Wednesday, December 04, 2013

ချက်စ်ပြိုင်ပွဲတွင် ဆူညံပါက ဒေါ်လာ ၅၀၀ ပေးရမည်

Wednesday, December 04, 2013 

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲအတွင်း ထည့်သွင်းကျင်းပမည့် စစ်တုရင်အား ကစားနည်း ပြိုင်ပွဲတွင် ပြိုင်ပွဲကျင်းပနေသည့် အချိန်အတွင်း ဆူညံမှုများပြုလုပ်ပါက ဒဏ်ငွေ ဒေါ်လာ ၅၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင်ကပြောသည်။

မှော်ဘီက ထူးခြား ရှေးဟောင်းဘုရားဆင်းတုများ ဖူးမျှော်သူတွေနဲ့ စည်ကား

Wednesday, December 04, 2013 
ရန်ကုန်က ကားနဲ့ သွားရင် သိပ်မဝေးတဲ့ မှော်ဘီမြို့နယ်က တချိန်က လူအသွားအလာ နည်းတဲ့  အောင်ဇ ဗ္ဗူတောရ ဓမ္မရိပ်သာကျောင်းဟာ အခုတော့ ဘုရားဖူးတွေနဲ့ စည်ကားနေပါတယ်။ 

ဖြစ်စဉ်ကို ကျမ မေးကြည့်တော့မှ ဗုဒ္ဓဘာသာကို ကြည်ညိုလွန်တဲ့ အတွက် ဂျပန်နိုင်ငံသား မစ္စတာ Kasu yuki Kumano ဟာ အောင်ဇဗ္ဗူတောရ ဓမ္မရိပ်သာကျောင်းကို သူ့မှာ လက်ဝယ် သိမ်းဆည်းထား တဲ့ေ ရှး ဟောင်း ဘုရား ဆင်းတုတော်တွေကို လှူဒါန်းခဲ့ပြီး ထူးခြားတဲ့ ရှေးဘုရား ဆင်းတုတော်တွေ ကို အခုလို အများ သူငါ ဖူးခွင့်ရတာဖြစ်ပါတယ်လို့ သိရပါတယ်။ 

Tuesday, December 03, 2013

ဆီးဂိမ်းဘောလုံးပွဲ လက်မှတ်ရောင်းကောင်း

Tuesday, December 03, 2013

ရန်ကုန်မှာ ကန်မယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အုပ်စု ခ ဘောလုံးပွဲစဉ် လက်မှ တ် တွေကို ဒီဇင်ဘာ ၂ ရက်နေ့ကစ ကြိုတင်ရောင်းချပေးခဲ့ရာမှာ အချိန်တိုအတွင်း လက်မှတ်ေ တွ ရောင်းကုန် သွားပြီး လူအများအပြား လက်မှတ် ၀ယ်မရကြဘူးလို့ ကိုယ်တိုင် သွားဝယ်သူေ တွ က ပြောပါတယ်။

ဆီးဂိမ်းပြိုင်ပွဲတွေအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကျပ်ငွေ ၂ ဘီလီယံခွဲ သုံးမည်

Tuesday, December 03, 2013
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ဆီးဂိမ်းပြိုင်ပွဲ အဆင့်ဆင့်အတွက် ကျပ်ငွေ သန်း ၁၇၀၀ နီးပါး သုံးစွဲခဲ့ပြီး ဆီးဂိမ်း ပြီးတဲ့အထိ စုစုပေါင်း ကျပ်ငွေ နှစ်ဘီလီယံခွဲ အသုံးပြုမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီအထဲမှာ အမျိုးသားအသင်းအတွက် ကျပ်ငွေ သန်း ၈၀၀၊ အမျိုးသမီးအသင်းအတွက် ကျပ်ငွေ သန်း ၈၄၀၊ ဖူဆယ်ဘောလုံးအသင်းအတွက် ကျပ်ငွေ သန်း ၂၀၀ လောက် သုံးထားပြီးဖြစ်တယ်လို့ သူက ပြောပြပါ တယ်။

"N ကိုင်ရာ ရဲ့ မင်္ဂလာပွဲအစီအစဉ်"

