Wednesday, April 23, 2014

လက်ဖက်ရည် ပန်းကန်လုံးရှိ မိုးသီးများ ကြွေကျ၍ အဘွားအို တစ်ဦးသေဆုံး




ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ် မြို့ နယ်စပ်ရှိ ကျေးရွာများတွင် ဧပြီလ (၇)ရက် နေ့က နှစ်ပေါင်း (၇၀)အတွင်း မကြုံစဖူး ထူး ထူးခြားခြား လက်ဘက်ရည် ပုဂံ လုံးခန့်ရှိ မိုး သီးမိုးများ ရွာသွန်းမှုကြောင့် အဖွားအို တစ်ဦး သေဆုံးသွားခဲ့ပြီး ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ စပျစ်ခြံများ ခြံလုံးကျွတ် ပျက်စီးသွားကြောင်း သိရသည်။

သတင်းစာဆရာကြီး ဦးဝင်းတင် ဈာပနအခမ်းအနား ကျင်းပ



ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဈာပနအခမ်းအနားကို ရေဝေးသုသာန်မှာ ဒီနေ့ ကျင်းပနေပါတယ်။ ဦးဝင်းတင်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ မတ်လ ၁၂ ရက်နေ့ကတည်းက တက်ရောက်ကုသနေ တာဖြစ်ပြီး အထူးစိုးရိမ်ရလို့ အရေးပေါ် အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှုခံယူနေရင်း ကွယ်လွန်သွားတာပါ။

Tuesday, April 22, 2014

တစ်တပ်တည်း တစ်ပါတီတည်းဖြစ်စေရန် သျှမ်းသံဃာတော်နှင့်ပြည်သူ ပူးပေါင်းတောင်းဆို




သျှမ်းပြည်တပ်မတော် တပ်ဖွဲ့တည်းဖြစ်စေရန်၊ သျှမ်းပါတီတစ်ပါတီတည်းဖြစ်စေရန် ပြည်တွင်း ပြည်ပ သျှမ်းသံဃာတော်နှင့်လူထုတို့က လက်မှတ်ရေးထိုး တောင်းဆိုကြကြောင်းသိရှိရသည်။

သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၁၀၄ ဦး ရှိပြီဟု သတင်းထုတ်ပြန်



ပြီးခဲ့တဲ့ ၁ ပတ် ဧပြီ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တောင်ကိုးရီးယား ဆုဝါးသင်္ဘောနစ်မြှပ်မှုမှာ သေဆုံးသူ ဦးရေ ၁၀၄ ဦး ရှိခဲ့ပြီး ၁၉၈ ဦး ဆက်လက် ပျောက်ဆုံးဆဲလို့ ကယ်ဆယ်ရေး အာဏာပိုင်တွေက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

သင်္ကြန်တွင်းကောလာဟလနဲ့ပတ်သက်ပြီး ပရိသတ်ကို အမှန်အတိုင်း ဖွင့်ဟလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်




" သင်္ကြန်ပြတိုက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို စိုင်းစိုင်းခမ်းလှိုင်က ခင်ဝင့်ဝါ၊ နန်းဆုဦးတို့နဲ့ ရိုက်ကူးနေပြီး သင်္ကြန်မှာ သူငယ်ချင်းတွေ မဏ္ဍပ်စုဆောက်ကြတဲ့ အထဲမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်သူ စိုင်းစိုင်း ဆိုတဲ့ကောင်လေး တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာပါ။ သင်္ကြန်မဏ္ဍပ်ကို တာဝန်ယူပြီးလုပ်ရတဲ့ အတွက်နဲ့ ဇာတ်ကားရိုက်ကူး မှုအကြောင်းကို

