Friday, November 29, 2013

သမ္မတဖြစ်ပါက တိုင်းပြည်ညီညွတ်ရေး ဦးစားပေးလုပ်မည်ဟု ဒေါ်စု ပြော

Friday, November 29, 2013 
မိမိသာ သမ္မတဖြစ်လာပါက တိုင်းပြည်ညီညွတ်ရေးကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၈ ရက်၌ ဩစတြေးလျနိုင်ငံ၊ ဆစ် ဒနီမြို့ရှိ လိုဝီ နိုင်ငံတကာ မူဝါဒရေးဆိုင်ရာဌာနတွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် ပြောဆိုလိုက်သည်။

"တိုင်းပြည် စည်းလုံးညီညွတ်ရေးပေါ့။ လွန်ခဲ့တဲ့နှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြိုင်တဲ့အခါမှာ တရားဥပ ဒေ စိုးမိုးရေး၊ ပြည်တွင်းပဋိပက္ခတွေ ရပ်စဲစေမယ့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံပြင် ဆင်ရေး တို့ကို ကျွန်မတို့ရဲ့ နိုင်ငံရေးလမ်းစဉ် သုံးခုအဖြစ် ထားရှိခဲ့ပါတယ်။ ဒီသုံးခုစလုံးက ဆက်စပ်နေတဲ့အတွက် ကျွန်မ တို့က ရွေးချယ်ခဲ့တာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သဘာဝမကျတဲ့ UNFC ၏ စိတ်ကူးအိမ်မက်များ

Friday, November 29, 2013 
ယခုဆိုရင် ၂၀၁၃ ခုနှစ်ကုန်ပြီး ၂၀၁၄ ခုနှစ်ကို ရောက်ဖို့အချိန်ကလည်း တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ပါ တယ်။ ၂၀၁၄ ခုနှစ်ဟာ မြန်မာနိုင်ငံ သားအားလုံး အလိုချင်ဆုံးဆန္ဒတစ်ခု ပြည့်ဝတဲ့နှစ်ဖြစ်မလား ဆို တာကို တော့ စောင့်ကြည့်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၄ ခုနှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တပ်မ တော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်တဲ့ အပစ်ရပ်စဲရေး လက်မှတ်ထိုးမယ်လို့ အစိုးရ ကကြေညာထား လို့ပဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအပစ်ရပ်စဲရာ မြန်မာနိုင်ငံသားအားလုံးရဲ့ ရင်ထဲက အဖြစ် ချင်ဆုံးဆန္ဒတစ်ခုဆိုတာ မှားမယ်မထင်ပါဘူး။ ဒါ့ကြောင့် ပြည်သူအားလုံးက ၂၀၁၄ ခုနှစ်မှာအစိုးရနဲ့ တိုင်း ရင်းသားလက်နက် ကိုင်အဖွဲ့များ အပစ်ရပ်ဆဲရေး တကယ်လုပ်နိုင်မလားဆိုတာကို စိတ်ဝင် တစားနဲ့ စောင့် ကြည့်နေကြမှာ အသေအချာပါ။ 

ဒေါ်စု သမ္မတဖြစ်ရင်တော့ တိုင်းပြည် ငါးပါးမှောက်မယ်လို့ ဦးဝီရသူပြော

Friday, November 29, 2013 
ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ဖြစ်လာမယ် ဆိုရင် တိုင်းပြည် ငါးပါးမှောက်လိမ့်မယ်လို့ မန္တလေး မစိုး ရိမ် တိုက်သစ်က ဦးဝီရသူက ပြောလိုက်ပါတယ်။ 

ဒီအပြင် ဦးဝီရသူပြောတာက သမ္မတ ဦးသိန်းစိန် သာ ပြန်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရင် သူက ထောက်ခံ မှာ ဖြစ်ပြီး တကယ် လို့ ဦးသိန်းစိန်က ဆက်ပြီး အရွေးမခံတော့ဘူးဆိုရင်တော့ သူရ ဦးရွှေမန်း ကိုေ ထာ က်ခံ မှာဖြစ်တယ်လို့ ဧရာဝတီကိုပြောပါသေးတယ်။ 

