Monday, September 15, 2014

“ကျနော်တို့ နိုင်ငံသားတွေကို ထပ်ပြီး အနိုင်ကျင့်ရင်တော့ လုပ်ဦးမှာပဲ”


ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှ  မြန်မာနိုင်ငံ မြဝတီမြို့ကတဆင့် တင်သွင်းလာတဲ့ မော်တော်ဆိုင် ကယ် အပါအဝင် တခြား ကုန်ပစ္စည်းတွေ အပြည့်တင်ဆောင်လာတဲ့ ကုန်တင်ကားကြီး အစီး သုံးဆယ်ကို မြဝတီအခြေစိုက် ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)မှ ဗိုလ်မှူးကြီး တိုက်ဂါး ဦးဆောင်တဲ့အဖွဲ့က ပြီးခဲ့တဲ့ စနေနေ့က  ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ခေါင်းလောင်းရှိ မရှိ မသိဟု ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့က ပြောဆို


ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှု ၁၇ ရက်အကြာ သြဂုတ်လ ၂၆ ရက်နေ့က တရားဝင်ထုတ်ပြန်ထား
သော ဓမ္မစေတီ ခေါင်းလောင်း တွေ့ရှိထားပြီ ဖြစ်ကြောင်းနှင့် ခေါင်းလောင်းအား ကြိုးချည်နိုင်ခဲ့ ပြီဆိုသော ထုတ်ပြန်ချက်မှာ ခေါင်းလောင်း တူးဖော်ခွင့် ရရှိထားသူ ဦးစံလင်း၏ ဆက်သွယ်ပြောဆိုမှု နှင့် ဖုန်းမက်ဆေ့ ခ်ျအရ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်တွေ့တွင် ခေါင်းလောင်းကြီး ရှိ မရှိကိုပင် မသိရှိကြောင်း ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့မှ ပြန်ကြားရေးအဖွဲ့က ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၄ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

IS နဲ့ အဆက်သွယ်ရှိသူလို့ သံသယရှိသူ ၇ ဦးကို အင်ဒိုဖမ်းမိ


IS ​အစ္စလာမ်မစ်နိုင်ငံ ​တည်ထောင်သူ ​အဖွဲ့ရဲ့ဂျီဟတ်ဒစ် ​လို့ယူဆရသူ ​တူရကီနိုင်ငံသား ​လေးဦးကို ​အင်ဒို နီးရှား ​အကြမ်းဖက်မှု ​တိုက်ဖျက်ရေးတပ်က ​ဖမ်းဆီးလိုက်ပါတယ်။ တူရကီလူမျိုး ​လေးဦးအပြင် ​အင်ဒိုနီးရှား
နိုင်ငံသား ​သုံးဦးကိုပါ ​ဖမ်းဆီးခဲ့တာ ​ဖြစ်ပါတယ်။

David Haines ကို လည်လှီးခဲ့သူကို မြေလှန်ရှာမယ်လို့ဆို


ISIS ​အကြမ်းဖက်အဖွဲ့ကို ​တိုက်ခိုက်ဖို့ ​အမေရိကန်နဲ့ ​မဟာမိတ်နိုင်ငံတွေ ​စီစဉ်နေတုန်းမှာပဲ ​ဗြိတိန်အစိုးရ ကလည်း ​သူ့နိုင်ငံသား ​David ​Haines ​ကို ​လည်လှီး ​သတ်ဖြတ်ခဲ့တဲ့ ​ISIS ​အဖွဲ့ဝင်ကို ​မြေလှန် ​ရှာဖွေမှုတွေ ​လုပ်သွားမယ်လို့ ​ပြောလိုက်ပါတယ်။