Tuesday, December 03, 2013
တေးသံရှင် Nကိုင်ရာက အောက်တိုဘာလ ထဲမှာ သူမရဲ့ဖခင်ဖြစ်သူ ဆုံးပါး သွားတာကြောင့် သူ့ရဲ့ မင်္ဂလာ ပွဲကိုလည်း ရွှေ့ဆိုင်း ခဲ့ရပြီး အနုပညာ အလုပ်တွေ လည်း ရပ်နား ထားခဲ့ပါတယ်။ အခု နိုဝင်ဘာလ ထဲမှာေ တာ့ Nကိုင်ရာက အနုပညာ အလုပ်တွေကို ပြန်လည် လှုပ်ရှားနေပြီး မင်္ဂလာပွဲ ကိုတော့ ဇန်နဝါရီနဲ့ ဖေဖော် ဝါရီ ထဲမှာစီ စဉ်ထားတယ် လို့သိရပါတယ်။

အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ရေးဥပဒေ လွှတ်တော်သို့တင်ပြမည်ဟု သမ္မတကတိပြု

Tuesday, December 03, 2013
မြန်မာနိုင်ငံအတွင်း ပဋိပက်္ခ များဖြစ်ပွားခဲ့သည့် ဒေသများ၌ အမျိုးသမီးများကို ကာကွယ် စောင့်ရှောက်ခြင်း သည်လုပ်ဆောင် သင့်သည့်အချက်တစ်ခုဖြစ်သည့် အတွက် အမျိုးသမီးများကို ကာ ကွယ်စော င့်ရှော က် ရေးဥပဒေကို လွှတ်တော်သို့တင်ပြပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိပြုပြောဆိုခဲ့သည်။
နိုဝင်ဘာ ၃၀ ရက်၊ ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ၌ကျင်းပ ခဲ့သော တည်ငြိမ်အေးချမ်း သည့် နိုင် ငံ တော်တည်ဆောက်ရေးတွင် လူထုအခြေပြုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆိုသည့် အရပ်ဘက် လူ မှုအဖွဲ့အ စည်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ အမျိုးသမီးကဏ္ဍ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည့် ကျား/မရေး ရာ တန်းတူညီမျှရေး ကွန်ရက်မှ ဒေါ်မေစံပယ်ဖြူ၏ ဆွေးနွေးချက်များကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြန်လည် ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန် အတွင်းအပြင် လျော်ကြေးငွေ ကျပ် ၃၀၇ ဘီလီယံပေးရန် ကျန်ဟုဆို

Tuesday, December 03, 2013
ထားဝယ် အထူးစီးပွားရေးဇုန် အတွင်းအပြင် သတ်မှတ်ဧရိယာ အတွင်းရှိ ဒေသခံများနှင့် လယ်မြေ စိုက်ခင်း များ အတွက် လျော်ကြေးငွေများ ပေးလျက်ရှိရာ ခန့်မှန်းငွေကျပ် ၃၀၇ ဘီလီယံခန့် ပေးရန် ကျန်သေးကြော င်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန် ကြီး ဦးဘုန်းဆွေက ပြောကြားသည်။

မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသည့် စိတ်ဓာတ်များကို ဖျောက်ဖျက်ရန် သမ္မတဦးသိန်းစိန် ပြောကြားကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြ

Tuesday, December 03, 2013

မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသည့် စိတ်ဓာတ်များကို ဖျောက်ဖျက်ရန် လို အပ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ပြောကြားကြောင်း ဒီဇင်ဘာ ၂ ရက်ထုတ် အစိုးရ သတ င်းစာတွင် ဖော်ပြထားသည်။ ဒီဇင်ဘာ ၁ ရက်က ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်မြို့နယ်ခွဲမှ ကျောင်း ကုန်းမြို့နယ် အောင်မင်္ဂလာ အဆင့်မြင့်စံပြ လယ်ယာဧက ၁၀၀ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အား ၁၂၀၀ ကျော်မှ ဆိုင်ကယ်စီးရေ ၃၁၀၊ မီးတန်းယာဉ် ၇၂ စီးတို့ဖြင့် လမ်းကြောင်း ရှင်းလင်းရေးနှင့် ဧည့်ကြိုပို့ရေး လုပ်ဆောင်မည်

