Tuesday, January 07, 2014

မိုးစက်ဝိုင်ရဲ့ နှစ်သစ်ကူး အစီအစဉ်




ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ်ခရီးစဉ် ဓာတ်ပုံများ



ဒေါ်စု ချင်းပြည်နယ် ခရီးစဉ်စတင်



အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​၄ ​ရက်တာ ​ချင်းပြည်နယ် ​ခရီးစဉ်အတွင်း ​ဒီကနေ့မှာတော့ ​တီးတိန်မြို့ကို ​သွားရောက်မယ်လို့ ​သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ချင်းပြည်နယ် ​ခရီးစဉ်အတွင်း ​မနေ့က ​တနင်္လာနေ့ ​ညနေပိုင်းမှာ ​စစ်ကိုင်းတိုင်း ​ကလေးမြို့ကို ​ရောက်ရှိသွားပြီးတော့ ​ဒေသခံ ​ပြည်သူတွေ၊ ​ရဟန်းသံဃာတွေနဲ့ ​အဖွဲ့ချုပ် ​၀င်တွေ ​အများအပြား ​လာရောက် ​ကြိုဆိုခဲ့ကြပါတယ်။

အချိန်အကန့်အသတ်ဖြင့် တိုင်းပြည်တာဝန် ယူရသောကြောင့် ကျန် ၂၄ လတွင် ပြည်သူများ မြန်မြန်ဆန်ဆန် တိုက်ရိုက်အကျိုးခံစားရမည့် လုပ်ငန်းနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အုတ်မြစ်ချရမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား



အချိန်အကန့်အသတ်ဖြင့် တိုင်းပြည်တာဝန် ယူရသောကြောင့် ကျန် ၂၄ လတွင် ပြည်သူများ မြန်မြန်ဆန်ဆန် တိုက်ရိုက်အကျိုးခံစားရမည့် လုပ်ငန်းနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အုတ်မြစ်ချရမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီ ၆ ရက် တွင် နေပြည်တော်ရှိ သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် စီမံကိန်းကော်မရှင် အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

တပ်နေရာချထားရေးကိစ္စ အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ နယ်မြေ တာဝန်ခံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့သည်ဟု KNU ပြောကြား



အစိုးရတပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံးတို့အကြား တပ်နေရာ ချထားရေးများ အကောင် အထည်ဖော် ဆောင်ရွက်ရန် သက်ဆိုင်ရာနယ်မြေ တာဝန်ခံများကို ညွှန်ကြားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ဇန်န၀ါရီ ၆ ရက်တွင် ပြောကြား သည်။

Monday, January 06, 2014

တရုတ် – မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင်ဇုန် ကုန်သွယ်မှု ယခင်နှစ်ထက်ပို



ယခုဘဏ္ဍာနှစ် အတွင်း လက်ရှိကာလအထိ တရုတ် – မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင်ဇုန် ကုန်သွယ်မှု ပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကုန်သွယ်မှု စုစုပေါင်းထက် ပိုရရှိနေပြီ ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

တရုတ် ဆာလ်ဖာ ကုန်သေတ္တာအတွင်း သဲများ တွေ့ရှိဟု အကောက်ခွန် ပြော



ထင်သီဟ ထရေးဒင်း ကုမ္ပဏီလီမိတက်က တရုတ်နိုင်ငံရှိ ကုမ္ပဏီတခုသို့ ကုန်သေတ္တာ ယာဉ်တစီးစာ မှာယူ တင်သွင်း ထားသော စက်ရုံသုံး ဆာလ်ဖာ (Sulphur Black) များ ဆိုသည်မှာ သဲများ ဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန က ပြောသည်။

ထိုင်းတွင် အတိုက်အခံများ ချီတက်ဆန္ဒပြ၊ ဘန်ကောက်ကို သိမ်းပိုက်မည်ဟု သတိပေး



ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ရာထူးမှ နုတ်ထွက်ပေးရန် အတိုက်အခံများက ဘန်ကောက် မြို့တော်၌ တနင်္ဂနွေ့နေ့က ချီတက် ဆန္ဒပြလိုက်ပြီး မြို့တော်ကို သိမ်းပိုက်မည်ဟု ကြိုတင် သတိပေးလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ပြည်သူ့ရဲတပ်ဖွဲ့ကိုကူညီသူအား မူးယစ်သားကောင်များမှငွေ၁၀သိန်းပေးပြီး လက်ပစ်ဗုံးနှင့်ပစ်ခိုင်း



