Thursday, April 02, 2020

ကိုဗစ်ကြောင့် လူထုနှင့်ဆက်သွယ်ရန် ဒေါ်အောင်ဆန်းစုကြည် ဖေ့စ်ဘွတ်ခ်စသုံး

COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ လူထုနှင့် တိုက်ရိုက်ထိတွေ့နိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်ကို ဧပြီ ၁ ရက်မှ စတင်အသုံးပြုပြီဖြစ်သည်။

Aung San Suu Kyiအမည်ဖြင့် ဖေ့စ်ဘွတ်ခ်အကောင့် မှ လူထုသို့ ပထမဆုံး ရေးသားခဲ့သည့် သတင်းစကားမှာ ‘‘Face-book ကိုသုံးဖို့ ဆန္ဒလုံးဝမရှိခဲ့ပါ။ ဒီအချိန်မှာတော့ COVID-19 စိန် ခေါ်မှုတွေနဲ့ပတ်သက်ပြီး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ်နိုင်ဖို့ သုံးလိုက်ပါ တယ်’’ဟူ၍ ဖြစ်သည်။
ထိုအကောင့်သည့် ဒေါ် အောင်ဆန်းစုကြည်၏ တရားဝင်အကောင့်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက အတည်ပြုပေး သည်။
ဒေါ်အောင်ဆန်းစုကြည် သုံးစွဲသည့် ဖေ့စ်ဘွတ်ခ်အကောင့်ဖြစ် သည်ကို သိသွားကြသည်နှင့် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သည့် ပထမဆုံးသော စာစုအောက်တွင် စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်းတွင် မှတ်ချက်ရေးသားသူ၊ Like ပေးသူများ ထောင်ချီသွားခဲ့သည်။ ထိုစာစုကို ရေးသား ခဲ့ချိန်မှာ ဧပြီ ၁ ရက် ညနေ ၄ နာရီခန့်တွင်ဖြစ်သည်။
လေးနာရီကြာမြင့်ချိန်တွင် တော့ မှတ်ချက်ရေးသားမှု လေး သောင်းနှစ်ထောင်အထိ ရှိသွားပြီး  ထိုစာစုကို ပြန်လည်ဝေမျှထားသူ ငါးသောင်းရှိသည်။ Like လုပ်သူ ပေါင်းမှာမူ နှစ်သိန်းခွဲကျော်အထိပင်ရှိသွားသည်။
ဒေါ်အောင်ဆန်းစုကြည် အသုံးပြုသည်ဟုဆိုသည့် Aung SanSuu Kyi အကောင့်မှာ လွန်ခဲ့သော လေးနှစ် ၂၀၁၆ ဧပြီ ၆ ရက်က စတင်ဖွင့်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော် Myanmar StateCounsellor Office တွင် စတင်တာဝန်ထမ်းဆောင်သည်ဟူ သော ကိုယ်ရေးအချက်အလက်  ဖြည့်ခြင်းမျှသာ အသုံးပြုထား သည်ကိုတွေ့ရသည်။ ကောင်း ကင်ပြာအောက်မှ တောအုပ်နှင့် ရေကန်ကို ရိုက်ကူးထားသောပုံ အား နောက်ခံပုံအဖြစ် သုံးစွဲထား ပြီး ပရိုဖိုင်ဓာတ်ပုံအဖြစ် အပြာရင့်ရောင်အကျီနှင့် ပုလဲပုတီးတို့ ကို ဆင်ယင်ထားသည့် ဓာတ်ပုံကို တင်ထားသည်။
ဧပြီ ၁ ရက်သည် April Fools ဟုခေါ်တွင်သော စကြနောက်ကြသည့် အလေ့အထ နေ့ရက်ဖြစ် သဖြင့် အချို့က စာသားစတက် လာခြင်းအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင်အ ကောင့်ဖြစ်သည်ကို မယုံကြည်ကြ သေးပေ။
ဒေါ်အောင်ဆန်းစုကြည် အ  ကောင့်ဟု လူအများစတင်သိသွား သည့်အချိန်က ထိုအကောင့်တွင် ဖေ့စ်ဘွတ်ခ်က အသိအမှတ်ပြု  အပြာရောင်အမှတ်အသား (BlueMark) မပါသေးပေ။ ထိုအကောင့်ကို အသုံးပြုပြီး နာရီပိုင်းအတွင်းမှာပင် ဖေ့စ်ဘွတ်ခ်၏ တရားဝင်အသိအမှတ်ပြု အပြာရောင်အမှတ်အသား ရရှိသွားချိန်တွင် တော့ ယုံကြည်သွားကြသည်။ စတင်ရေးသားသားချင်းတွင် COVID ဆိုသော စကားလုံးအစားCORVID ဟု စာလုံးပေါင်းမှားသွားသည့်အတွက်လည်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့က ဒေါ်အောင်ဆန်း စုကြည်၏ တရားဝင်အကောင့် ဟုတ်နိုင်ပါ့မည်လားဟု သံသယ ဝင်ခဲ့ကြခြင်းဖြစ်သည်။
Coronavirus Disease 2019 (COVID-19)ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအ ဆင့် ဗဟိုကော်မတီဥက္ကဋ္ဌဖြစ်သူ  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ၁ ရက် နေ့ခင်းပိုင်းက နေပြည် တော်ရှိ သမ္မတအိမ်တော်အစည်း  အဝေးခန်းမ၌ COVID-19 ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် Video Conferen-cing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများ အား အပြန်အလှန်ဆွေးနွေးအပြီး  လေးနာရီခန့်အကြာတွင် ဖေ့စ်ဘွတ်ခ်အကောင့်ကို စတင်အသုံး ပြုခဲ့ခြင်းဖြစ်သည်။
Bluemark ရပြီး Followerပေါင်း နှစ်သန်းကျော်ရှိပြီးဖြစ် သည့် Page တစ်ခုလည်း ရှိသဖြင့်နောက်ထပ်အကောင့်သစ်သုံးရန် မလိုဟုလည်း ထင်မြင်ချက်ပေးသူ များလည်းရှိသည်။ ထင်မြင်ချက်ပေးသည့် Comment Box ကိုပိတ်ရန် အကြံပေးသူများလည်းရှိသည်။ အချို့ကတော့ ဒေါ်အောင် ဆန်းစုကြည်ထံ စာတိုများ ပေးပို့ တိုင်ကြားထားသည်များကို ယင်းတို့၏ ဖေ့စ်ဘွတ်ခ်အကောင့်များ အသီးသီးမှ  ထိုတိုင်ကြားထား သောစာများနှင့်အတူ ပြန်လည်  မျှဝေလာကြသည်များကိုလည်း  တွေ့ရသည်။
7Day

No comments:

Post a Comment

My Blog List