Monday, February 24, 2014
မိဘကိုလုပ်ကျွေးရန် အခွင့်အရေး( ၅ )ပါး
# မိဘကိုပြုစုကျွေးမွေးစောင့်ရှောက်ရန်..မိမိမှာစေတနာရှိခြင်း။
# မိမိမှာ..ကျွေးနိုင်သော..အင်အားရှိခြင်း။
ပုဂံသို့ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြေးဆွဲခွင့်ပြုရေး မသေချာသေး
မြန်မာနိုင်တွင် နိုင်ငံခြားသားဧည့်သည်များကို အဓိကဆွဲဆောင်နိုင်သည့် နေရာတခုဖြစ်သော ပုဂံဒေသသို့ နိုင်ငံတကာ လေကြောင်းလိုင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့်ပြုရေးသည် မြန်မြန်ဆန်ဆန်ဖြစ်လာနိုင်ဖွယ် မရှိသေးကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန က ပြောကြားသည်။
Y Talk ၂ နှစ်ပြည့်အတွက် မိဘမဲ့ကလေးကို ပရဟိတ ပျော်ပွဲရွှင်ပွဲ လုပ်ပေးတဲ့ စမိုင်းလ်
အဆိုတော် သရုပ်ဆောင်စမိုင်းလ်က သူနဲ့သူ့ခင်ပွန်း တည်ထောင်လုပ်ကိုင်နေတဲ့ Y Talk International Calling Card ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိဘမဲ့ကျောင်း ၅ ကျောင်းက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်ပေါင်း ၃၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ Charity Fun Fair ပွဲကြီးတခု ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေး ဝဲဂယက်ထဲက ကြီးလေးကြီး
၂၀၁၄ ကို အကူးမှာပဲ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေ၊ အခင်းအကျင်းတွေက သိသိသာသာ ပြောင်းလာတာ တွေ့ရပါတယ်။ အစွန်းရောက် လူမျိုးရေး၊ ဘာသာရေးအုပ်စုတွေ၊ အမျိုးသားနိုင်ငံရေးပါတီ တွေနဲ့ အရင် စစ်အာဏာရှင် လက်ထက်က တိုင်းပြည်ကို ထင်သလိုအုပ်စိုးခဲ့ပြီး အခုလည်း လက်ရှိအာဏာ ပါဝါနဲ့ စည်းစိမ်ဥစ္စာရှိနေသူတွေ ခေါင်းထောင်ထလာတာကို တွေ့ရပါတယ်။
ဖန်စီပုံစံဇာတ်ရုပ်က ငယ်တဲ့အချိန်ပဲ ရိုက်လို့ရတာဆိုတဲ့ ဝတ်မှုံရွှေရည်
ဝတ်မှုံရွှေရည်က ‘အသက်သွင်း လိပ်ပြာ လေးရဲ့ရာဇဝင်’ ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်နဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေတဲ့ ဝတ်မှုံရွှေရည် က ဇာတ်တွေ များလာတာနဲ့ အမျှ ကိုယ်ရိုက်တဲ့ဇာတ်ကိုအမြဲပြန်ကြည့်ပြီး ချိန်ရ တယ်လို့ပြောပြတာကြောင့်..
နိုင်ငံတ၀န်း အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရန် ဆောင်ရွက်မည်
လာမည့် မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် အနယ်နယ် အရပ်ရပ် တွင် အမျိုးသမီး အခွင့်အရေး အပြည့်အဝရရှိရန် ဆောင်ရွက်သွားမည်ဟု အမျိုးသမီး အဖွဲ့အစည်းများက ပြောသည်။
နီပေါနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာမည်
နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကပင် ရွေးကောက် တင်မြှောက်ခံ ရသည့် ဝန်ကြီးချုပ် Sushil Koirala သည် ၎င်း၏ ပထမဦးဆုံး ပြည်ပ ခရီးအဖြစ် မြန်မာနိုင်ငံသို့ မတ်လ ၁ ရက်နေ့တွင် လာရောက်မည် ဖြစ်ကြောင်း နီပေါ အစိုးရက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။
ထိုင်းပေါက်ကွဲမှုတွေအတွင်း ကလေးငယ်တချို့ သေဆုံး
ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်တွေအတွင်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့အတွက် လူသေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
ဗြိတိန်ကြည်းတပ် ဦးစီးချုပ် ပြောင်းလဲ ခန့်အပ်မည်
ဗြိတိန်ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir Peter Wall ၏နေရာတွင် မြေပြင်တပ်ဖွဲ့များ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Sir Nicholas Carter အား ၂ဝ၁၄ ခုနှစ် စက်တင်ဘာလတွင် အစားထိုး ခန့်အပ်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ကာကွယ်ရေး ဝန်ကြီး Philip Hammond က အတည်ပြု ပြောကြားခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ဝေနှင်းပွင့်သုန်နဲ့ပတ်သက်လို့ ကိုမြအေး ဘာပြောခဲ့ဖူးလဲ
