တချိန်က သူမဲ့လိုက်သောပုံရိပ်များကို ခဏမေ့လိုက်ကြသည့်အခါ ၂၀၁၄၊ ဇန်န၀ါရီ ၁၄ နံနက်စောစောမှာ သူရှိုက်သိမ်းလိုက်သည့် မျက်ရည်များ၏ အဓိပ္ပာယ်က ပိုမိုပြည့်ဝလာခဲ့မည်ထင်၏။ ၂၀၁၃ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရော်နယ်ဒို ရရှိသွားသည့်အတွက် ကမ္ဘာ့ဘောလုံးလောက ထိပ်တန်းအဖွဲ့များ ရိုးသားမှု လှေကားတစ်ထစ် တက်လှမ်းနိုင်ခဲ့ပြီ ထင်ပြန်ပါသည်။ ဘောလုံး သမိုင်းတစ်လျှောက် မက်ဆီက အကောင်းဆုံး ကစားသမားဆိုသည့်အချက်ကို ငြင်းရန် မရှိသော်လည်း ၂၀၁၃မှာမူ ရော်နယ်ဒိုအတွက် ပြည့်စုံစွာပွင့်လန်းခဲ့သည့် ပန်းတစ်ပွင့်သာ ဖြစ်နေပါ တော့သည်။
Tuesday, January 14, 2014
ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်ခရီးစဉ် စင်းလုံးဌား လေယာဉ်ဖြင့် တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းဖွယ်ရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း နမ့်စန်ခရီးစဉ် တွင် စင်းလုံးဌားလေယာဉ်ဖြင့်
သွားမည်ဖြစ်ပြီး တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းသက်ခွင့်ရရေး
ဆောင်ရွက်နေသည်ဟု နမ့်စန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင်က မဇ္ဈိမကို
ပြောသည်။
12 Years A Slave ဇာတ်ကား ရွှေကမ္ဘာလုံးဆုရရှိ
တနင်္ဂနွေနေ့က ဟောလီးဝုဒ်မှာ ကျင်းပခဲ့တဲ့ ၇၁ ကြိမ်မြောက် ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုပေးပွဲ အခမ်းအနားမှာ ဘယ်သူမှ မျှော်လင့်မထားတဲ့ 12 Years a Slave ဆိုတဲ့ သမိုင်းနောက်ခံ ရုပ်ရှင်ဇာတ်ကားဟာ အကောင်းဆုံးရုပ်ရှင်ဆုကို ဆွတ်ခူးသွားပါတယ်။
Monday, January 13, 2014
အာဖရိကနစ်မြုပ် သင်္ဘောတွင် လုပ်ကိုင်သည့် မြန်မာများ ပြည်တော်ပြန်
မုန်တိုင်းဒဏ်ကြောင့် အာဖရိက အရှေ့ပိုင်းတွင် နစ်မြုပ်ခဲ့သည့် သင်္ဘောတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာသင်္ဘော သားလေးဦး ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာ ကြောင်း အဆိုပါ သင်္ဘောသားများထံမှ သိရှိရသည်။
ဘန်ကောက် မြို့ ကို ပိတ်ဆို့ ပြီ
ရာမာရှစ်တံတားကြီး ၊ ဒွန်မောင်း လေဆိပ် နဲ့  သုဝဏ္ဏ ဘူမိလေဆိပ် ကို သွားတဲ့ လမ်းတွေ ကို ဆန္ဒ ပြသူတွေ က ထရပ် ကားကြီး တွေ မော်တော် ကား တာယာ တွေ နဲ့  ပိတ်ဆို့ ထား လိုက် ပါပြီ။ဘန်ကောက် မြို့ လည် မှာတော့ အရေး ပါတဲ့ လမ်းဆုံ လမ်းခွ တွေ ကို ဆန္ဒ ပြသူတွေ က ၀င်ရောက်လာ လို့ လုံခြုံရေး တပ်ဖွဲ့  တွေ က နောက်ဆုတ် သွား တာ လည်း ရှိ ပြီး စစ်တပ် က တင့် ကား တွေ ရှိ တဲ့ နေရာ ကိုတော့ ဆန္ဒုပြသူ တွေ က ရှောင် သွားတာ တွေ့ ရ ပါတယ်။
