Monday, March 17, 2014

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပြည်သူတွေသိနားလည်ဖို့ နယ်လှည့်လှုံ့ဆော်ပေးနေတဲ့ အမေများအဖွဲ့


အမေများအဖွဲ့က ၂ဝ၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် ဂီတမှူးကိုစိုးရေးစပ်ထားတဲ့ ပူးပေါင်ပါဝင် ဆင်နွှဲစို့ သီချင်းနဲ့ မြန်မာနိုင်ငံအနှံ့ကို လှုံ့ဆော်ရေး ထွက်ခဲ့ပါတယ်။ ဒီသီချင်းကိုသီဆိုရင်း အမေများအဖွဲ့က ယိမ်းကရင်း ပြည်သူတွေအနေနဲ့ သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီးသိသင့်သိထိုက်တာတွေကို ပြော ကြားပေးခဲ့ကြောင်း အမေများအဖွဲ့မှ ဒေါ်နွဲ့နွဲ့စန်းက ပြောပါတယ်။

MH370 ကို အင်အားသုံး ရှာနေသော်လည်း မတွေ့နိုင်သေး


ပျောက်ဆုံးနေတဲ့ မလေးရှား ခရီးသည်တင် လေယာဉ် MH370 ကို ရှာဖွေ လျက် ရှိပြီး ယနေ့တိုင် မတွေ့ရသေး ပါဘူး။ 

ရှာဖွေမှုအတွက် ပါဝင်တဲ့ ကယ်ဆယ်ရေး စစ်အင်အားမှာ မလေးရှားက အများဆုံး ဖြစ်ပြီး တရုတ်က ဒုတိယ လိုက်နေ တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
 

၁ ပတ်အတွင်း B ပိုး လုံးဝပျောက်စေမယ့် နည်းလမ်းကောင်း


တကယ်ကောင်းမွန်ပြီး ထိရောက်တဲ့ နည်းလမ်းလေး ဖြစ်လို့ ပြန်လည်မျှဝေပေးလိုက် ရပါတယ်။ ငွေကြေးအမြောင်အများ မကုန်သည့်အတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ရောဂါကုထုံး

ဒုတိယမြောက် တစ်ကိုယ်တော်အခွေကို ဒီနှစ်ထဲမှာ ထွက်နိုင်အောင် ကြိုးစားသွားမယိုတဲ့ အဆိုတော် အိုင်းရင်းဇင်မာမြင့်


Melody World ကနေတစ်ဆင့် အနုပညာလောကထဲကို ၀င်ရောက်လာခဲ့ပြီး နှလုံးသားအရင်းအနှီး ဆိုတဲ့သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့တဲ့ အိုင်းရင်းဇင်မာမြင့် ကို လတ်တလော အနုပညာလူပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါ ‘အိုင်းရင်းအခု လတ်တလောမှာတော့ ရှိုးပွဲတွေပဲ ဆက်တိုက်ဆိုဖြစ်နေပါတယ်။ ခရီးသွားနေရတာ များပါတယ်။

ထိုင်းစစ်ဘက် ရာထူး အပြောင်းအလဲ စာရင်းအား ထိုင်းယာယီ ဝန်ကြီးချုပ် သဘောတူ


ထိုင်းယာယီ ဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ရင်လပ် ၊ ထိုင်းကာကွယ်ရေးဦးစီးချုပ်၊ ထိုင်းကြည်း ၊ ရေ၊ လေတပ် ဦးစီးချုပ်များနှင့် ထိုင်းကာကွယ်ရေး အမြဲတမ်း အတွင်းဝန် တို့သည် ထိုင်းစစ်ဘက် ရာထူး အပြောင်းအလဲ ပြုလုပ်မည့် ဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ် ၂ဝ၃ဦးတို့၏ အမည်စာရင်း နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ဒွန်မောင်းခရိုင် ရှိ လေတပ် ကွပ်ကဲမှုဌာနချုပ်၌ မတ် ၄ရက်နှင့် ၇ရက်တို့တွင် ဆွေးနွေး မှု ပြုလုပ်ခဲ့ပြီး အဆိုပါ အမည်စာရင်းအား သဘောတူညီခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။

ဘားအံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မည်


မကြာမီပြုလုပ်မည့် ဘားအံငြိမ်း ချမ်းရေးဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ကို ဖိတ်ကြားရန် နှစ်ဖက်ခေါင်း ဆောင်များအကြား သဘောတူညီမှု ရရှိထား ပြီဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ဦးလှ မောင်ရွှေက ရန်ကုန်တိုင်းမ် သို့ ပြောသည်။

အိန္ဒိယအတိုက်အခံ ဗာရာဏသီကနေ ရွေးကောက်ပွဲဝင်မယ်


နောက်တက်မယ့် ဝန်ကြီးချုပ်လို့ လူသိများနေတဲ့ Narendra Modiအိန္ဒိယနိုင်ငံမှာ နောက်လကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ ခေါင်းဆောင် Narendra Modi က Varanasi မြို့ ကနေ ဝင်ရောက် ပြိုင်မယ်လို့ ကြေညာခဲ့ပါတယ်။

ပျောက်ဆုံးလေယာဉ် ရှာဖွေဖို့ မလေးအစိုးရက နိုင်ငံပေါင်း ၂၅ နိုင်ငံကို တောင်းဆိုထား


တပတ်ကျော်ကြာ ​ပျောက်ဆုံးနေတဲ့ ​မလေးရှား ​ခရီးသည်တင် ​လေယာဉ်ပေါ်မှာ ​လိုက်ပါ ​စီးနှင်းလာကြ ​သူတွေရဲ့ ​နောက်ဆုံး ​ကိုယ်ရေး ​အချက်အလက်တွေနဲ့ ​ပတ်သက်ပြီး ​သိရဖို့အတွက် ​မလေးရှားအစိုးရက ​သက်ဆိုင်ရာ ​နိုင်ငံတွေကို ​တောင်းဆိုထားခဲ့ပြီး ​အဲဒီအဖြေတွေကို ​စောင့်မျှော်နေတယ်လို့ ​ဆိုပါတယ်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မေလအတွင်း အပြီးသတ် လုပ်ဆောင်မည်ဟု ဦးခွန်ဥက္ကာ ပြောကြား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး လိုလားကြောင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ယုံကြည်လာသောကြောင့် ၂၀၁၄ မေလ မကုန်မီ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့မှ ဦးခွန်ဥက္ကာက ပြောကြားသည်။

မသန်စွမ်း ကျောင်းသားများ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေမှုအား ကယားပြည်နယ် ဝန်ကြီးချုပ် ကြည့်ရှု အားပေး

မြန်မာ တစ်နိုင်ငံလုံးတွင် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြရာ ကယား ပြည် နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန အနေဖြင့် လွိုင်ကော်မြို့တွင် ငါးခု၊ ဒီးမော့ဆိုမြို့တွင် နှစ်ခု၊ ဖရူဆိုမြို့တွင် တစ်ခု၊ ဘော်လခဲမြို့တွင် တစ်ခု၊ ဖားဆောင်းမြို့တွင် တစ်ခု စုစုပေါင်း ၁ဝ ခု၌ ဖြေ ဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၉၈၁ ဦး ရှိကြောင်း သိရသည်။

သင်္ကြန်မှာ တရားစခန်းဝင်ဖြစ်မယ်လို့ ဆိုတဲ့အကယ်ဒမီယွန်းယွန်း

တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးကလေးသရုပ်ဆောင် ဆုကိုရရှိခဲ့တဲ့ ယွန်းယွန်းကို လတ်တလောအနုပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါ ‘ယွန်းယွန်း အခုSky Net ရုပ်သံဇာတ်လမ်းတွဲ တစ်ခုရိုက်ကူးနေတယ်။

လက်ဘနွန် အနီးရှိ သူပုန်များ၏ ခံတပ်မြို့ကို ဆီးရီးယားတပ်များမှ ထိန်းချုပ်နိုင်ခဲ့


ဟဇ်ဘိုလာ စစ်သွေးကြွများကို ကျောထောက်နောက်ခံမှု ပြုသည့် ဆီးရီးယားတပ်များမှ ပုန်ကန်သူများအား တိုက်ထုတ်ပြီးနောက် ယာဘရောက်မြို့အား အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။ ၎င်းထိန်းချုပ်နိုင်မှုကြောင့် မြို့တော် ဒမတ်စကတ်၊ အလက်ပိုမြို့နှင့် မက်ဒီတာရေးနီးယန်း ကမ်းခြေအထိ ဆက်သွယ်မှု လမ်းကြောင်း ကို လုံခြုံစေခဲ့သည်။

