (ယူနန်) အခြေစိုက် Chinese Power International (CPI) ကုမ္ပဏီက ပြန်လည် စတင်ချင်နေတဲ့ အကြောင်း မြန်မာတိုင်မ်း သတင်းစာမှာ ဇွန်လ ၅ ရက်နေ့က ဖော်ပြထားပါတယ်။
ဝ တပ်ဖွဲ့ နှင့် အစိုးရတပ်မတော် စစ်ရေးတင်းမာမှု သတ္တမရက် ဆက်လက်ဖြစ်ပွားနေ
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း သစ်ထုတ်လုပ်မှုပြဿနာေ ကြာင့် UWSA ၀တပ်ဖွဲ့ နှင့် အစိုးရတပ် တို့ အကြား စစ်ရေးဆက်လက် တင်းမာနေပြီး ဒေသအတွင်း ခရီးသွားကားများအား တားမြစ်စစ်ဆေးနေ သည်ဟု ခရီးသွားများ ကပြောသည်။
ဂျီ-၇ ဆွေးနွေးပွဲ ရုရှား-ယူကရိန်းနှင့် IS အုပ်စု အရေးကိစ္စများ ကြီးစိုး
ကမ္ဘာ့နိုင်ငံများ အလေးအနက်ထား စောင့်ကြည့်နေရသည့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲကို ဂျာမနီနိုင်ငံ ဘာဗားရီးယန်းတောင်တန်းရှိ အပန်းဖြေစခန်းတွင် တနင်္ဂနွေနေ့က စတင်ကျင်းပရာ IS အစွန်းရောက် အကြမ်းဖက်အုပ်စု နှိမ်နင်းရေး၊ ယူကရိန်း စစ်မက်ပဋိပက္ခနှင့် ဂရိနိုင်ငံ ကြွေးမြီပြဿနာတို့က ယင်းဆွေးနွေးပွဲကို လွှမ်းမိုးထားကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
မေလအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၅၀ နီးပါး တရားစွဲဆိုခံရ
နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၄၄၀ ကျော် လက်ရှိ တရားရင်ဆိုင်နေရပြီး မေ တလတည်းမှာ တရားစွဲခံရသူပေါင်း ၅၀ နီးပါးရှိ တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာ နိုင်ငံ (အေအေပီပီ) က ထုတ်ပြန်လိုက်ပါတယ်။
ငလျင်ကြောင့် သေဆုံးသွားသည့် ကလေးငယ်များအတွက် စင်ကာပူ ၀မ်းနည်းခြင်းနေ့ သတ်မှတ်
မလေးရှားငလျင်မှာ သေဆုံးသွားခဲ့ရတဲ့ ကလေးငယ်တွေအတွက် စင်ကာပူနဲ့ မလေးရှားနိုင်ငံ ဆာဘားပြည်နယ်တွေမှာ အောက်မေ့ဖွယ်နေ့အဖြစ် ဒီကနေ့ ဇွန်လ ၈ ရက်နေ့ကို သတ်မှတ် ကြေညာထားပါတယ်။
၂၀၁၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူ ၂ဝအား ဂျပန်နိုင်ငံလေ့လာရေး ပို့ဆောင်ပေးသွားမည်
၂၀၁၅ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့်ဘက်စုံထူးချွန် ကျောင်းသားအယောက် ၂၀ အား မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု၊ ဂျပန်နိုင်ငံလေ့လာရေး အစီအစဉ်အဖြစ် ပို့ဆောင် ပေး သွားမည်ဖြစ်ကြောင်း မြန်မာ-ဂျပန်အသင်းမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် ကောင်းကျိုးရှိဖို့ မျှော် လင့်ကြောင်း တရုတ် ပြော
ပြည်တွင်း ပြည်ပမှာ ထင်ရှားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် တရုတ်ပြည် ငါးရက် ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည်မှုတွေကို မြှင့်တင်ပေးလိမ့်မယ် လို့မျှော်လင့်ကြောင်း တရုတ်အစိုးရအာဘော် ဆင်ဝှာသတင်းက ဖော်ပြပါတယ်။
