Tuesday, October 14, 2014

ငြိမ်းချမ်းရေးအတွက်သုံးစွဲငွေ လွှတ်တော်တွင် ရှင်းပြီ


နှစ်ပေါင်းခြောက်ဆယ်ကျော် သန္ဓေတည်နေသည့် ပြည်တွင်းစစ်ရပ်စဲရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နှစ် နှစ်ကျော်ကာလအတွင်း ကုန်ကျငွေများအပေါ် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အောက်တိုဘာ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်တွင် လာရောက်ရှင်းပြခဲ့သည်။

Monday, October 13, 2014

အားလုံး သတ္တိတရားမွေးထုတ်ဖို့ သွန်သင်ပေးနေတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် မာလာလာရဲ့ မိန့်ခွန်း


အသက်အငယ်ဆုံး နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြင့်အပ်ခံရသူ မာလာလာယူ ဆွပ်ဖ်ဇိုင်းက သောကြာနေ့ မှာ သူမရဲ့ လူ့အခွင့်အရေးလုပ်ဆောင်ချက်နဲ့ အကြမ်းဖက်မှု အုပ်ချုပ်မှုအောက်ရောက်နေတဲ့ အမျိုးသမီးများ ကယ်တင်ရေး သတိပေးလှုံ့ဆော်မှုများနဲ့ပတ်သက်ပြီး ပြောဆိုသွားပါတယ်။

ရှေ့ဆက် မတိုးတော့တဲ့ ပြုပြင်ပြောင်းလဲရေး နောက်ကွယ်မှာ ဦးသန်းရွှေ ရှိနေသလား


“ပြုပြင်ပြောင်းလဲရေး” လုပ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရ အာဏာရယူပြီး ၃ နှစ်ကျော် ကြာ မြင့်လာတဲ့အချိန်မှာတော့ မြန်မာ့ပြုပြင်ပြောင်းလဲရေးက ရှေ့ဆက်မတိုးနိုင်တော့ဘဲ ရပ်တန့်သွားတာမို့ သမ္မတဦးသိန်းစိန်အစိုးရရဲ့ နောက်ကွယ်မှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှု ဆက်လက်ရှိနေဆဲလားဆိုပြီး မေးခွန်းထုတ်မှု တွေရှိလာပါတယ်။

Master Sports စက်ရုံပစ္စည်း ရောင်းရငွေ သိန်း ၂၈၈၀ ဖြင့် အလုပ်သမား များကို နစ်နာကြေးပေးမည်


လှိုင်သာယာ စက်မှုဇုန်ရှိ ပိတ်သိမ်းလိုက်ပြီ ဖြစ်သော Master Sports စက်ရုံမှ ပစ္စည်းများကို လေလံတင် ရောင်းချရာမှ ရရှိသော ကျပ်သိန်း ၂၈၈၀ အား အလုပ်သမား ၆၅၀ ကျော်အတွက် လစာနှင့် နစ်နာကြေးများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

IS တပ်ဖွဲ့ကို တိုက်ရန်အတွက် အမေရိကန်ကို လေတပ် အခြေစိုက်စခန်းတစ်ခု တူရကီ အသုံးပြုခွင့်ပေး



အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်ရာတွင် အမေရိကန်ကို လေတပ် အခြေစိုက်စခန်း အသုံးပြု ခွင့် ပေးရန် တူရကီအစိုးရက သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။ အမေရိကန်၏ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆိုင်ရာ အကြံပေး ဆူဆန်ရိုက်စ်က အဆိုပါ သဘောတူညီမှုကို ကြေညာခဲ့ပြီး တူရကီ၏ ပူးပေါင်း ဆောင်ရွက်မှုအတွက် ဝမ်းသာမိကြောင်း ဆိုသည်။ 

ပဲခူး-စစ်တောင်း တူးမြောင်း ဖော်ထုတ်ပေး၍ သမ္မတကို ကျေးဇူးတင်ကြောင်း ဆန္ဒထုတ်ဖော်


ပဲခူး-စစ်တောင်းတူးမြောင်းကို ပထမဆုံးအကြိမ် ပြန်လည်ပြု ပြင်ပေးသည့် သမ္မတဦးသိန်းစိန်ကို  ကျေးဇူး တင်သည့်အနေဖြင့် ရွာသားတစ်ထောင်ကျော်က အောက်တိုဘာ ၁၂ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ဟောင်ကောင်တွင် ဆန္ဒပြသူများ ထားခဲ့သည့် အတားအဆီးများကို ရဲတပ်ဖွဲ့ စတင်ရှင်းလင်း