ကြိုတင်ခွင့်ပြုချက်မယူပဲ စစ်ဆင်ရေးလုပ်ရင် တုန့်ပြန်မယ်လို့ ဆီးရီးယားပြော


ဆီးရီးယားနိုင်ငံအတွင်းက ​IS ​အကြမ်းဖက် ​စစ်သွေးကြွတွေကို ​ဝေဟင်ကနေတဆင့် ​နှိမ်နင်းမယ်လို့ ​အမေရိကန် ​သမ္မတက ​ကြေညာပြီးတဲ့နောက် ​ဆီးရီးယား ​အစိုးရက ​သူ့ရဲ့  ​ခွင့်ပြုချက်အရင်မယူပဲ ​ဆီးရီးယားနယ်အတွင်း ​စစ်ဆင်ရေးလုပ်မယ်ဆိုရင် ​ပြင်းထန်စွာ ​တုန့်ပြန်မယ်လို့ ​ပြောလိုက်ပါတယ်။

ကန့်ကွက်နေသည့်ကြားက ပညာရေးဥပဒေမူကြမ်းအားအတည်ပြုပါက ၂ဝ၁၅ သမ္မတသစ်လက်ထက်တွင် ပြင်ဆင်ရန်ကြိုးစားမည်


ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သော အမျိုးသားပညာရေးဥပဒေသည် ဥပဒေသစ်တစ်ရပ် အဖြစ် အသက်ဝင်ခဲ့လျှင် နောင်လာမည့် ၂ဝ၁၅ သမ္မတသစ်လက်ထက်အထိတိုင် ပြင်ဆင်ရန်ကြိုးစား မည်ဟု စက်တင်ဘာ ၈ ရက်တွင် ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂမှ ဥက္ကဋ္ဌ၊ NNER အ ဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက ပြောသည်။

Miss Myanmar World ဆန်ခါတင်မှ ထုတ်ပယ်မှုကို ပက်ထရစ်ရှာရှင်းလင်း


မော်ဒယ်သရုပ်ဆောင် ပက်ထရစ်ရှာဟာ Miss Myanmar World ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆန်ခါတင် ၂ဝဦးစာရင်းတွင် ပါဝင်ရွေးချယ်ခံခဲ့ရာမှ စက်တင်ဘာ ၁ဝရက်တွင် ပက်ထရစ်ရှာမှာ လေ့ကျင့်ရေးရက်များတွင် ပုံမှန်လာရောက်ခြင်းမရှိ၍ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီဟုဆိုကာ ပြိုင်ပွဲမှထုတ်ပယ်လိုက်သည်ဟူသော ကြေညာချက်တစ်ရပ်ကို Miss Myanmar World Page တွင် ဖော်ပြခဲ့ရာ ပရိသတ်တချို့၏ ဝေဖန်မှုများ ထွက်ပေါ်ခဲ့တာကြောင့် ခါးနံပါတ် ၇ ပက်ထရစ်ရှာ ကို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံသား မက်သရူးမေလာကို မြောက်ကိုရီးယားက ထောင်ဒဏ် ၆ နှစ်ချမှတ်


မြောက်ကိုရီးယားလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဗီဇာအား ဆုတ်ဖြဲခဲ့ပြီး ခိုလှုံခွင့် တောင်းခံခဲ့ သည့် အမေရိကန်နိုင်ငံသား မက်သရူးမေလာ အား မြောက်ကိုရီးယား တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ်နှင့် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

အစိုးရနှင့် NCCT ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့ရေးနှင့် ပူးတွဲကော်မတီ ဖွဲ့စည်းပုံကို စက်တင်ဘာတွင် ဆွေးနွေးနိုင်ရန် NCCT ပြင်ဆင်


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တတိယမူကြမ်းနှင့် ပတ်သက်၍ အစိုးရနှင့် NCCT တို့ ဆွေးနွေးရန် ကျန်ရှိနေသည့် နှစ်ဖက်ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေးအပါ အဝင် ကော်မတီဖွဲ့စည်းပုံ များကို စက်တင်ဘာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တွေ့ဆုံဆွေးနွေးရန် ကိစ္စများကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ဆွေးနွေးခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောသည်။

ဓမ္မစေတီခေါင်းလောင်း တူးဖော်မှုအတွက် စုစုပေါင်း ငွေကျပ်သိန်းခုနစ်ရာခန့် ကုန်ဆုံးခဲ့ပြီဟုဆို