ယူကရိန်းမှ ခွဲထွက်ပြီး ရုရှားနှင့် ပူးပေါင်းရန် ခရိုင်းမီးယား လူထု မဲဆန္ဒခံယူပွဲမှ ဆုံးဖြတ်

မဲအရေအတွက် ထက်ဝက်ခန့်ကို ရေတွက်ပြီးနောက်တွင် ၉၅.၅ ရာခိုင်နှုန်းမှာ ရုရှားနှင့် ပူးပေါင်းရန် ဆန္ဒရှိကြသည်ဟု လူထု မဲဆန္ဒ ခံယူပွဲ ခေါင်းဆောင် မစ်ခေးမလေရှဗ်မှ ပြောဆိုခဲ့သည်။ မဲအရေအတွက် အားလုံးကို ရေတွက်ရာတွင် ၈၃ ရာခိုင်နှုန်း ရှိကြောင်းကိုလည်း ဖြည့်စွက် ပြောကြားသွားခဲ့သည်။

အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ


အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရွှေသန်လျင် အခမဲ့ဆေးခန်း မြေနေရာအား ကျူးကျော်အဖြစ် မြို့နယ်စည်ပင်မှ တရားစွဲဆိုထားခြင်းကို သက်ဆိုင်ရာဝန်ကြီးများထံ တင်ပြမည်


ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရွှေသန်လျင် အခမဲ့ဆေးခန်း မြေနေရာအား ကျူးကျော်အဖြစ် မြို့နယ်စည်ပင်မှ တရားစွဲဆိုထားခြင်းကို သက်ဆိုင်ရာဝန်ကြီးများထံ တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသော မလေးရှား လေယာဉ်ကို မောင်းနှင် သွားသည့် လေယာဉ်မှူးမှာ နိုင်ငံရေး ခံယူချက် ပြင်းထန်သူ ဖြစ်ကြောင်း စုံစမ်း တွေ့ရှိ


လွန်ခဲ့သော ၉ ရက်ခန့်က ပျောက်ဆုံးသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ ကို တာဝန်ယူပြီး မောင်းနှင်သွားခဲ့သည့် လေယာဉ်မှူးမှာ နိုင်ငံရေးခံယူချက် ပြင်းထန်သူ တစ်ဦးဖြစ်ပြီး မလေးရှားအတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် အန်ဝါအီဘရာဟင်မ်ကို ထောက်ခံသူတစ်ဦး ဖြစ်သည်ဟု Daily Mail တွင် ဖော်ပြထားသည်။

တံတားနီနေ့ အတွက် ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပို့



အစိုးရနှင့် တပ်မတော် တစ်သားတည်းရှိဟု နိုင်ငံတော်သမ္မတ ပြောကြား


နှစ်ပေါင်း ခြောက်ဆယ်ကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရနှင့် တပ်မတော်မှာ တစ်သားတည်း ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့်မပြုရန် ရခိုင်တွင် လူသိန်းချီ သပိတ်မှောက်


သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခြင်း မပြုလုပ်ရန် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၃ မြို့နယ်၌ မတ်လ ၁၆ ရက်နေ့တွင် ဒေသခံ တစ်သိန်းကျော် ဆန္ဒပြ တောင်းဆိုကြကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးသန်းထွန်းက ပြောကြားသည်။

Sunday, March 16, 2014

မော်ဒယ်လ် အောန်ဆိုင်းကို ကချင် အနုပညာရှင်များ အသင်း ဂုဏ်ပြု

ကိုရီးယားနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သော ၂၀၁၄ Asia Model Festival Award ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုကာ Myanmar Model Award ဆုကို ရရှိခဲ့သည် ကချင်တိုင်းရင်းသူ သရုပ်ဆောင် မော်ဒယ်လ် အောန်ဆိုင်းအား ကချင် အနုပညာရှင်များ အသင်းက ဂုဏ်ပြုဆု ပေးအပ်ပွဲကို မတ်လ ၁၅ ရက်နေ့က မြစ်ကြီးနား မနောကွင်း အတွင်းရှိ မနောရိုးရာ အိမ်တော်တွင် ပြုလုပ်ခဲ့ကြောင်း ကချင် အနုပညာရှင်များ အသင်း ဥက္ကဋ္ဌ ကိုအဘားဒီးက  ပြောကြားသည်။

