Monday, January 06, 2014

အမြန်လမ်းတွင် ရွှေမြင်းပျံ ခရီးသည်တင်ယာဉ် ကတ္တရာခင်းယာဉ်ကို ဝင်တိုက်၊ တစ်ဦးသေဆုံး



ရန်ကုန် - နေပြည်တော် အမြန်လမ်း မိုင်တိုင် ၇ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားတွင် ဇန်နဝါရီလ ၅ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က ခရီးသည် ၄၄ ဦး တင်ဆောင်လာသော ရန်ကုန်-ထားဝယ် ခရီးစဉ် ပြေးဆွဲသည့် ရွှေမြင်းပျံ ယာဉ်လိုင်း ခရီးသည်တင်ယာဉ်မှာ ကတ္တရာခင်းသည့် ယာဉ်ကို ကျော်တက်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း အမှတ်(၃) အမြန်လမ်း ရဲစခန်းမှ စခန်းမှူးဒုတိယရဲမှူး ခင်မောင်အေးက The Voice သို့ ပြောကြားသည်။

သိပ္ပံနဲ့ နည်းပညာ၊ ပညာရေး စနစ်နဲ့ အပြောင်းအရွှေ့ အမိန့်များ



သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဋ္ဌာန (သပန ) မှာ အခု ရက်ပိုင်းအတွင်း ဆရာ၊ ဆရာမ ၁ ထောင်ကျော် အတွက်  ပြောင်းရွှေ့မိန့်တွေ ဆက်တိုက်ထွက်ပေါ်လာပါတယ်။ 

သပန ဆိုတာ အင်ဂျင်နီယာတွေကို မွေး ထုတ်နေတဲ့ ဝန်ကြီးဌာန တခုဆိုရင် လည်း မမှားပါဘူး။ သပန က အကြောင်း တွေနဲ့ ပတ်သက်လို့ ဧရာဝတီက စာတစောင်လက်ခံ ရရှိထားပါတယ်။ အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

မန်းတက္ကသိုလ်ပြန်ဖွင့်ပြီ၊ သို့သော်...



နှစ်ပေါင်းများစွာ ပိတ်ထားပြီး ယခင်လက ပြန်ဖွင့်လိုက်တဲ့ မန္တလေးတက္ကသိုလ်မှာ နေရေးထိုင်ရေး အဆင်မပြေဘူးလို့ ကျောင်းသူကျောင်းသားတွေက ပြောပါတယ်။

အဆောင်မှာကျွေးတဲ့ထမင်းဟင်းက မကောင်းဘူး၊ နည်းလည်း နည်းတယ်၊ လုံလောက်တဲ့အာဟာရ ပါပါ့မလားလို့ စိုးရိမ်နေကြတယ်။ ရေချိုးခန်း အိမ်သာ မလုံလောက်ဘူး။ လျှပ်စစ်မီးလည်း အကန့်အသတ်နဲ့ပဲ သုံးနေရတယ်လို့ရုက္ခဗေဒအထူးပြုကျောင်းသူတဦးဖြစ်တဲ့ မယမင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ကျောင်းသား ပါလီမန်တွင် မိန့်ခွန်းပြောမည်



ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ပြုလုပ်မည့် အိန္ဒိယ ကျောင်းသား ပါလီမန် (Indian Student Parliament (ISM) သို့ တက်ရောက် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

ဟောင်ကောင်မင်းသားနဲ့ တရုတ်နိုင်ငံမှာ ကြော်ငြာရိုက်ကူးခဲ့တဲ့ ယုသန္တာတင်


Monday, January 6, 2014

ယုသန္တာတင်က ရန်ကင်း resident ကြော်ငြာအတွက် ဒီဇင်ဘာလ ၂၄ရက်နေ့က တရုတ်ပြည်မှာ ဟောင်ကောင်မင်းသားနဲ့ အတူ ကြော်ငြာရိုက်ကူး ခဲ့ကြောင်း ပြောပါတယ်။ 

