၁။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ(P andemic) အဖြစ် ထုတ်ပြန်ထားသော Coronavirus Disease-2019 (COVID-19) စတင်ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ခရီးသွားလာမှု ကန့်သတ်ခြင်း၊ အများပြည်သူတို့၏ လုံခြုံမှုပုံစံကန့်သတ်ခြင် း၊ မြို့/ရွာများ လူဝင်/ လူထွက် စိစစ်ခြင်း၊ ခရီးသည်ပို့ဆောင်ရေး ယာဉ်၊ ရထား၊ လေယာဉ်များ ကန့်သတ်ခြင်း၊ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်း၊ အထူးသဖြင့် Home Stay နေထိုင်စေခြင်း စသည့် အရေးပေါ် အစီအမံများအား ချမှတ်ဆောင်ရွက်လျက်ရှိပါသည ်။
၂။ ဤကဲ့သို့ ထိန်းချုပ်ဆောင်ရွက်နေရမှုမ ျားကို ဒုစရိုက်သမားများ၊ ဝိသမလောဘ စီးပွားရေး သမားများက အခွင့်ကောင်းယူ၍ အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါသည်-
(က) ဒုစရိုက်သမားများအား ပြင်ပတွင် တွေ့မြင်ရမှုနည်းပါးသွားပြီ း Online နှင့် အိမ်တွင်း ကျူးလွန်မှုများအဖြစ်သို့ ပြောင်းလဲသွားခြင်း။
( ခ ) ကပ်ရောဂါအပေါ် ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်မှုလွန်ကဲလာခြင်းတိ ု့ကြောင့် ပြည်သူများ လိုအပ်သည့် အစားအသောက်နှင့် ကျန်းမာရေးအတွက် ဆေးဝါးများကို တုပမှု များလာခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်း။
( ဂ ) Home Stay ကြောင့် Online Games များ ပိုမိုအသုံးပြုလာကြရာ Cyber ဒုစရိုက် သမားများက Game နည်းလမ်းသစ်များ တီထွင်ထုတ်လွှင့်၍ ငွေကြေးလိမ်လည်မှု များ၊ ကွန်ပျူတာထိခိုက်ပျက်စီးရေး ရည်ရွယ်၍ Malware နှင့် Ransomware ကဲ့သို့သော Virus များနှင့် တိုက်ခိုက်လာခြင်း။
(ဃ) ဆေးရုံများ၏အင်တာနက်နှင့် ချိတ်ဆက်မှုစနစ်များ၊ အရေးပေါ်လူနာခွဲစိတ်မှုများ ၊ COVID-19 ကူးစက်ရောဂါကုသမှုနှင့် လူနာစောင့်ကြည့်သည့်စနစ်မျာ းအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်း။
( င ) ဒုစရိုက်သမားများသည် COVID-19 နှင့် ဆက်စပ်သော Stock ရင်းနှီးမြှုပ်နှံမှု များတွင် ရောဂါဖြစ်နေသူများ၏ အရင်းအနှီးများကို နည်းမျိုးစုံဖြင့် လိမ်လည်/ ခြိမ်းခြောက် ငွေကြေးရယူခြင်း။
( စ ) လိမ်လည်သူများသည် ဆေးဝါးပစ္စည်းများရောင်းချရ န်နှင့် ဖြန့်ဝေရာ website, e-commerce platforms, social medias, emails များအသုံးပြုလျက်ရှိရာ နာမည်ကြီး ကုမ္ပဏီများ၏အမည်ကိုအသုံးပြ ု၍ ငွေလွှဲပြောင်းလိမ်လည်ရယူခြ င်း။
(ဆ) တယ်လီဖုန်းများအသုံးပြု၍ COVID-19 ကပ်ရောဂါဖြင့် ဆေးရုံတက်နေရသူ၊ Quarantine စခန်းဝင်နေရသူဟု လိမ်လည်ပြောဆို၍ ပြည်သူ့ကျန်းမာရေး ကိုယ်စားလှယ်များထံ ငွေသား/ I-pay တို့ဖြင့် ဆေးဝါးကုသစရိတ်များ လိမ်လည် တောင်းခံခြင်း။
( ဇ ) Online များတွင် ဆရာဝန်/ အထူးကုသမားတော်များဟု ဟန်ဆောင်ထုတ်လွှင့်ပြီး ဆေးဝါးအတုများ ဝယ်ယူစေခြင်း၊ စိုးရိမ်ကြောက်ရွံ့နေသူများ ထံမှ email နှင့် Password များတောင်းခံ၍ website များဝင်ကြည့်စေပြီး ငွေကြေးလိမ်လည် ရယူခြင်း။
( ဈ ) COVID-19 ကာကွယ်ရန် masks များနှင့် PPEs ဝတ်စုံများ၊ Alocohol Gels များ ဝယ်ယူရန်အမည်ခံ၍ ငွေကြေးများလိမ်လည်ခြင်း။
(ည) Online နှင့် ပြင်ပလူမှုနယ်ပယ်တွင် စံမမီဆေးဝါးနှင့် ပစ္စည်းများ၊ ကုသရေးဆိုင်ရာ ပစ္စည်းအတုများ ရောင်းချခြင်းနှင့် ကြော်ငြာခြင်းများ များစွာဖြစ်ပွားနေပြီး မှုခင်းများ၏ အဓိကနယ်ပယ်တစ်ခုဖြစ်လာခြင်း ။
( ဋ ) တရားမဝင်ကုန်ပစ္စည်းများနှင ့် စံမမီဆေးဝါး ထုတ်လုပ်ရောင်းချမှုများကြေ ာင့် ပြည်သူများ၏ အသက်အန္တရာယ်အတွက် များစွာစိုးရိမ်ဖွယ်ဖြစ်နေခ ြင်း။
