Tuesday, April 22, 2014

ကန်ဒုသမ္မတ ယူကရိန်းရောက်



အမေရိကန်ဒုသမ္မတ Joe Biden ဟာ ယူကရိန်းသမ္မတအပြင် ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ယူကရိန်းနိုင်ငံကို ရောက်ရှိသွား ပါတယ်။ ယူကရိန်း နိုင်ငံကပဋိပက္ခကို ဖြေလျှော့နိုင်မယ့် သဘောတူညီချက်ရထားခဲ့ပေမယ့် နိုင်ငံအရှေ့ပိုင်းအခြေအနေက ဆိုးရွားဆဲဖြစ်နေချိန်မှာ အခုလို အမေရိကန် ဒုသမ္မတ ရောက်ရှိသွားတာပါ။

Monday, April 21, 2014

ဧရာဝတီ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး လမ်းလျှောက် ဆန္ဒဖော်ထုတ်သူများ မြို့နယ်ရှစ်ခုတွင် တရားစွဲခံရ




ဧရာဝတီ မြစ်ဆုံစီမံကိန်းအပြီး ဖျက်သိမ်းရေးအတွက် ရန်ကုန်မြို့တော်မှ ကချင်ပြည်နယ် မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်သူများကို မြို့နယ်ရှစ်ခုတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားကြောင်း ယင်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ဦးရဲထွဋ်ခေါင်က ပြောကြားသည်။

မားစ်ရောဂါကြောင့် သေဆုံးသူ အယောက် ၂၀ ရှိပြီဟု ဆော်ဒီအစိုးရ ကြေညာ




အရှေ့အလယ်ပိုင်းဒေသမှာ အသက်ရှုလမ်းကြောင်း ရောဂါလက္ခဏာဖြစ်တဲ့ မားစ်ရောဂါကြောင့် သေဆုံးသူ အယောက် ၂၀ ရှိပြီလို့ ဆော်ဒီအာရေဗျအစိုးရက ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ ရုတ်တရက် ကူးစက်မှု တိုးလာတဲ့ရောဂါကြောင့် ၆ ရက်အတွင်း လူ ၄၉ ယောက် ကူးစက် ခံခဲ့ရပြီး ကုသဖို့ ဆေးလည်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဦးဝင်းတင် ၀မ်းနည်းခြင်း အထိမ်းအမှတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံအား အလံတိုင်တ၀က် လွှင့်ထူ





မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ် မီးလောင်ကျွမ်းမှု သက်ဆိုင်ရာ သတင်းမထုတ်ပြန်သေးဟုဆို




မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက လျှပ်စစ်မီး ဝါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန အနေနှင့် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး အရေးယူမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဘာကြောင့်ပြန်ဖြစ်နေသလဲ





ဆရာ ဦးဝင်းတင် ကွယ်လွန်ပြီ





Sunday, April 20, 2014

ဦးဝင်းတင် ကျန်းမာရေးအခြေအနေ စိုးရိမ်ရဆဲ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကအဖွဲ့ဝင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေးဟာ စိုးရိမ်ရဆဲ အခြေအနေမှာရှိနေသေးတယ်လို့ ဦးဝင်းတင်ကို အနီးကပ် ပြုစုပေးနေသူတဦးဖြစ်တဲ့ ကိုပေါက်က ပြောပါတယ်။ ရန်ကုန်ဆေးရုံကြီး က ICU အရေးပေါ်အခန်းမှာ တင်ထားရဆဲဖြစ်ပြီး - အသံမလွှင့်ခင် အချိန်မှာ ဆက်သွယ်မေးမြန်းကြည့်တော့ တတိယ အကြိမ်မြောက် ကျောက်ကပ်ဆေးဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ကိုပေါက်က အခုလို ပြောပြပါတယ်။

တောင်ကိုရီးယားသင်္ဘောမှောက်မှု သေဆုံးသူ ၅၆ ဦး အတည်ပြု

နစ်မြုပ်နေတဲ့ Sewol တောင်ကိုရီးယားကတို့သင်္ဘောထဲကို ရေငုပ်သမားတွေ ဝင်ရောက်ပြီး အလောင်း တချို့ကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။ အခုအချိန်ထိ အတည်ပြုနိုင်သလောက် သေဆုံးသူ ၅၆ ယောက်ရှိသွားပြီး ၂၄၆ ယောက်ကတော့ သေသလား ရှင်သလား မသိရသေးပါဘူး။

ကမ္ဘာတဝန်း ခရစ်တော်ရှင်ပြန် ထမြောက်တော်မူနေ့ ဆင်နွှဲ



အမေရိကန် အရာရှိကြီးများ ဗိုလ်ချုပ်ဂွမ်မော်နဲ့ တွေ့ ဆုံ


အမေရိကန်ပြည်ထောင်စု ကို ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က ရောက်ရှိလာတဲ့ KIA ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့ အဖွဲ့ဝင်လေးဦးဟာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန နဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက ပုဂ္ဂိုလ်တွေ အပါအ၀င် တခြား အရေးကြီး ပုဂ္ဂိုလ်များ နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဧ၀ရက်တောင်တက်သည့် မြန်မာတောင်တက်အဖွဲ့ဝင်တစ်ဦး ကျန်းမာရေးကြောင့် မြန်မာနိုင်ငံပြန်ခဲ့ရ