Thursday, November 28, 2013

မြေဖို့ရန် ဝယ်ယူထားသော မြေများထဲမှ လက်ပစ်ဗုံး ၅၈ လုံးတွေ့

Thursday, November 28, 2013
အိမ်ရှေခြံဝင်းတွင် မြေဖို့ရန် ဝယ်ယူထားသော မြေကြီးထဲမှ လက်ပစ်ဗုံး ၅၈ လုံး တွေ့ရှိမှုကို မြောက်ဥက္က လာပမြို့နယ် ဝေဘာဂီမြို့သစ် (၃) ရပ်ကွက် ခရေလမ်း အိမ်အမှတ် ၂၇၄/( က ) တွင် နိုဝင်ဘာလ ၂၇ ရ က် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အိမ်ပိုင်ရှင် ဒေါ်အေးအေးမွန်က ပြောကြားသည်။

မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက်တွင် ဖွင့်လှစ်ထားသော သမာဓိ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ေ ရးဆိုင်မှ ဝယ်ယူခဲ့သော မြေကြီးများကို ရပ်ကွက်တွင်း အလုပ်သမား နှစ်ဦးအား အိမ်တွင်းသို့ သယ်ယူေ ပး ရန် အိမ်ရှင်က မှာကြားခဲ့ပြီး မြို့တွင်းရှိ အထည်အရောင်းဆိုင်သို့ သွားခဲ့ရာ လမ်းခုလတ်တွင် အိမ်တွင် ဗုံးေ တွ့သည်ဟု အကြောင်းကြားမှသာ သိရှိခဲ့ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။ 

ကမ္ဘာ့အချောဆုံး အမျိုးသမီး ဟက်ကာ ငါးဦး

Thursday, November 28, 2013

Adenna Cooke

ပလေးဘွိုင်း မဂ္ဂဇင်းရဲ့ မော်ဒယ် ဖြစ်ပြီး ကွန်ပြူတာ ဟက်ကာ တစ်ဦး ဖြစ်ကြောင်းတော့ လူသိနည်းပါတ ယ်။ အိပ်ယာပေါ်မှာ သူမ ဓာတ်ပုံတွေကို တင်လိုက်တဲ့ ဝဘ်ဆိုဒ်တစ်ခုကို တစ်ညအတွင်း ဟက်နိုင်ခဲ့ ပါတ ယ်။ ပြီးတော့ သူမရဲ့  ဓာတ်ပုံကို အသုံးပြုပြီး ဝင်ငွေရှာနေတဲ့ ဝဘ်ဆိုဒ်တစ်ခုကိုလည်း သက်ဆိုင်ရာက အေ ရးမယူ ရသေးခင် သူမ ကိုယ်တိုင် Remove လုပ်နိုင်ခဲ့ ပါတယ်။

မီးလောင်ဒဏ်ရာရ သံဃာရှစ်ပါးကို ရဲဝံ့စွန့်စား ဆုတံဆိပ် ကပ်လှူ

Thursday, November 28, 2013

လက်ပံတောင်းဒေသရှိ မီးလောင်ဒဏ်ရာရ သံဃာရှစ်ပါးကို ဗုဒ္ဓင်္ကုရဆုတံဆိပ်ပေးခြင်းနှင့် ၀တ္ထုငွေပေး လှူ ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ၀က်မှေးကျေးရွာဟောင်းရှိ ရွာဦး ဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာလ ၂၇ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

“ဗုဒ္ဓင်္ကုရဆိုတာ ရဲဝံ့ခြင်း၊ စွန့်စားခြင်း၊ ပေးဆပ်ခြင်းတို့၏ ပေါင်းဆုံရာ စွန့်လွှတ် အနစ်နာခံကြသူများကို ကို ယ်စားပြုသည့် ဆုတံဆိပ်ဖြစ်ပါတယ်”ဟု အဆိုပါအခမ်းအနား၌ မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဆရာေ တ်ာတစ်ပါးဖြစ်သည့် ဥူးဝီရသူက မိန့်ကြားခဲ့သည်။