ဟောင်ကောင်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ ချန်လှပ်ထားခဲ့သည့် လမ်းပိတ် အတားအဆီးများကို ရဲတပ်ဖွဲ့က စတင် ရှင်းလင်းနေပြီ ဖြစ်သည်။ တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်ခဲ့သည့် လှုပ်ရှားမှုတွင် ဆန္ဒပြသူများက ဟောင်ကောင်၏ အဓိက လမ်းမကြီးများပေါ်၌ အတားအဆီးများ ချထားကာ လမ်းကြောင်း များ ပိတ်ဆို့ထားခဲ့ကြသည်။

SSPP/SSA တပ်အချို့ ဆုတ်ခွာပေးရန် ရှမ်းပြည်နယ် နယ်လုံ ဝန်ကြီးစာပို့


ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်များကို လက်နက်ကိုင်ဆောင် သွားလာခြင်း မပြုရန်နှင့် ဒေသအချို့မှ တပ်များ ဆုတ်ခွာပေးရန် ရှမ်းပြည်နယ် အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက စာပေးပို့ထားသည်ဟု  SSPP/SSA ၏ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်စိုင်းက အောက်တိုဘာ ၁၃ရက်က မဇ္ဈိမကို ပြောသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲ လောင်းကစားပွဲများ လုံးဝခွင့်ပြုမည် မဟုတ်


အောက်တိုဘာ ၃၀ ရက်တွင် စတင်ကျင်းပတော့မည့် တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ကာလအတွင်း လောင်းကစားဝိုင်းများ၊ ပျော်ပွဲရွှင်ပွဲ အမည်ခံ လောင်းကစားဆိုင်များကို ခွင့်ပြုမည် မဟုတ်ကြောင်း တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက အောက်တို ဘာ ၁၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံ မြန်မာနှစ်ဦးအရေး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ထိုင်းအမျိုးသား ဥပဒေပြု ညီလာခံသို့ သဝဏ်လွှာပေးပို့


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း(ကော့သောင်ကျွန်း)တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၌ မြန်မာနှစ်ဦး ဖမ်းဆီးခံ ထားရခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ထိုင်းနိုင်ငံငံ အစိုးရ ဥပဒေပြု အဖွဲ့ဖြစ်သည့် အမျိုးသားဥပဒေပြု ညီလာခံသို့ အောက်တိုဘာ ၁၃ရက် ရက်စွဲဖြင့် သဝဏ်လွှာပေး ပို့သည် ကို ထောက်ခံကာ ဧရာဝတီတိုင်း မဲဆန္ဒနယ် (၁၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရည် က အရေးကြီးအဆို တင်သွင်းခဲ့သည်။

ဖမ်းဆီးခံထားရသူ မြန်မာနှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးရန် ထိုင်းရှေ့နေများကောင်စီ ဆုံးဖြတ်မည်


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ကမ္ဘာလှည့်ခရီးသည်စုံတွဲအား သတ်ဖြတ် မှုဖြင့် ဖမ်းဆီးခံထားရသူ မြန်မာနှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးရန် ထိုင်းရှေ့နေများ ကောင်စီက အောက်တိုဘာ ၁၃ ရက်တွင် ဆုံးဖြတ်မည်ဟု ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် အောက်တိုဘာ ၁၃ ရက်က ဖော်ပြထားသည်။

ဟောင်ကောင်ဒီမိုကရေစီတောင်းဆိုမှုကြောင့် အစိုးရရပ်တည်ချက် မပြောင်းဟုဆို


ဟောင်ကောင်မှာ ဆန္ဒပြတောင်းဆိုမှုတွေ ဘယ်လိုပဲ လုပ်ပေမယ့်လည်း တရုတ်အစိုးရရဲ့ ရပ်တည်ချက် ပြောင်းလဲဖို့ လုံးဝမရှိနိုင်ဘူးလို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး က ပြောဆိုပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ရုပ်မြင်သံကြားအမေးအဖြေခန်းမှာ အုပ်ချုပ်ရေးမှူး စီဝိုင်လျန် (C.Y Leung) က အခုလို ပြောကြားလိုက်ပြီး သူလည်း နုတ်ထွက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ထားပေးရန် ကာချုပ်ထံ တင်ပြမည်


မြန်မာ့တပ်မတော်အနေနဲ့ တရားဝင်သတင်း ထုတ်ပြန်ပေးမယ့် ပုဂ္ဂိုလ်နဲ့စင်တာတွေထားပေးဖို့ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှာ မြန်မာသတင်းသမား တွေက တင်ပြတောင်းဆိုသွားဖို့ ရှိနေ ပါတယ်။

မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေး ဆရာဝန် ၃၀၀ ကျော်သာရှိ



သြစတြေးလျနိုင်ငံသား ၄၅% ကျော်ဟာ ဘဝ တကွေ့မှာ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုတွေ အနည်းဆုံး တစ်ကြိမ် ခံစားရလေ့ ရှိပြီး အသက် ၂၅ နှစ်အောက် လူငယ်တွေဟာလည်း ၃ ယောက်မှာ တစ်ယောက်နှုန်းနဲ့ စိတ်ကျန်းမာရေး ချို့တဲ့မှုကို ခံရတယ်လို့ သိရပါတယ်။

ရုရှားစစ်သား ၁၇၀၀၀ တပ်ဆုတ်ဖို့ ပူတင် အမိန့်ပေး


ယူကရိန်းနယ်စပ်မှာ ​နေရာယူထားတဲ့ ​ရုရှား ​စစ်သား ​အယောက်ပေါင်း ​၁၇၀၀၀ ​ကို ​တပ်ဆုတ်ဖို့ ​ရုရှား ​သမ္မတ ​ဘလာဒီမီယာ ​ပူတင်က ​အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ယူကရိန်းအရေးနဲ့ ​ပတ်သက်ပြီး ​ရုရှားဟာ ​ယူကရိန်းသူပုန်ကို ​ထောက်ပံ့မှု လုပ်သလို ​စစ်တပ်ပို့ဆောင် ​ကူညီတာမျိုးတွေ ​လုပ်တယ်ဆိုပြီး ​အနောက် တိုင်းနိုင်ငံတွေရဲ့ ​စွပ်စွဲမှုကို ​ခံနေရပါတယ်။

ဂါဇာဒေသ ပြန်လည် ထူထောင်ရေး ဒေါ်လာသန်း ၅,၄၀၀ ထောက်ပံ့မည်


မြေထဲပင်လယ်တလျှောက်က စစ်ဘေးဒဏ်သင့်နေတဲ့ ပါလက်စတိုင်းနယ်မြေ ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ဖို့  ဒေါ်လာ ၅.၄ ဘီလျံ ကူညီသွားမယ်ဆိုပြီး ကမ္ဘာတ၀ှမ်း ခေါင်းဆောင်တွေက ကတိပြုခဲ့ကြပါတယ်။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီး နုတ်ထွက်


ယူကရိန်းနိုင်ငံအရှေ့ပိုင်း ငြိမ်းချမ်းရေးရရှိဖို့ ရုရှားနဲ့ အဆင့်မြင့်ဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်နေချိန်မှာပဲ ယူကရိန်းသမ္မတ Petrol Poroshenko ဟာ သူ့ကာကွယ်ရေးဝန်ကြီးရဲ့ နုတ်ထွက်လွှာကို လက်ခံလိုက်ပါ တယ်။

၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် အောက်တိုဘာ ၁၅ ရက်နေ့ စတင်မည်


နိုင်ငံရေးပါတီ ၅၆ ပါတီ ကိုယ်စားပြု နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို အောက်တိုဘာ ၁၅ ရက်နေ့တွင် စတင်ရေးဆွဲမည် ဖြစ်ကြောင်း မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီဝင် ဦးစောသန်းမြင့်က ပြောကြား သည်။

သြစတြေးလျကုမ္ပဏီနှင့် တရားဝင်သဘောတူညီချက်ပြုလုပ်ခဲ့ခြင်းဟု ဟောင်ကောင် အုပ်ချုပ်ရေးမှူးပြောကြား


ဟောင်ကောင်အုပ်ချုပ်ရေးမှူး လျောင်ချွန်ယင်က မိမိနှင့်  သြစတြေးလျနိုင်ငံမှ အင်ဂျင် နီယာ ကုမ္ပ ဏီ UGL တို့ သဘောတူညီခဲ့သော အမေရိကန်ဒေါ်လာ ၄၅ သန်း (ဟောင်ကောင်ဒေါ်လာ သန်း၅၀) တန် အရောင်း အ၀ယ် စာချုပ်သည် ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်က ပြောကြား လိုက်သည်။

အမျိုးသားအလံ ဒီဇိုင်းထုတ်ဖော်မည့် အင်းဆုံဆည်းရာနေ့ ကျင်းပမည်


စတုတ္တအကြိမ်မြောက် အင်းဆုံဆည်းရာနေ့ကို အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး အင်းအမျိုးသားအလံဒီဇိုင်းကို ပထမဆုံးအကြိမ်ထုတ်ဖော်ပြသမည်ဟု အင်းဆုံဆည်းရာနေ့ ဖြစ်မြောက်ရေး ဗဟို ကော်မတီဦးစီးအဖွဲ့ အမှုဆောင် ဦးသာဒိုးက ပြောသည်။