ကချင်ပြည်နယ်မိုးညှင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူများအား ပြည်သူ့ရဲတပ်ဖွဲ့သို့ သတင်းပေးပို့သူ တစ်ဦး၏နေအိမ်သို့ မူးယစ်သားကောင်များက ဇန်န၀ါရီ၅ရက်ည(၈)နာရီခွဲခန့်တွင် လက်ပစ်ဗုံးနှင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။ 

ပင်းဟဲကျေးရွာလယ်မြေမဆုံးရှုံးအောင်ချောင်းချောက်အားထပ်မံတိုးချဲ့ရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှစစ်ဆေး



မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာအုပ်စု အနောက်ဘက်ရှိ ချောင်းချောက်ချောင်းသည် ယခင်မိုးတွင်း ကာလများ၌ တောင်ရေကျသဖြင့်ပြိုကျပြီးကျောက်ခဲ၊ သဲနှုန်းများ လယ်ယာများကို ဖုန်းလွမ်းကာ လယ်၄၅ ဧက ပျက်စီးခဲ့သည်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်တင်အောင်တင်မှ လွှတ်တော် တွင်တင်ပြခဲ့သောကြောင့် ပြန်လည်တူးဖော်ခွင့် ရရှိခဲ့ကြောင်း ဒေသခံ လယ်သမားများထံမှ သိရသည်။

ကျားဖြူပါတီမှ လွှတ်တော်အမတ်က လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းခြင်းနှင့် ဒေသခံတို့နှင့်ဆွေးနွေး



လားရှိုးမြို့တွင် ဦးစိုင်းစံမင်းမှ လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲနှင့် ဒေသခံပြည်သူများ၏ လိုအပ်တင်ပြချက်များ ညှိနှိုင်းဆွေးနွေးပွဲကို ဇန်န၀ါရီ ၅ရက်တွင် ကျင်းပခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က“ကျွန်တော်ဒီပွဲကို ကျင်းပချင်တာပါပြီ၊ ပထမအကြိမ်တုန်းက ပြည်သူလူထု တက်ရောက်တာ အရမ်းနည်းလို့ အထ မမြောက်ခဲ့ပါဘူး။ အခုက ဒုတိယအကြိမ် ဆက်လုပ်တာပါ၊ အခုတခေါက်တော့ အားရပါတယ် မြို့ခံတွေရော ကျေးရွာဒေသခံတွေပါ တက်ရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ပြည်သူတွေအနေနဲ့ ကျွန်တော့်ကို ပွင့်ပွင့် လင်းလင်းဆွေးနွေးကြပါ။ 

ဖေ့စ်ဘွခ်ကြောင့် ကိုယ့်ရဲ့အလှတရားတွေကို ဖော်ထုတ်ခွင့်ရတယ်လို့ ဆိုတဲ့ ဘေဘီမောင်



ဆက်စီကျတယ်ဆိုပြီး ဖေ့စ်ဘွခ်နဲ့ အွန်လိုင်းမှာ နာမည်ကြီးနေသူတွေထဲမှာ ဘေဘီမောင်လည်း တစ်ယောက်အပါအ၀င်ပါပဲ။ သူနဲ့တွေ့ဆုံခိုက် အနုပညာလှုပ်ရှားမှုတွေကို မေးကြည့်လိုက်တဲ့အခါ ‘အခု လတ်တလော ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေပါတယ်။ 

ဘ၀မှာ နေတတ်ဖို့ပဲ လိုတာပါလို့ ဆိုလိုက်တဲ့ အိန္ဒြာကျော်ဇင်



မကြာသေးခင်ကမှ ခင်ပွန်းဖြစ်သူရဲ့ထပ်ဆင့်အကယ်ဒမီနဲ့ပတ်သတ်လို့ သူရတာထက်တောင် ပိုပျော်ပါတယ်လို့ ဖွင့်ဟထားတဲ့ အူဝဲကို တိုတိုထွာထွာမေးခွန်းတွေနဲ့ ထိတွေ့ဖြစ်ခဲ့တဲ့ အခါမှာတော့ ‘အခုဒီကြားထဲမှာ ကားရိုက်မရှိဘူး။ ကြော်ငြာလေးတွေ ပိုစတာလေးတွေ ရိုက်ဖြစ်တယ်။ ကားရိုက်ကတော့ တစ်လတစ်ကားပဲရိုက်တဲ့အတွက် ဖြေးဖြေးနဲ့မှန်မှန်လေး သွားဖြစ်တယ်။ အစ်မ အရင်လောက်ကို ဇာတ်ကားတွေ လက်မခံဖြစ်တော့ဘူး။ မရိုက်ဖြစ်တော့ဘူး။ ဘာလို့လဲဆိုတော့ သမီးလေးအတွက်ကို အချိန်အများကြီးပေးချင်လို့ပါ။ အခုလက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစုဘ၀လေးကိုတော့ အရမ်းကို ကျေနပ်ပါတယ်။ 