ဘင်္ဂါလီများကို လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု သုံးနှုန်းမှု မုန်းတီးမှုသာ ဖြစ်စေသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Thursday, November 28, 2013
သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စု ကြည်က မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ဘာသာမတူသည့် အုပ်စုနှစ်စုအကြား ပဋိပက္ခ များ ဖြစ်ေ ပါ် နေမှုအပေါ် လူမျိုးသုဉ်းသတ်ဖြတ်သည်ဟူသည့် အသုံးအနှုန်းသုံးနှုန်းခြင်းသည် မုန်းတီးမှုများကို သာ ဖြ စ်စေ မည်ဟု သတိပေးလိုက်သည်။

နိုဝင်ဘာ ၂၇ ရက်က ဆစ်ဒနီမြို့ရှိ Sydney Opera House တွင် ကျင်းပသော Ideas At the Hou se ဆွေး နွေးပွဲတွင် စာနယ်ဇင်းသမားများ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည် က ဖြေကြား သွာြး ခင်းဖြစ် သည်။

မိကျောင်းကန်သပိတ်စခန်း ဒုတိယနေ့ ဆက်ဖွင့်

Thursday, November 28, 2013
သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်များမှ မူလပိုင်ရှင်များက ဒုတိယနေ့အဖြစ် သပိတ်စခန်း ဆက်လက်ဖွင့်ထားပြီး တောင်းဆိုနေ သည်ဟု ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ မနေနွယ်သန်းက နိုဝင်ဘာ ၂၇ တွင် မဇ္ဈိမကို ပြောသည်။

သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် တိုင်းအစိုးရမှဖြေရှင်းပေးစေလိုသဖြင့် ရန်ကုန်တိုင်းသ င်္ဃန်း ကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂ နှင့် ၃ မူလပိုင်ရှင်များက နိုဝင်ဘာ ၂၆ ရက်တွင် ယ င်း နေရာ၌ပင် သပိတ်စခန်းဖွင့်လှစ် တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ် သပိတ်စ ခန်းဖွင့်လှစ်ခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိ လာရောက်ညှိနှိုင်းမှုများ မရှိသေးဟုလည်း မနေနွယ်သန်း က ဆို သည်။

Wednesday, November 27, 2013

ထိုင်းနိုင်ငံမှ ဆန္ဒပြပွဲများ၏ ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်

Wednesday, November 27, 2013
နိုဝင်ဘာ ၂၆ရက်က ထိုင်းနိုင်ငံ ရာဇ၀တ်မှုဆိုင်ရာ တရားရုံးကအစိုးရ ဆန့်ကျင်းရေး လှုပ်ရှားမှုများ ပြု လု ပ်နေသူများ၏ ခေါင်းဆောင် ဆူသပ်တောင်ဆူဘန်ကို ၀န်ကြီးဌာနများနှင့် အစိုးရ၏ အေဂျင်စီ အဆောက် အဦများကို သိမ်းပိုက်၊ ပိတ်ဆို့မှုများအတွက် ဖမ်းဝရမ်းထုတ်လိုက်ကြောင်းသိရသည်။

ဆူသပ်သည် နိုဝင်ဘာ ၂၅၇က်က နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် စီးပွားရေးဝန်ကြီးဌာနနှစ်ခု၏ ၀န်းအတွင်း သို့ လူနှစ် ယောက်နှင့် အထက်ရှိသော အရေအတွက်နှင့်အတူ ခွင့်ပြုချက်မရဘဲ အတင်းဝင်ရော က်ခြင်းသ ည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁၅ နှင့်၃၆၃ တို့နှင့် ငြိစွန်း နေသည်ဟု ဆိုသည်။ ဒီမိုကရက်တစ်ပါတီဝင် ဆူသက်သည် အင်္ဂါနေ့က ကန့်ကွက် သူများကို ၀န်ကြီးဌာနအားလုံး ၀င်စီးနင်းထားရမည်ဟု တိုက်တွန်းခဲ့ သည့်အတိုင်း လူအများကလည်း သူ၏ဦးဆောင်မှု နောက် လိုက်ခဲ့ကြသည်။