ဧ၀ရက်ရေခဲတောင် တက်ရောက်မည့် မြန်မာတောင် တက်အဖွဲ့ဝင်များမှ လီဆူးအမျိုး သားတောင်တက် သမား ကီယို ဒွေးမှာ ကျန်းမာရေးချို့ယွင်းမှု ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြောင်း ထူးဖောင် ဒေးရှင်းမှ သတင်းရရှိသည်။

ဧ၀ရတ်တောင်တက်မည့် မြန်မာအဖွဲ့ တောင်ခြေရောက်သည့်နေတွင် ရေခဲတောင်ပြိုကျမှုကြောင့် တောင်တက်သမား ၁၈ ဦး သေဆုံး


နီပေါနိုင်ငံရှိ ဧ၀ရတ်တောင်သို့ မြန်မာနိုင်ငံမှ တောင်တက်အဖွဲ့ ပထမအကြိမ် တက်ရောက် ရန် တောင်ခြေသို့ ရောက်ရှိသည့်နေ့(ဧပြီ ၁၈ရက်)၌ပင် ရာသီဥတုအခြေအနေ အရ ရေခဲတောင် ပြိုကျမှုကြောင့် တောင်တက်နေသည့် နိုင်ငံခြားသားလမ်းပြ ၁၈ ဦး သေဆုံးခဲ့သည်ဟု မြန် မာနိုင်ငံ တောင်တက်အဖွဲ့၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

(၄)ကြိမ်မြောက် တာဝန် ထမ်းဆောင်တော့မယ့် အယ်လ်ဂျီးရီးယားသမ္မတ


ဧပြီလ(၁၇)ရက်နေ့က ကျင်းပခဲ့တဲ့ အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတရာထူး ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ “အဘ်ဒယ်လဇီး ဘူဖလီကာ” ကမဲ(၈၀) ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရရှိခဲ့ပြီး သမ္မတရာထူးကို (၄)ကြိမ်မြောက် တာဝန်ထမ်းဆောင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ 


ဆီရီးယားနိုင်ငံတွင် အဖမ်းခံထားရသည့် ပြင်သစ် သတင်းထောက် ၄ ဦး ပြန်လည်တွေ့ရှိ


ဆီရီးယားမှာ အဖမ်းခံထားရတဲ့ ပြင်သစ်လူမျိုးသတင်းထောက် ၄ ယောက်ကို တူရကီ စစ်သားတွေက နယ်စပ်မှာ တွေ့ရပြီးနောက် ဧပြီလ ၁၉ ရက်နေ့မှာတော့ အိမ်ပြန်သွားကြပါပြီ။

မိထ္တီလာဒုက္ခသည်စခန်း ရေနဲ့ အိမ်သာ အခက်အခဲတွေ့


မိထ္တီလာမြို့ပေါ်ရှိ ရေအရင်းအမြစ်ရုံး ဒုက္ခသည်စခန်းမှာ သောက်သုံးရေ မလုံလောက်တာနဲ့ အိမ်သာတွေလျှံထွက်နေတာကြောင့် စခန်းနေမိသားစုဝင်တွေ အခက်အခဲ တွေ့နေကြတယ်လို့ စခန်းတာဝန်ခံ ဦးအောင်ဌေးက ပြောပါတယ်။ဒုက္ခသည်စခန်းမှာ တနှစ်ကျော်ကြာ နေထိုင်နေကြရတာမို့ အခုလို အခက်အခဲနဲ့ ပြသနာတွေ ရင်ဆိုင်နေကြရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ တလခွဲလောက်က ထဲက စတင်ရင်ဆိုင်ခဲ့ကြရတာလို့လည်း သူက ပြောပါတယ်။

တောင်ကိုရီးယားသင်္ဘောနစ်မြှုပ်မှု သေဆုံးသူ ၄၉ ဦးအထိ ရှိလာပြီး ၂၅၀ ကျော် ပျောက်ဆုံး


တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ရဲ့ ရှာဖွေရေး သင်္ဘောတစင်းဟာ နောက်ဆုံးရှာတွေ့တဲ့ အလောင်းတချို့ကို တင်ဆောင်ရင်း ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဂျင်ဒို ဆိပ်ကမ်းကို ဆိုက်ရောက်ပါတယ်။ သေဆုံးသူ ၄၉ ဦး ရှိသွားပြီလို့ အာဏာပိုင်တွေက အတည်ပြုပြီး ၂၅၀ ကတော့ ရေအောက်မြှုပ်နေတဲ့ သင်္ဘောထဲမှာ ပိတ်မိနေတယ်လို့ ယုံကြည်နေကြပါတယ်။