မလေးရှားရောက် တရားမဝင် လုပ်သားများကို တစ်ကျော့ပြန် ဖမ်းဆီးမည်
မလေးရှားနိုင်ငံတွင် လုပ်ကိုင်နေသူ အထောက်အထားမဲ့ တရားမဝင် နိုင်ငံခြား လုပ်သားများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံပိုင် ရုပ်သံသတင်း နှင့် သတင်းစာများတွင် ဖော်ပြသည်။
အဆိုပါ ဖမ်းဆီးမှုတွင် ပြည်ထဲရေး လက်အောက်ရှိ အဖွဲ့သုံးဖွဲ့ ပါဝင်မည်ဖြစ်ပြီး တရားမဝင် လုပ်သား လက်ခံထားသော အလုပ်ရှင်များကိုပါ တိတိကျကျ အရေးယူမည် ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော တရားမဝင် လုပ်သားများအားလုံးကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည် ပို့မည် ဖြစ်ကြောင်းလည်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး DR. AHMAD Zahid Hamidi ကပြောကြားသည်။
ယနေ့ကျင်းပမည့် လွှတ်တော်တွင် အမျိုးသမီး ဒုတိယဗိုလ်မှူးကြီး ၂ ဦး တပ်မတော်သားကိုယ်စားလှယ်များအဖြစ် ပထမဆုံးအကြိမ်ပါဝင်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းပေး ရသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ နေရာတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အမျိုးသမီး နှစ်ဦးကို တပ်မတော်က ပထမဆုံးအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ပေး အပ် ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် အစိုးရပိုင်မီဒီယာများတွင် ဖော်ပြပါရှိသည်။
အယ်လ်ဂိုးကို ဘန်ကောက်မှာအလိုရှိသည်
ယခုဆောင်းပါးကို သင်စတင်ဖတ်နေချိန်မှာ ဘန်ကောက်မြို့ကြီးကတော့ သူ၏အကြမ်းတမ်းဆုံး နေ့ရက် တစ်ရက်ကို စတင်ဖြတ်သန်းနေပြီဖြစ်သည်။
“ဖရဲသီးနိုင်ငံရေး”ဟု ဆိုရလောက်အောင် တချို့အသီးက အတွင်းကအ၀ါ၊ တချို့အသီးက အတွင်းကနီနေ သည့် ထိုင်းနိုင်ငံရေးပဋိပက္ခက သမိုင်းမှာ (၁၈)ကြိမ် အာဏာသိမ်းခဲ့ပြီးဖြစ်သည့် ထိုင်းစစ်တပ်အား သူတို့ တင့်ကားတွေကို နောက်တစ်ကြိမ်အင်ဂျင်စနှိုးထားဖို့ ဖိအားပေးနေပါပြီ။
ကြက်ဥစားခြင်းဖြင့်ကိုယ်အလေးချိန်လျှော့
ကြက်ဥ တစ်နေ့တစ်လုံး စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူ ပြုဖွယ်ရှိ ကြက်ဥ အား အထူးအစားအစာအဖြစ် ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ်တားဆီး ပေးနိုင်ဖွယ်ရှိသည်ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။
သရုပ်ဆောင်လုပ်တာထက် သီချင်းဆိုတာကိုပဲ ဦးစားပေးပြီးလုပ်ဖြစ် သွားမယ်လို့ ဆိုတဲ့ စုပွင့်ဦး