Tuesday, December 03, 2013
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ် ဖွဲ့ဝင် အင်အား ၁၂၀၀ ကျော်မှ မော်တော်ဆိုင်ကယ် အစီးရေ ၃၁၀ စီး၊ မီးတန်းယာဉ် ၇၂ စီးတို့ကို အ သုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ဌာနချုပ် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူး ကြီး ကျော်ထွေးက ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့် လမ်းကြောင်းရှင်းလင်းရေး၊ ဧည်ကြိုပို့ရေး လုပ်င န်းများကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖခင်ကို ထောင်ချလိုက်သည့်အတွက် သမီးဖြစ်သူအဆိပ်သောက်

Tuesday, December 03, 2013

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဖခင်ဖြစ်သူကို လူသတ်မှုဖြင့် ထောင်ဒဏ်ချလိုက်သည့်အတွက် အ သက် ၁၆ နှစ်အရွယ်သမီးဖြစ်သူက စိတ်ဓာတ်ကျကာ ကြွက်သတ်ဆေးသောက်၊ သေကြောင်းကြံ စည်ခဲ့ သည်ဟု ကောလင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒီဇင်ဘာ ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် အဆိပ်သောက်ခဲ့သည့်ဆယ်တန်းကျောင်းသူကို ကောလင်းမြို့န ယ် ပြည်သူ့ဆေးရုံကြီး တွင်ေ ဆးကုသမှုခံယူလျက်ရှိပြီး ဆေးရုံကြီးမှ ဖုန်းဆက်သွယ်အကြောင်းကြားခဲ့ရာမှတစ်ဆင့် ရဲဌာနမှသိရှိ ခဲ့ခြ င်း ဖြစ်သည်။

ရိုဟင်ဂျာ/ဘင်္ဂါလီတို့ကို နိုင်ငံသားပြုရေးကို ရန်ကုန်မှာ ကန့်ကွက်

Tuesday, December 03, 2013 
ရိုဟင်ဂျာ/ဘင်္ဂါလီတို့ကို နိုင်ငံသားအဖြစ်သတ်မှတ်ပေးရေး ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်းချက်ကို ကန့်ကွက်တဲ့ ဟောပြောပွဲတခု တနင်္ဂနွေနေ့က ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။ 

ဗဟန်းမြို့နယ်မှာပြုလုပ်တဲ့ အခမ်းအနားမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ကန့်ကွက်ကြောင်း ပိုစ တာများ ချိတ်ဆွဲခြင်း၊ ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်းချက်သတင်းကို http://burma.irrawaddy.org/news /2013/11/20/51169.html မှာ ဖတ်နိုင်ပါတယ်။ 

မြန်မာအစိုးရက အဲဒီ တိုက်တွန်းမှုကို ပယ်ချထားပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်တဲ့အခမ်းအနားမှာ - မြန်မာပြည်တိုင်းရင်းသား ၁၃၅ မျိုးပဲ ရှိတယ်၊ ထပ်တိုးဖို့ မကြိုး စားနဲ့၊ ဘယ်လူမျိုးမှ လက်မခံ ဆိုတဲ့ စာတန်းပါ တီရှပ် ၀တ်ဆင်သူ အများအပြား တွေ့ခဲ့ရပါတယ်။

The Irrawaddy (Burmese Version)

Monday, December 02, 2013

“ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မှ တိုင်းပြည်တိုးတက်မှာလား “