ဓမ္မစေတီခေါင်းလောင်းတူးဖော်မှုအတွက် စုစုပေါင်းငွေကျပ်သိန်းခုနစ်ရာခန့် ကုန်ဆုံးခဲ့ပြီးဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက် နံနက် ၅ နာရီခန့်တွင် ဦးစံလင်းက နတ်စင် တစ်ရာဆရာတော်ထံ ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။ ''ခေါင်းလောင်း တူးဖော်ဖို့ သိန်း ၁၅ဝဝရှိတဲ့အနက် ကျပ်သိန်း ခုနစ်ရာ ကုန်ကျပြီးဖြစ်တဲ့အကြောင်းကို ဦးစံလင်းက ဘဘုန်းဆီကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။ ဘဘုန်းကလဲ ဦးစံလင်းကို ပြည်သူ တွေကို မလိမ်ဖို့ရယ် အဖြစ်မှန်အတိုင်း အားလုံးပြောပြဖို့ပြောလိုက်ပါတယ်''ဟု နတ်စင်တစ်ရာဆရာတော်က မိန့်သည်။

နိုင်ငံရေးပါတီ တပ်ပေါင်းစုတွင် ပါဝင်ရေး ရခိုင်အမျိုးသားပါတီ ညီလာခံတွင် ဆုံးဖြတ်မည်


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းဖွဲ့စည်းထားသော ရခိုင် အမျိုးသားပါတီ (ANP) အနေနှင့် မည်သည့် နိုင်ငံရေးပါတီ တပ်ပေါင်းစုတွင် ဆက်လက်ပါဝင်မည် ဆိုသည်ကို စက်တင်ဘာလ နောက်ဆုံး ပတ်အတွင်း ပြုလုပ်မည့် ပါတီညီလာခံတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင် ဦးဦးလှစောက ပြောဆိုသည်။


ပဲခူးမြို့တွင် သံဃာအ တုအယောင်များက အရက် သောက်ပိုက်ဆံတောင်းမှုများ ပြု လုပ်နေသောကြောင့် မြို့နယ်သံ ဃဂိုဏ်းပေါင်းစုံအဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့က ပဲခူးမြို့နေရာအ များအပြားတွင် လိုက်လံစစ်ဆေး မှုများပြုလုပ် ခဲ့ကြောင်း သတင်းရ ရှိသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည်


ဟာသအခြေခံ ရုပ်ရှင်ကားများ ရိုက်ကူးမှု များပြားလာသဖြင့် နှစ်စဉ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း ပရိသတ်ချစ်သော အနုပညာရှင်အချို့ အကယ်ဒမီဆု ရရှိမြဲဖြစ်သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပမည့် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရုပ်ရှင်အစည်း အရုံး နာယကတစ်ဦး ဖြစ်သူ ဒါရိုက်တာဦးနှင်းမိုးက The Voice သို့ ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ဒီနေ့ NLD ဘာတွေလုပ်ဆောင်နေ



မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားဒေသတွေမှာ ဝင်ပြိုင်နိုင်ရေးကို မဟာမိတ် တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟံသာမြင့်က ပြောပါတယ်၊ NLD ပါတီထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တိုင်းရင်းသားဆက်ဆံရေးကော်မတီက မဟာမိတ် တိုင်းရင်းသားအဖွဲ့တွေ ခေါင်းဆောင်တွေနဲ့ လစဉ်ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ ဦးဟံသာမြင့်က ပြောပါတယ်၊ 

အစိုးရနှင့် တွေ့ဆုံလျှင် တင်ပြရမည့်အချက်များ အဆင်သင့်ဖြစ်ရန် နိုင်ငံရေးပါတီတို့ဆွေးနွေး



