Wednesday, May 23, 2012

ရှင်သန်ကြီးထွားလာတဲ့ ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်း (၁)


ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအများဆုံးသွားရောက်လည်ပတ်လေ့ရှိကြတဲ့ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်းဟာအရင်နှစ်တွေကထက်စာရင်အဆများစွာတိုးတက်မှုရှိလာတယ်လို့ရန်ကုန်မြို့ပေါ်မှာရှိတဲ့ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းအများစုကတညီတညွတ်တည်း ပြောဆိုကြပါတယ်။ဘုရားဖူးခရီးသည်တွေများလာတာနဲ့အမျှဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းတွေလဲတစ်နေ့တခြားများပြားလာတယ်လို့သိပါတယ်။

ပင်လယ်သမုဒ္ဓရာ အလား ထင်မှားလောက်တဲ့ ရေကူးကန်


ချီလီနိုင်ငံက ရေကူးကန်ကြီးတခုဟာကမ္ဘာ့အကြီးဆုံးနဲ့အနက်ဆုံး ရေကူးကန်ကြီးအဖြစ်ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။

ဒဂုံမြောက်တွင် တန်ဖိုး နည်းအိမ်ရာလာမည်

ဒဂုံမြောက်မြို့နယ်တွင်တန်ဖိုးနည်းအိမ်ရာများတည်ဆောက်မည့်စီမံကိန်းကို မြို့တော်စည်ပင်ကပထမဆုံးအကြိမ်စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူးဦးကျော်စိုးကထုတ်ဖော်ပြောကြားသည်။

တိုယိုတာကား အစိတ်အပိုင်းစက်ရုံ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စဉ်းစားပြီ

တိုယိုတာ  ဘိုရှိုကူ (Toyota Boshoku) ၏ ကားအစိတ်အပိုင်း မြင်ကွင်းပြပုံ
ကမ္ဘာ့ထိပ်တန်းကားကုမ္ပဏီကြီးဖြစ်သောတိုယိုတာကားကုမ္ပဏီ၏ကားအစိတ်အပိုင်းများထုတ်လုပ်သည့်တိုယိုတာဘိုရှိုကူ   မြန်မာနိုင်ငံတွင်တိုယိုတာကားအစိတ်အပိုင်းများထုတ်လုပ်ရန်မျက်စေ့ကျနေကြောင်းjust-auto မော်တော်ကားဆိုင်ရာအွန်လိုင်းသတင်းဝက်(ဘ်)ဆိုဒ်တွင် မေ၂၂ရက်ကဖော်ပြထားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အားယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်၌ ကျင်းပနေသည့် (၃၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များ အစည်းအဝေး(နေပြည်တော် ​- မေ ၂၂)
 

          ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးသိန်းစိန်အားယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်၌ကျင်းပနေသည့်(၃၂) ကြိမ်မြောက်အာဆီယံရဲအဖွဲ့ရဲချုပ်များအစည်းအဝေးသို့တက်ရောက်လာသောအာဆီယံနိုင်ငံရဲချုပ်များနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ရဲအဖွဲ့အကြီးအကဲများ၊Interpolရဲအဖွဲ့အတွင်းရေးမှူးရုံးမှကိုယ်စားလှယ်အဖွဲ့များကလာရောက်ဂါရဝပြုတွေ့ဆုံရာနိုင်ငံတော်သမ္မတအိမ်တော်သံတမန်ဆောင်ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

၂၄-နာရီလျှပ်စစ်မီးရရှိရေးအတွက်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်မှုရန်ကုန်မြို့တွင်ယနေ့ည၇း၀၀နာရီတွင်စတင်လှုပ်ရှား၊ဆူးလေဘုရားအားလင်္ကျာံရစ်ပတ်ပြီးဘုရားပေါ်သို့တက်ရောက်

