Monday, May 11, 2015

အမျိုးသမီးတွေ ကိုယ့်မှာရှိတဲ့ အရည်အချင်းကို ရှာဖွေပါလို့ တိုက်တွန်းသူ အမျိုးသမီး သတ္တိရှင်ဆုရှင် ဒေါ်မေစပယ်ဖြူနဲ့ တွေ့ဆုံခြင်း


တက္ကသိုလ်ပထမနှစ်မှာ အိမ်ထောင်ကျပြီး သာမန်အိမ်ရှင်မဘဝ၊ မိခင်ဘဝကနေ ၂၀၁၄ ခုနှစ်အတွက် အမျိုးသမီးသတ္တိရှင်ဆုရွေးချယ်ချီးမြှင့်ခံရတဲ့ အထိတဆင့်ချင်းတက်လှမ်းလာတဲ့ကချင်အမျိုးသမီးတစ်ဦး က တော့ ဒေါ်မေစပယ်ဖြူ ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်နေသလို ကျားမတန်းတူညီမျှရေးကွန်ရက်ရဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဇွဲသတ္တိကို ဒေါ်မေစပယ်ဖြူရဲ့ တွေ့ဆုံမေးမြန်းခန်းမှာတွေ့ကြရ မှာပဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင်တွင် အားပြင်းတိုင်ဖုန်း မုန်တိုင်းတိုက်ခတ်၍ လူအများဘေး လွှတ်ရာသို့ ရွှေ့ပြောင်း၊ လူ နှစ်ဦး သေဆုံးပြီဖြစ်


ဖိလစ်ပိုင်နိုင် အရှေ့မြောက်ပိုင်း ကာဂါယန်းပြည်နယ်သို့ အားပြင်းတိုင်ဖုန်း မုန်းတိုင်း ဝင်ရောက်တိုက်ခတ် ရာ လူအများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရပြီးလူနှစ်ဦး သေဆုံးပြီ ဖြစ်သည်။ ဒေသတွင်း နေရာနယ်ပယ် များစွာတွင် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိသည်။

ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ယခုလအတွင်း ပြုလုပ်မည်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ယခုလ (မေလ) အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော်က The Voice သို့ ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှထုတ်ပြန်ချက်



ကန်လူ့အခွင့်အရေး အခြေအနေ ကုလ မေးခွန်းထုတ်ဖွယ်ရှိ


လူ့အခွင့်အရေး ချန်ပီယံလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လူ့အခွင့် အရေး အခြေအနေကို ကုလသမဂ္ဂက ဒီကနေ့ တနင်္လာနေ့မှာ ပြန်လည် သုံးသပ်ဖို့ ရှိနေပါတယ်။ ကုလ သမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ တနိုင်ငံချင်းစီအပေါ် ၄ နှစ်တကြိမ် ပြုလုပ်တဲ့ Universal Periodic Review - နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေတွေကို ပုံမှန်သုံးသပ်မှုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သွေးကြောထုံးခြင်းအတွက် ခရီးချဉ်သီး ကုသနည်း


သွေးကြောထုံးတာ လူအတော် များများကြုံရတဲ့ ပြသနာတစ်ခုဖြစ်ပါတယ်။ ဒီရောဂါ ခံစားသူအချို့က တခြား ကုထုံး တွေအကြောင်း ဖတ်ဖူးထားတာမျိုး ရှိနိုင်ပေမယ့် ဒီခရမ်းချဉ်သီး ကုသနည်းလေးကိုတော့ သိချင်မှ သိကြပါ လိမ့်မယ်။