တရုတ်နိုင်ငံက ဒါရိုက်တာ၊ မင်းသား၊ မိတ်ကပ်အဝတ် အစားတွေနဲ့ ကြော်ငြာရိုက်ကူးခဲ့တဲ့ ယုသန္တာတင်က သူ့အတွေ့အကြုံတွေနဲ့ပတ် သက်ပြီး “သူတို့နိုင်ငံမှာ က ကြော်ငြာ မရိုက်ခင် တစ်ရက်ကတည်းက အဲဒီ အတွက် အချိန်ပေးရတယ်။ အဝတ်အစားဝတ်ကြည့်ခိုင်းတယ်။ အဲဒါတွေတော့ ညီမတို့ဆီကနဲ့ ကွာခြား သွားတယ်။ ပြီးတော့ ကိုယ်နဲ့တစ်ခါမှ အလုပ် မလုပ်ဖူးတဲ့သူတွေနဲ့ အလုပ်လုပ်ရတာဆိုတော့ သေချာလေး ရိုက်ကူးခဲ့ ပါတယ်” လို့ ပြောပါတယ်။

သတ္တိရှိရှိ စီးပွားရေးလုပ်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း


Monday, January 6, 2014

လုပ်ငန်းရှင်များ စီးပွားရေး လုပ်ကိုင်ရာတွင် သတ္တိရှိရှိဖြင့် ရဲရဲတင်းတင်း လုပ်ကိုင်ကြရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် စီးပွားရေးအရှိန် မြင့်တက်လာမည် ဖြစ်သည့်အတွက် ယင်းကဲ့သို့ တိုက်တွန်းခြင်း ဖြစ်ပြီး အခွန်အခများကိုလည်း ဖြေလျှော့သင့်သည်များ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောဆိုသည်။

မန္တလေး သတင်းထောက်များ ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြုချက်မရ

Monday, January 6, 2014

Eleven Media Group ၏ နယ်သတင်းထောက် တစ်ဦးဖြစ်သူ မခိုင်ကို အချိန်တစ်လကျော်အတွင်း အမှုစစ်ဆေးပြီး ထောင်ဒဏ် ချမှတ်ခဲ့ခြင်းအပေါ် မန္တလေးမြို့တော်ရှိ သတင်းထောက်များ စုပေါင်း၍ ဆန္ဒထုတ်ဖော်ရန်အတွက် ဇန်နဝါရီလ ၂ ရက်နေ့တွင် အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် လျှောက်ထားခဲ့ရာ ခွင့်ပြုချက် မရရှိခဲ့ကြောင်း မော်ဒန်ဂျာနယ် အယ်ဒီတာဖြစ်သူ ဦးစန်းယုကျော်က ပြောကြားသည်။

Sunday, January 05, 2014

လူပုဂ္ဂိုလ်နှင့် အရပ်ဘက်အဖွဲ့အစည်းမှ ၃၅ ဦး ဂုဏ်ထူးဆောင် ဆုတံဆိပ်များ မန္တလေးတိုင်းအစိုးရ ချီးမြှင့်

Sunday, January 05, 2014

မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၄ ဖြင့် လူပုဂ္ဂိုလ်နှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ၃၅ ဦးအား ဂုဏ်ထူးဆောင် ဆုတံဆိပ်များ ပထမဦးဆုံး ချီးမြှင့်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းသို့ဆုတံဆိပ် ချီးမြှင့်ရာတွင် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုတွင် ရှစ်ဦး၊ စက်မှုစီးပွား ထူးချွန်ဆုတွင် သုံးဦး၊ စိုက်ပျိုးရေးဆိုင်ရာ ထူးချွန်ဆု လေးဦး၊ မွေးမြူရေး ဆိုင်ရာ ထူးချွန်ဆု ငါးဦး၊ ပညာရေးဆိုင်ရာ ထူးချွန်ဆုလေးဦး၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆုတွင် ၁၁ ဦးတို့ ပါဝင်ကြောင်း ယင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