Monday, December 02, 2013 

မြန်မာပြည် မတိုးတက်ဘူးဟုပြောသည်၊ အဆင်းရဲဆုံးနိုင်ငံ(LDC)ထဲမှာ ပါနေသည်ဟုပြောသည်။ အရှေ့ တောင်အာရှမှာ ဖွံ့ဖြိုးမှုနောက်အကျဆုံးဟုပြောသည်။ မှန်ပါသည်။ ပြော သာပြောနေကြသ ည်။ နိုင် ငံအတွ က်၊ တိုင်းပြည်အတွက် ကြိုးစားပြီး လုပ်ပေးတဲ့သူက မရှိသလောက်ဖြစ်နေသည်။ တိုင်းပြည် အတွက် အ ခြေခံ အုတ်မြစ်တွေ ပြင်ဆင်ချမှတ်ပေးပြီး တည်ဆောက်ပြုပြင်မှုတွေ ပြုလုပ်ပေးတဲ့အတွက် လွှတ်တော် အဖွဲ့အစည်းကြီး ပေါ်လာသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ပြည်သူက အတ  ည်ပြုေ ပးခဲ့ပြီးသဖြင့် နောက်ဆက်တွဲ ဒီမိုကရေစီ မျိုးစေ့စတင် ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ constitutions အရ မြန်မာနိုင်ငံတွင် လွှတ်တော် ၃ ရပ်ကို ဖွဲ့စည်းထားခြင်းဖြစ်သည့် ပြည်ထောင် စုဖြစ်ပြီး ပြင် သ စ်နိုင်ငံကဲ့သို့ပင် ဗဟိုမှ အရာ ရာကို ကြီးကြပ်ကွပ်ကဲသည့် Unitary စနစ်ဖြစ်သည်။ ယခင်က ရှမ်းပြည်နယ် တွင် စော်ဘွားများ အုပ်ချုပ် သော်လည်း ဗဟိုအစိုးရမှ ကွပ်ကဲမှုရှိခဲ့မှု အနေအထားဖြစ်ပါသ ည်။ ၁၉၇၄ ခုနှစ် consitutions သည် programmatic ဖြစ်ပြီး Libral democratic institutions ဖြစ်သည့်အတွက် ဗြိတိန်နိုင်ငံနှင့် မတူညီပေ။ ယခု ၂၀၀၈ constitutions သည် neutral ဖြစ်ပါသည်။

အတိတ်ကဖြစ်ရပ်တွေကိုပြန်သတိရဖို.လိုပြီ

Monday, December 02, 2013 
မြန်မာနိုင်ငံမှာ ကြီးပြင်းလာတဲ. တိုင်းရင်းသား လက်နက်ကိုင်အဖွဲ.အစည်းတွေနဲ.. စစ်တပ်အတွင်းမှာ ရှိတဲ. စစ်သားတိုင်းရဲ. တူညီသော ရည်မှန်းချက်ဟာ ငြိမ်းချမ်းရေး ရရှိဖို.ပဲ ဖြစ်ပါတယ်။ဘယ်သူတွေ ဘယ်လိုပဲ ငြိ မ်းချမ်းရေး လိုချင်ပါတယ် ပြောဆိုပါစေ။ လက်တွေ.ကျကျ တိုက်ပွဲဝင်နေရတဲ. စစ်သားတွေလောက် ဘ ယ် သူကမှ ငြိမ်းချမ်းရေးကို အလိုမရှိကြပါဘူး။ ထိုသို. ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ဆောင် ရန်အ တွက် နှစ်ဖက်စလုံးမှ အပစ်အခတ် ရပ်ဆဲရေး မူကြမ်းကို ရေးဆွဲ ကြရပါတယ်။ ထိုသို. ရေးဆွဲ ရာတွ င် နှစ်ဦး နှစ်ဖက်လုံး သဘောတူ လက်ခံနိုင်ဖို.မှာလည်း အလွန် အရေးပါလှပါသည်။ 

ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင်မှ ဘင်္ဂါလီများကို တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုကို အမျိုးသား ကွန်ယက် (မြန်မာ) ကန့်ကွက်ပွဲ အခမ်းအနား ပြုလုပ်

Monday, December 02, 2013 

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှ ဘင်္ဂါလီများကို တိုင်းရင်းသား မျိုးနွယ်စုအဖြစ် သတ်မှတ်ေ ပးရန် တောင်းဆိုမှုအား ကန့်ကွက်သည့် အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် M3 ခန်းမ အနီး ဦးဝိစာရလမ်းနှင့် ရွှေတိဂုံ ဘုရားလမ်းထောင့်ရှိ ဘောလုံးကွင်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိ ရသည်။

"လ" စူးစမ်းရေးယာဉ် တရုတ်လွှတ်တင်

Monday, December 02, 2013 
တရုတ်နိုင်ငံရဲ့ ပထမဆုံး စူးစမ်းလေ့လာရေးယာဉ် လပေါ်ကို လွှတ်တင်လိုက်ပါပြီ။ ရည်မှန်းချက်ကြီးစွာနဲ့ အခု နောက်ဆုံး စမ်းသပ်လိုက်တဲ့ အာကာသအစီအစဉ်ဟာ ကမ္ဘာမှာ တရုတ်ရဲ့ ကျော်ကြားမှုအရှိန် အဟုန် ကို ထင်ဟပ်စေပါတယ်။