ပုရိသတွေကို ဆွဲဆောင်နိုင်တဲ့ မိတ်ကပ်အပြင်အဆင်



ကိုရီးယားနိုင်ငံက မိတ်ကပ်ပညာရှင်တွေရဲ့ ဖွင့်ဟချက်အရ အမျိုးသားအများစုဟာ fancy smoky make up လိမ်းထားတဲ့ အမျိုးသမီးတွေထက် ပေါ့ပေါ့ပါးပါးနဲ့ သဘာဝကျကျ မိတ်ကပ်လိမ်းတတ်တဲ့ အမျိုးသမီးတွေကိုသာ ပိုသဘောကျလေ့ရှိပါသတဲ့။ မိတ်ကပ်လုံးဝ မလိမ်းတာမျိုး မဟုတ်ဘဲ ပါးပါးလေး ပြင်ဆင်ထားတာမျိုးကို ပြောတာပါ။

အင်ဒိုနီးရှား မီးတောင်ကြီး ပေါက်ကွဲမှု မျှော်မှန်းသည်ထက် ပိုကြီးနေ၍ အန္တရာယ်ဇုံ ထပ်တိုးသတ်မှတ်



အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင်ရှိသော နိုင်ငံ၏အမြင့်ဆုံး ဆင်နာဘန်းမီးတောင်ကြီး၏ ပေါက်ကွဲမှုသည်  မျှော်မှန်းထား သည်ထက် အဆများစွာ အင်အားပြင်း ပေါက်ကွဲနေသဖြင့် ယနေ့တွင် အာဏာပိုင်များက အန္တရာယ်ဇုံသတ်မှတ်မှုကို ၅ကီလိုမီတာမှ ၇ကီလိုမီတာအထိ တပ်တိုးသတ်မှတ်လိုက်သည်။မီးတောင် ကြောင့် နေရပ်မှ စွန့်စွာရမည့်သူပေါင်းမှာ နှစ်သောင်းခန့်ရှိနေသည်။

လားရှိုးတွင် နည်းပညာဖလှယ်ပွဲ ကျင်းပ



လားရှိုးမြို့တွင် “Bar camp lashio” အမည်ဖြင့် နည်းပညာဖလှယ်ပွဲတစ်ရပ်ကို လားရှိုးမိုတယ်ခန်းမ၌ ဇန္န၀ါရီ၎ရက်နှင့်၅ရက်ထိ နှစ်ရက်တိုင်ကျင်းပပြုလုပ်သွားသည်။

အဆိုပါပွဲကို မည်သူမဆိုအခမဲ့တက်ရောက်ဆွေးနွေးဖလှယ်နိုင်ပြီး ဖိတ်ကြားကမ်းလှမ်းချက်နှင့်အတူ လားရှိုးကွန်ပျူတာ နည်းပညာရှင်များ၊ အာဏာပိုင်အဖွဲ့အစည်းမှပုဂ္ဂိုလ်များ၊ တက္ကသိုလ်ကျောင်းသား /ကျောင်းသူများ၊ အခြားဝင်ရောက်လေ့လာသူ စိတ်ပါဝင်စားသူများ၊ စီးပွားရေးလုပ်ငန်းများ တက်ရောက် အားပေးကာ တတ်သိနည်းပညာအတွေ့အကြုံများဖြင့် အပြန်အလှန် ဆွေးနွေးကြသည်။

ပြည်ခိုင်ဖြိုးပါတီမှ(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ခမောက်နှင့် ဂုဏ်ပြု



ကချင်ပြည်နယ်မိုးညှင်းမြို့ အရှေ့စုရပ်ကွက်တွင် (၆၆)နှစ်မြောက် လွှတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများကို ပြည်ခိုင်ဖြိုးပါတီမှ ဦးစီး၍ နံနက်၉နာရီမှ စတင်ကျင်းပခဲ့ရာ အားကစား ပြိုင်ပွဲ (၁၅)မျိုးအနက် ရိုးရာရုံးခမောက်ချုပ်ပြိုင်ပွဲကို ထည့်သွင်းခဲ့ကြောင်း သိရသည်။ 

သမ္မတအရည်အချင်းသတ်မှတ်ချက် ၅၉(စ)ကို ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆို



၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါဝင်သောပုဒ်မ ၅၉ (စ)နှင့် ပုဒ်မ ၅၉(ဃ)တို့အား ဖျတ်သိမ်း ပေးရန်အတွက် ဇန်န၀ါရီ ၃ ရက်နေ့၊ နံနက် ၁၀ နာရီခွဲခန့် က ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံ အနီးတွင် ဆန္ဒပြတောင်းဆိုမှုပြု လုပ်ခဲ့ကြသည်။