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး သမီးဖြစ်သူ ဝေနှင်းပွင့်သုန်နဲ့ပတ်သက်ပြီး ရိုဟင်ဂျာ အရေး လုပ်နေသူလို့ ပြောဆိုဝေဖန်မှုတွေအပေါ် ဧရာဝတီနဲ့ ၂၀၁၂ ခုနှစ် ဇွန်လ တုန်းက အင်တာဗျူးတခု မှာ အခုလို ပြောသွားခဲ့ဖူးပါတယ်။
ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးအတွက် အန်အယ်ဒီ နာယက ဦးဝင်းတင်နှင့် ဆရာတော် ဦးဝီရသူတို့ ဆွေးနွေး
သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) အပါအဝင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင် နဲ့ ဆရာတော် ဦးဝီရသူ တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း တိုက်ခိုက်မှုကြောင့် လူ ၁ ဦးသေ ၄၁ ဦး ဒဏ်ရာရရှိ
ထိုင်းနိုင်ငံအရှေ့ပိုင်း ထရာ့ဒ်ခရိုင်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က တိုက်ခိုက်မှု ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁ ယောက် သေဆုံးပြီး လူ ၄၁ ယောက် ဒဏ်ရာရပါတယ်။
အခြေခံပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်များကို တိုက်တွန်း
အခြေခံဥပဒေပြင်ဆင်ရေးအတွက် အတားအဆီးဖြစ်နေသော ပုဒ်မ ၄၃၆(က)ကို ပြင်ဆင်ရေး လွှတ်တော်တွင် အဆိုတင်သွင်းပေးရန် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြုလုပ်သော ဟောပြောပွဲတွင် ပါဝင်သူများက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းလိုက်သည်။
မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆန္ဒခံယူပွဲ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ကောင်စီ ဥပ္ပါတသန္တိစေတီတော်၌ ပြုလုပ်
မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထုဆန္ဒရယူပွဲကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၏ တပေါင်းကွင်းရင်ပြင်တွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေး အပါအ၀င် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုမှုကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် တာမွေမြို့နယ်၌ လူဦးရေ ၂၀၀၀ ၀န်းကျင်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။
သမီးလေး ရွာသားများကိစ္စ လွှတ်တော်အမတ်ထပ်ပြီး ဆွေးနွေး
စစ်တပ်ပိုင်မြေဆိုပြီး အင်အားသုံးဖယ်ရှားခံခဲ့ရတဲ့ ရန်ကုန်တိုင်း
လှည်းကူးမြို့နယ် သမီးလေးရွာက ရွာသူရွာသားတွေကို
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ဒီနေ့ ထပ်မံ လာရောက်တွေ့ဆုံပြီး နေရာချထားရေးကိစ္စတွေ ဆွေးနွေးသွားပါတယ်။
MSF ထွက်ခွာရေး စစ်တွေမှာ ဒုတိယမြောက်နေ့ ဆန္ဒပြ
ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကူအညီပေးနေတဲ့ နယ်စည်းမထား
ဆရာဝန်များအဖွဲ့ MSF ကို ရခိုင်ပြည်နယ်ကနေ ချက်ချင်းထွက်ခွာသွားပေးဖို့
ရာနဲ့ချီတဲ့ဒေသခံတွေက စစ်တွေမြို့မှာရှိတဲ့ MSF ရုံးခွဲရှေ့မှာ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒီပဲယင်းအရေးတွင် ချိတ်ပိတ်ခံရသောအိမ်များ လျော်ကြေးရရန် ဆန္ဒဖော်ထုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (ဃ)နှင့် (စ)ပယ်ဖျက် ပေးရန်၊ အဓမ္မသိမ်းဆည်း ထားသောမြေများကို မူလပိုင်ရှင်ထံ အမြန်ပြန်ပေးရန်နှင့် ဒီပဲယင်း အကြမ်းဖက်မှုတွင် ခုနှစ်နှစ်ခန့် ချိတ်ပိတ် ခံခဲ့ရသော အိမ်များမှ မိသားစုဝင်များကို နစ်နာကြေးပေးရန် နှင့်ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန်တို့ကို ဖေဖော်ဝါရီ ၂၃ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့သည်။