Jade Rabbit ကျောက်စိမ်းယုန်ကလေးလို့ နာမည်ပေးထားတဲ့ ဘီးတပ်ယာဉ်ငယ် တင်ဆောင်ထားတဲ့ Cha ng’e-3 Lunar စူးစမ်းရေးယာဉ်ကို စွမ်းအားမြှင့် ရော့ကက်ပေါ်တင်ပြီး တရုတ်နိုင်ငံအနောက် တောင်ပိုင်း Sichuan ပြည်နယ်၊ Xichang ဂြိုဟ်တုလွှတ်တင်စခန်းကနေ Greenwich စံတော်ချိန် 1730 - တရုတ်ဒေ သစံတော်ချိန် တနင်္လာနေ့ မနက်စောစောမှာ လွှတ်တင်ခဲ့တာပါ။

HIV/AIDS အတွက် သီးခြားဘဏ္ဍာငွေ ထုတ်ပေးရန် လွှတ်တော်တင်မည်

Monday, December 02, 2013 

အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေး၊ ကုသရေး လုပ်ငန်းစဉ်များအတွက် သီးခြား ဘက်ဂျက်တစ်ရပ်ကို လာမည့် ၂၀၁၄- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်သို့ တင်ပြတောင်းခံသွားမည်ဟု ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးတင်မောင်ဦးက ဒီဇင်ဘာလ ၁ ရက်တွင် ပြောသည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက “နိုင်ငံတကာမှာ အိတ်ခ်ျအိုင်ဗွီအတွက် သီးခြားဘက်ဂျက် ရှိတယ်။ ကျွန် တော်တို့နိုင်ငံမှာ အဲဒီလို သီးခြားမရှိသေးတဲ့အတွက် တင်ပြသွားမှာပါ” ဟု ပြောသည်။

Saturday, November 30, 2013

လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းပေးရေး တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ်ဖော်

Saturday, November 30, 2013
လက်ပံတောင်းတောင် သံဃာတော်များ အကြမ်းဖက် ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်သည့် နိုဝင်ဘာလ ၂၉ ရ က် နေ့ တွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ရုပ်သိမ်းပေးရေး အတွက် ဒေါ်နော်အုန်းလှ အပါအ ဝင် ဒီမိုကရေစီ အင်အားစု အဖွဲ့ဝင်များက တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ်ဖော် မှု ပြုလုပ် ခဲ့ကြသည်။

ယင်းဆန္ဒပြသူများမှာ ဆူးလေ ဘုရားအနီးမှ စတင်ကာ တရုတ်သံရုံးအထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော် ပြီး နောက် တရုတ်သံရုံးနား အရောက်တွင် တရုတ်နိုင်ငံ အလံကို မီးရှို့ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

“မီးရှို့ဆန္ဒပြလိုက်တယ်ဆိုတာ တရုတ်နိုင်ငံက ဝမ်ပေါင် ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းစေချင် လို့ပါ” ဟု ဒီမိုကရေစီ အင်အားစုအဖွဲ့ဝင် ဦးစည်သူက ပြောကြားသည်။

အဆိုပါ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်ပြီး အများပြည်သူ သဘောဆန္ဒမရှိသော လု ပ်ရပ်မှန်သမျှ ချက်ချင်းရပ်ရေး၊ ဝမ်ပေါင်ကုမ္ပဏီ လုပ်ငန်းကို အမြန်ဆုံး ရပ်ဆိုင်းရေးနှင့် ရဟန်းပြည်သူများ ကို အကြမ်းဖက် ဖြိုခွင်းသူနှင့် အမိန့်ပေး ခိုင်းစေသူများကို အမြန်ဆုံး ဖော်ထုတ်ပေးရေးတို့ကို တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် တက်ကြွ လှုပ်ရှားသူများက ဆိုသည်။

ဒီမိုကရေစီ နိုင်ငံအတွင်း ပြည်သူများ ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ခွင့် ရှိသော်လည်း တခြားနိုင်ငံ အလံများကို မီးရှို့ ဆန္ဒထုတ်ဖော်ခြင်းသည် မိမိနိုင်ငံ၏ ပုံရိပ်ကို ကျဆင်းစေကြောင်း အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

