ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ?
(ရေခဲရေနဲ့ ရေနွေးတွေကို မဆိုလိုပါ။ ရိုးရိုးသောက်ရေသန့်ကိုသာသောက်ပါ)
(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို
ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ယာ ထတာနဲ့ သောက်ရေ ၂-ခွက်
သောက်ပေးရပါမယ်။
(၂) အစာကြေညက်စေဖို့ ထမင်းမစားခင် နာရီဝက်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။
(၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။
(၄) လေဖြတ်/နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။
(၅)အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တရေးနိုးတဲ့အခါ ရေထသောက်ပေးပါ။
- ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ ?
အမေရိကန် ကျန်းမာရေးသုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့
ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံး ဖြစ်ကြပါတယ်တဲ့။
အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ/
ရိုးရိုးရေအေး မသောက်ကြဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်း ပူပူကိုသာ
သောက်သုံးလေ့ရှိလို့ပါဘဲ။
အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ
အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့အဆီအနှစ်တွေက(ဥပမာပြရရင် ရေခဲရေနဲ့
တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ
ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး၊ အစာကောင်းစွာ
မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။
ဒါ့ပြင် ထမင်းဟင်း
ပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့ အခါများမှာလည်း၊ အပူအအေး
တပြိုင်နက်တည်း တွေ့ လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။
အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမ
ဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။
ဒါကြောင့်
ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ဖြင့် မျှောမချဘဲ
ဟင်းချိုပူပူ(သို့မဟုတ်)ရေနွေးဖြူ(သို့မဟုတ်)ရေနွေးကြမ်းတို့ဖြင့်သာ
ထမင်းလုပ် မနင်အောင်မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး
နာရီဝက်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ
ကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာ
အကြံပေးဖော်ပြသွားခဲ့ပါတယ်။
သို့ပါ၍ ဤကျန်းမာရေးဆောင်းပါးကို
ဖတ်ရှုပြီးနောက်၊ မိမိကိုယ်ကို ဆင်ခြင်ကြပြီး၊
မိသားစု/ဆွေမျိုး/မိတ်ဆွေများအားလုံးကိုလည်း ကျန်းမာရေးအသိပေး
မျှဝေပေးခြင်းဖြင့် လူ ၁၀-ယောက်မှာ အနည်းဆုံး၁-ယောက်ကို အသက်ကို
ကင်တင်နိုင်မှာ ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။
(မိတ်ဆွေများ ကျမ္မာသုတရစေဖို့ မျှဝေလိုက်ရပါတယ်)
post by နှင်းဆီဖူးလေးများ-Love BUDS
Monday, December 16, 2013
Miss Asean 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ငွေနှင်းမှုန်နှင့် ၀မ်းသီရိဖြိုး ၀င်ရောက်ယှဉ်ပြိုင်မည်
Miss Asean 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံက
ငွေနှင်းမှုန်နှင့်ဝမ်းသီရိဖြိုးတို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ် သည်။
ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင်
ကျင်းပပြုလုပ်မည်ဖြစ်ကာ ယခုယှဉ်ပြိုင်ခြင်း သည် မြန်မာနိုင်ငံအနေဖြင့်
တတိယအကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း မော်ဒယ်ငွေနှင်း
မှုန်က မဇ္ဈိမသို့ ပြောသည်။
“ညီမတို့ ဒီပြိုင်ပွဲမှာပါဖို့ ကြိုးစားထားပါတယ်။ အင်္ဂလိပ်စကားပြောကို အဓိကထား ပြင်ဆင်ထားသလို အားကစားပိုင်းကိုလည်း ပြင်ဆင်နေ ပါတယ်။ အစစအရာရာ အကုန်လုံး လေ့လာရပါတယ်။ နောက်ပြီး ခန္ဓာကိုယ်အလှတွေရော ဂရုစိုက်နေပါတယ်”ဟု ပြောသည်။
ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန်အတွက် ပြိုင်ပွဲဝင်များသည် ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီတွင် TG-304 လေယာဉ်ဖြင့် မြန်မာနိုင်ငံက ထွက်ခွာမည်ဖြစ်သည်။ ယင်း Miss Asean 2013 ပြိုင်ပွဲကို Miss Asean Organization မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ chiang Rai (ချင်းယွိုင်) မြို့နှင့် Golden Tringle (ရွှေတြိဂံ)တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကာ ဒီဇင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိကြမည် ဖြစ်သည်။ ယင်းပြိုင်ပွဲကို အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ တစ်နိုင်ငံလျှင် နှစ်ဦး ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားခြင်း ဖြစ်သည်။
အဆိုပါပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်း မှ မော်ဒယ်အေဂျင်စီများနှင့်star & model int’l တို့ကို Miss Asaen Organization က အောက်တိုဘာလတွင် လာရောက် ချိတ်ဆက် ခြင်းဖြစ်ပြီး star & model အေဂျင်စီက မော်ဒယ် ၁၀ ဦး ၀င်ရောက်ယှဉ်ပြိုင် ခဲ့ခြင်း ဖြစ်ရာ ပွဲကျင်းပရေး ကော်မတီက ငွေနှင်းမှုန်နှင့် ၀မ်းသီရိဖြိုး တို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များ ၏ အလှပုံများ၊ အင်္ဂလိပ်စာ ကျွမ်းကျင်ပိုင်နိုင်မှုများ၊ နိုင်ငံတကာ ဗဟုသုတအတွေးခေါ်များ၊ ပညာအရည် အချင်းများ၊ ပြည်တွင်းအထွေထွေ ဗဟုသုတများကို ဗီဒီယိုဖိုင်များ ရိုက်ကူးပြီး ပြိုင်ပွဲကျင်းပရေးကော်မတီ ကို ပေးပို့ရခြင်း ဖြစ်သည်။
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်သူများ၏ ကုန်ကျစရိတ်များကို ပွဲကျင်းပသည့် ကော်မတီက ကျခံပေး ခြင်းဖြစ်ပြီး Miss Asean 2013 ဘတ်တစ်သန်း၊ 1st runner up ဘတ်ငါးသိန်း၊ 2nd runner up ဘတ် နှစ်သိန်းနှင့် တခြားသောဆုများကိုလည်း ပေးအပ် ချီးမြှင့်မည် ဖြစ်သည်။
ယင်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ ဒီဇိုင်နာမျိုးမင်းစိုး(MDY)၊ ဂျိုကာ၊ ဖြိုးပြည့်အောင်၊ ဇော်ဇော်(MDY)၊ လက်ဝတ်ရတနာနှင့် ၀တ်စုံကို မေဦးမောင်(တော်ဝင်သူ)၊ လင်းလင်း (make-up artist) တို့က ပါဝင် ကူညီကြမည် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်Miss Asean ပြိုင်ပွဲကို ၂၀၀၅ ခုနှစ်တွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အိရူပါဝင်းသည် Miss personality ဆုကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် နှင်းယမုံဦးနှင့် ခင်ရူပတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ဆုမရရှိခဲ့ကြောင်း သိရသည်။
Mizzima - News in Burmese

လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များ၏ ဒုတိယအကြိမ် ဆွေးနွေးပွဲ UNFC ကို ဖိတ်ကြားမည် မဟုတ်ဟုဆို
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဘုံသဘောတူညီချက် ရရှိရန် ကျင်းပမည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များ ဆွေးနွေးပွဲတွင် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း ကောင်စီ (UNFC) ကို ဖိတ်ကြားမည် မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်းအတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့က မြန်မာ ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တွေ့ဆုံဆွေး နွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များ ပါဝင်ဆွေးနွေးရန် ဖိတ်ကြား ထားသော်လည်း လက်နက်ကိုင် မဟာမိတ် အဖွဲ့များကိုမူ ဖိတ်ကြားမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။
“မဟာမိတ် အဖွဲ့ထဲက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါနေပြီလေ။ အဲဒါကြောင့် ဘယ်မဟာမိတ် အဖွဲ့ကိုမှ ဖိတ်ကြားမှာ မဟုတ်ပါဘူး” ဟု ၎င်းက ထပ်လောင်း ရှင်းပြသည်။
KIO ဌာနချုပ် လိုင်ဇာတွင် ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ဆွေးနွေးပွဲတွင် ဘုံသဘောတူညီချက် ၁၁ ချက်ကို တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့က လက်မှတ် ရေးထိုးခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်း ရေးဆွဲရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင် ၁၃ ဦးဖြင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့ (NCCT) ကို ဖွဲ့စည်းခဲ့သည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်များ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို KNU ဌာနချုပ်တွင် ဇန်နဝါရီလအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း KNU ဗဟိုကော်မတီက ထုတ်ပြန် ကြေညာထားသည်။
The Voice Weekly
၁၀ နှစ်အရွယ်ကျောင်းသူကို ရိုက်နှက်သည်ဟုဆိုကာ သင်တန်းဆရာမကို တရားစွဲမည်
အင်္ဂလိပ်စာသင်တန်းတစ်ခုတွင် ၁၀ နှစ်အရွယ် သမီးငယ်ကို မညှာမတာရိုက်နှက်သည်ဟုဆိုကာ သင် တန်းဆရာမကို ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ရေး ဥပဒေဖြင့် အရေးယူပေးရန် တရားရုံးသို့ ဦးတိုက် လျှောက်ထားသွားမည်ဟု ဖခင်ဖြစ်သူ ကိုရန်ပိုင်စိုးက ဒီဇင်ဘာ ၁၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
ကလေးငယ်ကို ဆိုးသည်ဟု ဆရာမများဘက်က ပြောဆိုမှုများရှိခဲ့သည့်အတွက် မိဘများက ပူးပေါင်း ဆုံးမသွန်သင်ပေးရန် ဆွေးနွေးမှုများပြုခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက် အင်္ဂလိပ်စာသင်တန်း၌ မေးခွန်းသုံးမျိုး အတွက် အမှား ၁၁ ခုရှိခဲ့ရာတွင် ဆရာမနှစ်ဦးတို့က ကျောပြင်နှင့်ခါးတို့အား ကြိမ်လုံးဖြင့် ရိုက်နှက်ခဲ့ ခြင်းဖြစ်သည်ဟု ကလေးမိဘများဘက်က ပြောဆိုသည်။
“တော်ရုံတန်ရုံရိုက်တာ လက်ခံနိုင်ပါတယ်။ အခုဟာက ကလေးတစ်ယောက် စာမှားလို့ ရိုက်တဲ့ပုံစံနဲ့ မတူဘူးဗျ၊ တစ်ခုခုကို မကျေနပ်လို့ ပြင်းပြင်းထန်ထန်နဲ့ ရိုက်ထားတဲ့ပုံစံ ဖြစ်နေတယ်။ အဲဒါကို မကျေ နပ်လို့ ပုဇွန်တောင်ရဲစခန်းမှာ အမှုဖွင့်ထားတယ်” ဟု ကလေး၏ ဖခင်ကိုရန်ပိုင်စိုးက ဆိုသည်။
သို့သော်လက်ရှိဖြစ်စဉ်မှာ ရဲအရေးမပိုင်သည့် အမှုတစ်ခုဖြစ်သည့်အတွက် အမှုဖွင့်ပေး၍မရကြောင်းနှင့် ကာယကံရှင်များ၊ နစ်နာသည့်သူများအနေဖြင့်သာ တရားရုံးသို့ ဦးတိုက်လျှောက်ထားရမည်ဟု ပုဇွန် တောင်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။
အသက် ၁၀ နှစ်အရွယ် လေးတန်းကျောင်းသူ မမွန်မြတ်ပိုင်ကို ပုဇွန်တောင်မြို့နယ် (၅၁) လမ်း အတွင်း ရှိ နာမည်ကြီး အင်္ဂလိပ်စာသင်တန်းကျောင်းတစ်ခုတွင် လွန်ခဲ့သော သင်္ကြန်ကာလအပြီးက ၀င်ကြေး သုံးသောင်း၊ လစဉ်ကြေးတစ်သောင်းခွဲဖြင့် အပ်နှံထားခဲ့ခြင်းဖြစ်သည်။
လတ်တလောတွင် ကာယကံရှင်များဘက်က ရိုက်နှက်ခံရသော ကလေးငယ်၏ ဓာတ်ပုံများအား ဖေ့စ် ဘွတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း တင်ထားသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုဇွန်တောင် (၅၁ လမ်းရှိ အဆိုပါ အင်္ဂလိပ်စာသင်တန်းကျောင်းသို့ ဆက်သွယ် မေးမြန်းရာတွင် “ဒီကလေး ဒီကျောင်းကို ဖြတ်ဝင်တာ ဘယ်လောက်မှ မရှိသေးပါဘူး။ ကျွန်မတို့က မလုပ်ပါနဲ့ မ၀င်ပါနဲ့ဆိုတာကို အတင်းတောင်းပန်ပြီးဝင်ထားတာပါ။ ကျွန်မတို့က အားလုံးကို ဒီလိုအပြစ် ပေးမယ်ဆို တပြေးညီပဲ အပြစ်ပေးရပါတယ်။ သူတစ်ယောက်ထဲကို လုပ်တာမဟုတ်ပါဘူး။ ဒီလိုပဲစာသင် ရင် ဒီလိုပဲလုပ်ရတယ်ရှင့်။ ကျွန်မတို့ ကျောင်းစည်းကမ်းနဲ့လုပ်တာပါ။ ဒါကို သူတို့ဘာသာ တစ်ဖက်သတ် ဖြစ်နေတာတော့ မတတ်နိုင်ဘူး” ဟု အမည်မဖော်လိုသည့် ဆရာမတစ်ဦးက ဆိုသည်။
ထို့ပြင် ကလေးငယ်အား အငြိုးတကြီးဖြင့် ရိုက်နှက်ခဲ့သည်ဆိုသည့် ကာယကံရှင်များ၏ စွပ်စွဲထားချက် အပေါ် မေးမြန်းခဲ့ရာတွင် အထက်ပါ အမည်မဖော်လိုသည့် ဆရာမက “လုံးဝမဟုတ်ပါဘူး” ဟု ဖြေကြား ခဲ့သည်။
အဆိုပါ ကလေးငယ်ရိုက်နှက်ခံရမှုကို တနင်္လာနေ့တွင် ဘားလမ်းရှိ ကလေးသူငယ်တရားရုံးသို့ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူနိုင်ရေး ဦးတိုက်လျှောက်ထားရန် ကလေးမိဘများက စီစဉ်ထားသည်။
Mizzima - News in Burmese
SEA Games တွင် ရက်လွန် ခေါက်ဆွဲခြောက်များ ပေးသည်ဆိုသည့်ကိစ္စ စစ်ဆေး အရေးယူမည်ဟုဆို
အရှေ့တောင်အာရှ အားကစား ပွဲတော်တွင် ပါဝင်ကူညီသူ စေတနာ့ ဝန်ထမ်းများအတွက်
ပံ့ပိုးကူညီသူ (Sponsor) အဖြစ် သတ်မှတ်ထားသည့် ကုမ္ပဏီက ရက်လွန်
ခေါက်ဆွဲခြောက်များ ရိက္ခာအဖြစ် ထုတ်ပေးသည်ဆိုသည့် ကိစ္စများကို သက်ဆိုင်ရာ
ဝန်ကြီးဌာနများက စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
SEA Games ပြိုင်ပွဲအတွက် ဆက်ဆံရေး အရာရှိ (Liaison Officer) အဖြစ် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးထံမှ အဆိုပါသတင်း ထွက်ပေါ်လာခြင်း ဖြစ်ပြီး ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း၊ အဆိုပါသတင်း မှန်ကန်ပါက ကုမ္ပဏီ၏ လုပ်ရပ်မှာ လုံးဝ မသင့်တော်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“အခု အဲဒီကိစ္စတွေအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို သတင်းပို့ပြီး လိုအပ်တာတွေ ပြန်လည် စိစစ်ဆောင်ရွက်ဖို့ ပြောထားပြီးပါပြီ။ တရားဝင် စစ်ဆေးတာတွေလည်း လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ပြိုင်ပွဲကာလအတွင်း ဆက်ဆံရေး အရာရှိအဖြစ် တာဝန် ထမ်းဆောင် နေသူများကို အိပ်ခန်းဆောင် တစ်ခုအတွင်း လူဦးရေ ဆယ်ဂဏန်းအထိ ပြည့်သိပ်စွာ နေရာချထားမှု၊ လျှပ်စစ်မီးနှင့် သွားလာရေး အဆင်မပြေမှုများအပြင် Sponsor ကုမ္ပဏီက ရက်လွန် ခေါက်ဆွဲခြောက်များ ထုတ်ပေးမှုကို ဒုတိယနှစ် တက္ကသိုလ် ကျောင်းသူ ဆက်ဆံရေး အရာရှိ (LO) တစ်ဦးက လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထုတ်ဖော် ပြောကြားသည်။
အဆိုပါ ပြောကြားမှုအပေါ် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ယင်းဖြစ်ရပ်များအတွက် စိတ်မကောင်းပါကြောင်း ပြန်လည် ပြောဆိုသည်။
နှစ်ပေါင်း ၄၀ ကျော်အကြာ မြန်မာနိုင်ငံတွင် တစ်ကျော့ပြန် ကျင်းပခွင့်ရသည့် အားကစားပြိုင်ပွဲ အောင်မြင်စေရန် ကူညီနေသူများမှာ အနေအစား လွန်စွာ ဆင်းရဲနေသည့်အပြင် တာဝန်ရှိသူများ၏ ရိုင်းပျစွာ ဆက်ဆံမှုကိုလည်း ကြုံတွေ့ရကြောင်း အဆိုပါ ကျောင်းသူက ပြောဆိုသည်။
SEA Games တွင် ပါဝင်ကူညီနေသူများ အခက်အခဲ ကြုံတွေ့နေရမှုအတွက် သက်ဆိုင်ရာ ဌာနများတွင် အပြည့်အဝ တာဝန်ရှိပြီး တာဝန်သိရန်၊ တာဝန်ယူရန် လိုအပ်ကြောင်း၊ ဆက်ဆံရေး အရာရှိအဖြစ် ပါဝင် ဆောင်ရွက်နေသူများ အဆင်မပြေမှု ကြုံတွေ့ပါက အချိန်မရွေး အသိပေးစေ လိုပါကြောင်း၊ ယင်းအပြင် အဆင်မပြေမှုများအတွက် အလေးအနက် တောင်းပန်ပါကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
လူငယ်တစ်ယောက် ဖြစ်သည့်အတွက် အဆင်မပြေမှုကြောင့် စိတ်ထဲ ခံစားရသည်များကို ထုတ်ဖော် ရေးသားမိခြင်း ဖြစ်ပြီး တာဝန်ရှိသူများက ဖြေရှင်းချက်များ ထုတ်ပြန်ပေးသဖြင့် ကျေးဇူးတင် ပါကြောင်း၊ အခြားမည်သည့် ရည်ရွယ်ချက်မျှ မရှိကြောင်း အဆိုပါ ကျောင်းသူက လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ပြန်ကြားသည်။
မြန်မာနိုင်ငံတွင် ကျင်းပနေသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စေတနာ့ ဝန်ထမ်းများ၊ ဆက်ဆံရေး အရာရှိများကို အားကစားဝန်ကြီးဌာနက ဖိတ်ခေါ်ခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝန်ကြီးဌာနများက လူဦးရေ သတ်မှတ်၍ တာဝန်များ ခွဲဝေ ချထားပေးခြင်း ဖြစ်သည်။
Powered by >> www.myanmarcutegirl.com <<

