Thursday, January 02, 2020

ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရပြီးနောက် ထိုင်ဝမ် စစ်တပ် ထိပ်တန်းအရာရှိတစ်ဦး ပျောက်ဆုံးနေ

Image may contain: 1 personImage may contain: outdoor
ထိုင်ဝမ်မြောက်ပိုင်းမှာ ရဟတ်ယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်မှုလုပ်ခဲ့ပြီးနောက် ထိုင်ဝမ် စစ်တပ် ထိပ်တန်းအရာရှိတစ်ဦး ပျောက်ဆုံးနေကြောင်း ကျွန်းရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ကြာသာပတေးနေ့(ဇန်နဝါရီ ၂) မှာ ပြောဆိုပါတယ်။
အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ဘလက်ဟော့ခ် အမျိုးအစား ရဟတ်ယာဉ်ပေါ်မှာ ကျွန်းဒေသရဲ့ စစ်ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ရှန်ယီမင်း အပါအဝင် လူ ၁၃ ဦး လိုက်ပါခဲ့တာဖြစ်ပြီး ယခုအခါ ကယ်ဆယ်ရေးမစ်ရှင် လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ရှန် အပါအဝင် သုံးဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အခြားသူ အတော်များများကိုတော့ အသက်ရှင်လျက် ပြန်တွေ့ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပြီး ကယ်ဆယ်ရေးဆောင်ရွက်ဖို့အတွက် အဖွဲ့တစ်ခု ထွက်ခွာသွားပြီဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့် အဓိက ရွေးကောက်ပွဲတစ်ခု နီးကပ်လာစဉ် ယခု ရဟတ်ယာဉ် ပျက်ကျမှုဖြစ်ခဲ့တာဖြစ်ပြီး ဒီမိုကရက်တစ် ကျွန်းဒေသမှာ သမ္မတနဲ့ ပါလီမန် ရွေးကောက်ပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Ref : Reuters
ကိုလင်း ( အကုန်သိ သတင်းဌာန )
<<< Unicode Version >>>
ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရပြီးနောက် ထိုင်ဝမ် စစ်တပ် ထိပ်တန်းအရာရှိတစ်ဦး ပျောက်ဆုံးနေ
--- ကိုလင်း ( အကုန်သိ သတင်းဌာန ) ---
ထိုင်ဝမ်မြောက်ပိုင်းမှာ ရဟတ်ယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်မှုလုပ်ခဲ့ပြီးနောက် ထိုင်ဝမ် စစ်တပ် ထိပ်တန်းအရာရှိတစ်ဦး ပျောက်ဆုံးနေကြောင်း ကျွန်းရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ကြာသာပတေးနေ့(ဇန်နဝါရီ ၂) မှာ ပြောဆိုပါတယ်။
အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ဘလက်ဟော့ခ် အမျိုးအစား ရဟတ်ယာဉ်ပေါ်မှာ ကျွန်းဒေသရဲ့ စစ်ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ရှန်ယီမင်း အပါအဝင် လူ ၁၃ ဦး လိုက်ပါခဲ့တာဖြစ်ပြီး ယခုအခါ ကယ်ဆယ်ရေးမစ်ရှင် လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ရှန် အပါအဝင် သုံးဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အခြားသူ အတော်များများကိုတော့ အသက်ရှင်လျက် ပြန်တွေ့ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပြီး ကယ်ဆယ်ရေးဆောင်ရွက်ဖို့အတွက် အဖွဲ့တစ်ခု ထွက်ခွာသွားပြီဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့် အဓိက ရွေးကောက်ပွဲတစ်ခု နီးကပ်လာစဉ် ယခု ရဟတ်ယာဉ် ပျက်ကျမှုဖြစ်ခဲ့တာဖြစ်ပြီး ဒီမိုကရက်တစ် ကျွန်းဒေသမှာ သမ္မတနဲ့ ပါလီမန် ရွေးကောက်ပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Ref : Reuters

No comments:

Post a Comment

My Blog List