ယူရို ၂၀၁၆ ခြေစစ်ပွဲ စပိန်၊ အင်္ဂလန်နှင့်ဆွီဒင်အသင်းတို့ အနိုင်ရ


အောက်တိုဘာ ၁၂ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်တွေမှာ အသင်းကြီးတွေထဲက စပိန်၊ အင်္ဂလန်နဲ့ ဆွီဒင်တို့ အနိုင်ရသွားပါတယ်။ စပိန်က အဝေးကွင်းမှာ လူဇင်ဘော့ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားတာပါ။ ပြီးခဲ့တဲ့ တပတ် ခြေစစ်ပွဲစဉ်မှာ စလိုဗက်ကီးယားကို ရှုံးထားပေမယ့်လည်း ဒီပွဲမှာ စပိန်အသင်း သက်တောင့်သက်သာနဲ့ အနိုင်ရသွားတာပါ။

အောက်တိုဘာ ၁၂ ရက်နေ့ အာရှယူ ၁၉ ချန်ပီယံရှစ် ရလဒ်များ



မြန်မာက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ အာရှယူ ၁၉ ချန်ပီယံရှစ် အုပ်စု (ဒီ) ပွဲစဉ်တွေကို အောက်တိုဘာ ၁၂ ရက်နေ့က ၀ဏ္ဏသိဒ္ဓိကွင်းမှာ ယှဉ်ပြိုင်သွား ပါတယ်။ ပထမပွဲမှာ အိုမန်နဲ့ မြောက်ကိုရီးယားတို့ ၁ ဂိုးစီ သရေ ကျသွား ပါတယ်။ ခြေရည်တူ အသင်းတွေ ဖြစ်လို့ အပြန်အလှန် ထိုးဖောက် ကစားနိုင်ပေမယ့် အိုမန်က အခွင့်အရေး ပိုရခဲ့ တာပါ။

အမေရိကန်တွင် ဆေးဝန်ထမ်းတဦး အီဘိုလာ ထပ်မံကူးစက်ခံရ


အမေရိကန်နိုင်ငံမှာ အီဘိုလာရောဂါသည် Thomas Eric Duncan ကို ဆေးကုသခဲ့တဲ့ ဆေးဝန်ထမ်းတဦး လည်း အီဘိုလာရောဂါ ကူးစက်ခံရပြန်တယ်လို့ တက္ကဆက်ပြည်နယ်ကျန်းမာရေးဌာနက မနေ့က ထုတ်ပြန် ပါတယ်။အောက်တိုဘာ ၁၀ ရက်နေ့က သူ့ရဲ့ ကိုယ်အပူချိန်တက်လာတာနဲ့ သီးသန့်ခွဲခြားပြီး ဆေးကုသမှု ပေးနေပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့ဘက် ဆိုင်ကလုန်း ၀င်ရောက်၊ ၆ ဦး သေဆုံး


အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းက Visakhapatnam ဆိပ်ကမ်းမြို့ကို ဗဟိုပြုပြီး အောက်တိုဘာ ၁၂ ရက်နေ့ က Hudhud ဆိုင်ကလုန်းမုန်တိုင်း စတင်ဝင်ရောက်ခဲ့ပြီး သေဆုံးသူအနည်းဆုံး ၆ ဦး သေဆုံးခဲ့ပါတယ်။

လေတိုက်နှုန်း တနာရီကို ၁၂၀ ကျော်ရှိပြီး ပင်လယ်ရေ ၁ မီတာကနေ ၂ မီတာအမြင့်ထိတက်နိုင်တာ ကြောင့် မြို့ပတ်ဝန်းက မြေနိမ့်ပိုင်းတွေ ရေနစ်မြုပ်နိုင်တယ်လို့ အိန္ဒိယမိုးလေ၀သဌာနက ခန့်မှန်းထားပါ တယ်။

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ဆွေးနွေးရာတွင် ဧရာဝတီမြစ် အနောက်ဘက်ကမ်း တန့်ကြည့်တောင်စေတီတည်ရှိရာ ဒေသကို ထိန်းသိမ်းရန် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ လိုလား


ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် တင်သွင်းနိုင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ အောက်တိုဘာ ၁ဝ ရက်မှ ၁၂ ရက်အထိ ကျင်းပလျက်ရှိရာ ဆွေးနွေးပွဲတွင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ တန့်ကြည့်တောင် စွယ်တော်စေတီတည်ရှိရာ ဒေသကိုလည်း ထိန်းသိမ်းရေးဇုန်အတွင်း ထည့်သွင်းထိန်းသိမ်းသွားသင့်ကြောင်း ဆွေးနွေးပွဲတက်ရောက်လာသူ ပြည်တွင်း /ပြည်ပ ပညာရှင်များက သုံးသပ်ပြောကြားသည်။

My Blog List