ရှမ်းမျိုးနွယ်စုအင်အား ၄၀၀၀၀ ဖြင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုလုပ်ရန် တောင်းဆို
လူအခွင့်အရေးချိုးဖောက်ခံရမ
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသ
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၈ နာရီမှစ၍ မြစ်ကြီးနား၊ ရှမ်းစု
(မြောက်)ရပ်ကွက်၊ ၀န်းသိုကျောင်း တိုက်ရှိ ဇော်ဂျွန်လမ်းမပေါ်တွင် ရှမ်းမျိုးနွယ်စုအင်အား ၄၀၀၀၀ ခန့်ဖြင့် စတင်စုဝေးပြီး ဇော်ဂျွန်လမ်းမကြီး အတိုင်း ဆမားလမ်းဆုံး-အောင်ဆန်းလမ်း
ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့(ကချင်ပြည်နယ်) မှ ဦးခင်မောင်အေးက ``ဒီဇင်ဘာ ၁၁ ရက်နေ့ မှာ ကျင်းပပြုလုပ် ခဲ့တဲ့ အရေးပေါ် အစည်းအဝေးအမှတ်စဉ်(၁/
အဆိုပါ စီတန်းလှည့်လည်ပွဲတွင် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ၏ ဆန္ဒဖော်ထုတ်ပွဲ၊ နိုင်ငံတော်အစိုးရ မှ လက်နက်မဲ့ ပြည်သူများအား အကာအကွယ်ပေးပါ။ KIO နှင့် KIA တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုမ
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့
စိုင်းအောင်ခမ်း
လွင်သန္တာစိုး Credit To>Shan News<Thanks
ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည့် ပြည်တွင်းလေဆိပ် ၃၀ ၏ အမည်စာရင်းများ ထုတ်ပြန်
ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်
ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည့် 
ပြည်တွင်းလေဆိပ် ၃၀ ၏ အမည်စာရင်းများနှင့် မှတ်ပုံတင်ရန် Registry of
Interest (ROI) ဖော်ပြချက်များအား လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု
ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည့်  ပြည်တွင်းလေဆိပ်
၃၀ မှာ ပုဂံညောင်ဦး၊ ဟဲဟိုး၊ ထားဝယ်၊ ပူတာအို၊ မိုင်းဆတ်၊ ကော့သောင်း၊
မြစ်ကြီးနား၊ ပုသိမ်၊ မြိတ်၊ ဗန်းမော်၊ လားရှိုး၊ ဘုတ်ပြင်း၊ ကလေး၊ မကွေး၊
မော်လမြိုင်၊ ခန္တီး၊ ပခုက္ကူ၊ ဘားအံ၊ ဟုမ္မလင်း၊ ကျောက်ထု၊ အနီးစခန်း၊
လွိုင်ကော်၊ အမ်း၊ ကိုကိုးကျွန်း၊ မုံရွာ၊ စစ်တွေ၊ သံတွဲ၊ တာချီလိတ်၊
ကျိုင်းတုံနှင့် ကျောက်ဖြူလေဆိပ်များ ဖြစ်သည်။
ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုရာတွင် လေဆိပ်တစ်ခုလုံးအား လွှဲပြောင်းလုပ်ကိုင်သည့် နည်းလမ်းကို ဦးစားပေးသွားမည်ဖြစ်ပြီး၊ လေဆိပ်တစ်ခုလုံးအား လွှဲပြောင်းရယူခြင်း မရှိဘဲ ကဏ္ဍအလိုက် လွှဲပြောင်းရယူ လုပ်ကိုင်လိုသူများအတွက် ကဏ္ဍများအား ROI ဖော်ပြချက်တွင် ကဏ္ဍ ၁၀ ခု ခွဲခြားဖော်ပြထားကြောင်း သိရသည်။
ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုရာတွင် နိုင်ငံတကာလေဆိပ် အဆင့်သို့ တိုးမြှင့်လုပ်ကိုင်ခွင့် ပြုမည်မဟုတ်ဘဲ ပြည်တွင်းလေဆိပ်များ အဖြစ်သာ အဆင့်မြှင့်တင် လုပ်ကိုင်ရမည်ဖြစ်သည်။ ယင်းအပြင် ရာနှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုအား ခွင့်ပြုမည် မဟုတ်ဘဲ သက်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ဥပဒေအတိုင်းသာ လိုက်နာသွားရမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
"ကျွန်တော်တို့ ပြည်တွင်းလေဆိပ်တွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပြုမယ့် နေရာမှာ တင်ဒါစနစ်နဲ့ ရွေးချယ်သွားမှာပါ။ အဓိက ငွေကြေးခိုင်မာ တောင့်တင်းမှုနဲ့ နည်းပညာပိုင်း ကျွမ်းကျင်မှုရှိတဲ့ ကုမ္ပဏီ အဖွဲ့စည်းကို ဦးစားပေး ရွေးချယ်သွားမှာ ဖြစ်ပါတယ်" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ဆိုသည်။
Eleven Media Group
ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည်

မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှု စာချုပ်ချုပ်
ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်
မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ လွတ်လပ်စွာ တိုးမြှင့် လုပ်ကိုင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံရေး သဘောတူ စာချုပ်တခုကို နှစ်နိုင်ငံအကြား လက်မှတ် ရေးထိုးလိုက်ကြပါတယ်။
ဂျပန်နဲ့ အာဆီယံနိုင်ငံများ ထိပ်သီး အစည်းအဝေးအတွက် ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့ ဒီဇင်ဘာလ ၁၅ ရက်က တွေ့ဆုံစဉ်မှာ အခုလို လက်မှတ်ရေးထိုး သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။
ဒီသဘောတူချက်အရ ဂျပန် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ပိုမို လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံခွင့် ရကြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန် မန္တလေး မီးရထားလမ်း ဆောက်လုပ်ရေး စီမံကိန်း၊ ရန်ကုန်မြို့တော် ရေသန့် ရရှိရေး စီမံကိန်း၊ သီလဝါ စီးပွားရေးဇုံ တည်ဆောက်ရေး အခြေခံ အဆောက်အအုံ ဒုတိယအဆင့် စီမံကိန်းနဲ့ ပဲခူးတိုင်း အနောက်ပိုင်းဒေသ ဆည်မြောင်း စီမံကိန်းတွေ အတွက် ဂျပန် ယန်းငွေ ၆၃ ဒဿမ ၃ ဘီလျံဘိုး ဂျပန်အစိုးရက အကူအညီ ပေးသွားမယ်လို့လည်း ကတိပြုသွားပါတယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ မာဆာရူ ဆာတိုက ဘီဘီစီကို ပြောပါတယ်။
ဂျပန် မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အကြား လက်မှတ် ရေးထိုးခဲ့တဲ့ ဒီ ရင်းနှီး မြှုပ်နှံမှု စာချုပ်ဟာ ထူးခြား အရေးပါတဲ့ သဘောတူ စာချုပ် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဒီသဘောတူချက်ဟာ ဂျပန် မြန်မာ နှစ်နိုင်ငံအကြား ပထမဆုံး အကြိမ် တရားဝင် လက်မှတ် ရေးထိုးတဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ဖြစ်ပါတယ်။
ဒီသဘောတူ စာချုပ်အရ ဂျပန်စီးပွားရေး ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ လာလုပ်ဖို့ကို ယုံကြည် စိတ်ချမှု ပိုရှိလာကြတော့မှာပါ။ ဒီသဘောတူညီချက်ထဲမှာ ပါတဲ့ အချက်တွေအရ ဂျပန် စီးပွားရေးလုပ်ငန်းရှင်တွေကို ဥပဒေကြောင်းအရ လုံခြုံမှု ရှိလာစေမှာ ဖြစ်ပါတယ် လို့ မစ္စတာ ဆူတိုက ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ ပြုလုပ်တဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံသားတွေအပေါ် ဂျပန်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မှုတွေကို လျှော့ပေါ့ပေးသွားဖို့ကိုလည်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက မြန်မာ သမ္မတ ဦးသိန်းစိန်ကို ထုတ်ဖေါ် ပြောခဲ့ပါတယ်။
လာမယ့် ဇန္နဝါရီလက စတင်ပြီး ဗီဇာကိစ္စကို အကောင်အထည် ဖော်သွားမှာ ဖြစ်ပြီး ဂျပန်နိုင်ငံသားတွေကို မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်ချက်တွေ လျှော့ပေါ့ပေးရေးကို မြန်မာအစိုးရဘက်က ဆောင်ရွက် ပေးဖို့ ကိုလည်း ဂျပန်အစိုးရက လိုလားနေပါတယ်လို့ မစ္စတာ မာဆာရူ ဆာတို က ပြောခဲ့ပါတယ်။
ဝေဇယန္တာ လမ်းမကြီးပေါ်တွင် ဘီယာများ တင်ဆောင်လာသည့် ယာဉ် တိမ်းမှောက်မှုဖြစ်ပွား
ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်
မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာ လမ်းမကြီးပေါ် ရေကူးအသံလွှင့်ရုံအနီး ဘီယာ များ တင်ဆောင်လာသည့် ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီ ၀န်းကျင်ခန့်တွင် ဝေဇယန္တာလမ်းမကြီး မြောက်ဥက္ကလာဘက်မှ တောင်ဥက္ကလာဘက်သို့ မောင်းနှင်လာသော လိုက်(စ်)အိပ် အမျိုးအစား ယာဉ်အမှတ် ၈ည/..... မှာ ရေကူးအသံလွှင့်ရုံနား အရောက်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် အမျိုးသားလေးဦးနှင့် အမျိုးသမီး နှစ်ဦး လိုက်ပါလာကြောင်း သိရသည်။
"ကားက မြောက်ဥက္ကလာဘက်ကနေ လာတာ။ ကားပေါ်မှာ အမျိုးသား လေးဦးနဲ့ အမျိုးသမီးနှစ်ဦး ပါလာတာ တွေ့တယ်။ ဒီကားက အဝေးပြေးက နေ ဘီယာတွေတင်ပြီး မင်္ဂလာဈေးကို သွားမှာလို့တော့ ကြားရတယ်။ ကားမှောက်လို့ ကျွန်တော်တို့ ပြေးကြည့်တော့ ယာဉ်မောင်းက အရက်မူး နေတာ" ဟု ယာဉ်တိုက်မှုအား မျက်မြင်တွေ့သူ ကိုပြည့်စုံက ဆိုသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကာ မြောက်ဥက္ကလာမြို့နယ်ရှိ မေဓါဝီဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။
၎င်းယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အား မရမ်းကုန်း မြို့မရဲစခန်းမှ ယာဉ် (ပ) ၉၇၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်ကာ ယာဉ်မောင်းအား ဖမ်းဆီးစစ်ဆေး လျက်ရှိသည်။

