Tuesday, March 03, 2015

ပင်မသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ပိတ်ဆို့ထား၍ မချီတက်နိုင်

ပင်မသပိတ်စစ်ကြောင်း တည်းခိုနေသော အောင်မြေဗိ မာန်ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့ က ပိတ်ဆို့ ထားသောကြောင့် ရန်ကုန်သို့ ချီတက်ရန်ပြင်ဆင်ထား သော ပင်မသပိတ်စစ်ကြောင်းမှာ လက်ပံတန်းမြို့မှ ချီတက်ထွက် ခွာမရဘဲဖြစ်နေသည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ထောက်ခံကြောင်း ခရစ်ယာန် အသင်းတော်များအကြံပြုစာ ပေးပို့


မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးအတွက်လူ တိုင်းအကျုံးဝင် ပညာရေးဖြစ်လာ စေရန် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ထောက်ခံကြောင်း ခရစ်ယာန်အသင်းတော်များ က ပြည်ထောင် စု လွှတ်တော်သို့ အကြံပြုစာပေးပို့ ထားသည်။

နိုင်ငံတကာသတ္တိရှင်အမျိုးသမီးဆု ဒေါ်မေစံပယ်ဖြူရရှိ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်သည့် နိုင်ငံတကာသတ္တိရှင်အမျိုးသမီး ဆု(၂၀၁၅)ကို မြန် မာနိုင်ငံမှအမျိုး သမီးအခွင့်အရေးလှုပ်ရှားဆောင်ရွက်သူဒေါ်မေစံပယ်ဖြူကရရှိသွားသည်။ဒေါ်မေစံပယ်ဖြူ သည် ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက်(GEN)၏ ညွှန်ကြားရေးမှူး နှင့် ကချင်ငြိမ်းချမ်းရေးကွန်ရက် ဦးဆောင်လှုပ်ရှားသူ တစ်ဦးလည်းဖြစ်သည်။ 

Monday, March 02, 2015

ကိုးကန့်ဒေသ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


ရှမ်းပြည်နယ်မြောက်ပိုင်းကိုးကန့်ဒေသမှာ တိုက်ပွဲတွေဆက်လက် ပြင်းထန်နေပြီးမနေ့ညပိုင်းက လောက် ကိုင် မြို့တွင်းမှာ မီးလောင်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ကိုးကန့်တပ်ဖွဲ့ဘက်ကတော့ လောလောဆယ်မှာ အစိုးရတပ်ဘက်က တပ်အင်အားတွေ ထပ်မံ ပို့ဆောင်နေပြီး တိုက်ပွဲအရှိန်ဟာ ပိုမြင့်လာနိုင်တယ်လို့ သုံးသပ်နေပါတယ်။

ရန်ကုန်ရောက်လျှင် သပိတ်ရပ်နားမည်ဖြစ်၍ ချီတက်ခွင့်ပြုရန် ကျောင်းသားများ တောင်းဆို


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး မန္တလေးမှ ရန်ကုန်မြို့သို့ ချီတက်တောင်းဆိုနေသော ဒီမိုကရေစီ ပညာရေး ဦး ဆောင် လှုပ်ရှားမှုကော်မတီမှ ကျောင်းသားသပိတ်စစ်ကြောင်းသည်  ရန်ကုန်မြို့သို့ ရောက်ရှိပါ က သပိတ်ရပ်နား မည် ဖြစ် ၍ အာဏာပိုင်များအနေဖြင့် ကျောင်းသားသပိတ်ကို တားဆီးခြင်းမပြုရန် ကျောင်း သားများက ယနေ့ တောင်းဆို လိုက် သည်။

စစ်ဘေးဒုက္ခသည်များအတွက် အနုပညာရှင်များအလှူခံထွက်





ကျောင်းသားသပိတ် ၈ချက်တောင်း၊ အာဏာပိုင်တွေ ၃ချက် သဘောမတူ



ရန်ကုန်မှာ ဘတ်စ်ကားပဲစီးသည့် ကနေဒါ သံအမတ်ကြီး ကတော်

နာမည်ဆိုးနှင့် ကျော်ကြားသော ရန်ကုန်ဘတ်စ်ကားများကို စီးရဲသည့် နိုင်ငံခြားသားများအနည်းစုတွင် သူလည်း တဦးအပါအဝင် ဖြစ်သည်။ ခရီးသည်များဖြင့် ပြည့်ကျပ်နေပြီး ထိန်းသိမ်းစောင့်ရှောက်မှုလည်း နည်းပါးသော၊ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်ပါက ခရီးစဉ်ကို သိနိုင်ရန်ခက်ခဲသော ရန်ကုန်မြို့မှ ဘတ်စ်ကားများသည် သတ္တိအရှိဆုံးသော နိုင်ငံခြားသား များကိုသာ ဆွဲဆောင်နိုင်ပါသည်။

