Monday, March 14, 2016

ဗိုလ်ချုပ်ကြီး စောလားပွယ် ကွန်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ဦးအောင်မင်း စာပေးပို့


ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ် မတ် ၁၃ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ကွန်လွန်သွားသည့် အတွက် ဝမ်းနည်းကြေကွဲကြောင်း သမ္မတရုံး ဝန်ကြီးဌာန (၄) မှ ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) သို့ စာပေးပို့လိုက်သည်။

ယင်းစာတွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ ခေါင်းဆောင်များ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်လျှောက်လုံး ဗိုလ်ချုပ်ကြီး စောလားပွယ်နှင့်အတူ စုပေါင်းချမှတ်ခဲ့သော ဆုံးဖြတ်ချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ယုံကြည် ကြောင်း ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List