ကြပ်ပြေးနေပြည်တော်အရေးပေါ်အစည်းအဝေးသတင်း

 
ယနေ့ကြပ်ပြေးနေပြည်တော်တွင်အရေးပေါ်အစည်းအဝေးတရပ်ကျင်းပခဲ့ကြောင်းသိရပါသည်။ထိုအစည်းအဝေးတွင်ဗိုလ်ချုပ်မင်းအောင်လှိုင်အပါအ၀င်လွှတ်တော်အမတ်တချို့ပါဝင်ပြီး၊ဗိုလ်သိန်းစိန်ပါဝင်တက် ရောက်ခြင်းမရှိကြောင်းသိရပါသည်။အရေးပေါ်စည်းအဝေးတွင်အဓိကဆွေးနွေးသောအကြောင်အရာမှာလက်ရှိ ဖြစ်ပေါ်နေသောလျှပ်စစ်မီးရရှိရေးဆန္ဒပြပွဲများနှင့်ပတ်သက်၍မည်သို့ကိုင်တွယ်ဖြေရှင်းရမည်နည်းဆိုသည့်အချက်ကိုဆွေနွေးကြသည်ဟုသိရပါသည်။

Monday, May 21, 2012

၈၈ ရဲ့ တနင်္သာရီခရီး

ရေဖြူမြို့နယ်၊ ကျောက္ကညှာကျေးရွာမှ ဒေသခံတို့ရဲ့ ကြိုဆိုမှု (ဓာတ်ပုံများ - 88 Generation Students/facebook)

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း၈၈မျိုးဆက်ခေါင်းဆောင်များရဲ့ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်အဖြစ်တနင်္သာရီတိုင်း မြို့နယ်တွေကိုသွားခဲ့ကြပါတယ်။

ပုသိမ်မြို့မှာ လျှပ်စစ်မီးတွေ ဆိုးဆိုးဝါးဝါးဖြတ်တောက်

ဧရာဝတီတိုင်းပုသိမ်မြို့မှာ(11-5-2012)အစိုးရနည်းပညာတက္ကသိုလ် ကျောင်းသားများစာမေးပွဲပြီးတဲ့နေ့ကစပြီးလျှပ်စစ်မီးတွေဆိုးဆိုးဝါးဝါးပြန်လည်ပြတ်တောက်နေပါတယ်။

ဦးသိန်းစိန် နေကောင်းသွားပြီလား?


သမ္မတဦးသိန်းစိန်ကမနေ့ကကျရောက်တဲ့သူ့ရဲ့အသက်၆၇ နှစ်ပြည့် မွေးနေ့ကိုရန်ကုန်မြို့နေအိမ်မှာ ကျော်ဖြတ်ခဲ့ဖွယ် ရှိပါတယ်။

နိုင်ငံရေးကျိန်စာသင့်နေတဲ့ ဖားကန့်နယ်မြေ



ဒီတပတ်အတွက် ရွေးချယ်မှုအဖြစ်မိုးမခမိတ်ဆွေတဦး ခေတ္တဖားကန့်ရဲ့ နိုင်ငံရေးကျိန်စာသင့်နေတဲ့ဖားကန့်နယ်မြေကို ဖော်ပြပေးလိုက်ပါတယ်။

လာပြန်ပြီ ကြက်ဥအတု

ကြက်ဥအတု (ဓာတ်ပုံ - ချိုင်းနားဒေလီ http://www.chinadaily.com.cn)

မြစ်ကြီးနားရထားလမ်းမှာကြက်ဥအတုတွေလှိုင်လှိုင်ပေါနေတယ်တဲ့၊ဒီကနေ့ ကြေးမုံသတင်းစာစာမျက်နှာ၇မှာ ရေးထားပါတယ်။ဓာတ်ပုံတော့ မပါပါဘူး။

တတ်သိပညာရှင်တွေ အမြန်ဆုံး ပြန်လာကြပါ

  ပြည်ပရောက်တတ်သိပညာရှင်တွေအမြန်ဆုံး ပြန်လာကြပါလို့ဒီကနေ့ မြန်မာ့အလင်းအယ်ဒီတာ့အာဘော်မှာတိုက်တွန်းထားပါတယ်။(ပညာရှင်မဟုတ်သူများလည်းအမြန် ပြန်လာသင့်ကြောင်း နောက်တနေ့မှာ သီးသန့် ထပ်ရေးသင့်ပါတယ်။)