ရွေးကောက်ပွဲ အသိပညာပေးရေး လုပ်ငန်းစဉ်အတွက် သင်တန်းပေးမည်
ပဲခူးခရိုင်တွင် ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာတော့မည် ဖြစ်သည့်အတွက် ထိုကာလ အတွင်း ပူးပေါင်းကူညီနိုင်ရန် အသိပညာပေးရေးအတွက် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း Bago Youth Community Development စီစဉ် ဦးဆောင်သူ ကိုကျော်ကျော်လင်းထံမှ သိရသည်။
သဘာပတိ မူတူးဆေးဖိုး၊ ဥက္ကဋ္ဌ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မိန့်ခွန်း
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ လော်ခီလာ ထိပ်သီး အစည်းအဝေး ၆ရက်နေ့တွင် သဘာပတိအဖြစ် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ မူတူးဆေးဖိုး၏ အဖွင့်မိန့်ခွန်း အပြည့်အစုံ
အားလုံးမင်္ဂလာပါ။ အဖွင့်အမှာစကား ခပ်တိုတိုလေးပဲ။ ဒီ (တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်)NCA စာချုပ်ကို ငါးရက်တိုင်အောင် အကျေအလည် ဆွေးနွေးခဲ့ပြီး ပြီးပြတ်ပြီး ဖြစ်ပါတယ်။ အခု အားလုံးက ဒီလိုအကျေအလည် ဆွေးနွေးခဲ့တဲ့ စာချုပ်ဟာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာရမယ့် ခရီးကြီးအတွက် ပထမဦးဆုံးသော ခြေလှမ်းသာ ဖြစ်တယ်ဆိုတာ မမေ့ကြဖို့ လိုပါတယ်။
ဝှိုက်ကဒ် အပ်သူများကို ၂ နှစ်သက်တမ်းရှိ ကဒ်ပြားများ ထုတ်ပေးမည်ဟုဆို
ယာယီနိုင်ငံသားကဒ် (ဝှိုက်ကဒ်) များ ပြန်လည်အပ်နှံသူများကို သက်တမ်း ၂ နှစ်ရှိသည့် နိုင်ငံသားစိစစ်ခံမည့် အထောက်အထား ကဒ်ပြားမျးကို ထုတ်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်သန်းက ဇွန်လ ၇ ရက်တွင် မဇ္ဈိမကိုပြောသည်။
“ပညာရေး လှုပ်ရှားမှုတွေ ဆက်လုပ်ဦးမယ့် စစ်သူနာပြု ဖြစ်ချင်သူ မချောစုစံ”
ဒီမိုကရေစီ ပညာရေးအတွက် တောင်းဆိုဆန္ဒပြခဲ့သည့် ဧရာဝတီသပိတ် စစ်ကြောင်းတွင် ပါဝင်ခဲ့သော အသက် ၁၇ နှစ်အရွယ် သပိတ်မှောက်ကျောင်းသူ မချောစုစံမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အောင်မြင်ခဲ့ပြီ ဖြစ်သည်။ပုသိမ်မြို့၊ အထက(၁) မှ စာမေးပွဲဖြေဆို အောင်မြင်ခဲ့သော မချောစုစံက စစ်သူနာပြု တစ်ယောက် ဖြစ်လိုသည်ဟု ပြောသည်။
အရှေ့အလယ်ပိုင်းတွင် မဆုံးသောစစ်ပွဲကို ဖန်တီးရန် အမေရိကန်နှင့် မဟာမိတ်များက အိုင်အက်စ်ကို ဖန်တီးခဲ့ဟုဆို
ဒေသတွင်းတွင် အဆုံးမရှိသည့် စစ်ပွဲတစ်ပွဲကို ဖန်တီးပြီး အမေရိကန် စစ်လက်နက်ပစ္စည်း စက်မှုလုပ်ငန်းများကို တိုးတက်စေရန်အတွက် အရှေ့အလယ်ပိုင်းဒေသတွင် အိုင်အက်စ်အကြမ်းဖက်အုပ်စု ပျံ့ပွားလာမှုကို အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ မဟာမိတ်များက အားပေးအားမြှောက်ပြုခဲ့သည်ဟု မစ်ဇိုရီပြည်နယ်မှ ပထ၀ီနိုင်ငံရေး ဝေဖန်သုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။