ကချင်ဒုက္ခသည်တွေ တရုတ်ကူညီ
KIO ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာအစိုးရကြား တိုက်ပွဲတွေဖြစ်နေတဲ့ ၃ နှစ် နီးပါး ကာလအတွင်းမှာ ပထမဦးဆုံးအကြိမ် တရုတ်ကြက်ခြေနီ အဖွဲ့ကနေ ကချင်ပြည်နယ် လိုင်ဇာမှာရှိတဲ့ IDP ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို လာရောက်ပေးအပ်ခဲ့ပါတယ်။
ထိုင်းအစိုးရဆန့်ကျင်ပွဲတွေ တိုက်ခိုက်ခံရ
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူနေသူ လူအုပ်ကိုအမည်မသိသေနတ်သမားတွေက စနေနေ့ညက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၄၁ ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ယူကရိန်းထူထောင်ရေး အကူအညီပေးဖို့ အမေရိကန်ကမ်းလှမ်း
ယူကရိန်းနိုင်ငံမှာ ဒီမိုကရေစီထွန်းကားစေဖို့ နဲ့ ပျက်စီးယိုယွင်းနေတဲ့ နိုင်ငံ့စီးပွားရေးပြန်လည် တည်ဆောက်ဖို့အတွက် အမေရိကန် ပြည်ထောင်စုက ရုရှားနဲ့ တခြားနိုင်ငံတွေနဲ့အတူ လက်တွဲ လုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Jack Lew က ပြောကြားလိုက်ပါတယ်။
Sunday, February 23, 2014
ထိုင်းဆန္ဒပြမှု မြန်မာအလုပ်သမားတွေ ထိခိုက်
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားနေရာက ပြီးခဲ့တဲ့လထဲမှာပဲ အတိုက်အခံတွေက ဘန်ကောက်မြို့တမြို့လုံးကို ပိတ်ဆို့ပြီး အစိုးရယန္တရားတွေ ရပ်ဆိုင်းသွားအောင် လုပ်မယ်လို့ ကြွေးကြော်ခဲ့ကြပေမဲ့ အခုထက်ထိ အစိုးရယန္တရားတွေ မရပ်သေးသလို ဆန္ဒပြမှုတွေကလည်း မရပ်စဲသေးပါဘူး။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ဆက်လက်ဖြန့်ဖြူး ရောင်းချမည့် အစီအစဉ်
၁။ ၂၀၁၃ ခုနှစ်၊ ဧပြီလမှစတင်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည်လစဉ် တန်ဖိုးနည်း မိုဘိုင်းဖုန်း သုံးသိန်းငါးသောင်းစီကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ပြည်သူများအလွယ်တကူ အဆင်ပြေချောမွေ့ စွာ ဆက်သွယ် အသုံးပြုနိုင်ရေးအတွက် ခွဲဝေဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ရောင်းချပြီးသော တန်ဖိုးနည်း မိုဘိုင်းဖုန်း(၃.၇၅)သန်း အပါအဝင် စုစုပေါင်း မိုဘိုင်းဖုန်း (၇.၃၅)သန်းကျော်ရောင်းချခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့် အသည်းရောင် အသားဝါ ဘီပိုးရောဂါ ဖြစ်ပွားနေ
မြန်မာနိုင်ငံမှာ သာမက ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ခန့် ဟာလည်း အသည်းရောင် အသားဝါ ဘီပိုးရောဂါ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်နှစ်စဉ် နှစ်တိုင်း မှာလည်း ရောဂါဖြစ်ပွားသူ ဦးရေဟာ သန်း ၅၀ ခန့် တိုးပွားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသည်းရောင် အသားဝါ ဘီပိုးရောဂါ အကြောင်းကို သိရှိနိုင်စေရန် အတွက် အသည်းရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်ဝင်းက ကျန်းမာရေး ဟောပြောပွဲ တစ်ခုကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မင်းရဲကျော်စွာ လမ်းရှိ UMFCCI မှာ ဟောပြောပေး ခဲ့ပါတယ်။
ကျောက်မျက်လုပ်ငန်းတွင် အမည်ခံ လုပ်ငန်းရှင်များကို အရေးယူပေးရန် ဦးတေဇ ပြောကြား
ကျောက်မျက် တူးဖော်ရေး လုပ်ငန်းများတွင် နိုင်ငံသား အမည်ခံကာ ဝင်ရောက် လုပ်ကိုင်နေသော ပြည်ပ လုပ်ငန်းရှင်များကို စိစစ် အရေးယူပေးစေလိုကြောင်း မြန်မာနိုင်ငံ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတေဇက နိုင်ငံတော် သမ္မတနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

