မြန်မာဆီးဂိမ်းစ် ပရိသတ် စိတ်ဝင်စားမှုနှုန်း မြင့်မားပြီး ဝေဖန်မှုများလည်း ရှိနေ
ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းစ်အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက ၄၄ နှစ်ကြာပြီးနောက်တွင် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ပြီး ပရိသတ် စိတ်ဝင်စားမှု များစွာရရှိမှုနှင့်အတူ တစ်ဖက်တွင်လည်း ပြိုင်ပွဲနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်ရှိ အားကစားရုံသစ်ကြီးများတွင် ဆီးဂိမ်းစ်ပြိုင်ပွဲကို အဓိက ကျင်းပပြုလုပ်ခဲ့သည့် မြန်မာဆီးဂိမ်းစ်မှာ ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် ဖွင့်ပွဲအခမ်းအနား အပြီးတွင် ပြည်သူများအကြား စိတ်ဝင်စားမှု ပိုမိုရရှိ လာခဲ့သည်။ ဒေသတွင်း အကြီးကျယ်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲကို မြန်မာနိုင်ငံက အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သည့်အပေါ် ပြည်သူများနှင့်အတူ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ချီးကျူးပြောဆိုမှုများလည်း ရှိခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို လူအင်အား ၉၀၀၀ ကျော်ဖြင့် တင်ဆက်ပြသ သွားခဲ့သည့်အပြင် ၀ဏ္ဏသဒ္ဓိ အားကစားကွင်းကြီး၌ မီးရှူးမီးပန်းများနှင့် အဆင့်မြင့် နည်းပညာ အသုံးပြုကာ ငွေကြေးအမြောက်အမြား အကုန်ကျခံ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
"ဆီးဂိမ်းစ်ဖွင့်ပွဲကို အိမ်မှာပဲ ရုပ်သံကနေ ကြည့်ဖြစ်တယ်။ အစကတော့ နိုင်ငံအနေနဲ့ အဲဒီလောက် ခမ်းခမ်းနားနား လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ တော်တော်ကြီးကြီးကျယ်ကျယ် လုပ်သွားခဲ့သလို နိုင်ငံအနေနဲ့လည်း ဒီပြိုင်ပွဲအတွက် ငွေကြေးအတော့်ကို သုံးစွဲထားပုံလည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာနဲ့ ယှဉ်ရင်တော့ မျက်နှာမငယ်ရဘူးလို့တော့ ကျွန်တော်ထင်ပါတယ်" ဟု ရန်ကုန်မြို့ခံ ကျောင်းဆရာတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာဆီးဂိမ်းစ်မှာ ဒီဇင်ဘာ ၁၁ ရက်နောက်ပိုင်းတွင် ကြည့်ရှုအားပေးသူ ပရိသတ် ပိုမိုများပြားလာပြီး အမြို့မြို့အနယ်နယ်မှ ပြည်သူများ အနေဖြင့် ပြိုင်ပွဲကျင်းပရာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်သို့ လှည့်လည်သွားရောက် ကြည့်ရှုမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့ ပြည်သူတွေဟာ စီးပွားရေး အကျပ်အတည်းကြားမှာ အတော်လေး ရုန်းကန်နေရတာပါ။ ဒီပြိုင်ပွဲအတွက် ဘီလျံနဲ့ချီ သုံးစွဲခဲ့ရတဲ့ ငွေတွေဟာ နိုင်ငံရဲ့ ဘဏ္ဍာငွေတွေပဲ ဖြစ်ပါတယ်။ အခုလို တိုင်းပြည်ဆင်းရဲနေချိန်မှာ ဒါကြီးကို လုပ်ဆောင်ရတာဟာ စီးပွားရေးအရတော့ အတော်လေး Risk ယူရတဲ့ ကိစ္စပါ . . . . .
"ကြုံတောင့်ကြုံခဲ အခွင့်အရေးမို့ နောင်ချိုကနေ ဒီအထိ လာအားပေးတာ။ အားကစားနည်း တော်တော်များများကို လိုက်အားပေးဖြစ်တယ်။ ကျွန်တော် အဓိက စိတ်ဝင်စားတာက ဘောလီဘော ပြိုင်ပွဲပါ။ ဒါပေမဲ့ ဘောလီဘောပွဲ ကျင်းပတဲ့ ဇေယျာသီရိကွင်းက အရမ်းဝေးလို့ သွားအားမပေးလိုက်ရဘူး။ မိဘမဲ့ ကျောင်းတွေမှာ ကျွန်တော်က ကျောင်းဆရာ လုပ်တာဆိုတော့ အခြားအားကစားနည်းတွေကိုလည်း လိုက်အားပေးချင်ပေမဲ့ ကျွန်တော့်ဒေသကို ပြန်ရမှာဖြစ်လို့ အားမပေးဖြစ်တော့ပါဘူး" ဟု ရှမ်းပြည်နယ် နောင်ချိုမြို့မှ ဦးအောင်စိုးက နေပြည်တော်တွင် ကျင်းပသော ဆီးဂိမ်းစ်ပြိုင်ပွဲကို လာရောက်အားပေးမှုနှင့် ပတ်သက်ပြီး ပြောပြခဲ့သည်။
"ပြိုင်ပွဲလာရောက် ကြည့်ရှုရတာ အခက်အခဲ ရှိပါတယ်။ လက်မှတ်ထုတ်တာ စောင့်ရတာတစ်မျိုး၊ အားကစားရုံတွေဝေးပြီး ဘတ်စ်ကားတွေ မလာတာ လူတွေကျပ်ညပ်နေတာတစ်မျိုး ဒုက္ခတော့ ရောက်ပါတယ်။ ဒါပေမဲ့ အခုပြိုင်ပွဲကြီးဟာ ပျော်ဖို့ကောင်းတာတော့ အမှန်ပါပဲ။ စရိတ်စားခနဲ့ အထွေထွေ ဈေးနှုန်းတွေကြီးလို့ နေ့တိုင်းလာအား မပေးနိုင်ပါဘူး" ဟု ပျဉ်းမနားမှ နေပြည်တော်သို့ လာရောက်အားပေးသူ ဦးဇော်မင်းအောင်က ပြောကြားသည်။
(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၃၃ မျိုး ကျင်းပခဲ့ခြင်းဖြစ်ပြီး နေပြည်တော်၌ အားကစားနည်း အများစုကို ကျင်းပခဲ့ခြင်းဖြစ်ရာ ပရိသတ်အများစု အနေဖြင့် သွားလာရေး အဆင်မပြေမှုများလည်း ကြုံခဲ့ကြကြောင်း သိရသည်။
"အချို့ပွဲတွေမှာဆိုရင် ကလေးတွေပဲရှိပြီး အပြင်က လာကြည့်တဲ့သူ နည်းပါတယ်။ ကျွန်တော့်အနေနဲ့လည်း စရိတ်စားခကြီးတော့ ရုံးပိတ်ရက်ကျမှပဲ ကြည့်နိုင်ပါတယ်" ဟု ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးကလည်း ပြောဆိုခဲ့သည်။
ဆီးဂိမ်းစ်ကာလတွင် ကြည့်ရှုသူ ပရိသတ်များ အနေဖြင့် သွားလာရေး အဆင်မပြေမှု၊ နေထိုင်စားသောက်စရိတ် ကြီးမြင့်မှုနှင့် ဘောလုံးပြိုင်ပွဲကဲ့သို့သော လူအများ စိတ်ဝင်စားသည့် ပြိုင်ပွဲများတွင် လက်မှတ်ရရှိရန် ခက်ခဲခြင်း၊ မှောင်ခိုဈေးနှုန်းများဖြင့် ရောင်းချမှုများ ရှိနေခြင်းအပေါ် ပရိသတ်များက ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။
"အားကစားကွင်းတွေက လာရတာ ဝေးတယ်။ ဘတ်စ်ကားတွေ ရှိမှန်းလည်း မသိဘူး။ လမ်းညွှန်တွေကလည်း မရှိဘူး။ တစ်ခုနဲ့တစ်ခုကြားမှာ လမ်းလျှောက်နေရတာ၊ ကားတွေတစ်စီးနဲ့ တစ်စီးကြား ကြာလွန်းတာ၊ စားသောက်ဆိုင်တွေနည်းပြီး ဈေးတွေကြီးတာ၊ အဓိကက နေပြည်တော်မှာ သွားလာရေးခက်ခဲလို့ ပွဲတွေအစုံလိုက် ကြည့်ချင်ပေမဲ့ တစ်နေရာတည်းမှာပဲ အကြာကြီး ကြည့်နေရပါတယ်" ဟု တပ်ကုန်းမှ ကိုဇာနည်စိုးက ပြောကြားခဲ့သည်။
"ဒီလိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း မရှိခဲ့တာ နှစ်ပေါင်း ၄၀ ကျော် ကြာနေပါပြီ။ အဲဒီတော့ အခုအချိန်မှာ ဘယ်လိုပဲဖြစ်နေဖြစ်နေ ကိုယ့်အသင်း၊ ကိုယ့်အားကစားသမားတွေကို ကိုယ့်နိုင်ငံအတွက် အားရပါးရ အားပေးချင်ပါတယ်။ အထူးသဖြင့် တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ဘောလုံးပွဲတွေမှာဆိုရင် ကိုယ်တိုင်ကွင်းထဲကို သွားရောက်အားပေးသလို၊ ကွင်းလုံးပြည့်အားပေးမှုတွေကို မြင်ရတော့ ကျွန်တော်ဝမ်းသာ ကျေနပ်မိပါတယ်။ ကျွန်တော်အပါအ၀င် ပြည်သူတွေအားလုံးက မြန်မာ့ဘောလုံး ရွှေခေတ်ကို ပြန်ပြီးတမ်းတ ချင်နေကြပါတယ်။ ပွဲတွေငတ်လာတာ ကြာပြီဆိုတော့ လက်မှတ်တွေ ဘယ်လောက်ဈေးကြီးကြီး ၀ယ်ဖို့ဘယ်လောက်ခက်ခက် အားပေးမှာပါပဲ။ မြန်မာတွေကိုလည်း နိုင်စေချင်တယ်။ ကိုယ့်အိမ်ကိုယ့်ပရိသတ်ရှေ့မှာ အားကစားသမားတွေ အနေနဲ့လည်း နိုင်အောင်ကြိုးစား ပေးသင့်ပါတယ်" ဟု ကမာရွတ်မှ ကိုကျော်ကျော်က ပြောကြားခဲ့သည်။
ထို့ပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းနေသော မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပေရာ ယခုကဲ့သို့ နိုင်ငံတကာအဆင့် ပြိုင်ပွဲမျိုးကို နိုင်ငံတော် ဘဏ္ဍာငွေများစွာ အကုန်ကျခံ သုံးစွဲပြုလုပ်ခဲ့ရမှုနှင့် ဂယက်အပေါ် စီးပွားရေး ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်အချို့က စိုးရိမ်လျက်ရှိကြောင်းလည်း သိရသည်။
"အခုလို နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေကို ဒီမှာမကျင်းပရတာ အတော်လေးကြာပါပြီ။ ဒီအတွက် အခုပြိုင်ပွဲကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ ကျွန်တော်တို့ ပြည်သူတွေဟာ စီးပွားရေး အကျပ်အတည်းကြားမှာ အတော်လေး ရုန်းကန်နေရတာပါ။ ဒီပြိုင်ပွဲအတွက် ဘီလျံနဲ့ချီ သုံးစွဲခဲ့ရတဲ့ ငွေတွေဟာ နိုင်ငံရဲ့ ဘဏ္ဍာငွေတွေပဲ ဖြစ်ပါတယ်။ အခုလို တိုင်းပြည်ဆင်းရဲနေချိန်မှာ ဒါကြီးကို လုပ်ဆောင်ရတာဟာ စီးပွားရေးအရတော့ အတော်လေး Risk ယူရတဲ့ ကိစ္စပါ။ ပြိုင်ပွဲကြီး ပြီးတဲ့အချိန်မှာ ဖြစ်လာမယ့် ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေ စီးပွားရေးနဲ့ဆိုင်တဲ့ ဂယက်တွေ၊ နောက်တစ်ခါ ဆီးဂိမ်းစ်နဲ့ပတ်သက်ပြီး ငွေကြေးသုံးစွဲမှု ပမာဏတွေအပေါ် ပြန်လည်ဆန်းစစ်မှုတွေ၊ ဒီပြိုင်ပွဲကြီးကနေ ရလာမယ့် အနာဂတ် အကျိုးအမြတ်တွေအတွက် ကျွန်တော်တို့ အများကြီး စဉ်းစားရပါမယ်။ ဒါတွေကိုလည်း အစိုးရအနေနဲ့ တွက်ထားသင့်ပါတယ်" ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးသိန်းအောင်က ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၄ ရက်က မြန်မာနှင့်ထိုင်းတို့၏ အမျိုးသားဘောလုံးပြိုင်ပွဲ မတိုင်မီ လာရောက်အားပေးသည့် ပရိသတ်များအား သုဝဏ္ဏအားကစားကွင်း အပြင်ဘက် လမ်းမပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