အပစ်ရပ်ပြီးနောက် ပြည်နယ်နှင့်တိုင်းအသီးသီး၏ ရှေ့အနာဂတ် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ကျင်းပမည့် နိုင်ငံရေး ဆွေးနွေပွဲ မူဘောင်နှင့်ပတ်သက်၍ အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံလျှင် တင်ပြနိုင်ရန် အချက်အလက်များအား တိုင်းရင်းသားပါတီများမှ ကြိုတင်ဆွေးနွေး ပြင်ဆင်နေကြပြီဟု ဖလုံ-စဝေါ်ဒီမို ကရက်တစ်ပါတီမှ ဒု-ဥက္ကဋ္ဌ မန်းအောင်ပြည် စိုးက မဇ္ဈိမကိုပြောသည်။

Sierra Leone မှာ အီဘိုလာကြောင့် ၄ ယောက်မြောက် ဆရာဝန်သေဆုံး



Sierra Leone နိုင်ငံမှာ အီဘိုလာရောဂါနဲ့ စတုတ္ထမြောက် ဆရာဝန်တဦး သေဆုံးသွားပါတယ်။ အဲဒီဆရာဝန်ဟာ Ebola ရောဂါကို တိုက်ဖျက်ရေးမှာ ရည်မှန်းချက်ထားပြီး ဒီလုပ်ငန်းမှာ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ထားသူ ဖြစ်ပါတယ်။ Freetown မှာတည်ရှိတဲ့ Lumley ဆေးရုံရဲ့ အကြီးအကဲဖြစ်သူ Dr. Olivette Buck ဟာ ရောဂါကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ ရှိခဲ့အပြီး ၅ ရက်အကြာ တနင်္ဂနွေနေ့မှာ ကွယ်လွန်သွားခဲ့တာပါ။ 

စကော့တလန် ခွဲရေးတွဲရေး သေချာစဉ်းစားပြီးမှ မဲပေးကြဖို့ ဘုရင်မကြီးတောင်းဆို


UK နိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံ တည်ထောင်ရေးအတွက် ကြာသပတေးနေ့မှာ မဲမပေးခင် Scot လူမျိုးတွေအနေနဲ့ အနာဂတ်အတွက် အသေအချာ စဉ်းစားပြီးမှ လုပ်ဆောင်ကြဖို့ ဗြိတိန်ဘုရင်မကြီး Elizabeth က တောင်းဆိုလိုက်ပါတယ်။

IS အဖွဲ့ကို နှိမ်နင်းဖို့ ဗြိတိသျှ ဝန်ကြီးချုပ် ကတိပြု



ဗြိတိသျှ အကူအညီပေးလုပ်သားတဦးကို အစ္စလာမ်အစွန်းရောက် IS အဖွဲ့က လည်လှီးသတ်လိုက်ပြီးတဲ့နောက် ဒီအဖွဲ့ကို နှိမ်နင်းချေမှုန်းသွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ဒ် ကမ်မ်ရွန်းန် (David Cameron) က အခိုင်အမာပြောလိုက်ပါတယ်။ David Haines ကို သတ်နေတာရိုက်ယူထားတဲ့ ဗွီဒီယိုကို IS အဖွဲ့က ထုတ်ပြန်အပြီး နောက်တရက် တနင်္ဂနွေနေ့ လန်ဒန် မြို့မှာ မစ္စတာကမ်မ်ရွန်းန်က အဲဒီလိုပြောလိုက်တာပါ။

အဂတိလိုက်စားမှု စွဲချက်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ခေါင်းဆောင် ဇီယာ၏ အယူခံများ ပယ်ချခံရ


ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာ၏ အယူခံများကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က တနင်္ဂနွေနေ့က ပယ်ချခဲ့ရာ ၎င်းသည် ထောင်ဒဏ်တစ်သက် ကျခံရနိုင်သည့် အဂတိလိုက်စားမှုဆိုင်ရာ အမှုအခင်းကို ဆက်လက်ရင်ဆိုင်ရတော့မည် ဖြစ်သည်ဟု စက်တင်ဘာ ၁၄ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်အစိုးရအား ဟောင်ကောင် တက်ကြွလှုပ်ရှားသူများက ကတုံးရိတ် ဆန္ဒပြ