“သူများနိုင်ငံ အလံကို မီးရှို့ရလောက်အောင် ပြင်းပြင်းထန်ထန် လုပ်တာကတော့ နောက်ကွယ်က နိုင်ငံရေး ပိုင်းတွေ အများကြီး ဆက်နွှယ်မှု ရှိလာနိုင်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ရာ တရုတ်သံရုံးရှေ့ရှိ အလုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိ သူတစ်ဦးကို မေးမြန်းသော်လည်း မီဒီယာများကို ရှင်းပြရန် အချိန်မရှိသေးကြောင်း ပြန်လည် ဖြေကြား သ ည်။

လက်ပံတောင်းတောင် ကြေးနီ တူးဖော်ရေး စီမံကိန်းကို တပ်မတော် အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်အ တွင်း တရုတ်နိုင်ငံပိုင် ဝမ်ပေါင် ကုမ္ပဏီနှင့် လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါ စီမံကိန်း ရပ်ဆိုင်းရေးအတွက် သပိတ်စခန်းများ ဖွင့်လှစ်မှုများကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ အင်အားသုံး နှိမ်နင်းမှုကြောင့် သံဃာတော်များနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုအတွက် တရားဝင် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခြင်း မရှိကြောင်း ဒီမိုကရေစီ အင်အားစု အဖွဲ့ဝင်များက ပြောကြားသည်။

The Voice Weekly

ရနိုင်တာကိုသာ တောင်း၍ ယူကြစေ

 Saturday, November 30, 2013

လူတွေရယ်လို့ ဖြစ်လာတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ မှီတင်းနေထိုင်တဲ့ လူသားအားလုံး သူတို့ရသင့်ရ ထို က်တဲ့ အခွင့်အရေးတွေ ရရှိခြင်းဆိုတာ သဘာဝကျတဲ့ကိစ္စဖြစ်သလို အင်မတန် လူသားဆန် တဲ့ကိစ္စ လည်း ဖြစ်ပါတယ်။ မွေးဖွားလာကတဲက လူတွေဟာ သူတို့ရရှိရမဲ့ လူသားဆိုင်ရာ အခွင့်အရေးတွေ က ပ် လျှက် ပါ လာ ပြီးသား ဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းကို ပြန်ကြည့်ရင် ပဒေသရာဇ်ဘုရင်တွေ လ က် ထက် တေ လျှာက်လုံး လူသားတို့ ရပိုင်ခွင့်၊ နိုင်ငံသားတို့ ရပိုင်ခွင့်ဆိုတာ ခေတ်မစားသေးပါဖူး။ အမျာြး ပ ည်သူ တွေအ နေနဲ့ ကြားတောင် ကြားဖူး ခဲ့တာမဟုတ်ပါ။ ဘုရင်တွေခေတ်က စာပေတွေမှာလည်း အဲ သည့်ရပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ဘာတခုမှလည်း အထူးတလည် ရည်ညွှန်းပြဆို ထားတာမျိုး၊ ပညာေ ပး ခဲ့တာမျိုးမရှိခဲ့ပါ။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံ တက္ကသိုလ်နှစ်ခုမှ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဂုဏ်ထူးဆောင် ပါရဂူဘွဲ့နှင့် ပြည်သူ့ရေးရာ နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်

Saturday, November 30, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံ Mae Fah Luang တက္ကသိုလ်မှ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဂုဏ်ထူးဆောင် ပါရဂူဘွဲ့၊ Naresuan တက္ကသိုလ်မှ ပြည်သူ့ရေးရာ နိုင်ငံရေး သိပ္ပံဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့တို့ကို ချီးမြှင့် ခဲ့ကြောင်းနှင့် ဘွဲ့အပ်နှင်းသည့် အခမ်းအနားကို နိုဝင်ဘာ ၂၉ ရက်က နေပြ ည်ေ တ်ာရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန် ပြည်သူလူထုသို့ (၄၃) ကြိမ်မြောက် မိန့်ခွန်းအား ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ယနေ့ပြောကြားမည်

Saturday, November 30, 2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ယနေ့(နိုဝင်ဘာ ၃၀ ရက်) ပြုလုပ် မည့် "တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်း ကဏ္ဍ" ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုသို့ ပြည် သူလူ ထု သို့ မိန့်ခွန်းပြောကြားမှုသည် (၄၃) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွင်း အစိုးရနှင့် လူထုအခြေပြု အ ဖွဲ့အစည်းများ ထိရောက်စွာ ဆောင်ရွက်လာနိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရ သ ည်။