တရုတ် သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၄၀၀ကျော်အထိ မြင့်တက်လာ
အသေအပျောက်စာရင်းမှာ ၄၀၀ကျော်အထိ မြင့်တက်လာခဲ့ပြီးနောက်တွင် နှစ်ပေါင်း၇၀နီးပါးအတွင်းတွင် အဆိုးရွားဆုံး သင်္ဘောနှစ်မြုပ်မှုကပ်ဘေးတွင် ကြမ္မာငင်သူများကို ဂါရ၀ပြုသည့်အနေဖြင့် သင်္ဘောဟွန်းသံများ ညံစီလာချိန် တနင်္ဂနွေနေ့ (ဇွန် ၇ရက်)နံနက်ခင်းတွင် ရာနှင့်ချီသည့် ကယ်ဆယ်ရေးသမားများမှာ အလေးပြုသည့်အနေဖြင့် ဦးခေါင်းများကို ငုံ့ထားကြသည်။
၁၆ ဖွဲ့လုံးပါမှ NCA ကိုတိုင်းရင်းသားအဖွဲ့တွေ လက်မှတ်ထိုးမည်
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကိုးကန့်၊ ပလောင်၊ ရက္ခိုင့် တပ်မတော်တို့ ပါဝင်လက်မှတ်ထိုးနိုင်မှသာ တနိုင်ငံလုံးအပစ်ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ် ထိုးမယ်လို့ လောခီးလာညီလာခံမှာ တနင်္ဂနွေနေ့က ဆုံးဖြတ်လိုက် ပါတယ်။ ဒီအဖွဲ့သုံးဖွဲ့ကလည်း တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ထဲကို ပြန်လည် ဝင်ရောက်ဖို့လည်းရှိပါတယ်။ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ပါ တိုင်းရင်းသား ၁၆ ဖွဲ့လုံး မကျန်ရစ်စေ ဘဲ ပါဝင်မှသာ အပစ်အခတ် ရပ်စဲဖို့ တက်ရောက်လာတဲ့ အဖွဲ့တိုင်းကလက် ခံထားပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆု မဖြိုးဖြိုးအောင်ရရှိ
လက်ရှိထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ မဖြိုးဖြိုးအောင်ကို ၂၀၁၅ ပြည်သူ့ ဂုဏ်ရည် ဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု နယူးရောက်ပြည်နယ် ယူတီကာမြို့မှာကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားမှာ ၂၀၁၅ခုနှစ်ဆုရှင်အဖြစ် သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ အသက် (၂၇)နှစ်အရွယ် မဖြိုးဖြိုးအောင်ကို ဂုဏ်ပြုချီးမြှင့်လိုက်တာနဲ့ပတ်သက်လို့ ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထိန်လင်းက အခုလိုပြောပါတယ်။
လုံခြုံရေးဆိုင်ရာ ပေါင်းစည်းမှု တိုင်းရင်းသားတွေ စိုးရိမ်ဆဲ
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး မူကြမ်း (စာချုပ်) မှာပါဝင်တဲ့ တပ်ပိုင်း ဆိုင်ရာ အာမခံချက်တွေအပေါ်မှာ တိုင်းရင်းသားတွေဘက်က ယုံကြည်မှု အားနည်းနေတယ်လို့ KNU ကရင်အမျိုးသားစည်းရုံးရေးဌာနချုပ်ရှိရာ လောခီးလာစခမ်းမှာကျင်းပနေတဲ့ လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင် တွေရဲ့ ဆွေးနွေးပွဲအတွင်း တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) က ပြောလိုက်ပါတယ်။
တောင်ကိုရီးယားရောက် မြန်မာတွေနဲ့ MERS အန္တရာယ်