KNUနှင့် သမ္မတ၊ ကာချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ

05 - 01 - 2014
သမ္မတဦးသိန်းစိန်နှင့် ကရင်အမျိုးသားအစည်းအရုံး KNUတို့ ဇန်နဝါရီ ၅ရက် နံနက်ပိုင်းက နေပြည်တော်ရှိ လယ်တောအိမ်ရာတွင် တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကိုပြောသည်။

Saturday, January 04, 2014

ပြည်တွင်းရွှေ ဂရမ်အချိန်ဖြင့် ရောင်းမည်

Saturday, January 04, 2014
ပြည်တွင်း ရွှေဈေးကွက်အတွင်း နိုင်ငံတကာ စံချိန်မီ ရွှေအရည်အသွေးနှင့်အညီ အခေါက်ရွှေ ဂရမ်ပြား များကို ဖေဖော်ဝါရီလအတွင်း စတင်ဖြန့်ဖြူးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးကျော်ဝင်းက The Voice သို့ ပြောကြားသည်။

“ဒီကရွှေက ကျပ်၊ ပဲ၊ ရွေးနဲ့ ဖြစ်နေတော့ ၂၀၁၅ အမီ မြန်မာနိုင်ငံ ဈေးကွက်ထဲကို အာဆီယံနိုင်ငံ အချင်းချင်း ကုန်သွယ်မှုတွေ ဝင်လာရင် ဈေးနှိမ်တာတို့ ဘာတို့ဖြစ်မှာစိုးလို့ ဂရမ်နဲ့တွက်ပြီး ပြည်တွင်း ဈေးကွက်မှာ ထုတ်လုပ် ရောင်းချသွားမှာပါ” ဟု ၎င်းကဆိုသည်။

နိုင်ငံရေးအရ ဖိနှိပ်သည့် ဥပဒေများ ရပ်တန့်ရန် ၈၈ မျိုးဆက်များ တရားဝင် ဆန္ဒဖော်ထုတ်မည်

Saturday, January 04, 2014

နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများနှင့် ကန့်သတ်မှု၊ အရေးယူမှုများကို ရပ်တန့်စေရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဇန်နဝါရီ ၅ ရက်နေ့တွင် တရားဝင် ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ရာတွင် ၈၈ မျိုးဆက် ခေါင်းဆောင်များ ဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ စသည့် ပုဂ္ဂိုလ်များလည်း ပါဝင်ကြမည် ဖြစ်ကြောင်း၊ ပြည်သူလူထု အပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ် ချုပ်ချယ်သည့် ဥပဒေများ၊ ကန့်သတ်မှု၊ အရေးယူမှုများကို ရပ်တန့် လာစေရန်အတွက် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမာကီးက ဧရာဝတီသို့ ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား တက်ရောက်

Saturday, January 04, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူမင်းအောင်လှိုင် သည် ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သော ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့သည် အရာရှိ/ စစ်သည်များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ် များ ပေးအပ်ချီးမြှင့်သည်။

အထက်မြန်မာပြည် သံဃာ့ညီလာခံ ကျင်းပမည်

Saturday, January 04, 2014

မန္တလေးမြို့ပေါ်ရှိ ရဟန်းရှင်လူများဖြင့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့က အထက်မြန်မာပြည် သံဃာအပါး ငါးထောင် ပါဝင်မည့် သံဃာ့ ညီလာခံကြီးကို ဇန်နဝါရီလ ၁၅ ရက်နေ့ (ပြာသိုလပြည့်နေ့) တွင် မန္တလေးမြို့ရှိ အတုမရှိ ကျောင်းတော်ကြီးတွင် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ပေါ်ပေါက်ရန် ဦးဆောင်သည့် ဆရာတော အရှင်ဝီရသူက မိန့်ကြားသည်။

Friday, January 03, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် ချင်းပြည်သူများ တွေ့ဆုံရန် ပြင်ဆင်

