Wednesday, May 20, 2020

အလွန့်အလွန် အင်အားကြီး ဆိုင်ကလုန်းမုန်တိုင်းနီးကပ်လာချိန် အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်မှာ မိုးကြီးနေ

Image may contain: bicycle, tree, outdoor and nature
လာမယ့်နာရီပိုင်းအတွင်း အလွန့်အလွန်အင်အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းဝင်ဖို့ရှိနေချိန်မှာ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အရှေ့ဘက်ခြမ်းမှာ မိုးကြီးလေကြီးတွေကျနေပါတယ်။

ဘင်္ဂလားပင်လယ်အော်ကနေချည်းကပ်လာတဲ့ဆိုင်ကလုန်းမုန်တိုင်းအန်ဖန်ကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နှစ်နိုင်ငံစလုံးက လူသန်းချီကို ရွှေ့ပြောင်းပေးထားပါတယ်။
ဒီနေ့နေ့လည်နဲ့ညနေပိုင်းကြားထဲမှာ မုန်တိုင်းဝင်ရောက်မယ်လို့ အိန္ဒိယမိုးလေဝသဌာနကခန့်မှန်းထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်နိုင်ငံစလုံးကအာဏာပိုင်တွေအတွက် အခက်အခဲတွေ့နေပါတယ်။
နှစ်နိုင်ငံစလုံးကကျောင်းတွေနဲ့တခြားအဆောက်အဦးတွေကို ယာယီခိုလှုံရေးစခန်းတွေအဖြစ်ပြောင်းထားဖို့ ညွှန်ကြားပေမဲ့ လူချင်းခပ်ခွာခွာနေဖို့စည်းမျဉ်းတွေကိုလိုက်နာပြီးလူတွေကိုနေရာချပေးရမှာဖြစ်လို့ နေရာပိုလိုနေပါတယ်။
စခန်းတွေမှာ COVID-19 ကူးစက်ခံရမှာကိုကြောက်လို့ လူတွေက မသွားချင်ကြဘူးလို့ မုန်တိုင်းကြောင့်ပြင်းပြင်းထန်ထန်ထိခိုက်လိမ့်မယ်လို့မျှော်လင့်နေကြတဲ့အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်က ရဲအရာရှိတွေက ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ ၂၀ လောက်ကို နေရာချထားပြီး နောက်ထပ်အဖွဲ့တွေလည်း အဆင်သင့်ရှိနေတယ်လို့ အိန္ဒိယအရာရှိတွေကပြောပါတယ်။
Source – BBC
ဥက္ကာ
Photo – BBC

( Zawgyi )
အလွန့်အလွန် အင်အားကြီး ဆိုင်ကလုန်းမုန်တိုင်းနီးကပ်လာချိန် အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်မှာ မိုးကြီးနေ
နယူးဒေလီ၊ မေ ၂၀
လာမယ့်နာရီပိုင်းအတွင်း အလွန့်အလွန်အင်အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းဝင်ဖို့ရှိနေချိန်မှာ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အရှေ့ဘက်ခြမ်းမှာ မိုးကြီးလေကြီးတွေကျနေပါတယ်။
ဘင်္ဂလားပင်လယ်အော်ကနေချည်းကပ်လာတဲ့ဆိုင်ကလုန်းမုန်တိုင်းအန်ဖန်ကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နှစ်နိုင်ငံစလုံးက လူသန်းချီကို ရွှေ့ပြောင်းပေးထားပါတယ်။
ဒီနေ့နေ့လည်နဲ့ညနေပိုင်းကြားထဲမှာ မုန်တိုင်းဝင်ရောက်မယ်လို့ အိန္ဒိယမိုးလေဝသဌာနကခန့်မှန်းထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်နိုင်ငံစလုံးကအာဏာပိုင်တွေအတွက် အခက်အခဲတွေ့နေပါတယ်။
နှစ်နိုင်ငံစလုံးကကျောင်းတွေနဲ့တခြားအဆောက်အဦးတွေကို ယာယီခိုလှုံရေးစခန်းတွေအဖြစ်ပြောင်းထားဖို့ ညွှန်ကြားပေမဲ့ လူချင်းခပ်ခွာခွာနေဖို့စည်းမျဉ်းတွေကိုလိုက်နာပြီးလူတွေကိုနေရာချပေးရမှာဖြစ်လို့ နေရာပိုလိုနေပါတယ်။
စခန်းတွေမှာ COVID-19 ကူးစက်ခံရမှာကိုကြောက်လို့ လူတွေက မသွားချင်ကြဘူးလို့ မုန်တိုင်းကြောင့်ပြင်းပြင်းထန်ထန်ထိခိုက်လိမ့်မယ်လို့မျှော်လင့်နေကြတဲ့အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်က ရဲအရာရှိတွေက ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ ၂၀ လောက်ကို နေရာချထားပြီး နောက်ထပ်အဖွဲ့တွေလည်း အဆင်သင့်ရှိနေတယ်လို့ အိန္ဒိယအရာရှိတွေကပြောပါတယ်။
Source – BBC
ဥကၠာ
Photo – BBC

No comments:

Post a Comment

My Blog List