ပျောက်ဆုံးလေယာဉ် ရှာနေသည့်ဒေသတွင် မုန်တိုင်းဝင်မည်ဟုဆို




ပျောက်ဆုံးမလေးရှားလေယာဉ် MH 370 ကို ရှာနေတဲ့ ဒေသအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဒီနေ့ ၀င်ရောက်ဖို့ ရှိတယ်လို့ အရာရှိတွေက ပြောခဲ့အပြီး မလေးရှား ပြည်သူတွေက လေယာဉ်ပျောက်ကို ရှာဖွေမှု နှောင့်နှေးမှာကို စိုးရိမ်နေကြပါတယ်။

ကချင်နှင့် ရခိုင်ဒေသ သန်းခေါင်စာရင်း ကောက်ရက် ထပ်တိုး




ပဋိပက္ခများ ဖြစ်ပွားလျက် ရှိနေသေးသည့် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ယူမှုကို မူလ သတ်မှတ်ထားသည့် ကာလ နောက်ဆုံးရက် ဧပြီ ၁၀ ရက် နောက်ပိုင်း ခြောက်ပတ်မှ ရှစ်ပတ် အထိ ထပ်မံတိုးပြီး ကောက်ယူ လျက် ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန(လ၀က)မှ သိရသည်။

မဟာတံတိုင်းကြီး အပြို NLD အာဏာ လွန်ဆွဲပွဲ ပြင်းထန်လာနိုင်


သံမဏိလူသား၊ သေသည်အထိ ယုံကြည်ချက်ကို ဆုပ်ကိုင်သွားခဲ့သူ စသည်အားဖြင့် အမည်နာမ အမျိုးမျိုး ကင်ပွန်းတပ်ခြင်းခံခဲ့ရသော ကွန်မြူနစ်အိုကြီး ဟံသာဝတီဦးဝင်းတင်သည် ဒီမိုကရေစီ တိုက်ပွဲကို စိတ်လျှော့ လက်လျှော့၍ ထွက်ခွာသွားခဲ့ပြီ ဖြစ်သော်လည်း မပြီးဆုံးနိုင်သေးသည့် နောက်ဆက်တွဲများစွာ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။

ဦးဝင်းတင်နဲ့ပတ်သက်လို့ ဦးရဲထွဋ် ဘာပြောထားလဲ




ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားချိန်မှာ သမ္မတ ပြောခွင့်ရ၊ ဒု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ ဖေ့စ်ဘုတ်ကနေ ဆရာကြီး ဦးဝင်းတင်နဲ့ ပတ်သက်ပြီး အခုလို ရေးသားထားပါတယ်။ 

မန္တလေးတိုင်း ဝန်ကြီးချုပ်အိမ် မီးလောင်ကျွမ်းမှု တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်စစ်ဆေး




မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၏နေအိမ် လျှပ်စစ်မီး ဝါယာရှော့ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တရားစွဲဆိုရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိ ဝန်ကြီးတစ်ဦး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။ 

နိုင်ငံတကာ သဘောတူညီမှုကို ယူကရိန်း ချိုးဖောက်ဟု ရုရှားစွပ်စွဲ




ယူကရိန်းဒေသတွင်းကဖြစ်နေတဲ့ တင်းမာမှုတွေလျော့ကျဖို့ နိုင်ငံတကာ သဘောတူညီချက်ကို ယူကရိန်း ဘက်က လိုက်နာဖို့ ပျက်ကွက် ခဲ့တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေ လာရို့ (Sergei Lavrov) က ယူကရိန်းကို စွပ်စွဲလိုက်ပါတယ်။

သြစီနဲ့ အင်ဒို တရားဝင် ဆက်ဆံရေး ပြန်လည် မစတင်နိုင်သေးလို့ဆို




သြစတြေးလျနိုင်ငံနဲ့ ​ပူးပေါင်းမှုတွေ ​ပြန်လည်လုပ်ကိုင်ဖို့အတွက် ​လုပ်ဆောင်တဲ့ ​ဆွေးနွေးမှုတွေဟာ ​တိုးတက်မှုတွေ ​ရှိလာပေမယ့် ​တရားဝင်လုပ်ဆောင်နိုင်ခြင်း ​မရှိသေးဘူးလို့ ​အင်ဒိုနီးရှား ​အစိုးရက ​ပြောလိုက်ပါတယ်။