တောင်ကိုရီးယားမှာဖြစ်ပွားနေတဲ့ MERS ခေါ်တဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ဗိုင်းရပ်စ်ပိုးကြောင့် ဒီကနေ့အထိ လူ ၅ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံသား သောင်းချီရှိတဲ့ တောင်ကိုရီးယားနိုင်ငံမှာ မားစ်ရောဂါပိုး ကူးစက်တဲ့ မြန်မာနိုင်ငံသားတွေ မရှိသေးပေမယ့် အားလုံး သတိထား နေထိုင် နေကြတယ်လို့ ပြောကြပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။
လှေစီးဒုက္ခသည်များ ထားရှိသည့်နေရာမှ ဘင်္ဂါလီနှစ်ဦး ထွက်ပြေး
မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့တွင် ယာယီလက်ခံထားသည့် လှေစီးဘင်္ဂါလီ ခုနစ်ရာကျော်အနက် နှစ်ဦးသည် ဇွန်လ ၅ ရက်၌ ထွက်ပြေးသွား ကြောင်းသတင်းရရှိသည်။လှေစီး ဘင်္ဂါလီများကို စစ်တွေ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်က ဇွန်လ ၆ ရက်မှ စတင်ကာ လာရောက်စစ်ဆေးမှု များပြုလုပ်နေပြီး ယင်းနေ့မတိုင်မီ ဇွန်လ ၅ ရက်နံနက် ၅ နာရီခွဲခန့် တွင် စခန်းအမှတ်(၃၇)မှ ဘင်္ဂါလီနှစ်ဦး ထွက်ပြေးသွားခြင်းဖြစ် ကြောင်း မောင်တောခရိုင်လဝက ဦးစီးဌာနမှ အရာရှိတစ်ဦး ကပြော ကြားသည်။
လော်ခီးလာထိပ်သီးဆွေးနွေးပွဲ အပစ်ရပ်စာချုပ်မူကြမ်း ပြင်ဆင်ချက် ၁၅ ချက်ခန့်ရှိ
လော်ခီးလာထိပ်သီး အစည်းအဝေး ခြောက်ရက် မြောက်နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)မူကြမ်းကို ပြင်ဆင်ချက် ၁၅ ချက်ဖြင့် ဆွေးနွေးပြီးစီးခဲ့ပြီး အချော သပ်လက်မှတ်ရေးထိုးနိုင်ရန် ယင်းအချက်များကို အစိုးရနှင့် ဆက် လက်ညှိနှိုင်းသွားမည်ဖြစ်သည်။
အဆင့်မြင့် ပညာရေးလိုချင်လျှင် ဒီချုပ်ကို မဲပေးရန် တက္ကသိုလ်ကျောင်းသားများအား ဒေါ်အောင်ဆန်းစုကြည်ပြော
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအဆင့် မြင့်စံချိန်စံနှုန်းအရ အဆင့်မြင့်ပညာရေးလိုချင်ပါက ၎င်း၏ပါတီကိုမဲ ပေးကြရန် တက္ကသိုလ်ကျောင်း သားများအား ပြောကြားလိုက် ကြောင်း သတင်းရရှိသည်။ဇွန်လ ၇ ရက်က ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ် တွင်အဆင့်မြင့် ပညာရေးဥပဒေ နှင့်ပတ်သက်၍ ရန်ကုန်၊ မန္တ လေးအပါအ၀င် မြို့နယ်ပေါင်း ၁၈ မြို့နယ် တက္ကသိုလ် ၁၅ ခုမှ ကျောင်းသား၊ကျောင်းသူ ၆၂ ဦး အား ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ယနေ့လွှဲပြောင်းပေးမည်
မောင်တောပင်လယ်ရေ ပြင်ပိုင်နက်တွင် ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၂၀၀ အနက် စိစစ်ပြီးသား ၁၅၀ ကို နှစ်နိုင်ငံအလံတင်အခမ်း အနားပြုလုပ်၍ ယနေ့(ဇွန်လ ၈ ရက်)တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ် ကြောင်း သတင်းရ ရှိသည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-




