လူ ၈ ယောက်ရဲ့ အသက်ကယ်ခဲ့တဲ့ အလှူရှင်မလေး


အသက်၁၃နှစ်အရွယ်JemimaLayzellဆိုတဲ့မိန်းကလေးငယ်လေးဟာ နေအိမ်မှာရုတ်တရက်လဲကျရာကဦးနှောက် သွေးယိုစီးမှုဖြစ်ပွားကာပြီးခဲ့တဲ့မတ်လ၁၄ရက်နေ့ကBristolRoyalHospitalလို့ ခေါ်တဲ့ကလေးဆေးရုံကြီးမှာ ဒေသစံတော်ချိန်ညနေ၄း၂၅၈နာရီက သေဆုံးသွားခဲ့ပါတယ်။

အထက်မြန်မာပြည် သတင်းသမားများ ကွန်ရက်



Green Elephant စားသောက်ဆိုင်တွင် ပြုလုပ်သည့်
ကွန်ရက်ဖွဲ့စည်းရေး အစီအစဉ်သို့ တက်ရောက်လာကြသော အထက်မြန်မာပြည် သတင်းသမားများ
အထက်မြန်မာပြည်သတင်းသမားများကွန်ရက်အဖွဲ့(UpperMyanmarJournalistNetwork)ကိုစနေနေ့ကဖွဲ့စည်းလိုက်ကြသည်။

၈၈မျိုးဆက်ကျောင်းသားများ ကချင်ပြည်နယ်စစ်ဘေးဒုက္ခသည်များအား ကူညီထောက်ပံ့မည်


၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်နဲ့အဖွဲ့ဝင်တွေဟာမိုးတွင်းကာလမှာကချင်ပြည်နယ်မှာရှိတဲ့စစ်ဘေးဒုက္ခသည်တွေကိုသွားရောက်ကူညီမှုတွေပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်..

ရဲတိုက်ဖောင်ဒေးရှင်းမှ ကချင်ဒုက္ခသည်တွေအတွက် အကူအညီများ ထပ်ပေး

ရုပ်ရှင်မင်းသားရဲတိုက်ထူထောင်တဲ့ရဲတိုက်ဖောင်ဒေးရှင်းကနေကချင်စစ်ပြေးဒုက္ခသည်တွေအတွက်အကူအညီထပ်မံပေးအပ်ခဲ့တယ်လို့ဝိုင်းမော်မြို့ကဒုက္ခသည်စခန်းတွေသွားရောက်ခဲ့တဲ့စာရေးဆရာ ကျော်ရင်မြင့်က ပြောပါတယ်။

မြန်မာခေါင်းဆောင်များ၏ ပြောင်မြောက်သော ကြိုးပမ်းမှုများကို ဂျီ-၈ ခေါင်းဆောင်များချီးကျူး

President Barack Obama with the other G8 leaders in a working session focused on global and economic issues, in the dining room of Laurel Cabin at Camp David   Photograph: Pete Souza/White House
 မြန်မာနိုင်ငံတွင်ဒီမိုကရေစီနည်းလမ်းကျသော ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ခဲ့ခြင်းအတွက် မြန်မာ နိုင်ငံ၏သမ္မတဦးသိန်းစိန်နှင့်ဒီမိုကရေစီလိုလားသူ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ထူးခြား ပြောင်မြောက်သောကြိုးပမ်းဆောင်ရွက်မှုများကိုဂျီ-၈ ခေါင်းဆောင်များကချီးကျူးပြောဆိုလိုက်ကြောင်းသိရသည်။

Facebook ရှယ်ယာများ ၀ယ်နိုင်ပါပြီ


နယူးယောက်မြို့ အီလက်ထရွန်နစ် စတော့ဈေးကွက် NASDAQ ၏ ကြာသပတေးနေ့ မြင်ကွင်း (ဓာတ်ပုံ - Getty Images)