အမေရိကန်ရောက် ပညာတတ်တွေရဲ့ အကူအညီရဖို့ NNER ကြိုးပမ်း


အမေရိကန်ပြည်ထောင်စုမှာ ပညာသင်တတ်မြောက်လာတဲ့ မြန်မာလူမျိုး တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ကူညီပေးနိုင်ရေး NNER ကို ဦးဆောင်နေတဲ့ ဒေါက်တာ သိန်းလွင် က သူရဲ့အမေရိကန်ခရီးစဉ်အတွင်းမှာ စည်းရုံးဟောပြောနေပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ ဒေါက်တာသိန်းလွင်ရဲ့ အမေရိကန်ခရီးစဉ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မျိုးဆက်သစ်လူငယ်များနဲ့ တပ်မတော် ပုံရိပ်ကောင်းထွက်ဖို့ ကြိုးစားနေပြီလား

အခြေခံပညာ ကျောင်းသား ၇၅ဝ နီးပါးကို တပ်မတော်မှ ရေ ကြောင်းနှင့်လေကြောင်း လူငယ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြဝတီသတင်း ဌာနက သင်တန်းစတင်သည့် ဧပြီ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန် ပေးခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါတီတွင်း ပဋိပက္ခများ ဖြေရှင်းပေးနေဟု ဦးထွန်းထွန်းဟိန်ပြော


ပါတီတွင်းအချင်းချင်း ဖြစ်ပွားသော ပဋိပက္ခအခြေအနေ အချို့ဖြစ်ပေါ်နေသည်ကို မိမိတို့ အနေဖြင့် သိရှိပြီး ယင်းပြဿနာ ရပ်များကို ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဖြေရှင်းပေးနေ ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်ဦးထွန်းထွန်းဟိန်ကပြောသည်။

အမျိုးသမီးပါတီကို အမည်ပြောင်းရန် ရွေးကောက်ပွဲကော်မရှင်အကြောင်းကြား


အမျိုးသမီးထုကို ကိုယ်စားပြုရန် ရည်ရွယ်တည်ထောင်မည့် အမျိုးသမီးပါတီအား ရွေး ကောက်ပွဲကော်မရှင် က အမည် ပြောင်းလဲရန်အကြောင်းကြားထားသော်လည်းပါတီတည် ထောင်သူများအနေဖြင့်အ မည် ပြောင်းလဲခြင်းမပြုဘဲ ယင်းကိစ္စ နှင့် ပတ်သက်၍ ကော်မရှင်နှင့် ညှိနှိုင်းမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

စစ်ဘေးဒုက္ခသည်များကယ်ဆယ်စဉ် သေဆုံးဒဏ်ရာရကြက်ခြေနီတပ်ဖွဲ့ဝင်သုံးဦးအား နိုင်ငံတော်သမ္မတစွမ်းဆောင်ရည်ဆုချီးမြှင့်မည်


စစ်ဘေးဒုက္ခသည်များကိုကယ်ဆယ်ရင်း သေဆုံး၊ ဒဏ်ရာရခဲ့သူ ကြက်ခြေနီ တပ်ဖွဲ့ဝင်သုံးဦးအားသမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတ၏ စွမ်းဆောင် ရည်ဆုချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။နိုင်ငံတော် သမ္မတ၏ စွမ်း ဆောင်ရည်ဆုပေးပွဲအခမ်းအနားကို နေပြည်တော် ၌ မေလ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကွမ်း လုံမြို့နယ် ကြက်ခြေနီအဖွဲ့မှ ကိုမိုးကျော်သန်း၊ ကိုဇော်မင်းထိုက်နှင့် လောက်ကိုင်ခရိုင်ကြက် ခြေနီ အဖွဲ့မှ ကိုကျော်ဇောထူးတို့ ရရှိမည်ဖြစ်ကြောင်း ကွမ်းလုံမြို့ နယ် ဆေးရုံအုပ်ကြီးဒေါက်တာ သိမ်းမြို့ က ပြောသည်။