သြစတြေးလျရောက် ဒေါ်အောင်ဆန်းစုကြည် တတိယမြောက် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ကင်ဘာရာမြို့၌ လက်ခံရယူ

Saturday, November 30, 2013
သြစတြေးလျရောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တတိယမြောက် ဂုဏ် ထူးဆောင် ပါရဂူဘွဲ့ကို ကင်ဘာရာမြို့၌ နိုဝင်ဘာ ၂၉ ရက်က လက်ခံရယူခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၉ ရက်တွင် ကင်ဘာရာမြို့သို့ ေ ရာက္ရွိခဲ့ၿပီး ၾသစေၾတးလ် အမ်ဳိးသားတကၠသိုလ္မွ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူခဲ့ခြင်း ဖြစ်သ ည်။

Friday, November 29, 2013

မန္တလေးမြို့လယ် ၂၆ လမ်းကို သမိုင်းဝင် အာဇာနည်လမ်း အဖြစ် ပြောင်းခေါ်ရန် အဆိုတင်သွင်းမည်

Friday, November 29, 2013
မန္တလေးတိုင်းဒေသကြီး၌ ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းတွင် ကျင်းပမည့် နဝမအကြိမ် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ မန္တလေးမြို့လယ် အထင်ကရ လမ်းမကြီး တစ်ခုဖြစ်သည့် ၂၆ လမ်းကို သမိုင်းဝင် မူရင်း နာမည် ဖြစ်သည့် အာဇာနည်လမ်းအဖြစ် ပြောင်းလဲ ခေါ်ဝေါ်ရန် အဆိုတင်သွင်းမည် ဖြစ်ကြောင်း နိုဝင်ဘာ လ ၂၈ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်တ င်တင်မာက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န် ကြီး ဒေါက်တာမြအေး ကွယ်လွန်

Friday, November 29, 2013 

ယနေ့ နံ နက် ၁၁ နာရီ အချိန် တွင် အာရှ တော်ဝင် ဆေးရုံ ၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န် ကြီး ဒေါက်တာမြအေး အသည်း ကင် ဆာ ရော ဂါ ဖြင့် ကွယ် လွန် သွားကြောင်းသိရသည်။ 

ဒေါက်တာမြအေးသည် ယခင် မန္တလေး တက္ကသိုလ် ပါမ္ခော ချုပ် အဖြစ် တာ ၀န် ယူ ခဲ့ပြီးယခု အစိုးရ လက် ထက် တွင်ပညာရေး ၀န် ကြီး အဖြစ် တာ ၀န် ပေး ခံ ခဲ့ ရ သူ ဖြစ် သည်။

ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖရိုဖရဲ ဖြစ်သွားနိုင်တယ်

Friday, November 29, 2013 
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် သမ္မတသစ် ရာထူးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်သင့်ကြောင်း တရားဟောနေ သည်ဟု သတင်းများပေါ်ထွက်နေသောကြောင့် ဧရာဝတီက တိုက်ရိုက်စုံစမ်းမေးမြန်းခဲ့ပါသည်။ 

“ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့ ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်း ရင်းသားဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရလက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်တာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး” ဟု အရှင်ဝီရသူက ဧရာဝတီသတင်းထောက် စနေလင်းနှင့် တယ်လီဖုန်း ဖြင့် ဆက်သွယ်မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

ထောက်လှမ်းရေး ပြန်ဖွဲ့သင့်ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဆို

Friday, November 29, 2013 
နိုင်ငံတော် လုံခြုံရေးကို ထိပါးလာသော လုပ်ရပ်များကို ကာကွယ်ရန် အတွက် အစိုးရအနေနှင့် ထောက်လှ မ်းရေး တပ်ဖွဲ့တစ်ခု ပြန်လည် ဖွဲ့စည်းသင့်ကြောင်း တပ်မတော် ထောက်လှမ်းအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကရဝိက်နန်းတော်တွင် ကျင်းပ ပြုလုပ်သော မြတ်ခိုင် ရေးသား သည့် ဦးခင်ညွန့်နှင့် အင်တာဗျုးစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

My Blog List