တောင်ကိုရီးယား သင်္ဘောကပ္ပတိန်ကို သမ္မတက ပစ်တင်ရှုတ်ချ




သင်္ဘောကပ္ပတိန် Lee Joon-Seok ကို ဖမ်းဆီးခေါ်ဆောင်သွားစဉ် 

မကြာသေးခင်က ​တိမ်းမှောက်သွားခဲ့တဲ့ ​တောင်ကိုရီးယားနိုင်ငံပိုင် ​သင်္ဘော ​ကပ္ပတိန်ရဲ့ ​လုပ်ရပ်ဟာ ​လုံးဝ ​လက်ခံနိုင်စရာ ​မဟုတ်သလို ​လူသတ်မှုနဲ့တူတယ်လို့ ​တောင်ကိုရီးယား ​သမ္မတ ​Park ​Geun-Hye ​က ​ပြောကြားလိုက်ပါတယ်။

တော်ဝင်မိသားစု Uluru တောင်ကို လည်ပတ်မယ်




ဗြိတိန်တော်ဝင်မင်းသား ​ဝီလီယံနဲ့ ​မင်းသမီးကိတ်တို့ ​မနက်ဖြန်ကျရင် ​သြစတြေးလျနိုင်ငံမှာ ​နာမည်ကြီး လှတဲ့ ​Uluru ​ကျောက်တောင်ရှိရာကို ​လည်ပတ်ကြမှာ ​ဖြစ်ပါတယ်။

မိကျောင်းကန် သပိတ်စခန်းရှိ ပြည်သူများမှ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းအား ၀မ်းနည်းသည့် အထိမ်းအမှတ်ဖြင့် ဆုတောင်းပွဲပြုလုပ်




မိကျောင်းကန် သပိတ်စခန်းရှိ ပြည်သူများမှ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းအား ၀မ်းနည်းသည့် အထိမ်းအမှတ်ဖြင့် ဧပြီ ၂၁ ရက် ညနေ ၆ နာရီခန့်က ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးသာ ပြန်လည်လွှဲပြောင်းနိုင်သေး




တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးကိုသာ ကယ်ဆယ်နိုင်ပြီး ပြန်လွှဲပြောင်းပေးနိုင်သေးကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အေးရှားဝေါလ်ကုမ္ပဏီက နေပြည်တော် လေဆိပ်ဆောက်ရန် နိုင်ငံတော်ထံမှ ဒေါ်လာသန်း ၂၀ ချေးယူသုံးစွဲထားပြီး ၂၀၁၁ ခုနှစ်ကတည်းက အကျေ ဆပ်ရမည်ကို စာချုပ်စည်းကမ်းဖောက်၍ ယခုအထိ အကျေပြန်မဆပ်သေး




အေးရှားဝေါလ်ကုမ္ပဏီ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန် ပြည်သူ့ဘဏ္ဍာငွေထဲမှ ဒေါ်လာ သန်း ၂၀ (ကျပ်သိန်းပေါင်း ၁၉ သိန်းကျော်၊ တစ်ဒေါ်လာ ၉၇၀ ကျပ်နှုန်းဖြင့်) ကို ချေးယူသုံးစွဲထားပြီး ၂၀၁၁ ခုနှစ်တွင် ပြန်လည်ပေးဆပ်ရမည်ကို ယခုအထိ ပြန်မဆပ်သေးကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

တောင်ကိုရီးယားသင်္ဘော ကယ်ဆယ်ရေး လုပ်ငန်းများကို ခရီးသည်များ၏ ဆွေမျိုးများ ဆန္ဒပြ




အထက်တန်းကျောင်းသား အများစု ပါဝင်သွားပြီး ဗုဒ္ဓဟူးနေ့တွင် နစ်မြုပ်သွားသည့် တောင်ကိုရီးယား ကူးတို့သင်္ဘော Sewol ကယ်တင်ရေး လုပ်ငန်းများအပေါ် ခရီးသည်များ၏ ဆွေမျိုးများက ဒေါသတကြီး ဆန္ဒပြနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားရဲနဲ့ ပဋိပက္ခ အတိုက်အခံတွေ ထိခိုက်ဒဏ်ရာရ