သ​မ္မ​တ ​ဦး​သိန်း​စိန် ​ဂျ​ပန်​နိုင်​ငံ​ကို ​ဒီ​ဇင်​ဘာ​လ​တွင် ​သွား​ရောက်​မည်

Wednesday, November 27, 2013 
ဒီ​ဇင်​ဘာ​လ​အ​တွင်း ​ကျင်း​ပ​ပြု​လုပ်​မယ့် ​ဂျ​ပန်-​အာ​စီ​ယံ ​ထိပ်​သီး​အ​စည်း​အဝေး​ကို  ​မြန်​မာ​နိုင်​ငံ ​သ​မ္မ​တ ​ဦး​သိန်း​စိန်​ကိုယ်​တိုင် ​တက်​ရောက်​မှာ​ဖြစ်​ပြီး ​ဂျ​ပန်ဝန်​ကြီး​ချုပ် ​ရှင်​ဆူ​အာ​ဘေး​နဲ့ ​တွေ့​ဆုံ​မှာ ​ဖြစ်​ပါ​တယ်။ ​ဒီ​လို​တွေ့​ဆုံ​ချိန်​မှာ ​ရ​ထား​ပို့​ဆောင်​ရေး ​ကိ​စ္စ​ကို ​အ​ဓိ​က ​အ​ချက် ​တ​ခု ​အ​နေ​နဲ့ ​ဆွေး​နွေး​သွား​မယ်​လို့ ​မီး​ရ​ထား​သံ​လမ်း ​ပြု​ပြင်​ရေး ​ပ​စ္စည်း​လှူ​ဒါန်း​ပွဲ​ကို ​တက်​ရောက်​လာ​တဲ့​  ​မြန်​မာ​နိုင်​ငံ ​ဆိုင်​ရာ ​ဂျ​ပန် ​ဒု​တိ​ယ ​သံ​အ​မတ် ​မ​စ္စ​တာ ​မာ​ရူ​ယာ​မာ ​က ​ပြော​ကြား​သွား​ခဲ့​တာ​ပါ။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် တာဝန်ရှိသူများမစွက်ဖက်ရန် ဦးဇော်ဇော်ပြောကြား

Wednesday, November 27, 2013 
ဆီးဂိမ်းဘောလုံးပြိုင်ပွဲများတွင် တာဝန်ရှိသူများအနေဖြင့် ဒိုင်၏အဆုံးအဖြတ်ကိုကျော်လွန်ပြီး ၀င်ရောက် စွက်ဖက်ခြင်း မပြုလုပ်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောကြားသည်။

ဘောလုံးပွဲများတွင် လုံခြုံရေးအခြေအနေအရ ဆုံးဖြတ်ရန်ရှိလာပါက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘော လုံးအဖွဲ့ချုပ်တို့၏ စည်းမျဉ်းများအတိုင်း ပွဲရပ်ခြင်း၊ ပွဲစတင်ခြင်းကို နိုင်ငံတကာအသိအမှတ်ပြု ဒိုင်လူကြီး က သာ ဆုံးဖြတ်ကြောင်း ၎င်းတို့၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်ကြောင်း ဦးဇော်ဇော်ကရှင်းပြသည်။

Tuesday, November 26, 2013

ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ ခရီးစဉ် ယနေ့ ထွက်ခွာမည်

Tuesday, November 26, 2013 
ကမ္ဘာ့ကုလသမဂ္ဂ၏ HIV/AIDS ဝေဒနာရှင်များအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သံတမန်အဖြစ် ခန့် အပ် ခံထားရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြစ တြေးလျနိုင်ငံတွင် ကျင်းပမည့် (၂၅) ကြိမ်မြောက် ကမ္ဘာ့ AIDS နေ့ အခမ်းအနားသို့ တက်ရောက်ရန် သြစ တြေးလျ နိုင်ငံသို့ နိုဝင်ဘာလ၂၆ ရက်နေ့ စတင်သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။ 

စေတနာအမှန်ထားနိုင်ပါစေ…….