တီမန်ယန်မန်အရေးအခင်းပြတိုက်တွင် ဒီမိုကရေစီနတ်သမီးရုပ်တု ထားမည်


ဟာင်ကောင်မြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ ၁၉၈၉ တရုတ်နိုင်ငံ တီယန်နန်မန်ရင်ပြင် အရေးအခင်း သမိုင်းဝင်ပြတိုက်ထဲမှာ ထားရှိမယ့် ဒီမိုကရေစီနတ်သမီး ပုံတွဲရုပ်တုကို ဧပြီလ ၁၈ရက်နေ့ က ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားသူတွေက ရွှေ့ပြောင်းခဲ့ကြပါတယ်။

ရန်ကုန်လူဦးရေ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေး

ရန်ကုန်မြို့ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ တရားဝင်ထုတ်ပြန်တာ မရှိသေးဘဲ တမြို့နယ်ချင်း အလိုက် တက်လာတဲ့စာရင်းတွေ ပေါင်းပြီး မှန်းသန်းရေးနေကြတာဖစ်တယ်လို့ ပြည်သူ့အင်အားဦးစီး ဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

ပျောက်ဆုံးမလေးလေယာဉ်ကို ရှာဖွေမည့် မောင်းသူမဲ့ရေအောက်သွားယာဉ် ပြင်ဆင်ပုံ ထုတ်ဖော်ပြသ

ပျောက်ဆုံးမလေးရှားလေယာဉ် MH 370 ကို ရှာဖွေမယ့် မောင်းသူမဲ့ အလိုအလျောက် ရေအောက် သွားယာဉ် ဘလူးဖင်း တွမ်တိဝမ်းကို ပင်လယ်ထဲချဖို့ ပြင်ဆင်နေပုံတွေကို သြစတြေးလျ အာဏာပိုင်တွေ က ဧပြီ ၂၀ ရက်နေ့က ထုတ်ပြလိုက်ပါတယ်။

အီစတာအားလပ်ရက် ယူကရိန်းစစ်ဆင်ရေး ရပ်နား


ယူကရိန်းနိုင်ငံမှာ အစိုးရအဆောက်အဦးတွေကို သိမ်းပိုက်ထားတဲ့ ရုရှားလိုလားသူတွေကို ဖယ်ရှားရေး လုပ်နေတဲ့စစ်ဆင်ရေးကို ရပ်ထားမယ်လို့ ယူကရိန်းအစိုးရက ကြေညာလိုက်ပါတယ်။

မကျွမ်းကျင်အရာရှိ ပဲ့ကိုင်ချိန် ကိုရီးယားသင်္ဘောနစ်မြုပ်


ခရီးသည်အများအပြားကို တင်ဆောင်လာတဲ့ တောင်ကိုရီးယား ကြိုပို့ရေယာဉ် ဘေးကိုစောင်းပြီး နစ်မြုပ် သွားခဲ့ချိန်တုန်းက ပဲ့ကိုင် မောင်းနှင်နေခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ရေယာဉ်ရဲ့ တတိယအရာရှိဟာ အဲဒီရေပြင်မှာ ပထမဆုံးအကြိမ် မောင်းတာဖြစ်တယ်လို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေက ပြောလိုက် ပါတယ်။

ဦးဝင်းတင် နိုင်ငံကူး လက်မှတ် နေ့ချင်းပြီးရရှိ

NLD နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ဟာပြည်ပမှာ ဆေးသွားကုဖို့အတွက် နိုင်ငံကူးလက်မှတ် Passport ကို မနေ့က နေ့ချင်းပြီး ရရှိခဲ့ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

အခြေခံစားသောက်ကုန်ဈေးနှုန်းများ အတက်မရပ်သေး၊ သင်္ကြန်အပြီးတွင် ဈေးပြန်မကျဘဲ ၂၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းထိ ဆက်တက်



မီတာခတိုးမြှင့်မှု၊ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်မှုဟူသော အရှိန်နှစ်ခုကြောင့် စတင်မြင့်တက်လာသော အခြေခံ စားသောက်ကုန်ဈေးနှုန်းများသည် သင်္ကြန်နှစ်ကူးကာလ ရောက်ရှိမှု အရှိန်ကြောင့် ဆက်လက်မြင့် တက်ခဲ့ပြန်သည်။

ဘာသာ မတူသူကို လက်ခံ၍ အိမ်ဖျက်ဆီးခံရ


ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်အုပ်စု ကံစုကျေးရွာမှ နေအိမ်နှစ် လုံးနှင့် အောင်ဇေယျာကျေးရွာမှ နေအိမ်နှစ်လုံးကို ပြီးခဲ့သည့် ဧပြီလ ၁၅ နှင့် ၁၆ ရက်နေ့တွင် ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

My Blog List