မိုးသီးဇွန်အမေရိကန်နိုင်ငံသားအဖြစ်သာရှိနေသေး



မိမိမူလကိုင်ဆောင်ခဲ့သော မြန်မာနိုင်ငံသားစီစစ်ရေးကတ်ပြား အားပြန်လည်ထုတ်ပေးပါကလာ မည့် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အဖြစ်ဝင်ရောက်ရွေးချယ်ခံနိုင်ရန် စီစဉ်လျက်ရှိကြောင်းလူဘောင်သစ် ဒီမိုကရက်တစ်ပါတီအားထူထောင် ခဲ့သူမိုးသီးဇွန်ကHot News ဂျာ နယ်သို့ပြောသည်။     

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဆန္ဒပြခံရ



ဇန်န၀ါရီ ၂ ရက်နေ့က တော်ဝင်နှင်းဆီတွင် ကျဆုံးနိုင်ငံ ရေးအကျဉ်းသားများ၏ မိသားစုများအား ဂုဏ်ပြုအလှူငွေပေး အပ်ပွဲကျင်းပနေစဉ် ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အကျဉ်းကျခဲ့ဖူးသူတစ်ဦးနှင့် အခြားလူတစ်ဦးတို့က နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအဖွဲ့ AAPP  အဖွဲ့ကို ဆန္ဒပြကန့်ကွက်ခဲ့ကြောင်း သိရသည်။

ဂတ်စ်ပိုက်လိုင်းပေါက်၍ မီးလောင်မှု ဖြစ်ပွား





ဝန်ကြီးဌာန အရှုံးပေါ်မှုများနဲ့ ဌာနတွင်း အကျင့်ပျက် ခြစားမှုများ



အရှုံးပေါ်တယ်ဆိုတဲ့ အစိုးရဌာနတွေရဲ့ အရှုံးကို ကာမိဖို့ ပြည်သူတွေဆီက အခွန်တိုးကောက်မယ့်အစား သက်ဆိုင်ရာ ဌာနတွေရဲ့ အောက်ခြေ အတွင်းပိုင်းက ခြစားယိုစိမ့်မှုတွေကို အရင်ဆုံး အဖြေရှာ သုံးသပ်ဖို့ ရေးသားထားတာကို နိုဝင်ဘာလအတွင်းက ထုတ်တဲ့ ကုမုဒြာဂျာနယ်မှာ ဖတ်လိုက်ရပါတယ်။

ရင်သားနဲ့ ပန်းချီ ရေးဆွဲတဲ့ အမေရိကန်သူ




မာစီဟော့ခ်သည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှ ပရော်ဖက်ရှင်နယ် ပန်းချီဆရာမ တစ်ဦးဖြစ်သည်။ အခြား ပန်းချီပညာရှင် များနှင့် ကွဲလွဲသော တစ်ချက်မှာ မာစီက စုတ်တံကို အသုံးပြုပြီး ပန်းချီဆွဲရ သည်ကို သမားရိုးကျ ဆန်လွန်းသည်ဟု ယူဆထားခြင်း ဖြစ်သည်။ သူမသည် ဒေါ်လာ (၅၀၀) တန် ပန်းချီကား အတော်များများကို ရောင်းချခဲ့ပြီး ဖြစ်သည်။ 

ကိုယ့်ချစ်သူက ကိုယ့်အပေါ် အချိန်တိုင်းလိုလို ဂရုစိုက်မှုလေးတွေပေးနေတတ်တဲ့အခါ


ကိုယ့်ချစ်သူက ကိုယ့်အပေါ် အချိန်တိုင်းလိုလို
ဂရုစိုက်မှုလေးတွေပေးနေတတ်တဲ့အခါ …
စိုးရိမ်စိတ်လေးတွေရှိ နေပေးတဲ့အခါ သူ့အပေါ်
တန်ဖိုးထားပေးတတ်ဖို့မမေ့လိုက်ပါနဲ့

၂၀၁၄ တွင် GSM လိုင်း လေးသန်း တိုးချဲ့မည်ဟုဆို



ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်အတွင်း မြန်မာ တစ်နိုင်ငံလုံးတွင် GSM/UMTS (Universal Mobile Telephone System) မိုဘိုင်းလ်ဖုန်းလိုင်းလေးသန်း ထပ်မံတိုးချဲ့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

“ဒီတိုးချဲ့တဲ့ လုပ်ငန်းတွေ အပြီးသတ်ဖို့ကို ဇွန်၊ ဇူလိုင်လောက်တော့ အပြီးသတ်နိုင်မယ်လို့ မှန်းထားတယ်” ဟု ၎င်းကဆိုသည်။

My Blog List