ပြည်မြို့ ဗိုလ်ချုပ် ရာပြည့်ပွဲ တေးသရုပ်ဖော်အတွက် ဒေါ်အောင်ဆန်းစုကြည် တောင်းပန်


ပြည်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အထိမ်းအမှတ်ပွဲ၌ တေးသရုပ်ဖော်တွင် တပ်မတော်က ပြည်သူ့ အပေါ် အနိုင်ကျင့်သည့် ပြကွက်နှင့် မဲထည့်ရန် သရုပ်ဆောင်ခဲ့သည့် ပြကွက်များကြောင့် ဒေါ်အောင်ဆန်း စုကြည်က ဝေဖန်လိုက်ပြီး ယင်းတေးသရုပ်ဖော်အတွက် ပြည်သူလူထုကို တောင်းပန် ခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး ဒေါ်သန်းသန်းနုနှင့် အင်တာဗျူး

လွန်ခဲ့သည့် ၅၃ နှစ် ၊ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်က ပါလီမန်ဒီမို ကရေစီခေတ်၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ် သူ ဦးနုထံမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်အာဏာကို သိမ်းယူခဲ့သည်။ ထိုသို့ အာဏာသိမ်းခဲ့ချိန်တွင် ဝန်ကြီးချုပ် ဦးနုအစိုးရအဖွဲ့မှ တာဝန်ရှိသူများကိုလည်း လိုက်လံ ဖမ်းဆီးခဲ့ သည်။ 

ပြည်မြို့ ဗိုလ်ချုပ် ရာပြည့်ပွဲ တေးသရုပ်ဖော်အတွက် ဒေါ်အောင်ဆန်းစုကြည် တောင်းပန်


ပြည်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်ပွဲ၌ တေးသရုပ်ဖော်တွင် တပ်မတော်က ပြည်သူ့ အပေါ် အနိုင်ကျင့်သည့် ပြကွက်နှင့် မဲထည့်ရန် သရုပ်ဆောင်ခဲ့သည့် ပြကွက်များကြောင့် ဒေါ်အောင်ဆန်း စုကြည်က ဝေဖန်လိုက်ပြီး ယင်းတေးသရုပ်ဖော်အတွက် ပြည်သူလူထုကို တောင်းပန် ခဲ့ကြောင်း သိရသည်။

တကျော့ပြန် အမျိုးသား ပညာရေး ဥပဒေမူကြမ်းနှင့် အထစ်အငေါ့များ


လွှတ်တော်က အတည်ပြုထားခဲ့သည့် အမျိုးသားပညာရေးဥပဒေကို အစိုးရ၊ ကျောင်းသား၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပညာရေး စနစ်ပြု ပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) တို့၏ လေး ပွင့်ဆိုင် သဘောတူညီမှုအရ ဖေဖော်ဝါရီ လလည်က ပြန်လည် ပြင်ဆင်ရေးဆွဲ ခဲ့သည်။

ကြွေးတင်ရင် ပြည်သူပဲ ဆပ်ရလိမ့်မယ်



ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တရုတ်ပို့ကုန်ဘဏ်မှ အမေရိကန်ဒေါ် လာ သန်း ၃၀၀ ချေးယူခွင့်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ရှင်းလင်းစဉ် မြန်မာနိုင်ငံ အနေနဲ့ ၂ဝ၁၃ ခု နှစ် နှစ်ကုန်အထိ နိုင်ငံတကာနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်း ၁၉ ခုဆီက ချေးယူ ထားတဲ့ ချေးငွေပမာဏဟာ ဒေါ်လာ ၉ ဒသမ ၆ ဘီလျံနီးပါး ရှိပါတယ်။