Tuesday, November 26, 2013 
ယနေ့ မကြာခဏကြားနေရသောစကားမှာ တရားဥပဒေစိုးမိုးရေးဆိုသော စကားသာဖြစ်သည်…မှန်ပါသ ည် ကျွန်တော်တို့နိုင်ငံ အနေနဲ့ တရားဥပဒေစိုးမိုးမှု ရှိစေရန် များစွာလုပ်ဆောင်ရပါဦးမည်..ဥပဒေသည် လူတိုင်းလူတိုင်းအတွက် လိုက်နာရန် သတ်မှတ်ချက် တစ်ခုတည်းသာ ဖြစ်ရမည်..ထိုသို့မဟုတ်ဘဲ ဥပေ ဒ ဖောက်ဖျက်မှုကို ပြစ်ဒဏ်ချမှတ်ရာတွင် ပုဂ္ဂိုလ်ရေးရာ၊ အခြားရေးရာများ ပါဝင်လာခဲ့လျှင် တရား ဥပ ဒေ စိုး မိုးမှု ရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် ကျွန်တော်တို့နိုင်ငံသားတိုင်းအနေဖြင့် တရား ဥပဒေစိုး မိုးရေး အ တွက် အ မှန်တရားကိုမြတ်နိုးတတ်ရမည်…အမှန်တရားအတွက် သတ္တိရှိရမည် ဖြစ်သည်..

မြန်မာပြည်ကြီးတိုးတက်စေချင်

Tuesday, November 26, 2013 
ကမ္ဘာသိ ကမ္ဘာကျော် ပုဂ္ဂိုလ်များရှိသလို သယံဇာတ ပစ္စည်းများစွာထွက်ရှိသည့်နိုင်ငံ၊ ရှေ့ဟောင်း ယဉ်ေ ကျးမှုတွေပေါများတဲ့နိုင်ငံ အရှေ့တောင် အာရှနှင့် အာရှ တွင် စီးပွားရေး အရ အချက်အခြာကျသော ပထ၀ီ အခြေအနေ အထား ပိုင်ဆိုင်ထားသော နိုင်ငံ ဗုဒ္ဓ ဘာသာ ထွန်းကား သော နိုင်ငံဆိုပြီး ကမ္ဘာပေါ်မှာ ရပ်တ ည်နေတာ ရှေးယခင် ကတည်းကပါ။ လွတ်လပ်ရေး ကို အင်္ဂလိပ် ဆီကနေ ရပြီး ကိုယ့်ပိုင်ကိုယ့် လူမျိုးနဲ့ ကို ယ်အုပ်ချုပ်လာတာလဲ ၆၅နှစ်ကျော်လို့ ၆၆နှစ်ပြည့်တော့မှာ ဖြစ်ပါ သည်။ ဒါပေမယ့် မြန်မာနိုင်ငံသည် တိုး တက်မှု မှာ အရမ်းနှေးကွေးတယ်လို့ ထင်ရပါသည်။ အဖက်ဖက်မှာ အခြားသော နိုင်ငံ များထ က် နောက် ကျ နေ ရပါသည်။ ဘာကြောင့် လဲ??? ဘယ်လိုအတွက်ကြောင့်လဲ ??? ဆိုတာ စဉ်းစားဖို့ လိုနေပါပြီး။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တွေ့ရန် မလိုဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

Tuesday, November 26, 2013 

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် မလိုအပ်ကြော င်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ 

လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦး စီးချုပ်တို့ တွေ့ဆုံရန် မလိုအပ်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။ 

အစိုးရနှင့်ပြည်သူညီညွတ်ဖို့လိုပြီ

Tuesday, November 26, 2013

ယခုဆိုလျှင် ပြည်ထောင်စု မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံရေးအသွင်သို. ကူးပြောင်းလာခဲ.သည်မှာ ၂နှ စ်ခွဲကျော် (အစိုးရ/လွှတ်တော် သက်တမ်းတစ်ဝက်ကျော်)သို. ရောက်ရှိခဲ.ပြီ ဖြစ်သည် ။ ကုန်လွန်ခဲ.ေ သာ ကာလကို ပြန်ပြောင်းကြည်.လျှင် ပြည်သူလူထုအားလုံး ဒီမိုကရေစီစနစ်အကြောင်းကို သေသေချာချာ သိ သူများ အင်မတန် နည်းပါးကြောင်း လေ.လာတွေ.ရှိရပါသည် ။

