Monday, March 23, 2020

AA နဲ့ ပတ်သက်ပြီး စကားအများကြီးမပြောတော့ပဲ စောင့်ကြည့်လိုက်ဦးမယ်လို့ တပ်မတော်ပြော


Image may contain: 1 person, sitting

AA အဖွဲ့နဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ စကားတွေအများကြီးမပြောတော့ပဲ စောင့်ကြည့်လိုက်ဦးမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး ကပြောကြားလိုက်ပါတယ်။ မတ်(၂၂)ရက် မွန်းလွဲပိုင်းက နေပြည်တော် စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာကြားခဲ့တာပါ။ 

လက်ရှိ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တပ်မတော်နဲ့ AA အဖွဲ့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ “AA နဲ့ ပတ်သက်လို့ စကားတွေ အများ ကြီးမပြောတော့ပါဘူး။ Wait and See စောင့်ကြည့်လိုက်ဦးမယ်”လို့ ဗိုလ်ချုပ် စိုးနိုင်ဦးက သတင်းစာရှင်းလင်းပွဲမှာ AAအဖွဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။

တပ်မတော်အနေနဲ့ မီးဝစခန်းကို ရက်ပေါင်း(၄၀)ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ AAအဖွဲ့ရဲ့ပလက်ဝဒေသဖြတ် တောက်ပိတ်ဆို့ရေး ရည်မှန်းချက်ကို မတ်လအလယ်ပိုင်းမှာ ရိုက်ချိုးနိုင်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန် ထားတာပါ။ AA အဖွဲ့က တပ်မတော်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့အတွက် ဟန့်တား အနှောက်အယှက်တွေ ပြုလုပ်နေပြီး အဲလိုနှောင့်ယှက်နေတာတွေကြောင့် AAအဖွဲ့အနေနဲ့လည်း ဆုံးရှုံးမှုတွေရှိနေ တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ ကပြောပါတယ်။ တပ်မတော်အနေနဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေကို စစ်ဘေးရှောင်ဒုက္ခတွေ မကျရောက်စေချင်သလို နယ်မြေ တည်ငြိမ်အေးချမ်းဖို့အတွက် ဥပဒေမဲ့လုပ်ရပ်တွေနဲ့ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့လှုပ်ရှားမှုတွေမရှိမှ အေးချမ်းနိုင်မှာဖြစ်လို့ နယ်မြေတွေအေးချမ်းအောင် အရင်ဆုံးလုပ်ဆောင်ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။
“တာဝန်ရှိသူတွေအားလုံးက ဒေသခံတွေအတွက်ရော၊ ဒေသအတွက်ရော၊ နိုင်ငံအတွက်ရော တည်ငြိမ်အေးချမ်းရေး အတွက်ကို ဝိုင်းဝန်းပြီးတော့ စဉ်းစားဆောင်ရွက်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဒေသတည် ငြိမ်အေးချမ်းရေးကို အမြန်ဆုံးရစေချင်တာဖြစ်ပါတယ်”လို့ ဗိုလ်ချုပ် ထွန်းထွန်းညီ ကပြောပါတယ်။

သတင်း-ငြိမ်းချမ်းအောင်

No comments:

Post a Comment

My Blog List