အောင်ဆုယူအေးစေတီ ထီးတော်တင်ပွဲ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ ကျန်းမာရေးကြောင့် မတက်ရောက်

ဘိုးဘွားဆွေစဉ် မျိုးဆက် တည်ထား ကိုးကွယ်ခဲ့သည့် စေတီတစ်ဆူဟု ဆိုသော စဥ့်ကိုင်မြို့နယ် ပလိပ် အုပ်စု စိတ္တရ ကျေးရွာရှိ အောင်ဆုယူအေးစေတီ ထီးတော် တင်လှူပွဲကို မတ်လ ၁၅ ရက်နေ့ (တပေါင်းလပြည့်)တွင်ကျင်းပရာ ယခင် တပ်မတော်အစိုးရ အကြီးအကဲနှင့် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေမှာ ကျန်းမာရေးကြောင့် တက်ရောက်နိုင်ခြင်း မရှိကြောင်း ယင်းမိသားစု ဆွေမျိုးတစ်ဦးက ပြောကြား သည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ ကနေဒါရောက်မြန်မာတွေ တောင်းဆို


မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပြင်ဆင်စရာအများကြီးရှိနေတဲ့၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ဖို့ ကနေဒါရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုတွေက မတ်လ ၁၅ ရက်နေ့ စနေနေ့မှာ တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

မလေးဝန်ကြီးချုပ်ရဲ့ပြောဆိုချက်အရ လေယာဉ်ပြန်ပေးဆွဲခံရတာ သေချာ


ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်နဲ့ပတ်သက်ပြီး ဂြိုလ်တုရတဲ့ အချက်အလက်တွေအရ လေယာဉ်လှုပ်ရှားမှုဟာ လေယာဉ်ပေါ်မှာပါတဲ့ တစုံတယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဒီကနေ့ နေ့လယ်ပိုင်းက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှား ဝန်ကြီးချုပ် Najib Razak က ပြောလိုက်ပါပြီ။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါက ပြည်ခိုင်ဖြိုးပါတီနှင့် အတိုက်အခံ NLD ပါတီ အပါအ၀င်နိုင်ငံရေး ပါတီ အများစု ၀င်ရောက် ယှဉ်ပြိုင်သွားမည်


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်မည်ဆိုပါက အာဏာရပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အပါအ၀င် နိုင်ငံရေးပါတီ အများစု ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

လေယာဉ်၏ ဆက်သွယ်ရေးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခံရပြီး လမ်းကြောင်းပြောင်းလျက် ၇ နာရီကြာ ခြေရာဖျောက် ပျံသန်းခဲ့ဖွယ် ရှိသော်လည်း ပြန်ပေးဆွဲခံရဟု မလေးရှားဝန်ကြီးချုပ် အတည်မပြုခဲ့


ပြီးခဲ့သည့် မတ် ၈ ရက်က ပျောက်ဆုံးခဲ့သော မလေးရှားလေကြောင်းလိုင်း လေယာဉ်၏ ဆက်သွယ်ရေး စနစ်ကို လေယာဉ်ပေါ်ရှိ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် ဖြတ်တောက် ခဲ့ခြင်းဖြစ်ကြောင်းနှင့် လေယာဉ်သည် ရေဒါမှ ပျောက်သွားခဲ့ပြီးနောက် ၇ နာရီခန့်အထိ ကြာအောင် ပျံသန်းခဲ့ဖွယ်ရှိကြောင်း မလေးရှားဝန်ကြီးချုပ်နာ ဂျစ်ရာဇတ်က မတ် ၁၅ ရက်တွင် သတင်းစာရှင်းလင်း ပွဲ၌ ပြောကြားခဲ့သည်။

My Blog List