( ဌ ) ညမထွက်ရအမိန့်နှင့် Home Stay နေထိုင်စဉ် ပူပြင်းသည့်ရာသီဥတုဖြစ်၍ နေအိမ် ပြတင်းပေါက်များ နေ့/ ည ဖွင့်ထားခြင်းကြောင့် ဒုစရိုက်သမားများက အခွင့်ကောင်း ယူ၍ အိမ်ကျော်နင်းမှု၊ ခိုးယူမှုများကျူးလွန်ခြင်း။
( ဍ ) လူ(၅)ဦးနှင့်အထက်စုဝေးခြင်း ၊ သွားလာမှုမပြုရခြင်းကြောင့် လက်နက်ဖြင့် ခြိမ်းခြောက်၍ လုယက်မှု၊ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်ခြင်း။
( ဎ ) အခြေအမြစ်မရှိသော Online ဆက်သွယ်မှုများမှ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ၊ မမှန်သတင်းများထုတ်လွှင့်ခြ င်း၊ ခြိမ်းခြောက်ငွေတောင်းယူမှု များကျူးလွန်ခြင်း။
(ဏ) Online Delivery ပို့ဆောင်သူများထံမှ ရောဂါကူးစက်နိုင်သည့်အပြင် မိမိနှင့် သိကျွမ်းမှုမရှိသော Delivery များက အစားအသောက်များတွင် မူးဝေမေ့လျော့ စေသော ဆေးဝါးများထည့်သွင်း၍ အိမ်တွင်းခိုးယူမှု၊ လုယက်မှုများကျူးလွန်ခြင်း။
(တ) Mask ကို လူတိုင်းတပ်ဆင်ထားရသဖြင့် ဒုစရိုက်သမားများအနေဖြင့် ပုံဖျက်ရန် အခွင့်ကောင်းရရှိပြီး ယာဉ်/ဆိုင်ကယ်တို့ဖြင့် ရုတ်တရက် အနီးကပ်လုယက်မှု ကျူးလွန်ခြင်း။
(ထ) Home Stay ကာလကြာမြင့်လာသည့်အတွက် မိသားစုအတွင်း၊ အဆောင်နေသူများ အချင်းချင်း အိမ်တွင်းအကြမ်းဖက်မှုခင်းမ ြား ပိုမိုဖွစျပှားလာနိုငျခွငျး ။
၃။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် Cyber / Online တို့မှ လိမ်လည်နေမှုများ၊ မှုခင်းများနှင့် ပတ်သက်၍ ကျူးလွန်ခံရမှုများမဖြစ်ပွားရ အောင် အောက်ပါအချက်များကို လိုက်နာကြရန် အကြံပြုအပ်ပါသည်-
(က) မိမိနှင့် ရင်းနှီးကျွမ်းဝင်သော email များနှင့် မိမိအသုံးပြုနေသော Links များ မဟုတ်ပါက attached files များကို ဖွင့်ကြည့်ခြင်းမပြုရန်။
( ခ ) မိမိ email နှင့် databases များကို ပုံမှန်စစ်ဆေးခြင်း၊ online / offline အသုံးပြု၍ backup လုပ်ထားရန်။
( ဂ ) လုံခြုံမှုအပြည့်အဝရှိမည့် password ကိုအသုံးပြုရန်။
(ဃ) Antivirus software နှင့် မိမိကွန်ပျူတာရှိ software များကို update ပြုလုပ်ရန်။
( င ) Social media များ၏ လုံခြုံရေးစနစ်ကို ခိုင်မာမှုရှိအောင် စီမံရန်။
( စ ) မိမိနေအိမ်တွင်အသုံးပြုသော network အား လုံခြုံမှုစနစ်သေချာတပ်ဆင်ရ န်။
(ဆ) မိသားစုဝင်များ၊ အထူးသဖြင့် ကလေးသူငယ်များအား Online စနစ်လုံခြုံမှုနှင့် ပတ်သက်၍ ပညာပေးပြောကြားရန်။
( ဇ ) လူသွားလူလာပြတ်သည့်နေရာများ ၊ လမ်းများတွင် လုယက်မှုကျူးလွန်ခြင်းများ၊ အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပွားနိုင်သည်ကို သတိပြုကြရန်။
၄။ COVID-19 ကာလအတွင်း ဒုစရိုက်သမားများနှင့် ဝိသမလောဘစီးပွားရေးသမားများ က ကျူးလွန်လျက်ရှိသည့် ဆောင်ရွက်ချက်များအပေါ် အများပြည်သူကလည်း အသိ/ သတိရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါရန်နှင ့် မြို့/ ရွာ၊ ရပ်ကွက်များအတွင်း ထူးခြားမှု၊ မသင်္ကာဖွယ်ရာ တွေ့ရှိမှု တစ်စုံတစ်ရာရှိလာပါက လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသေ ာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် လှည့်ကင်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ နှင့် တာဝန်ရှိသူများ၊ နယ်မြေအလိုက် အရေးပေါ် ဆက်သွယ်အကြောင်းကြားနိုင်သည ့် နီးစပ်ရာ ရဲစခန်းဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
source-moi
No comments:
Post a Comment