Friday, November 15, 2019

လောကီလူ့ဘောင်အတွင်း အဖျက်သဘောဆောင်သော အင်အားစုများအပေါ် ကျော်လွှား လွန်မြောက်ရေးတွင်လူသားတို့၏ စွမ်းပကားအပေါ်ယုံကြည်ရမည်ဟုဆို


Image may contain: 1 person, standing

မိမိတို့၏ လောကီလူ့ဘောင်အတွင်း အဖျက်သဘောဆောင်သော အင်အားစုများအပေါ် မိမိတို့ကျော်လွှား လွန်မြောက် ရေးတွင်လူသားတို့၏ စွမ်းပကားအပေါ် မိမိတို့ယုံကြည်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၄ ရက်တွင်ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းသို့တက်ရောက်မိန့်ခွန်းပြောကြားစဉ် ယင်းသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ မတူကွဲပြားသော ကိုးကွယ်ယုံကြည်မှုများအကြား အပြန်အလှန် လေးစားမှုနှင့် အပြန်အလှန်နားလည်မှုတို့ တိုးတက်ဖြစ်ပေါ်လာခြင်းဖြင့် မိမိတို့လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာစေ လိမ့်မည်ဖြစ်ကြောင်း။ ဘာသာရေးဆိုင်ရာ ပဋိပက္ခများကို တားဆီး ကာကွယ် ကြရမည်ဖြစ်ကြောင်း။ ပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသများအတွင်း ဒုက္ခရောက်ရသူများကို ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ပြီး၊ အကူအညီ ပေးရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အတူ ပြန်လည်ထူထောင်ရေး အစီအစဉ်များကို သွက်သွက် လက်လက် ထိထိရောက်ရောက် အကောင်အထည်ဖော် ပေးကြရမည်ဖြစ်ကြောင်း။ မိမိတို့ ကိုးကွယ်ရာဘာသာကြီးများသည် တစ်ဦးနှင့်တစ်ဦးအပေါ် ယုံကြည်မှုနှင့်အတူ လက်တွဲ လုပ်ဆောင် ကြခြင်းဖြင့် မိမိတို့၏ နိုင်ငံတော်ထူထောင်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ကူညီကြစေရန် သွင်သင်ဆုံးမ ပေးနိုင်မည်ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
The Ladies News
လောကီလူ့ဘောင်အတွင်း အဖျက်သဘောဆောင်သော အင်အားစုများအပေါ် ကျော်လွှား လွန်မြောက်ရေးတွင်လူသားတို့၏ စွမ်းပကားအပေါ်ယုံကြည်ရမည်ဟုဆို
-----------------------------------------------------------

မိမိတို့၏ လောကီလူ့ဘောင်အတွင်း အဖျက်သဘောဆောင်သော အင်အားစုများအပေါ် မိမိတို့ကျော်လွှား လွန်မြောက်ရေးတွင်လူသားတို့၏ စွမ်းပကားအပေါ် မိမိတို့ယုံကြည် ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၄ ရက်တွင်ပြောသည်။
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းသို့တက်ရောက်မိန့်ခွန်းပြောကြားစဉ် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ မတူကွဲပြားသော ကိုးကွယ်ယုံကြည်မှုများအကြား အပြန်အလှန် လေးစားမှုနှင့် အပြန်အလှန်နားလည်မှုတို့ တိုးတက်ဖြစ်ပေါ်လာခြင်းဖြင့် မိမိတို့လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာစေ လိမ့်မည်ဖြစ်ကြောင်း။ ဘာသာရေးဆိုင်ရာ ပဋိပက္ခများကို တားဆီး ကာကွယ် ကြရမည်ဖြစ်ကြောင်း။ ပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသများအတွင်း ဒုက္ခရောက်ရသူများကို ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ပြီး၊ အကူအညီ ပေးရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အတူ ပြန်လည်ထူထောင်ရေး အစီအစဉ်များကို သွက်သွက် လက်လက် ထိထိရောက်ရောက် အကောင်အထည်ဖော် ပေးကြရမည်ဖြစ်ကြောင်း။ မိမိတို့ ကိုးကွယ်ရာဘာသာကြီးများသည် တစ်ဦးနှင့်တစ်ဦးအပေါ် ယုံကြည်မှုနှင့်အတူ လက်တွဲ လုပ်ဆောင် ကြခြင်းဖြင့် မိမိတို့၏ နိုင်ငံတော်ထူထောင်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ကူညီကြစေရန် သွင်သင်ဆုံးမ ပေးနိုင်မည်ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
The Ladies News

No comments:

Post a Comment

My Blog List