ဟောင်ကောင်အပေါ် နိုင်ငံရေးအရ ထိန်းချုပ်မှု ပိုမိုပြုလုပ်လာသည့် တရုတ်အစိုးရ အား ဆန့်ကျင်သည့် အနေဖြင့် Occupy Central တက်ကြွလှုပ်ရှားသူများအဖွဲ့မှ လူ ၄၀ ခန့်က ကတုံးရိတ် ဆန္ဒပြလှုပ်ရှားမှု တစ်ခုကို စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မန်ယူက ကျူပီအာကို ၄ ဂိုးဖြင့် အနိုင်ရ၊ ပရီးမီးယားလိဂ်ဖလား ရယူလိုဟု ဗန်ဂါးပြော


စက်တင်ဘာ ၁၄ ရက်ညက ယှဉ်ပြိင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ကျုပီအာ ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။မန်ယူက ဒီပွဲမှာ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဖာကာအို၊ ဘလိုင်းနဲ့ ရိုဂျိုတို့ ပွဲဦးထွက် ပါဝင် ကစားသွားပြီး ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ထိုးဖောက် ဂိုးသွင်းခွင့်တွေ လည်း ပိုရခဲ့တာပါ။

အမေရိကန် နိုင်ငံတော်သီချင်း သက်တမ်း ၂၀၀ ပြည့် အခမ်းအနား ကျင်းပ



အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံတော်သီချင်း သက်တမ်း ၂၀၀ ပြည့် အခမ်းအနားကို မယ်ရီလန်းပြည်နယ်မှာ စက်တင် ဘာလ ၁၃ ရက်နေ့ကနေ ၁၄ အထိ ၂ ရက်တိတိ ပျော်ပွဲရွှင်ပွဲ တရားဝင်အခမ်းအနားတွေနဲ့ ကျင်းပနေပါတယ်။ နိုင်ငံတော် သီချင်းကို ဖရန့်စစ်စကော့ဒ်ကီး က ၁၈၁၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရေးသားခဲ့တာပါ။ 

နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများအကြား အမြင်မတူမှုများ ရှိနေ



အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး လုပ်ဆောင်ပြီးပါက ရက်ပေါင်း ၆ဝ အတွင်း Framework Meeting ဆောင်ရွက်ရန်နှင့် လက်မှတ်ရေးထိုးအပြီး ရက်ပေါင်း ၉ဝ အတွင်း ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ဆောင်ရွက်ရန် စီစဉ်ထားရာ နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများအကြား အမြင်မတူညီမှုများရှိနေကြောင်း နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၏ ပြောကြားချက်အရ သိရသည်။

ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်သည်များကို သတင်းထုတ်ပြန်ရာတွင် ဦးစံလင်းအနေဖြင့် မလိမ်သင့်ကြောင်း နတ်စင်တစ်ရာဆရာတော် မိန့်ကြား



ပြည်သူအများ စိတ်ဝင်စားနေသော ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်သည်များကို သတင်းထုတ်ပြန်ရာတွင် ဦးစံလင်း အနေဖြင့် မလိမ့်သင့်ဟု သန်လျင်မြို့နယ် နတ်စင်တစ်ရာကျောင်းတိုက်၌ စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင်ပြုလုပ် သော သတင်းစာရှင်းလင်းပွဲ၌ နတ်စင်တစ်ရာဆရာတော် ဘဒ္ဒန္တပညာတေဇက မိန့်ကြားသည်။

အတုအစစ်ခွဲရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုပြုလုပ်ခြင်းကို စစ်ဆေးရန်နှင့် ပြည်သူများ ငွေတုငွေစစ်ခွဲခြားနိုင်ရေး ထုတ်ပြန်ပေးရန် လိုအပ်နေ


အတုအစစ်ခွဲခြားရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုများအား ပြည်သူများခွဲခြားနိုင်မှု မရှိခြင်းကြောင့် နစ်နာမှုများ ကြုံတွေ့နေရသဖြင့် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နိုင်ရန်နှင့် ငွေတုငွေစစ်အား ပြည်သူများခွဲခြားနိုင်ရန် မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ပေးရန် လိုအပ်လာနေကြောင်း သတင်းရရှိသည်။

My Blog List