The Face Shop ရဲ့Top Girl Model 2013 ဆုရှင် စုပွင့်ဦးကို သူမရဲ့ လတ်တလောအနုပညာ လှုပ်ရှား မှုတွေအပြင် ရှေ့ဆက်သွားမယ့် အနုပညာခရီးလမ်းကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါ သူမက ‘စုပွင့် လတ်တလောမှာတော့ ရှိုးပွဲတွေမှာ သီချင်းဆိုဖြစ်နေပါတယ်။
အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်သုံးမှုကို ပိတ်ပင်ဖို့  တရုတ်အစိုးရ ကြိုးပမ်းလှုပ်ရှားနေ
ဆေးရွက်ကြီးသုံးစွဲမှု ကမ္ဘာမှာ အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ အများပြည်သူနှင့်ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးမှုကို ဒီနှစ်ကုန်လောက်မှာ ပိတ်ပင်ဖို့ ရည်ရွယ်ထားကြောင်း CNN သတင်းဌာနက တင်ပြခဲ့ပါတယ်။
ကမ္ဘာ့ ဆေးလိပ်သောက်သုံးသူဦးရေရဲ့ သုံးပုံတစ်ပုံဟာ တရုတ်နိုင်ငံကဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့  အစည်း WHO က ဆိုပါတယ်။ ၂၀၁၀ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ တရုတ်နိုင်ငံ အမျိုးသား ဦးရေ ထက်ဝက်ကျော်ဟာ ဆေးလိပ်သောက်သုံးကြတယ်လို့ သိရပါတယ်။
အဆိုတော် ရွှေရည်သိန်းတန်ရဲ့ ကွာရှင်းပြတ်စဲပြီးကြောင်း ကြော်ငြာ
အဆိုတော် ရွှေရည်သိန်းတန်နဲ့ သူ့ရဲ့ ခင်ပွန်းသည် ကွာရှင်းပြတ်စဲထားကြောင်း သတင်းစာ ကြော်ငြာ တခုမှာ တွေ့ရပါတယ်။
လော့လော့ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဖျက်သိမ်းရေး ဒေသခံများ ဆန္ဒပြ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် လော့လော့ ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖျက်သိမ်းရေးအတွက် ယင်းကျေးရွာ တစ်ဖက်ကမ်းရှိ သမုတ်ဒေသခံ ၁၅၀ ဝန်းကျင်ခန့်က ဇန်နဝါရီလ ၁၂ ရက် မွန်းလွဲ တစ်နာရီ အချိန်က ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြသည်ဟု ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
ကိုယ့်ချစ်သူကို အရမ်းချစ်တယ်ဆိုရင်
ကိုယ့်ချစ်သူကို အရမ်းချစ်တယ်ဆိုရင်
သူ့ဆီက အများကြီး မမျှော်လင့်ပါနဲ့ ရိုးသားစွာ
ပေးဆပ်နိုင်အောင်ကြိုးစားပါ
ကိုယ့်ချစ်သူကို အရမ်းချစ်တယ်ဆိုရင်
ကိုယ်ပျော်ရွှင်ဖို့တစ်ခုထဲကို အတ္တတွေနဲ့မတွေးပါနဲ့
သူ့ အတွက်ဆိုတဲ့အတွေးလေးရှိနေပေးပါ
Miss တစ်ယောက် အနေနဲ့ ရေရှည်ရပ်တည် သွားဖို့က လက်ရှိနေရာမှာ အဆင်မပြေဘူး နန်းခင်ဇေယျာ