ကိုးကန့်ဒေသ တိုက်ပွဲပြင်းထန်၊ ကိုးကန့်တိမ်းရှောင်အဖွဲ့က ၁၅ ဦး ဖမ်းဆီးမိ


ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသထဲမှာ အစိုးရတပ်နဲ့ ဦးဖုန်းကြား ရှင်ခေါင်းဆောင်တဲ့ အမ်အဲန်ဒီအေအေ ကိုးကန့် တိမ်းရှောင်အဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပါတယ်။တပ်မတော်စစ်ကြောင်းတွေဟာ လောက်ကိုင်နဲ့ ကုန်းကြမ်းဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ဖို့ မတ်လ ၁ ရက် မနက်ပိုင်းကစပြီး လက်နက်ကြီးတွေနဲ့ အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်ရှင်းလင်းခဲ့ရာမှာ ကိုးကန့်တိမ်းရှောင်အဖွဲ့ အခြေပြုထားတဲ့ အရေးပါတဲ့ တောင်ကုန်း ၆ ခုကို ညနေပိုင်းမှာ သိမ်းပိုက်နိုင် ခဲ့ကြောင်း၊အဲဒီလို သိမ်းပိုက်စဉ်မှာ အစိုးရဘက်က ၄ ဦးကျဆုံး ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေ မှာ ဖော်ပြပါတယ်။

လောက်ကိုင်-ကုန်းကြမ်း လမ်းကြောင်း တပ်မတော် စစ်ကြောင်း ထိန်းချုပ်နိုင်ဟု သတင်းထုတ်ပြန်


ကိုးကန့်လက်နက်ကိုင် အဖွဲ့များ ခံစစ်ယူထားသည့် လောက်ကိုင် - ကုန်းကြမ်း ဆက်သွယ်ရေးလမ်းကြောင်း ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လုံခြုံစိတ် ချစွာ သွားလာနိုင်ပြီဖြစ်ကြောင်း မတ်လ ၁ ရက်တွင် ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန် သည်။

ဖိအားတွေကြောင့် ဇာတ်ကားအရည်အသွေးထိခိုက်မှာ စိုးရိမ်နေတဲ့ ပက်ထရစ်ရှာ


 
ပထမဆုံးရုပ်ရှင်ဇာတ် ကားကြီးတွင် ၀ါရင့်သရုပ်ဆောင် များနှင့် သရုပ်ဆောင်ရသဖြင့် ဖိ အားများသကဲ့သို့ ကိုယ့်သရုပ်ဆောင်မှုကြောင့် ဇာတ်ကားတစ် ကားလုံး ထိခိုက်မည်ကို စိုးရိမ်မိသည်ဟု ပက်ထရစ်ရှာက ပြော သည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်ထွက်ရှိ

 
တပ်မတော်ထောက်လှမ်းရေးအကြီးအကဲနှင့်ဝန်ကြီးချုပ် အဖြစ်ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ရေးသားသည့် ‘‘ကြုံတွေ့ခဲ့ရ ကျွန်တော့် ဘ၀အထွေထွေ’’ ဖြတ်သန်းမှု အတ္ထုပ္ပတ္တိစာအုပ် မတ်လ ၁ ရက်တွင် ထွက် လာသည်။

တောင်သူလယ်သမားအရေးနှင့် ပြည်သူ့အသံ

အစိုးရအဆက်ဆက်က မြန်မာနိုင်ငံကို စိုက်ပျိုးရေးနိုင်ငံဟုပြောပြီး တောင်သူလယ်သမားများဘ၀ ဖွံ့ဖြိုးရေး အတွက် ဦးစားပေးမည်ဟု ကြွေးကြော်လေ့ရှိသော်လည်း အခြားသော အခြေခံပြည်သူများနည်းတူ တောင် သူလယ်သမားများမှာ အစိုးရ၏ ဂရုစိုက်မှုကိုမခံရပါ။ ဒီမိုကရေစီအစိုးရဟုဆိုသော ဦးသိန်းစိန်အစိုးရ လက် ထက်တွင် တောင်သူလယ်သမားများ၏ ဘ၀မည်သို့ပြောင်းလဲနေသည်ကို ယနေ့ကျရောက်သော‘‘တောင်သူ လယ် သမားနေ့’’နှင့် တိုက်ဆိုင်၍ တောင်သူလယ်သမားများအရေး အမြင်များကို စုစည်းဖော်ပြပေးလိုက် ပါသည်။