မန်စီမြို့နယ်အတွင်း KIA မှ တပ်သားသစ်များ ဆက်တိုက် စုဆောင်းနေသောကြောင့် မြို့ပေါ်ရှိ ရှမ်းနီလူငယ်တချို့ တိမ်ရှောင်
ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်မှာ ဒီရက်ပိုင်းတွေအတွင်း KIA မှ တပ်သားသစ် စုဆောင်းမှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် မန်စီမြို့ပေါ်ရှိ ရှမ်းနီလူငယ်တစ်ချို့သည် စုဆောင်းရေး ဆွဲခံရမှာကို စိုးရိမ်သည့်အတွက် တိမ်းရှောင်မှုများ ပြုလုပ်နေတယ်လို့ သိရှိရသည်။
ဗန်းမော်ခရိုင်၊ မန်စီမြို့သည် အစိုးရစစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ရှိသော်လည်း အုပ်ချုပ်ရေး ယန်းတရား ကောင်းကောင်း မလည်ပတ်နိုင်ဘူးလို့ စုဆောင်းရေး တိမ်းရှောင်လာသည့် ရှမ်းနီလူငယ်တစ်ဦးက ဆိုပါတယ်။
မန်စီမြို့ရဲ့ လတ်တလောအခြေအနေနဲ့ ပက်သက်ပြီး အဆိုပါ ရှမ်းနီလူငယ်ကပဲ -
သစ်တောရုံးက သစ်တွေကို ဖမ်းရင် သစ်တောရုံးကို ဗုံးလာထောင်သွားတယ်၊ အခု မန်စီမှာ မူးယစ်ဆေးဝါးတွေ အရမ်းဖောင်းပွနေတယ်၊ မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့သူတွေကို ရဲတွေကလည်း စစ်ကြောင်းမပါရင် မဖမ်းရဲဘူး၊
မန်စီမြို့မှာ အစိုးရစစ်တပ်ရှိသော်လည်း KIA က စုဆောင်းရေး လာဆွဲမှာကို စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ မန်စီမြို့- အေးသာယာကုန်းကျော် ကနေ ၃ ဖာလုံလောက် သွားလိုက်ရင် ဒေသအခေါ် ကျောက်တောင်ကုန်းမှာ KIA အ၀င်စခန်းရှိပါတယ်။ အဲဒီကနေ ၂ မိုင်လောက်သွားရင် သံစားချောင်းမှာ KIA က တပ်စွဲထားပါတယ်။ အင်အားကတော့ များတယ်၊ အတိအကျတော့ ခန့်မှန်းလို့ မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့၊ မံစီမြို့ထဲမှာ ရှိတဲ့ ကချင်တွေက ပြည်သူ့စစ်ပုံစံမျိုးနဲ့ တာဝန်သွားထမ်းရတယ်၊ တပတ် တာဝန်ထမ်းရတာ ရှိတယ်၊ တလ တာဝန်ထမ်းရတာ ရှိတယ်၊ မြို့ထဲပြန်လာရင်တော့ ပြည်သူပေါ့၊ တပ်ထဲရောက်သွားရင်တော့ KIA ပေါ့၊ အဲဒီတော့ KIA နဲ့ သိပ်မဝေးတဲ့အတွက် အစိုးရစစ်တပ်ရှိသော်လည်း KIA က စုဆောင်းရေး ဆွဲမှာကို စိုးရိမ်ရတဲ့ အနေအထားမှာပဲ ရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့ ရှမ်းနီလူငယ်တွေကို KIA က ကျိန်းနေတာကြောင့် ကျွန်တော်တို့လည်း ခဏတိမ်းရှောင်လာတာ ပါလို့ ပြောပြသည်။
ရပ်ကွက် ၄ ခုရှိသော မန်စီမြို့သည် ရှမ်းနှင့် ကချင်လူမျိုးများ ရောပြွမ်း နေထိုင်ပြီး တစ်ဝက်စီခန့်ရှိရာမှ မောရ၀တီရပ်ကွက်တွင်တော့ ရှမ်းလူမျိုး အများစု နေထိုင်တာလည်းဖြစ်ပါတယ်။
ဧရာဝတီမြစ်ဖျားဆီက
Thursday, December 12, 2013
KIA မှ လူသစ် စုဆောင်းမှုအပြင် တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်နေမှုကြောင့် ဒေသခံတိုင်းရင်းသားများ ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြား
Thursday, December 12, 2013
ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တစ်ပတ်အတွင်း ဒေသခံရွာသား (၄၄) ဦးအား KIA မှလူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာ (၁၀) ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၌ ရွာသား (၁၀) ဦးအား ထပ်မံ ဖမ်းဆီးသွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သတင်းရရှိသည်။
“ တောင်ပြိုရွာက ၄ ယောက်၊ အထက်မနရွာက ၃ ယောက်၊ ဆွတ်အောင်ရွာ က ၃ ယောက် ပေါင်း (၁၀) ယောက်ပါသွားတယ်လို့ ကြားတယ်၊ KIA က လူသစ်လုပ်ရမယ်ဆိုပြီး အလိုမတူဘဲ ဖမ်းနေတော့ ရွာသား တွေ လည်း လွတ်ရာ ကျွတ်ရာ ထွက်ပြေးနေကြတာပေါ့ ” ဟု ဖားကန့်မြို့မှ အသက် ခြောက် ဆယ်အရွယ် ဦလနွန်က ပြောသည်။
ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းတွင် KIA တပ်မဟာ (၂) တပ်ရင်း (၆) မှ ဗိုလ် ဆောင်ရန်းခန်းဆာနှင့် တပ်ကြပ်ကြီး လထော်နော်လတ်တို့မှ အဆိုပါ ရွာသား (၁၀) ဦးအား ဆိုင်ကယ် (၆) စီးဖြင့် ဖားကန့် - လုံးခင်း - အောင်ဘာလေ လမ်းကြောင်းအတိုင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင် သက်သေ ရွာသားအချို့က ဆိုသည်။
KIA မှ မန်စီမြို့နယ် ချောင်းထောက်ကျေးရွာနှင့် မံဖွကျေးရွာအနီးဝန်းကျင် တွင် စပါးရိတ်သိမ်းနေသော ရွာသား (၂၁) ဦးအား ဒီဇင်ဘာ ၄ ရက်နေ့တွင် လည်းကောင်း၊ မန်စီမြို့နယ် တုံပလွေ၊ မန်ဝိန်းလေး၊ သစ်ဆုံး၊ ဆူးပုတ်ကုန်း ကျေးရွာများမှ သစ်ကယ်ရီသမားများနှင့် တောင်သူလုပ်ကိုင်နေသော ရွာသား (၁၇) ဦးအား ဒီဇင်ဘာ ၇ ရက်နေ့တွင်လည်းကောင်း၊ ၀ိုင်းမော်မြို့နယ် နောင်စီပေါရွာသား (၂) ဦးအား ဒီဇင်ဘာ ၆ ရက်နေ့ တွင်လည်းကောင်း၊ ဗန်းမော်မြို့ သိန်လင်ကျေးရွာ အနောက်တောင်ဘက်ရှိ လယ်တောတွင်း စပါးရိတ်သိမ်းခြင်း နှင့် ခြွေလှေ့ခြင်းလုပ်ကိုင်နေသော ရွာသား (၄) ဦးအား ဒီဇင်ဘာ ၈ ရက်နေ့တွင် လည်းကောင်း ဖမ်းဆီသွားခဲ့ ကြောင်း သိရသည်။
KIA အနေဖြင့် ဒေသခံရွာသားများအား လူသစ်အဖြစ်ဖမ်းဆီး ခေါ်ဆောင်နေမှု များအပြင် KIA တပ်ဖွဲ့ဝင်ဟောင်း များကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်နေ ကြောင်း အင်းတော်ကြီး ဒေသခံတစ်ဦး၏ ဆက်သွယ်ပြောဆိုမှုအရ သိရ သည်။
အင်းတော်ကြီးဒေသရှိ အိုင်တူးလေးရွာ၊ လောဆွမ်ကျေးရွာ၊ ချောင်းဝ ကျေးရွာ၊ နလတန်းကျေးရွာများရှိ အသက် ၅၅ နှစ်အောက် KIA စစ်မှုထမ်း ဟောင်းများအား တပ်ရင်း (၂၆) မှ အတင်းအကြပ်လာရောက်ဖမ်းဆီးနေမှု ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ဟိုပင်မြို့သို့ ရောက်ရှိ လာသော KIA အဖွဲ့ဝင်ဟောင်း အသက် ၅၃ နှစ်အရွယ် ဦးနော်ဂျာ က ဆိုသည်။
KIA မှ ယခုကဲ့သို့ KIA တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်ဖမ်းဆီးနေခြင်းနှင့် ကချင်ပြည်နယ်အနှံ့အပြား၌ လူသစ်အဓမ္မစုဆောင်းနေခြင်းများမှာ အစိုရတပ် များအား ပြန်လည်တိုက်ခိုက်ရန် အင်အားစုဆောင်း နေခြင်းဖြစ်၍ ငြိမ်းချမ်းရေအတွက် ရင်လေးမိသလို ဒေသခံတိုင်းရင်းသားများလည်း ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြားနေ ကြောင်း ဦးနော်ဂျာက ဆက်လက်ပြောသွားသည်။
ခွန်နော်

