Wednesday, February 25, 2015

မြန်မာနဲ့ဗီယက်နမ်ကို မြောက်ကိုးရီးယား အတုယူဖို့မမြင်


မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်း ပြောဆိုနေတဲ့အပေါ် မြောက်ကိုရီးယားဖက်က အလေးနက်ထား စဉ်းစားမယ့်ပုံမပေါ်ဘူးလို့ လေ့ လာသူတွေက ပြောပါတယ်။

မပြီးသေးသော ငြိမ်းချမ်းရေးပန်းချီကားတစ်ချပ်



ဝှိုက်ကတ်ကိစ္စနှင့် လာမည့် ရွေးကောက်ပွဲတွင် ပြဿနာများ ပေါ်ပေါက်နိုင်၍ နယ်စပ်ဒေသ လုံခြုံရေး အလေးထားရန်လိုဟု နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးပြော


ယာယီသက်သေခံ လက်မှတ်(၀ှိုက်ကတ်)အများဆုံး ကိုင်ဆောင်ထားသည့် မောင် တောနယ်စပ်ဒေသနှင့် ဘူးသီး တောင်မြို့နယ်များတွင် လာမည့် ရွေးကောက်ပွဲ၌ ပြဿနာများပေါ် ပေါက်လာနိုင်သဖြင့် နယ်စပ် ဒေသ လုံခြုံရေး အလေးအနက် ထား ဆောင်ရွက်ရန်လိုကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ် ကဲမှုအဖွဲ့မှူးရုံး ကွပ်ကဲရေးမှူး ရဲ မှူးချုပ် တင်ကိုကိုက ပြောကြားသည်။

ကိုးကန့်တိုက်ပွဲကြောင့် တရုတ်နယ်စပ်သို့ တိမ်းရှောင်သွားသော ဒုက္ခသည်အချို့ နေရပ်ပြန်လာ


ကိုးကန့်ဒေသတွင် အစိုးရတပ်နှင့် ဖုန်ကြားရှင်၏ ကိုးကန့် တပ်ဖွဲ့တို့ တိုက်ပွဲများပြင်းထန်စဉ် တရုတ်နယ်စပ် သို့ တိမ်းရှောင်သွားသော ဒေသခံအချို့ယခုရက်ပိုင်းအတွင်း လောက်ကိုင်ဒေသသို့ ပြန်လည်ဝင်ရောက် လာကြောင်း စစ်ရှောင်ဒုက္ခသည်များက ပြောသည်။

ကိုးကန့်တိုက်ပွဲတွင် ပါဝင်ပတ်သက်ကြောင်း တပ်မတော်ပြောကြားမှု ‘၀’ နှင့် မိုင်းလားအဖွဲ့ ပူးတွဲကြေညာချက် ယနေ့ထုတ်ပြန်မည်


ကိုးကန့်တိုက်ပွဲတွင် ‘၀’ နှင့် မိုင်းလားအဖွဲ့တို့ ပါဝင်နေ ကြောင်း တပ်မတော်၏ ပြောကြားချက်နှင့် ပတ်သက် ၍ ‘၀’ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်နှင့် မိုင်းလားအဖွဲ့တို့က ပူးတွဲကြေ ညာချက်တစ်စောင် ကို ဖေဖော်ဝါ ရီ ၂၅ ရက်တွင် ထုတ်ပြန်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

Tuesday, February 24, 2015

ပညာရေးသပိတ် ထောက်ခံပွဲ ရတနာပုံ တက္ကသိုလ်အတွင်း သုံးရက်ပြုလုပ်မည်


ပညာရေး သပိတ်မှောက် စစ်ကြောင်းကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ခြင်းကို ရတနာပုံ တက္ကသိုလ် တွင်ကျောင်းသူ၊ ကျောင်းသား ၄ဝ ကျော်တို့က ဖေဖော်ဝါရီလ ၂၃ ရက်၊ နံနက် ၁ဝ နာရီတွင် ကျောင်းဝင်း အတွင်း ပြုလုပ်ခဲ့သည်။