ဒီမိုကရေစီ ယဉ်ကျေးမှု. ၊ ဒီမိုကရေစီ သဘောတရားတွေကို နိုင်ငံရေးသမားတွေ ၊ ခေါင်းဆောင်တွေပဲ သိ ဖို. လိုအပ်တာ မဟုတ်ပါဘူး။ သာမန် သူလိုကိုယ်လို ရပ်သူရွာသားတွေကအစ ပြည်သူတွေအားလုံး သိဖို. လိုအပ် ပါတယ် ။ ဒီမိုကရေစီကို ထူထောင်မယ်ဆိုရင် ပြည်သူလူထုရဲ. အသိအမြင် ၊ အတွေး အမြင်တွေ ဟာ မြင်.မား နေဖို. လိုအပ်တယ်ဆိုတာ ပြောပြဖို.တောင် လိုအပ်မည် မထင်ပါ ။ အဲဒီလို မြင်.မားေ နဖို.ဆို ရင် ပညာရှင် ဆိုတဲ.သူတွေ ပညာတက်တွေဟာ သာမန်ပြည်သူတွေရဲ. ဘ၀ ၊ လိုအပ်ချက်တွေ ဆန္ဒတွေနဲ. ကိုက်ညီတဲ. အတွေးအခေါ် ၊ အယူအဆတွေကို ပြောဆို ၊ရေးသား၊ ဖြန်.ချီ ၊ ထုတ်ဝေနေဖို.လည်း လိုအပ် ပါတယ်။

နိုင်ငံရေးပါတီ ၁၁ ခုမှ ကိုယ်စားလှယ်များက ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သဘောထားများအား ရှင်းပြ

Tuesday, November 26, 2013 
နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်သို့ သွားရောက်ကာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ ပြည်ပရောက် နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံကာ ပြန်လည် ရောက်ရှိလာသည့် ပြည်တွ င်းနိုင်ငံရေးပါတီ ၁၁ ခုမှ ကိုယ်စားလှယ်များက သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း နှင့် နိုဝင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တွေ့ဆုံကာ တိုင်းရင်းသား လက်န က်ကိုင်များက မှာကြားလိုက်သည့် သတင်းစကားများအား ရှင်းပြခဲ့သည်။

လယ်ယာမြေ ရေနစ်မြုပ် တောင်သူများ၏ နစ်နာမှုများကို အမြန်ဆုံး ဖြည့်ဆည်းပေးရန် ဟင်္သာတတွင် ဆန္ဒပြ

Tuesday, November 26, 2013 
လယ်ယာမြေ နစ်မြုပ်ခဲ့သော တောင်သူများ၏ နစ်နာမှုများအား အမြန်ဆုံး ဖြည့်ဆည်းပေးရန် ကျောင်းကွင်း အုပ်စု၊ တံတားဦးအုပ်စု၊ သာစည်အုပ်စုနှင့် သာဒီကွင်း အုပ်စုတို့မှ တောင်သူ ၈၀ ကျော် ဟင်္သာတတွင် နိုဝ င်ဘာ ၂၅ ရက်က ဆန္ဒပြခဲ့ကြသည်။

အစိုးရ ကတိတည်မတည် လွှတ်တော်ကော်မတီ ကွင်းဆင်းလေ့လာမည်

Tuesday, November 26, 2013 

လွှတ်တော်အတွင်း ဖြေဆိုချက်များအတိုင်း ၀န်ကြီးဌာနများက အမှန်တကယ် အကောင်အထည်ဖော်မှု ရှိမ ရှိ ကွင်းဆင်းလေ့လာသွားမည်ဟု အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝ န်ခံ ချက်များ စိစစ်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးခင်မောင်ဌေးက နိုဝင်ဘာ ၂၅ တွင် မဇ္ဈိမကို ပြောသည်။

ကွင်းဆင်းစစ်ဆေးမှုများကို ဒီဇင်ဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အချို့ဒေသများတွင် အစိုးရ၀န် ကြီး ဌာနများ၏ လုပ်ဆောင်ချက် မှားယွင်းမှုအချို့ကိုလည်း ထောက်ပြသွားသည်။

Monday, November 25, 2013

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ ရန်ကုန်မြို့၌ ယနေ့တွေ့ဆုံမည်

Monday, November 25, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UN FC) တို့ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း UNFC အဖွဲ့ထံမှ သိရသ ည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းမှု သမ္မတ၊ လွှတ်တော်နှင့် တပ်မတော် လက်ခံ၊ မခံ တရားဝင် မပြောနိုင်သေး