Friday, January 03, 2014

လာမယ့်အပတ်ထဲမှာ ချင်းပြည်နယ်ကို ရောက်ရှိလာမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ချင်းပြည်သူတွေ တွေ့ဆုံနိုင်ဖို့ နေရာအခမ်းအနားတွေ ပြင်ဆင်နေကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ်မြို့တော် ဟားခါးကို ဇန်န၀ါရီလ ၉ ရက်နေ့ လာရောက်မှာဖြစ်ပြီး ၀မ်းသူမောင်း အားကစားကွင်းထဲမှာ မနက် ၈ နာရီကနေ ၁၀ နာရီထိ လူထုဟောပြောပွဲပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ဟားခါးခရိုင် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးဟုတ်ချွန်းက ဒီဗွီဘီကို ပြောပါတယ်။

အကျဉ်းသား များလွှတ်ပေး.မန်းအိုးဘိုထောင်မှ နိုင်ငံခြားသားများအပါအ၀င် အကျဉ်းသား ၈၀၀ကျော်၊သာယာဝတီထောင်မှ အကျဉ်းသား၂၈၀ဦးလွတ်မြောက်

Friday, January 03, 2014

မန်းအိုးဘိုထောင်မှာ အကျဉ်းသားစုစုပေါင်း ၈၈၃ယောက် နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ယနေ့လွတ်မြောက်လာခဲ့သည်။
နိုင်ငံခြားသားအကျဉ်းသား ကျား/မ ၄၆ယောက်၊ ပြည်တွင်းအမျိုးသမီးအကျဉ်းသူ ၂၀၀အပါအ၀င် စုစု ပေါင်း ၈၈၃ယောက်လွတ်ပေးမည်ဖြစ်ကြောင်း အိုးဘိုအကျဉ်းထောင်မှ သတင်းရရှိသည်။

အစွန်းနှစ်ဖက်ကို ရှောင်ရှားသင့်ပါသည်

Friday, January 03, 2014

စစ်အေးကာလအပြီးတွင် Bi Polar စနစ်မှ Uni Polar စနစ်ကို ကျင့်သုံးလာသော အမေရိကန် နိုင်ငံသည် Hard Power ကို လက်ကိုင်သုံးစွဲပြီး၊ စစ်ပွဲများ၊ Sanction များ အသုံးပြုခဲ့ကြပါသည်။ စစ်ပွဲများ၊ Sanction များဖြင့် ဖြေရှင်းခဲ့သော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့ ရည်မှန်းထား သည့် ပန်းတိုင်သို့ မရောက်ရှိသဖြင့် လက်ရှိသမ္မတ အိုဘားမား လက်ထက်တွင် Hard Power အသုံး မပြုဘဲ၊ Smart Power ကိုသာ အသုံးပြုလာခဲ့ပါသည်။ ဘုရှ်အစိုးရလက်ထက် ဆင်နွှဲခဲ့သည့် စစ်ပွဲများ ကို အဆုံးသတ်ပြီး ၎င်းလက်ထက်တွင် စစ်ပွဲများဆင်နွှဲခြင်းမရှိသည့်အပြင် အခြားနိုင်ငံများအပေါ်တွင် လည်း Sanction များ အလုပ်မဖြစ်သဖြင့် ဖြေလျော့လာပြီး နိုင်ငံရေးမူဝါဒများ ပြောင်းလဲကျင့်သုံး လာခဲ့ပါသည်။ ကမ္ဘာပေါ်တွင် စီးပွားရေး၊ စစ်ရေးအင်အား အကြီးမားဆုံးဖြစ်သည့် အမေရိကန်သည် ပင်လျင် လက်ရှိ အခြေ အနေနှင့် လိုက် လျောညီထွေဖြစ်အောင် ပြောင်းလဲ၍ နိုင်ငံခြားရေးမူဝါဒများ ပြောင်းလဲကျင့်သုံးလျှက်ရှိပါသည်။

တောင်ငူ ရဲဘက်စခန်းမှ အကျဉ်းသား ၁၃၀ ပြန်လွတ်.