Miss တစ်ယောက် အနေနဲ့ ရေရှည်ရပ်တည် သွားဖို့က လက်ရှိနေရာမှာ အဆင်မပြေဘူး နန်းခင်ဇေယျာ ဇာတ်ညွှန်း အရင် ဖတ်ကြည့်ပြီး ကိုယ်လည်း လုပ်နိုင်မယ့် ဇာတ်ကား မျိုးဆိုရင်တော့ ရိုက်ဖြစ်မှာ ပါဆိုတဲ့ မော်ဒယ်နန်းခင်ဇေယျာက "လတ်တလောမှာ ကြော်ငြာတွေရိုက်ဖြစ်တယ်။ ပြီးတော့ ဇန်နဝါရီလ၊ ၁၅ ရက်နေ့မှာ ညီမရဲ့ ဒုတိယမြောက် ဗီဒီယိုကား စရိုက်မယ်။ ပုံစံလေးကတော့ သင်္ကြန်ကားလေးဖြစ်တဲ့အ တွက် ပေါ့ပေါ့ပါးပါးပုံစံမျိုးလေးလို့ ပြောတယ်။
သက်မွန်မြင့် စက်ရုပ်မဟုတ်ပါ
သက်မွန်မြင့်ရဲ့ ပရိသတ်ဖေ့စ်ဘုတ်စာမျက်နှာမှာ နောက်ဆုံးတင်ထားတာ ၂ ခုကတော့ သူတို့စုံတွဲဓာတ်ပုံ နဲ့ စာပိုဒ်တပိုဒ်ပါပဲ။
ဓာတ်ပုံမှာတော့ ဆိုင်ကယ်မောင်းတဲ့သူ့ခင်ပွန်းလောင်းကို နောက်ကဖက်ပြီးလိုက်သွားတာ တွေ့ရမှာပါ။
ရေးထားတဲ့စာမှာတော့ ... အနုပညာသမားဟာ စက်ရုပ်မဟုတ်ဘူးလို့ အစချီထားပါတယ်။
အစိုးရအသုံးစရိတ် ဘတ်ဂျက်များ ခွဲဝေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ဥပဒေကြမ်းပေါင်း ၂၅ ခုဆွေးနွေးမည့် လွှတ်တော် အစည်းအဝေးများ ယနေ့စတင်မည်
အစိုးရအသုံးစရိတ် ဘတ်ဂျက်များ ခွဲဝေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ဥပဒေကြမ်းပေါင်း ၂၅ ခုဆွေးနွေးမည့် န၀မအကြိမ်လွှတ်တော်အစည်းအဝေးများကို ယနေ့(ဇန်န၀ါရီ ၁၃ ရက်)တွင် နေပြည်တော် ၌ စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ပြုလုပ်မည့် န၀မအကြိမ်မြောက် လွှတ်တော်အစည်းအဝေးများသည် ဘတ်ဂျက်အစည်းအဝေးများ ဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က တင်ပြလာမည့် ငွေလုံးငွေရင်း အသုံးစရိတ်များ၊ သာမန်အသုံးစရိတ်များ၊ ချေးငွေများနှင့် အခွန်အကောက်ဆိုင်ရာ ကိစ္စများကို အတည်ပြု ဆုံးဖြတ်ပေး ရမည်ဖြစ်သည်။
ထိုင်းအစိုးရကို ဆန့်ကျင်သူတွေ ဘန်ကောက်မြို့ကို စတင်ပိတ်ချ
ထိုင်းနိုင်ငံက လက်ရှိအစိုးရကို ဖြုတ်ချနိုင်ဖို့အတွက် ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့ အလယ်ဗဟိုကို စတင် ပိတ်ချနေပြီးဖြစ်ပါတယ်။
မြို့ကြီးတမြို့လုံးရဲ့ သက်ဝင်လည်ပတ်မှုတွေအားလုံး ရပ်တန့်သွားစေလိုတဲ့ ဆန္ဒပြသူတွေဟာ မြို့ရဲ့ အချက်အချာကျတဲ့ အလယ်ဗဟိုနေရာ ခုနှစ်ခုကို သိမ်းပိုက်ထားပြီးတော့ ဆန္ဒပြနေရာယူထားကြပါတယ်။
မိတ္ထီလာမှာ ကောလဟာလကြောင့် လုံခြုံရေးတွေ တိုးမြှင့်ချထား
မန္တလေးတိုင်း၊ မိထ္ထီလာမြို့မှာ မနေ့ညနေက မိသားစုဝင်အချင်းချင်း စကားများရာကနေ လူသတ်မှုဖြစ် ပွားခဲ့တဲ့အပေါ် ကောလဟာလသတင်းတွေ အမျိုးစုံထွက်ပေါ်နေတာကြောင့် အဲဒီရပ်ကွက်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲတွေကြောင့် ထိုင်းစီးပွားရေးထိခိုက်