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်မည်ဖြစ်ကြောင်း ကြေညာ


 မြောက်ကိုရီးယားနိုင်ငံအား အမျက်ထွက်စေသည့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို မတ်လ ၂ ရက်တွင် စတင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနှင့် အမေရိ ကန် နှစ်နိုင်ငံစလုံးကကြေညာလိုက်သည်။

နံနက်ခင်းမှာ ရေချိုးခြင်း၏ ကောင်းကျိုး ၆ ချက်


၁။ သွေးလည်ပတ်မူကို ပိုမိုပြီး ကောင်းမွန်စေပါတယ်

နံနက်ခင်းမှာ ရေအေးနဲ့ ချိုးတာထက် ရေနွေးနဲ့ ချိုးတာကို ပိုမိုပြီး သွေးလည် ပတ်မူကို အားကောင်းစေပါ တယ်။ ဒါ့အပြင် ကြွက်သားများကို တောင့်တင်း သန်မာ စေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်းဟာ ကျန်း မာရေးအတွက်လည်း များစွာ အထောက်အကူ ပြုစေပါတယ်။

ကမ္ဘာပတ် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် မန္တလေးသို့ မတ်လ ၁၀ ရက်နေ့ ဆိုက်ရောက်မည်


ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာပတ်မည့် နေရောင်ခြည်စွမ်းအင်တခုတည်းဖြင့် ပျံသန်းနိုင်သည့် Solar Impulse 2-Si2 သည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မတ်လ ၁၀ ရက်နေ့တွင် ဆိုက်ရောက် မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုးကန့်တိုက်ပွဲနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခန်း


ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ ကိုးကန့်တပ်ဖွဲ့နဲ့ အတူ ရက္ခိုင်တပ်မတော် ( Arakan Army) ပါဝင်နေတယ်။ ရခိုင်ဒေသမှာ ဖြစ်ပွားတဲ့ စစ်ပွဲမဟုတ်ဘဲ ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ဘာကြောင့် ပါဝင်နေရပါသလဲ ဆိုတာကို ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ကို မေးမြန်းပြီး တင်ပြ ပေးလိုက်ပါတယ်။

ပရော်ဖက်ရှင်နယ် Sexy မော်ဒယ်လ်တယောက်ပဲဖြစ်ချင်တာ



ခန္တာကိုယ်ကောက်ကြောင်းလှလှနဲ့ Sexy ကျကျ မော်ဒယ်လ်တဦးကို အွန်လိုင်း ပရိတ်သတ်တွေ သတိထားမိကြ မယ်ထင် ပါတယ်။ အထူးသဖြင့်ဖေ့ဘုတ်စာမျက် နှာမှာထက်မှာ သူ့ရဲ့ Sexy ဓာတ်ပုံတွေဟာ လူသိပိုများ ပါတယ်။ သူကတော့ အသက် ၂၅ နှစ် ရှိပြီး ဥပဒေနဲ့ ဘွဲ့ရထားသူ မော်ဒယ်လ် ဇာဇာထက်ပါ။ 

အယုဒ္ဓယတွင် မြန်မာအလုပ်သမား ၅၄ ဦးကို ထိုင်းရဲ ဖမ်းဆီး



ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ဘန်ပါဟန်မြို့နယ်မှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် တွေက တရားမ၀င် မြန်မာအလုပ်သမား ၅၄ ဦး တင်ဆောင်လာတဲ့ ကား ၈ စီးကို ရပ်တန့်ဖမ်းဆီးခဲ့တယ်လို့ ရဲအရာရှိရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သ တင်းမှာဖော်ပြပါတယ်။