Friday, January 03, 2014

တောင်ငူမြို့ ၄ မိုင်ရဲဘက်စခန်းကနေ အကျဉ်းသား ၁၃၀ ဦးကို ဒီနေ့ မနက် ၁၀ နာရီက ပြန်လွှတ်ပေးလိုက်ကြောင်း၊ မလွှတ်ပေးမီ အကျဉ်းသားတွေရဲ့ လုပ်အားခငွေ ၁၂,၅၇၇,၈၅၀ ကိုလည်း ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

မန္တလေးတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် အငြင်းပွား လယ်မြေများသာ ထုတ်ပေးရန် ကျန်ဟုဆို

Friday, January 03, 2014

မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ကို တောင်သူ ၉၈ ရာခိုင်နှုန်းကျော်ကို ထုတ်ပေးပြီး ဖြစ်၍ အငြင်းပွားမှုများ ရှိနေသည့် လယ်ယာမြေများသာ ထုတ်ပေးရန် ကျန်ရှိတော့ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းက ပြောကြားသည်။

ယင်းကျန်ရှိ လယ်မြေများသည် ပိုင်ဆိုင်မှုအတွက် အမှုရင်ဆိုင်နေရခြင်း၊ ကန့်ကွက်ခံ ထားရခြင်းနှင့် ပိုင်ရှင်အဖြစ် လိမ်လည် လျှောက်ထားမှုရှိခြင်း စသည်တို့ ဖြစ်ပွားနေသည့် လယ်ယာမြေများ ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း တောင်သူ ၁၆ သိန်းကျော်ရှိရာ တောင်သူ သုံးသောင်းကျော်ကို လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးရန် ကျန်ရှိနေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်၊ မလုပ်သင့်နှင့် ပတ်သက်၍ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ပြတ်သားမှုမရှိ

Friday, January 03, 2014
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားမှာ ပြတ်သားမှုမရှိကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီ CPI ၌ အကြီးစားရှယ်ယာ ပိုင်ဆိုင်ထားသည့် ဧရာဝတီ မြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ကုမ္ပဏီ (ACHC) က ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး မြစ်ဆုံစီမံကိန်းကို ပြန်လည်အကောင်အထည် ဖော်ရန်အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရနှင့် ညှိနှိုင်းမည်ဟု ပြောကြားခဲ့သည်။

လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သေဒဏ်၊ ထောင်ဒဏ်နှစ် ၄၀ အထက်နှင့် နှစ် ၄၀ အောက်တို့၏ ပြစ်ဒဏ်ကို လျှော့ပေါ့ကျခံရန် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်

Friday, January 03, 2014

၂၀၁၄ နှစ်ဆန်းပိုင်းတွင် ဦးဆုံးအဖြစ် ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် သေဒဏ်ချမှတ်ခြင်း ခံရသူများ၊ ထောင်ဒဏ်နှစ် ၄၀ အထက်နှင့် နှစ် ၄၀ အောက် ကျခံနေရသူများ၏ ပြစ်ဒဏ်လျှော့ပေါ့သည့် အမိန့်ကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၄ ဇန်န၀ါရီ ၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ဆွေးနွေးပွဲ ဒီလ ၂ဝ ရက်နေ့စမည်

Friday, January 03, 2014
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ကရင်ပြည်နယ်က KNU ထိန်းချုပ်ရာ လော်ခီးလာဒေသမှာ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ကစပြီး ၃ ရက်တာကျင်းပမယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကနေထွက်ပေါ်လာမယ့် ဆုံးဖြတ်ချက်တွေဟာ အရေးကြီးတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ့ တွဲဘက်အတွင်းရေးမှူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။

နိုင်ကျဉ်းများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်အစား တရားစီရင်ရေးမဏ္ဍိုင် မှန်ကန်စွာ ဆောင်ရွက်သင့်ဟုဆို

Friday, January 03, 2014

နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်မည့်အစား အမှုမစီရင်မီ တရားစီရင် ရေးမဏ္ဍိုင်မှ တာဝန်ရှိသူများအနေဖြင့် မှန်ကန်စွာ ဆောင်ရွက်သင့်သည်ဟု ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ဇန်န၀ါရီ ၂ ရက်က ပြောသည်။