ဘာရန်ကျွန်းမီးတောင် ပေါက်ကွဲမည့်အရေး စိုးရိမ်မလွန်ရန် ပညာရှင်များသတိပေး


ကပ္ပလီပင်လယ်အတွင်းရှိ ဘာရန်ကျွန်း (Barren Island) မီးတောင်သည်ပေါက်ကွဲနိုင်ခြေ ရှိပြီး မြန်မာ့ ကမ်းရိုးတန်းဒေသများတွင် ဆူနာမီအန္တရာယ်ရှိနိုင်သည်ဟု မြန်မာနိုင်ငံမြေငလျင် ကော်မတီက သတိပေး ပြီးနောက် လူထုအကြား ကောလာဟလမျိုးစုံ ထွက်ပေါ်နေသဖြင့် လက်ရှိအခြေအနေအရ စိုးရိမ်မှု မလွန် ကဲစေရန် ပညာရှင်များက သတိ ပေးပြောကြားသည်။

ရဲတပ်ဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနကို တရားစွဲရန် ဗကသကျောင်းသားများ စီစဉ်နေ


ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့တွင် အကြမ်းဖက်ဖြိုခွင်းခဲ့သော ရဲတပ်ဖွဲ့နှင့်အကြမ်း ဖက်မှုဖြစ် ပေါ်စေရန် တွန်းအားပေးသည်ဟု ယူဆရသော ပညာရေးဝန်ကြီး ဌာနတို့ကို ပြန်လည် တရား စွဲဆိုရန် စီစဉ်နေကြောင်း ဗကသ ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က ပြော သည်။

NCCT ၏ ထိပ်သီးအစည်းအဝေး ကေအင်န်ယူ ထိန်းချုပ်နယ်မြေတွင် ကျင်းပနိုင်


တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT)ထိပ်သီး အစည်းအ ဝေးကို ကရင် အမျိုးသားအစည်း အရုံး(KNU)ထိန်းချုပ်နယ်မြေ၌ ဇွန်လဆန်းတွင် ပြုလုပ်နိုင်ခြေများ ကြောင်း ယင်းအ ဖွဲ့ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။

မြန်မာ ၂၈ ဦး တောထဲတွင် ပစ်ထားခံရ၊ အမျိုးသမီးလေးဦးကို ထိုင်းပွဲစားများ အဓမ္မပြုကျင့်


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် မြန်မာ ၂၈ ဦးကို ပွဲစားများက တောထဲတွင် ပစ်ထားခဲ့ပြီး ယင်းတို့အနက် မြန်မာအမျိုးသမီးလေးဦးမှာ ထိုင်းပွဲစားများ၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရကြောင်း မန်နေဂျာ အွန်လိုင်းသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရေငုပ်သင်္ဘောအခြေစိုက် ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု အောင်မြင်ဟု မြောက်ကိုရီးယား ထုတ်ပြန်


ရေငုပ်သင်္ဘောအခြေစိုက် ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု အောင်မြင်သည်ဟုမြောက်ကိုရီးယားနိုင်ငံက ထုတ်ပြန်လိုက်သဖြင့် ရန်သူတိုက်ခိုက်မှုကိုရှောင်ရှားပြီး လက်စားချေ တုံ့ပြန်နိုင်သည့် စွမ်းရည် ပိုင်ဆိုင် လာနိုင်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးစရန် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲ ထုတ်ပြန်


အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ် အပြီး ကျင်းပရန် စီစဉ်ထားသည့် နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးစရန် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာဆွေးနွေးပွဲက ထုတ်ပြန် လိုက်သည်။

အခက်ထန်ဆုံး စစ်မြေပြင်တွင် အရက်စက်ဆုံး ရန်သူကို ကြံ့ကြံ့ခံ တွန်းလှန်နေသည့် ကာ့ဒ်စစ်သမီးများ



ဦးရွှေမန်း၏ ပူးပေါင်းဆောင်ရွက်လိုသော စိတ်ထားကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူး


မြန်မာနိုင်ငံ၏ သမ္မတ ဖြစ်လာနိုင်သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသော သြဇာအာဏာ ကြီးမား သည့် ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းကအတိုက်အခံ ခေါင်းဆောင်ဒေါ် အောင်ဆန်းစု ကြည်နှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းဖွင့်ထားသည်ဟု ပြောကြားလိုက်ပြီး နောက် နိုင်ငံရေးပြိုင်ဘက် သူရ ဦးရွှေမန်း၏ ပူးပေါင်းဆောင်ရွက်လိုသော စိတ်ထားကို မြန်မာလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မေလ ၇ ရက်တွင်ချီး ကျူးလိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲ PR စနစ် ကျင့်သုံးနိုင်မည် မဟုတ်ဟု ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ပြောကြား


ယခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ကျင်းပရန်ရှိသော ပါတီစုံ အထွေထွေရွေးကောက်ပွဲ တွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးနိုင်တော့မည် မဟုတ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော် မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက The Voice သို့ ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်အနက် အခြေခံမဲစာရင်းပြုစုနေမှု ရာခိုင်နှုန်း ၉၀ ပြီးစီး၊ ပဲခူးခရိုင် ရှစ်မြို့နယ်တွင် မေ ၂၆ ရက်၌ မဲစာရင်းကြေညာမည်


ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်အနက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုနေမှု ရာခိုင်နှုန်း ၉၀ ပြီးစီးပြီဖြစ်ကြော င်းနှင့် ပဲခူးခရိုင်ရှစ်မြို့နယ်တွင် မေ ၂၆ ရက်၌ မဲစာရင်း ကြေညာမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။

အစိုးရသဘောထားပြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့နှင့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးပါက ကိုးကန့်အဖွဲ့အပါအ၀င် အခြားအဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးမည်


အစိုးရအနေဖြင့် လက်ရှိ အပစ်ရပ်စဲရေး ဆွေးနွေးနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ခုနှင့် ဦးစွာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေး ထိုးမည် ဖြစ်ပြီး ထို့နောက် ကိုးကန့်အဖွဲ့အပါအ၀င် ကျန်လက်နက်ကိုင် အဖွဲ့များနှင့် ဆက်လက်ဆွေးနွေးသွား မည်ဖြစ်ကြောင်း အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက မေ ၉ ရက်တွင် ပြောကြားသည်။
 

‘ရခိုင်အမျိုးသားနေ့’ အစိုးရမှ တရားဝင်အသိအမှတ် မပြုသေးသော်လည်း ဆက်လက်ကျင်းပမည်


2014 ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ ကျင်းပခဲ့သောကျောက်ဖြူ အမျိုးသားညီလာခံမှ ရခိုင်အမျိုးသားနေ့ ကို သတ်မှတ်ခဲ့သည်။ ‘ရခိုင်အမျိုးသားနေ့’ အား နိုင်ငံတော် အစိုးရမှ တရားဝင် အသိအမှတ်ပြုမှု မရှိသေးသော်လည်း အမျိုးသားနေ့ အထိမ်းအမှတ်နေ့ အခမ်းအနားများကို ဆက်လက် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ‘ရခိုင်အမျိုးသားနေ့’ သတ်မှတ်နိုင်ရေး ဦးဆောင်ကြိုးပမ်းခဲ့သူ ဦးကျော်စိန်မှ နိရဉ္စရာသို့ ပြောသည်။

အလိုတော်ပြည့်ဆရာတော်ကြီးအား သမ္မတဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်မည်



အလိုတော်ပြည့်ကျောင်းတိုက်များ၏ သြ၀ါဒါ စရိယ ဆရာတော်၊ ရခိုင်လူမှု ကယ်ဆယ်ရေး အဖွဲ့၏ ပဓာန နာယက ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအရိယ၀ံသအား နိုင်ငံတော်သမ္မတမှ ဂုဏ်ပြု မှတ်တမ်းလွှာ ဆက်ကပ် သွားမည်ဟု သိရှိရသည်။

ကြက်ခြေနီအသင်း၏ ရခိုင်ပြည်နယ်အထူးစီမံချက် ရုံးသစ် စစ်တွေတွင်ဖွင့်လှစ်



မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရခိုင်ပြည်နယ်အထူးစီမံချက် ရုံးသစ်ဖွင့်ပွဲကို အခမ်းအနားတစ် ရပ်ဖြင့် မေလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည်။ 

My Blog List