ပျောက်ဆုံး ဗြိတိန်ဆယ်ကျော်သက် မိန်းကလေး ၃ ဦး အိမ်ပြန်ရန် မိသားစုများ တောင်းဆို



အစ္စလာမ္မစ် (အိုင်အက်စ်)နဲ့ ပူးပေါင်းဖို့ ဆီးရီးယားကို သွားရောက်တယ်လို့ ယူဆရတဲ့ ဗြိတိန် ဆယ်ကျော်သက် ၃ ဦးကို အိမ်ကို ပြန်လာဖို့ မိသားစုက တောင်းဆိုလိုက်ပါတယ်။အသက် ၁၅ နှစ် ရှာမီမာ ဘီကမ်၊ အာမီရာအာဘေ့စ်နဲ့ အသက် ၁၆ နှစ် ကာဒီဇာ ဆူလ်တန် ၃ ဦးဟာ တစုံတရာ အကြောင်းမကြားဘဲ အရင်သီတင်းပတ်က ပျောက်ဆုံးသွားခဲ့တာ ဖြစ်သလို တူရကီလေကြောင်းလိုင်းနဲ့ အစ္စတန်ဘူလ်ကို ထွက်ခွာသွားပြီလို့ အာဏာပိုင်တွေက ယူဆနေတဲ့ အကြောင်း အေပီသ တင်းမှာ ရေးပါတယ်။

မဲဆွယ်ရာတွင် လွှတ်တော်၊ အစိုးရနှင့် တပ်မတော်ကိုမဝေဖန်ရဟုဆို



ရွေးကောက်ခံကိုယ်စားလှယ်တို့သည် ရွေးကောက်ပွဲကာလအတွင်း မဲဆွယ် စည်းရုံးရာတွင် လွှတ်တော်၊ အစိုးရ နှင့် တပ်မတော်တို့ကို ဝေဖန်ပြောဆိုခွင့် မရှိဟူ၍ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းကို၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်တွင် ဆက်လက် ကျင့်သုံးသွားမည်ဟု သတင်းရရှိသည်။

MNDAA ကိုးကန့်အဖွဲ့ကို အစိုးရအနေနဲ့ဆွေးနွေးဖို့ သင့် မသင့်



ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ MNDAA ကိုးကန့်အဖွဲ့တို့ အကြား တိုက်ပွဲတွေကတော့ အခုလက်ရှိအ ချိန်အထိကို အပြီးမသတ်နိုင်သေးပါဘူး။ ဖေဖော်ဝါရီ ၉ ရက်လောက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ တပ်မ တော်ဘက်က ကျဆုံးသူ ၄၇ ဦးရှိတယ်ဆိုပြီး တရား ဝင် ထုတ်ပြန်လာတဲ့ နောက်ပိုင်းမှာတော့ ကိုးကန့်ဒေသမှာ ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေအပေါ် လူထုရဲ့အာရုံစိုက် မှုတွေက အမြင့်ဆုံးအဆင့်ကို ရောက်လာခဲ့ပါတယ်။

အွန်လိုင်းအခြေပြု အမုန်းစကားတိုက်ဖျက်ရန် ဂူဂယ်နှင့် ဖေ့စ်ဘွတ်ကို ပြင်သစ်သမ္မတ တိုက်တွန်း


ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်ဒီက အွန်လိုင်းအခြေပြု အမုန်းစကားတိုက်ဖျက်ရေး ဆောင်ရွက်ကြဖို့ ဂူဂယ်နဲ့ ဖေ့စ်ဘွတ် အင်တာနက်ကုမ္ပဏီတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီိ ၂၃ ရက်နေ့က တိုက်တွန်းလိုက်ပါ တယ်။ မြို့တော်ပါရီက ဂျူးအုပ်စုတစုကို မိန့်ခွန်းပြောရင်း တိုက်တွန်းခဲ့တာပါ။

မူဆယ် ၁၀၅ မိုင်နှင့် ပန်ဆိုင်းအကြား ပေါက်ကွဲမှုဖြစ်ပွား


ရှမ်းပြည်နယ် မူဆယ်ခရိုင် ၁၀၅ မိုင်နဲ့ ပန်ဆိုင်းအကြားမှာ ဒီမနက် ၁၀ နာရီခွဲလောက်က ပေါက်ကွဲမှု တခုဖြစ်ပွားပြီး ကုန်တင်ကားတစီးပျက်စီး သွားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ အမည်မသိ ပျောက်ကျားဝတ်စုံဝတ် လက်ကိုင်အဖွဲ့က လက်လုပ်မိုင်းနဲ့ ပစ်ခဲ့တာလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယပြည် နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဒီဗွီဘီကိုပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် ကြားနာမည့်အစီ အစဉ်ကို ထုတ်ပြန်ကြေညာခြင်း