ဇန်န၀ါရီ ၂ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ၊ ဓည၀တီ သာသနာပြုကျောင်းတိုက် ဘုန်းကြီးကျောင်း တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော ကိုရဲမင်းဦးနှင့် ရခိုင်တိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

Thursday, January 02, 2014

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမယ့်ရက် ကြေညာမယ်

Thursday, January 02, 2014

ကရင်ပြည်နယ် ဘားအံမြို့မှာ မကြာခင်ပြုလုပ်မယ့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ ဒုတိယ အကြိမ် ညီလာခံအပြီးမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် ထိုးနိုင်မယ့်ရက်ကို ကြေညာနိုင်လိမ့်မယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်းက ပြောလိုက်ပါတယ်။

ထောက်လှမ်းရေး အရာရှိဟောင်းနှစ်ဦးကို ပြန်လွှတ်ပြီး တစ်ရက်အတွင်း ပြန်လည်ထိန်းသိမ်းလိုက်

Thursday, January 02, 2014

နိုင်ငံရေးပုဒ်မဖြင့် ထိန်းသိမ်းခံခဲ့ရသည့် ထောက်လှမ်းရေးအရာရှိဟောင်း နှစ်ဦးကို ဇန်န၀ါရီလ ၁ ရက် နံနက်ပိုင်းတွင် အကျဉ်းထောင်များက လွှတ်ပေးလိုက်သော်လည်း ညနေပိုင်းတွင် ပြန်လည်ထိန်းသိမ်းခဲ့ သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း လက်ထောက် စီမံခန့်ခွဲရေး မှူး ဦးအောင်မျိုးကျော်က မဇ္ဈိမကို ပြောသည်။

“သူတို့နှစ်ယောက်က ၅(ဇ)နဲ့ အမိန့်ချခံထားရသူတွေ။ အဲတော့ သူတို့က သမ္မတပေးတဲ့ လွတ်ငြိမ်းချမ်း သာခွင့်အမိန့်ထဲမှာ အကျုံးဝင်ပြီး ပြန်လွှတ်ပေးလိုက်တယ်ပေါ့။ ဒါပေမဲ့ သူတို့ကို စ.အ.ဖက ပြန်ပြီးခေါ် သွားတယ်ဆိုတာပဲ သိရတယ်။ ဘာကြောင့် လာပြန်ခေါ်သွားတယ်၊ ဘာဆက်လုပ်မယ် ဆိုတာတော့ မသိရသေးဘူး”ဟု ပြောသည်။

ကရင်လူမျိုးစု လက်နက်ကိုင် ၄ ဖွဲ့ ကရင်နှစ်သစ်ကူးပွဲတော် မြ၀တီမှာကျင်းပ

Thursday, January 02, 2014

နှစ်သစ်ကူးနေ့ဖြစ်တဲ့ ဇန်န၀ါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ အဓိက တိုင်းရင်းသားတွေထဲမှာ ပါဝင်တဲ့ ကရင်တိုင်းရင်းသားတွေရဲ့ နှစ်သစ်ကူးနေ့ လည်း တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် မနေ့တုန်းက ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်လူမျိုးစု လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ပေါင်းပြီး ကရင်ပြည်နယ် မြ၀တီခရိုင်မှာ ကျင်းပနိုင်ခဲ့ပါတယ်။

ဒါဟာ အကွဲကွဲအပြားပြား ဖြစ်နေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ပထမဆုံး စုစည်းကျင်းပတဲ့ပွဲလည်းဖြစ်ပါတယ်။ ဒီပွဲကို မြန်မာငြိမ်းချမ်းရေးစင်တာက
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းလည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသားတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိခဲ့တဲ့အကြောင်းနဲ့ ပင်လုံထက်ပိုပြီး ကျယ်ပြန့်တဲ့ ညီလာခံကြီးတစ်ခု မကြာခင် ကျင်းပသွားမယ်လို့ ပြောခဲ့တဲ့ အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ် ။

My Blog List