သပိတ်မှောက်ကျောင်းသားစစ်ကြောင်း ရန်ကုန်သို့မဝင်ရန် သံဃာအပါး ၂၀ကျော် မေတ္တာရပ်ခံ


သပိတ်စစ်ကြောင်း ရန်ကုန်သို့မဝင်ရန် သုံးဆယ်မြို့၊ မဟာထူပါရုံကျောင်း တိုက်ဆရာတော် ဦးနန္ဒသီရိ ဦးဆောင်သည့် စုစုပေါင်း သံဃာအပါး ၂၀ကျော်ကပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားခေါင်းဆောင် များကို မတ်လ ၁ရက်နေ့ ညနေပိုင်းတွင် မေတ္တာရပ်ခံခဲ့သည်။

ဒီမိုကရေစီလိုချင်လျှင် ဗိုလ်ချုပ်ကဲ့သို့ တာဝန်သိသူဖြစ်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော


မြန်မာပြည်သူများ လိုလားတောင်းတနေသည့် ဒီမိုကရေစီစနစ် ရလိုလျှင် ပြည်သူများအနေဖြင့် မိမိတာဝန် မိမိ ထမ်းဆောင်ရန် အဆင့်ဖြစ်နေဖို့ လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းအတွင်း ဖေဖော်ဝါရီ ၂၈ရက် နှင့် မတ်လ ၁ရက်က ဗိုလ်ချုပ်အောင် ဆန်း မွေးနေ့ နှစ် ၁၀၀ပြည့် ဂုဏ်ပြုပွဲ သွားရောက်စဉ် ဟင်္သာတမြို့၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မုံရွာ ဓါတ်ပုံသတင်းထောက် ပြန် လွှတ်ရေး အထက်မြန်မာပြည် သတင်းထောက်တွေ တောင်းဆို


မုံရွာမြို့က အလွတ်ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို ၁၄ ရက် အတွင်း ပြန်လွှတ်ပေးဖို့အထက်မြန် မာပြည် သတင်းထောက်တွေက တောင်း ဆိုလိုက်ပါတယ်။ အဲ့ဒီ တောင်းဆိုချက်ကို မန္တလေးမြို့အခြေစိုက် သတင်းသမား ၃ဝ ကျော်ရဲ့ သဘောဆန္ဒနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ကို ပေးပို့ မယ်လို့ မန္တလေးမြို့အခြေစိုက် သတင်းထောက် ကိုရဲဝင်းနိုင်က ပြောပါတယ်။

မန္တလေးကို စစ်ပြေးဒုက္ခသည်တွေ ထပ်မံရောက်ရှိ


ရှမ်းပြည်နယ် လောက်ကိုင်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည် ၁၅၀ ကျော်ဟာ မန္တလေးမြို့ကို မနေ့က ထပ်မံရောက်ရှိလာပါတယ်။ လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းကနေ ရောက်လာတဲ့ ဒုက္ခသည်တွေမှာ အမျိုးသမီးတွေ၊ ရင်ခွင်ပိုက် ကလေးငယ်တွေ ပါတယ်လို့ မန္တလေးဗြဟ္မစိုရ် အသင်း အလုပ် အမှုဆောင် ကိုထိပ်တင်မျိုးဝင်းက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၂၀၁၅ ခုနှစ် မတ်လ ( ၂ ) ရက်နေ့ တွင် ကျရောက်သော တောင်သူ လယ်သမားနေ့ အခမ်းအနား သို့ ဂုဏ်ပြု နှုတ်ခွန်းဆက် သဝဏ်လွှာ ပေးပို့



သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့ ညနေ သီးခြားတွေ့ဆုံမည်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ ယနေ့ (မတ်လ ၂ ရက်) ညနေတွင် နေပြည်တော်၌သီးခြားတွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက်အသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။

မတ် ၁၆ ရက် ဆွေးနွေးပွဲမှာ ပုံသဏ္ဍာန် ပြောင်းရန် သဘောတူ


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ မတ်လ ၁၆ ရက်နေ့မှာ NCCT ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ  ဆွေးနွေးပွဲပုံသဏ္ဍာန် ပြောင်းပြီး ဆွေးနွေးသွား မှာဖြစ်ပြီး ဆွေးနွေးမည့် အကြောင်းအရာတွေကို   နှစ်ဖက် သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

My Blog List