Facebookရှယ်ယာတစ်ခုလျှင်၃၈ ဒေါ်လာ ဖြင့် သောကြာနေ့ကစတင်ရောင်းချနေပြီ ဖြစ်သည်။ရှယ်ယာတစ်ခုလျှင်၂၈ ဒေါ်လာသာရှိခဲ့ရာမှထုတ်ရောင်းမည့်ရက်နီးကပ်လာသည်နှင့်အမျှစိတ်ဝင်တစားရင်းနှီးမြှုပ်နှံလိုသူများပြားလာပြီးယခုကဲ့သို့ ဈေးတက်လာခြင်းဖြစ်သည်။

တန်ဖဲရွာ၊ ၈၈ နဲ့ လူ့အခွင့်အရေးကော်မရှင်


ကချင်ပြည်နယ်မြစ်ဆုံဒေသရှိတန်ဖဲကျေးရွာအားပြောင်းရွှေ့ ခြင်းကိစ္စနှင့်ပါတ်သက်၍၈၈မျိုးဆက်ကျောင်းသားများကိုယ်စား၊၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သောကိုမြအေးကသမ္မတ၊ ပြည်ထဲရေးဝန်ကြီး၊ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေး ကော်မရှင်ရုံးသို့ ပေးပို့ ခဲ့သော

မြန်မာ့လေကြောင်းရဲ့ လေယာဉ်သစ် ၂ စီး

(ဓာတ်ပုံ - www.avcom.co.za)

မြန်မာ့လေကြောင်းကBeech1900D၂စီးဝယ်ယူထားတဲ့သတင်းမနေ့က မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ဒီသတင်းကိုMRTV4ရုပ်သံမှာတော့တကြိမ်ထက်မနည်းထုတ်လွှင့်ခဲ့ပြီးပါပြီ။

ဝန်ကြီးနှစ်ဦးရဲ့ ရှင်းလင်းချက်

(ဓာတ်ပုံများ - U.S. Embassy Rangoon)
နိုင်ငံရေးအကျဉ်းသားလို့ဆိုကြတဲ့အကျဉ်းသားစာရင်းတွေရရှိထားပါတယ်။ဇန်နဝါရီလမှာပေးခဲ့တဲ့လွတ်ငြိမ်းချမ်းသာခွင့်အပြီးမှာဒီစာရင်းတွေမှာပါဝင်တဲ့သူအတော်များများလွတ်မြောက်ခဲ့ပြီးဖြစ်ပါတယ်။

တာဝါတိုင်တွေ မိုင်းထိ၊ ဓာတ်အားဖြန့်ဖြူးမှု ပိုနည်းသွားမယ်

လျှပ်စစ်ဓာတ်အားလိုင်းတာဝါတိုင်၎ခုမိုင်းခွဲခံရလို့ဓာတ်အားဖြန့်ဖြူးမှုပိုမို လျော့နည်းသွားမယ်လို့ဒီကနေ့သတင်းစာများမှာ ရေးထားပါတယ်။မိုင်းခွဲတာဟာKIAလက်ချက် ဖြစ်တယ်၊တာဝါတိုင် နှစ်ခုလဲကျ၊တခုတိမ်းစောင်းသွားတယ်လို့ ဆိုပါတယ်။

Facebook ဖန်တီးသူရဲ့ မင်္ဂလာ သတင်း


ဖေ့စ်ဘုတ်တွဲဖက်ဖန်တီးရှင်၊အကြီးအကဲမစ္စတာMarkZuckerbergကတော့မနေ့ကစနေနေ့မှာသူနဲ့ နှစ်အတော်ကြာချစ်သူမိန်းကလေးဖြစ်တဲ့PriscillaChanနဲ့လက်ထပ်လိုက်ပါပြီ။

မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်

ယနေ့ညဦးပိုင်းကလျှပ်စစ်မီးရရှိရေးအတွက်မန္တလေးမြို့ခံများက နေရာ၂နေရာတွင်ဖယောင်းတိုင်များ၊ဆိုင်းဘုတ်ငယ်များကိုင်ဆောင်ကာဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

My Blog List