Thursday, April 07, 2016

ကရင်ပြည်နယ်ဝန်ကြီးချူပ်က မူးယစ်ဆေးဝါး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများနှင့် လယ်ယာမြေကိစ္စရပ်များ အဓိကထား ဆောင်ရွက်မည်


မူးယစ်ဆေးဝါး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများနှင့် လယ်ယာမြေ ကိစ္စရပ်များကို အဓိကထား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချူပ်သစ် ဒေါ်နန်းခင်ထွေးမြင့်က ပြောဆိုလိုက်သည်။

“အထူးသဖြင့် ကရင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ မြေယာ သိမ်းဆည်းခံ ပြသ၁နာတွေကို ပြည်နယ်အစိုးရအနေနဲ့ စနစ်တကျ စီစဉ်ဖြေရှင်း ဆောင်ရွက်သွားမယ်”ဟုကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ပြောသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်အုပ် ချုပ်ရေးမှူးများနှင့် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဧပြီ ၄ ရက်ကပထမဆုံးအကြိမ် တွေ့ဆုံသည့်ဆွေးနွေးပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အများပြည်သူ ထိခိုက်နာကျင်မှုဖြစ်စေမည့် ယာဉ်မတော် တဆမှုများ ကင်းဝေးစေရန် ယာဉ်ထိန်းရဲ တပ်ဖွဲ့များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ဆောင်ရွက်သွားရန်နှင့် ပြည်နယ်အတွင်း မြို့နယ် အသီးသီးရှိ အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်း နိုင်ငံသားစိစစ်ရေးကတ် များရရှိရန် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး များက မြို့နယ် လ.ဝ.က ဦးစီးဌာနများနှင့် ဆက်သွယ်လုပ်ဆောင်သွားရန် တိုက်တွန်းထားကြောင်း သိရသည်။
ထို့အပြင် ကျေးလက်ဒေသများ မူကြိုကျောင်းသစ်များ တိုးချဲ့ဖွင့် လှစ်နိုင်ရေးအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက မြေနေရာရှာ၍ တင်ပြပေးသွားကြရန်လည်း တိုက်တွန်းပြောကြားထားကြောင်းသိရသည်။
“တာဝန်ဝတ္တရားတွေကို အဂတိကင်းကင်း လုပ်ဆောင်ကြပါ။ အဂတိကင်းအောင်နေပါ။ ဖြစ်လာခဲ့မယ်ဆိုရင် တော့ ရပ်တည်ပေးမှာ မဟုတ်ပါဘူး။ ထောင်ဝင်စာတောင် လာတွေ့ပေးမှာမဟုတ်ပါဘူး။ ကျွန်မတို့ ပြည်နယ်အ စိုးရအဖွဲ့ဝင်တွေကို အဲဒီလိုပြောထားမယ်။ ကျွန်မတို့က သူ့လူ၊ ကိုယ့်လူမရှိဘူး။ ပြတ်ပြတ်သားသား ဆောင်ရွက် ကြရမှာဖြစ်လို့ ဝန်ထမ်းတွေက ကျွန်မတို့ကို နားလည်ပေးပါ” ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။
ထို့အပြင် ကရင်ပြည်နယ်အစိုးရအနေဖြင့်လည်း ဌာနဆိုင်ရာ များကို ခြောက်လတစ်ကြိမ် စိစစ်သွားမည်ဖြစ်ကာ တိုးတက်မှုမရှိ သူများကို ပြောင်းလဲသင့်ပါက ပြောင်းလဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင် လျက်ရှိကြ သည့်အရာထမ်းဝန်ထမ်းများနှင့်ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲသို့ ဝန်ထမ်းအင်အား သုံးရာ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - MMK
The Ladies News

No comments:

Post a Comment

My Blog List