တနင်္သာရီမြို့နယ်၊ ကတော့ကမ်းရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာဘုရင်များ ကိုင်ဆောင်သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိ
Thursday, December 12, 2013
မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကတော့ကမ်းရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာ ဘုရင်များ ကိုင်ဆောင် သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိခဲ့ပြီး တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသော အစောဆုံး ကျောက်စာအဖြစ် ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ကျောက်စာ မြစ်သားမြို့၌ တွေ့ရှိ
Thursday, December 12, 2013
ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုးထားသည့် ပုဂံခေတ် စောလူးမင်း၏ ကျော က်စာအား မြစ် သားမြို့၌ တွေ့ရှိခဲ့ပြီး မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသည့် ကျောက်စာများအနက် အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်ကြောင်း ပညာရှင်များ၏ ရှာဖွေတွေ့ရှိ ချက်များအရ သိရသည်။
ပုဂံခေတ် စောလူးမင်း၏ ဘာသာစကား ခြောက်မျိုးဖြင့် ရေးထိုး ထားသည့် ကျောက် စာကို မြစ် သား မြို့ ပေတောကျောင်းတိုက် အတွင်းမှ နိုဝင်ဘာ ၁၇ ရက်က စတင်တွေ့ရှိခဲ့ပြီး တွေ့ရှိ ချိန် ၌ ကျောက်စာချပ် သုံးချပ်ကို တွေ့ရှိခဲ့ကာ နိုဝင်ဘာ ၂၇ ရက်တွင် နောက်ဆုံးကျန် ရှိနေသ ည့် ကျောက်စာချပ်အား ထပ်မံတွေ့ရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းမှ ၁၃၀၀ ပြည့် ချောက်ရေနံမြေ အလုပ်သမား အရေးတော်ပုံ (၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
Thursday, December 12, 2013
ချစ်ခင်လေးစားရပါသော ချောက်ရေနံမြေရှိ ပြည်သူလူထုကြီးခင်ဗျား
၁။၁၃၀၀ ပြည့် ရေနံမြေအလုပ်သမားအရေးတော်ပုံကြီးသည် ၁၃၀၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပါသည်။ရနံမြေအလုပ်သမားများ၏ ရသင့်ရထိုက်သောအခွင့်အရေးများ ရရှိနိုင်ရေး အတွက် ရဲဝံ့စွန့်စားစွာ တော်လှန်ခဲ့ကြသည်မှာ ယခုအခါ (၇၅)နှစ်တာ ကာလရောက်ခဲ့ပြီ ဖြစ်ပါသည်။

မန်စီမှ ရှမ်းနီ ၆၀ ကျော်ကို ကေအိုင်အေ ဖမ်းထားဟု ရှမ်းနီပါတီ ဥက္ကဋ္ဌဆို
Thursday, December 12, 2013
ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ ရွာများမှ ရှမ်းနီ တိုင်းရင်းသား ၆၀ ဦးကျော်ကို ကေအိုင်အေ တပ်ရင်း (၁၂) က ဒီဇင်ဘာ ပထမပတ်အတွင်း ဖမ်းဆီးထားကြောင်း တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်က The Voice သို့ ပြောကြားသည်။
မန်စီမြို့နယ်နှင့် နှစ်မိုင်မျှသာ ဝေးသော မန်ဖွရွာမှ လယ်ရိတ်သိမ်းနေသော ရွာသားများ အပါအဝင် လမ်းသွားလမ်းလာများနှင့် အနီးရှိရွာများမှ ရှမ်းနီ တိုင်းရင်းသား ၆၀ ဦးအပြင် ကချင်လူမျိုး ၁၀ ဦးကိုပါ ကေအိုင်အေက ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

Wednesday, December 11, 2013
သိန်း ၁၀၀ တန် တိုက်ခန်း ၀န်ထမ်းများကို အရစ်ကျ ရောင်းပေးမည်
Wednesday, December 11, 2013
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ပန်းနဲ့ ကျန်စစ်မင်းအိမ်ယာစီမံကိန်းတွေ ပြီးသွားရင် ၀န်ထမ်းနဲ့ ပြည်သူတွေကို အရစ်ကျ ငွေချေစနစ်နဲ့ ရောင်းပေးမယ်လို့ ရန်ကုန်တိုင်း ဆောက်လုပ်ရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောပါတယ်။
သခင်ဘိုးလှကြီး ကြေးသွန်းရုပ်ထုကို ချောက်မြို့မှာဖွင့်လှစ်
Wednesday, December 11, 2013
၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတုအခမ်းအနားကို ဒီကနေ့နံနက်ပိုင်းက မကွေးတိုင်းဒေ သ ကြီး ချောက်မြို့မှာ ကျင်းပခဲ့ပါတယ်။

ဂန္ဓမာအရောင်းကုန်တိုက် မီးလောင်မှု လူ ခုနစ်ဦး မီးခိုးမွှန်သေဆုံး
Wednesday, December 11, 2013
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်၊ ၈ ရပ်ကွက် ဝေဇယန္တာလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ Gandamar Whole Sale ကုန်တိုက် တွင်မီးလောင် မှု ဖြစ်ပွားပြီး လူ ၇ ဦး သေဆုံးခဲ့သည်။
ယခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့ နံနက် ၁ နာရီအချိန်တွင်Gandamar Whole Sale အပေါ် တတိယထပ်ရှိ Venus Garden Spa အလှပြင် ခန်းမတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းမီးလောင်မှုတွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးခြင်းဟု သိရသည်။