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးသူတွေက ဆန္ဒပြပွဲတွေကို နေ့စဉ်လိုလို ပြုလုပ်နေတာမှာ မနက်ဖြန် ဇန်န၀ါရီလ ၁၃ ရက်နေ့ကျရင်တော့ ဘန်ကောက်မြို့တော်ကို လာရောက်လည်ပတ်မှုတွေ ရပ်တန့်သွားတဲ့အထိ အရှိန်မြှင့် ဆန္ဒပြကြဖို့ကို ပြင်ဆင်နေကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့် နိုင်ငံခြားသားတွေအတွက် ခရီးသွားသတိပေးချက်တွေလည်း ထုတ်ပြန်နေသလို၊ ဆန္ဒပြပွဲတွေ အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲအနေနဲ့ စီးပွားရေး လုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေရှိလာနေတဲ့အကြောင်း အသေးစိတ်ကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
ရှိခ်ဟာဆီနာ ဘင်္ဂလားဒေရှ့် ၀န်ကြီးချုပ် ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆို
ဘင်္ဂလားဒေရှ့် ၀န်ကြီးချုပ် ဒုတိယသက်တမ်းအတွက် ရှိခ်ဟာဆီနာက တနင်္ဂနွေနေ့မှာ ကျမ်းသစ္စာ ကျိန်ဆို လိုက်ပါပြီ။ အနည်းဆုံး လူ ၁၈ ဦး သေဆုံး ခဲ့ရတဲ့ နိုင်ငံရဲ့ အကြမ်းဖက်မှုအဆိုးဆုံး ရွေးကောက်ပွဲတွေထဲက တခုဖြစ်တဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲအပြီး အခုလို ကျမ်းသစ္စာ ကျိန်ဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်စုကြည်၏ သားများရှင်ပြု အလှူခွေ
ဂျပန်စာတန်းထိုး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်၏ သားများရှင်ပြု အလှူခွေ ကိုပီတိပွားပြီးကြည့် ရှု့ ကြရအောင်
ဒေါ်အောင်ဆန်စုကြည်
ရေဗက္ကာဝင်းပြောတဲ့ မြန်မာပြည်က လိင်ခွဲခြားမှု
မြန်မာနိုင်ငံတွင် အမျိုးသားနှင့် အမျိုး သမီး ခွဲခြားမှု သိပ်မရှိဟု ထင်ရသည့် အနေ အထား ရှိကြောင်း ရေဗက္ကဝင်းက ပြောသည်။
”အမျိုးသမီးငယ်တွေ မှာလည်း ပညာသင် ခွင့်ရတယ်။ အလုပ်အကိုင် အခွင့်အလမ်း လည်း ရလာကြတယ်။ နေရာ တော်တော်များ များမှာ ကြည့်လိုက်ရင် ဒေါက်တာဘွဲ့၊ မာစတာ ဘွဲ့ တို့မှာ အမျိုးသမီးတွေ ရတာများတယ်။ အလုပ်အကိုင် ခွင့်လမ်းလည်း အမျိုးသမီးတွေ ပိုများလာကြပါတယ်” ဟု ရေဗက္ကဝင်း က ပြော သည်။
ရခိုင်ပြည်နယ် အေးချမ်းရေး ဒိန်းမတ်နိုင်ငံ မင်းသမီးဆွေးနွေး
ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ဒေသခံ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်စေလိုကြောင်း ဒိန်းမတ်နိုင်ငံ တော်ဝင်မင်းသမီး Princess Mary က မနေ့က စစ်တွေမြို့ခံ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ဘာသာရေး အဖွဲ့အစည်းအချို့ကို တွေ့ဆုံပြောကြားခဲ့ကြောင်းသိရပါတယ်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
