အစိုးရကတိများ အချိန်မီ ပြီးစီးရန်သာမက စံမီရန်ပါ ကြီးကြပ်ဆောင်ရွက်သင့်ဟု လွှတ်တော် ကော်မတီပြော


လွှတ်တော်သက်တမ်း လေးနှစ်တာအတွင်း ပြည်ထောင်စု အစိုးရအဖွဲ့က ဆောင်ရွက်ပါမည်ဟု လွှတ်တော်တွင် ကတိပြု ထားသည့် ဒေသဖွံ့ဖြိုးရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိလုပ်ငန်း ၇၂၉ ခု ရှိရာ ၂ဝ၁၅ မတ်လ ၃၁ ရက် အတွင်း (ယခုအစိုးရ လက်ထက်၊ လက်ရှိလွှတ်တော် သက်တမ်းအတွင်း) ပြီး စီးရေးနှင့် အရည်အသွေး စံချိန်စံညွှန်းပြည့် မီရေး အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ကြပ်မတ် ဆောင်ရွက်ရန် အထူးလို အပ်ကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အစိုးရနှင့် ထိပ်တိုက်တွေ့စေမည့် လုပ်ရပ်များ ရှောင်ရန် UNA ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတိပေး


အမျိုးသား ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရလုပ်ဆောင် နေသည့် လုပ်ငန်းများနှင့် သွေ ဖည်မှုမရှိဘဲ အစိုးရနှင့် ထိပ်တိုက်တွေ့ဆုံမှု မရှိစေရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တိုင်းရင်းသား  လူမျိုးများ မဟာမိတ် (UNA) ကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ကော်မရှင်ရုံး တွေ့ ဆုံပွဲတွင် သတိပေး ပြောကြားခဲ့သည်။

ကိုးကန့်ဒေသမှ နေရပ်ပြန်ဆရာ/မများ သီပေါသို့ရောက်ရှိ



ထိုင်းရောက် မြန်မာလုပ်သားတွေ ယာယီ သက်သေခံစာအုပ် လျှောက်နိုင်


ထိုင်းအစိုးရလုပ်ပေးတဲ့ အလုပ်သမားလက်မှတ် ပန်းရောင်ကဒ်ရှိပြီးသား ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နိုင်ငံကူး လက်မှတ် လုပ်ဖို့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းအဆင်သင့်မဖြစ်သေးရင် လောလောဆယ် ဘယ်သူဘယ်ဝါဖြစ်ကြောင်း အထောက်အထားလက်မှတ်ဖြစ်တဲ့ အစိမ်းရောင် စာအုပ်ကို မြန်မာသံရုံးကနေ ဘန်ကောက်အပါအဝင် နေရာ ၅ ခုမှာ ကြီးကြပ်ရေးရုံးဖွင့်ပြီး ထုတ်ပေးသွားဖို့ ရှိပါတယ်။ 

ကိုးကန့်တိုက်ပွဲဆက်ဖြစ်နေမှု အမေရိကန် စိုးရိမ်


ရှမ်းပြည်အရှေ့မြောက် ကိုးကန့်ဒေသမှာ ပဋိပက္ခပိုပြီးကြီးလာနေတာကို အထူးစိုးရိမ်မကင်းဖြစ်နေကြောင်း အမေရိကန်အစိုးရက တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။ စစ်မှန်တဲ့အမျိုးသားရင်ကြားစေ့ရေးအတွက် မြန်မာ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တို့ကြား စေ့စပ်ဆွေးနွေးဖို့ တိုက်တွန်းလိုက် ပါတယ်။ 

NCA လက်မှတ်မထိုးလဲ နိုင်ငံရေး ဆွေးနွေးလို့ရကြောင်း ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ပြော


အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ကို သွားဖို့အတွက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးလည်း ရတယ်လို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံကော်ဆမွီကျွန်းတွင် မြန်မာအမျိုးသမီးတဦး အသတ်ခံရ



ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော်ဆမွီကျွန်းမှာ မြန်မာအမျိုးသမီးတဦး အသတ်ခံရတယ်လို့ မြန်မာ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းက ပြောပါတယ်။

My Blog List