Monday, November 25, 2013

နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအြေ ခခံဥပဒေ ပြုပြ င်ပြောင်း လဲ ရေးဆိုင်ရာ အရေးကိစ္စများ တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည် ၏ မေတ္တာ ရပ်ခံမှုအပေါ် တရားဝင် အကြောင်းကြားစာ မရောက်ရှိသေးသဖြင့် လက်ခံ၊ မခံ မပြောနိုင်သေးဟု သက်ဆိုင်ရာ တာဝန်ရှိ သူ များက နိုဝင်ဘာ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဥပဒေတိုင်း ပြည်သူ့အတွက် ထာဝရ အကျိုးဆောင်နိုင်မည်မဟုတ်ဟု သူရဦးရွှေမန်း ပြောကြား

Monday, November 25, 2013
ပြည်သူလူထုအကျိုးစီးပွား နိုင်ငံ့အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအ၀င် ခေ တ်စနစ်နှင့်မညီသော ဥပဒေများကို ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် ဥပဒေတိုင်းတွင် အစဉ်သဖြင့် ပြည်သူ့အ ကျိုးရှိနိုင်မည်မဟုတ်ဟု နိုဝင်ဘာ ၂၄ ရက်က ပြည်မြို့ လူထုတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ရွှေမန်းက ပြောသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တည်ဆဲဥပဒေတစ်ရပ်ဖြစ်တဲ့အတွက် ဒီဥပဒေကို ပြန်လည် လေ့လာသုံးသ ပ်ရမယ်။ ကျွန်တော် စပြီး ဖွဲ့စည်းကတည်းက လေ့လာ သုံးသပ်တယ်။ ဒီဥပဒေကို သုံးသပ်တဲ့အခါ လျှို့ဝှက် သုံးသပ်တယ်။ ဥပဒေတစ်ခုပြဋ္ဌာန်းပြီးရင် အမြဲတစေ ပြည်သူ့အကျိုး စီးပွား၊ နိုင်ငံအ ကျိုး စီးပွား ဖြစ်လိမ့်မယ် လို့ ပြောလို့မရဘူး။ ဒီနေ့ မှန်ပေမယ့် နောက်နေ့ လွဲချင်လွဲနေလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

Sunday, November 24, 2013

ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန်နှစ်ပွင့်အား ခိုးယူခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦး မိခင်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေစဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိ

Sunday, November 24, 2013
နိုဝင်ဘာ ၂၂ ရက်က ဗိုလ်ချုပ်အောင်ဆန်း ဈေးတွင်းရှိ ရတနာဆိုင် တစ်ဆိုင်မှ ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန် နှစ်ပွင့်ကို ခိုးယူခဲ့သည့် တရုတ်နိုင်ငံသား နှစ်ဦးအား မိခင်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေစဉ် ရန်ကုန် အ ပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ပန်းဘဲတန်း မြို့မရဲစခန်းမှ စုံစမ်းသိရသည်။

သူရိယနေဝန်း ဂျာနယ်တိုက် အမှုဆောင် အရာရှိချုပ်ကို ဦးတေဇ တရားစွဲမည်

Sunday, November 24, 2013
မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သော ဦးတေဇအပေါ် ဝေဖန်ပုတ်ခတ် ရေး သားမှုနှင့် စပ်လျဉ်း၍ သူရိယနေဝန်း ဂျာနယ်တိုက် အမှုဆောင် အရာရှိချုပ်ကို တရားစွဲဆို သွားမ ည် ဖြစ် ကြောင်း ထူးထရေးဒင်း ကုမ္ပဏီအုပ်စု၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေသော်လည်း မည်သည့်ပါတီကိုမှ ဘက်လိုက်မည် မဟုတ်ဟု ဦးတင်အေးဆို

Sunday, November 24, 2013
နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေခြင်းကြောင့် ဝေဖန် ခံနေရသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေလေ့ ရှိသော်လည်း မည်သည့် ပါတီကိုမျှ ဘ က်လိုက်မည် မဟုတ်ကြောင်း ပြောကြားသည်။ 

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော် ရှင် မဟာဗျူဟာ စီမံကိန်းအတွက် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြ စ်သည်။ 

My Blog List