ကမ္ဘောဒီးယားနိုင်ငံက ရွေးကောက်ခံ အတိုက်အခံ ဥပဒေပြုလွှတ်တော်အမတ် Mu Sochua ကို ထောက်ခံသူတွေနဲ့ ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့တွေ ဖနွမ်းပင်မြို့ လွတ်လပ်ရေးဥယျာဉ် အပြင်ဘက်မှာတနင်္လာနေ့က အပြန်အလှန် တိုက်ခိုက်မှုခဲ့ကြတဲ့အတွက် လူ ၇ ဦး ဒဏ်ရာရသွားပါတယ်။

ဆီးရီးယားမှာ အဆိပ်ဓာတ်ငွေ့သုံးတဲ့ အထောက်အထားတချို့ ကုလတွေ့




ဆီးရီးယားနိုင်ငံက သူပုန်တွေနေထိုင်ရာ ဒေသတခုမှာ အခုလအတွင်း ဓါတုအဆိပ်ဓါတ်ငွေ့တွေ ပျံ့နေတဲ့ လက္ခဏာ တွေ့ရှိထားကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။

ဦးဝင်းတင်ကွယ်လွန်ခြင်း ဆုံးရှုံးမှုအဖြစ် လုပ်ဖော်ကိုင်ဘက်တွေ ရှုမြင်




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ တနင်္လာနေ့ နံနက် ၆ နာရီခွဲ  ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါပြီ။ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ရတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ် အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှု ခံယူနေရင်း ကွယ်လွန်သွားတာပါ။ ဦးဝင်းတင် ကွယ်လွန်မှုအပေါ်မှာ သူနဲ့အနီးကပ်နေခဲ့ကြတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ စာနယ်ဇင်း အသိုင်းအဝိုင်း ထင်ရှားသူတွေကလည်း ယူကျုံးကြမရ ဖြစ်ရတယ်လို့ ဆိုပါတယ်။ 

ကြားဖြတ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေအပေါ် ကော်မရှင်ဥက္ကဋ္ဌရဲ့အချက်ပေးသံ




အခုတလော ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပြောဆိုချက်တွေဟာ၂၀၁၅ ရွေးကောက်ပွဲ အတွက် အချက်ပေး ခေါင်းလောင်းသံ ဖြစ်နေပြီလားဆိုတာ ဒီတပတ်ဆွေးနွေးတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ခေါင်းဆောင်တွေ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေး




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ဒီကနေတွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ဘယ်လိုပြင်ဆင်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဦးဝင်းတင်ကွယ်လွန်မှုဟာ ဆုံးရှုံးမှုကြီးဖြစ်ကြောင်း NLD ပြောကြား




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားတာဟာ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ဒီနေ့ အောက်မေ့ဘွယ် အခမ်းအနားမှာ သတင်းထောက်တွေကို ပြောပါတယ်။

သင်္ဘောမှောက်မှု လူသတ်မှု ကျူးလွန်ရာကျကြောင်း တောင်ကိုရီးယား သမ္မတပြော




ခရီးသည် (၄၇၆) ဦး တင်ဆောင်လာတဲ့ ကိုရီးယားသင်္ဘော တိမ်းမှောက်မှုဟာ လူသတ်မှုကျူးလွန်သလို ဖြစ်တယ်ဆိုပြီး သင်္ဘောမာလိန်မှူးနဲ့ တာဝန်ရှိသင်္ဘောသားတွေကို တောင်ကိုရီးယားသမ္မတက ဒီကနေ့  အပြစ်တင်လိုက်ပါတယ်။

My Blog List