အကယ်ဒမီဗန်းကိုင် ၁၀ ဦးကို ညနေ ပိုင်းမှာ ထုတ်ပြန်ကြေညာ ပေးသွားမည်
Wednesday, December 11, 2013
အကယ်ဒမီဗန်းကိုင် ၁၀ ဦးကို ညနေ ပိုင်းမှာ ထုတ်ပြန်ကြေညာ ပေးသွားမှာဖြစ်ပြီး မနက်ဖြန် မှာတော့ ယင်း၁၀ဦးကိုပြန်လည်ခေါ်တွေ့သွားမှာဖြစ်တယ်လိုံ ရွေးချယ်ရေးဘုတ်အဖွဲ့ကပြောပါတယ်။

မိကျောင်းကန်မြေ ကုမ္ပဏီများ ပိုင်သည်ဆိုပါက ဆန္ဒပြသူများနှင့် ပူးပေါင်းမည်ဟု ဦးအောင်သိန်းလင်း ပြော
Wednesday, December 11, 2013
ဆန္ဒပြတောင်းဆိုလျက် ရှိသည့် မိကျောင်းကန်မြေ များသည် ကုမ္ပဏီများ ကသာ ပိုင်ဆိုင်ထားသည်ဆိုပါက ၄င်းကိုယ်တိုင် ဆန္ဒပြသူများနှင့် ပူးပေါင်း ၍ဆန္ဒဖော်ထုတ် မည်ဟု ယခင်မြို့တော် ဝန်ဟောင်း ဦးအောင်သိန်းလင်း က ပြောသည်။
မိကျောင်းကန်သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၆ နာရီ တွင် နောက်ဆုံးထား၍ ပိတ်သိမ်းပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများက အမိန့်စာ လာရောက်ကပ် သွားပြီး နောက်တစ်နေ့ နံနက်ပိုင်းတွင် သပိတ်စခန်းဖွင့်သူများကို ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒ ပြသူများက ဆိုသည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ၄င်းအနေဖြင့် ထိုသို့ပြောဆိုခဲ့ကြောင်း အတည်ပြုပြောသည်။ ”ဘာကြောင့်လဲဆိုတော့ ဒီမြေနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေရဲ့အထင်အမြင်တွေထဲမှာ ကုမ္ပဏီ ပိုင်မြေဖြစ် သွားပြီ လို့တွေးနေလို့ ကျွန်တော်က အမှန်ကိုရှင်းပြတာပါ။ တကယ့်လက်ရှိမှာ တပ်မတော် ကသာ ပိုင်ပါတယ်”ဟု ဦးအောင်သိန်းလင်း ကပြောသည်။ မိကျောင်းကန် သပိတ် စခန်းမှာ နိုဝင်ဘာ ၂၆ ရက်နေ့က တည်းက စတင်ဖွင့်လှစ်ခဲ့သည်။

ရွှေတိဂုံတွင် လွန်ခဲ့သော ၆ နှစ် က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ကျယ်လောင်စွာဆုတောင်းခဲ့မှုဖြင့်ဒေါ်နော်အုန်းလှ အား တရားစွဲဆို
Wednesday, December 11, 2013
တရုတ်နိုင်ငံတော်အလံအား မီးရှို့ ဆန္ဒပြမှုဖြင့်တရားစွဲဆိုခံရသူ ဒေါ်နော် အုန်းလှအား ၂ဝဝ၇ ခုနှစ် က ရွှေတိဂုံ တွင် ကျယ်လောင်စွာ ဘုရားရှိခိုး သည့်အမှုတစ်ခု ထပ် တိုး၍ဒဂုံမြို့နယ် တရားရုံးက ဒီဇင်ဘာ လ ၁ဝ ရက်နေ့ တွင်စွဲချက်တင် စစ်ဆေးခဲ့သည်ဟု တရားခံ၏ ရှေ့နေဖြစ်သူက Popular News သို့ ပြော သည်။
နိုဝင်ဘာလ ၂၉ရက်နေ့က ဒေါ် နော်အုန်းလှ အပါအဝင် ဆန္ဒပြသူ အချို့မှာ တရုတ်သံရုံးရှေ့တွင် တရု တ် နိုင်ငံတော်အလံကို မီးရှို့ခဲ့ရာ ယင်း ကိစ္စနှင့်ပတ်သက်၍ ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စွဲချက်တင်ပြီးေ နာက် ဒေါ်အောင် ဆန်းစုကြည် လွတ်မြောက်ရန် လွန်ခဲ့ သော ၆ နှစ်ခန့်က ရွှေတိဂုံစေတီတော် တွင် ဘုရားအကျယ်ကြီး ရှိခိုး၍ ဆု တောင်း ခဲ့မှုဖြင့် အများပြည်သူ အနှောင့် အယှက်ဖြစ်စေမှု ပုဒ်မ ၂၉၆ နှင့်ပါ အမှုတစ်ခု ထပ်မံတိုးကာ ရုံးတော်မှ စွဲချက်တင် တရားစွဲဆိုခဲ့သည်ဟု ၄င်းရှေ့နေက ရှင်းပြသည်။

Monday, December 09, 2013
ထိုင်းအစိုးရကို တနင်္လာနေ့ နောက်ဆုံးထား၍ တိုက်ပွဲဝင် ဖြုတ်ချသွားမည်ဟု အတိုက်အခံတို့ ပြောကြား
Monday, December 09, 2013
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် နောက်ကွယ်မှ ကြိုးကိုင်ခံနေရသည်ဟု စွပ်စွဲပြောဆို ခံထားရသည့် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့ကို တနင်္လာနေ့ (ဒီဇင်ဘာ ၉ ရက်နေ့) နောက်ဆုံးထား၍ ဖြုတ်ချသွားမည် ဖြစ်သည်ဟု အတိုက်အခံ အင်အားစုများက သံန္နိဋ္ဌာန် ချမှတ်လိုက်ပြီ ဖြစ်ကြောင်း The Nation သတင်းစာက ရေးသားဖော်ပြသည်။

လူပေါင်း တစ်သန်းကျော် ပါဝင်မည့် ဆန္ဒပြပွဲကျင်းပရန် ယူကရိန်း အတိုက်အခံများ စီစဉ်
Monday, December 09, 2013
ဥရောပသမဂ္ဂ အဖွဲ့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်ကို စွန့်ပယ်ပြီး ရုရှားနိုင်ငံနှင့် အနီးကပ် ပူးပေါင်းရန် ယူကရိန်းသမ္မတ ဗစ်တာယနူကိုဗစ်က ကြိုးပမ်းနေခြင်းကို ဖိအားပေးနိုင်ရန် လူပေါင်း တစ်သန်းကျော် တက်ရောက်မည့် ဆန္ဒပြပွဲတစ်ရပ် ကျင်းပရန် အတိုက်အခံ စည်းရုံးရေးမှူးများက စီစဉ်နေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
လူတစ်သန်းကျော် ပါဝင်မည့် ဆန္ဒပြပွဲ ကျင်းပခြင်းဖြင့် ယူကရိန်း အစိုးရအဖွဲ့နှင့် အတိုက်အခံများကြား ရက်သတ္တပတ်ပေါင်း များစွာ ကြာအောင် ဖြစ်ပွားနေသည့် တင်းမာမှုများ ပိုမို ဆိုးရွားလာမည် ဖြစ်သည်။

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပမည်ဟု ၀န်ကြီးချုပ် ယင်လပ်ပြော
ဆန္ဒပြသူများ၏ တောင်းဆိုချက်အတိုင်း ထိုင်းလွတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ကပွဲကို ဖြစ်နိုင်သမျှ
အမြန်ဆုံး ကျင်းပသွားမည်ဟု ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာက ယနေ့တွင် တိုင်းပြည်သို့ ရုပ်သံ မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ပြီးစီးကာ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာသည် အထိ သူမက ကြားဖြတ်အစိုးရ အကြီးအ ကဲ အဖြစ် တာဝန်ယူမည် ဟုလည်း ပြောကြားခဲ့သည် ။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-