Wednesday, November 25, 2015

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အချိန်အကန့်အသတ်ရှိ၍ ဆောင်ရွက်ချက်များတွင် အားနည်းချက်များနှင့် မပြည့်စုံမှုများ ရှိနိုင်သဖြင့် NCA ကို မဖောက်ဖျက်ဘဲ အများစုလက်ခံနိုင်သည့်အခြေအနေမျိုးကို ဝိုင်းဝန်းဆောင် ရွက်ရန်လိုဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဆို


ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သည်အချိန်အကန့်အသတ်ရှိသည့်အတွက် ဆောင် ရွက်ချက်များ တွင်အားနည်းချက်များနှင့်မပြည့်စုံ သည်များရှိနိုင်သဖြင့် NCA အခြေခံပေါ်တွင် NCA Timeline ကိုမဖောက်ဖျက်ဘဲ အများစုလက်ခံနိုင် သည့် ရှေ့ဆက် ဆောင်ရွက်သွား နိုင်မည့် အခြေအနေမျိုးကို ဝိုင်းဝန်း ဆောင်ရွက်ရန် ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း ကဆိုသည်။
နိုဝင်ဘာလ၂၃ရက်နေ့ တွင် ရန်ကုန်မြို့မြန်မာငြိမ်းချမ်းရေးစင် တာတွင်ပြုလုပ် သည့်UPDJC (ပြည်ထောင် စုငြိမ်း ချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ) သုံးပွင့်ဆိုင် ပထမဦးဆုံးအကြိမ်ပူးတွဲ အစည်း ဝေး တွင် ပြည်ထောင်စု ဝန်ကြီးဦး အောင်မင်းကထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
''ကျွန်တော်တို့အားလုံး ဆောင်ရွက်နေတဲ့ငြိမ်းချမ်းရေးလုပ် ငန်းစဉ်မှာ အခက်ခဲတွေရှိမှာဖြစ် ပါတယ်။ အချိန်အကန့်သတ်က လည်းရှိနေတဲ့ အတွက် ဆောင် ရွက် ချက်တွေမှာအားနည်းတာတွေ၊ မပြည့်စုံတာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့အား လုံးနားလည်မှုတွေပေး ပြီးလုပ်စေချင်ပါတယ်။ ကျွန်တော် တို့အနေနဲ့လည်း ဘာကိုမှပိတ်ထား တာမရှိပါဘူး။ NCA ကအ လွယ်တကူရရှိခဲ့တာမဟုတ်ပါဘူး။ ဒါကိုတော့ထပ်လောင်းပြီးအသိပေး ပါရစေ။ NCA အခြေခံပေါ်မှာ NCA Timeline ကိုမ ဖောက်ဘဲ အများစုလက်ခံနိုင်ပြီး ရှေ့ကိုဆက်သွားနိုင်မဲ့အခြေအနေ မျိုးကိုဝိုင်း ဝန်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။ မူဘောင်ကို လည်းပြောင်း လွယ်ပြင် လွယ်ဖြစ်အောင်ဆောင် ရွက်စေလိုပါတယ်။ဒါမှနောင်လာ မဲ့အစိုးရ အတွက်အဆင်ပြေပါမယ်'' ဟု ပြည်ထောင်စုဝန်ကြီးဦးအောင် မင်းက ပြောကြားသည်။
ထို့အပြင် NCA Timeline ၏ရက်ပေါင်း ၆၀ မပြည့်မှီ ၂၀၁၅ခုနှစ်ဒီဇင် ဘာလ ၁၄ရက်မတိုင်မှီတွင် Framework Meeting တရားဝင်စတင်ရန် လိုအပ်သည့် သဘောထားများ၊ နားလည်မှုများ၊ ကိုစုစည်းနိုင်ရန်နှင့် NCA Timeline ၏ရက်ပေါင်း ၉၀ ပြည့်မည့် ၂၀၁၆ခုနှစ်ဇန်နဝါရီလ ၁၄ရက်နေ့ အထိနောက်မကျဘဲ နိုင်ငံရေးဆွေးနွေးပွဲလုပ် ရန်ဦး စား ပေးဆောင် ရွက်ရ မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ကဆိုထားသည်။ UPDJC ၏ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက'' UPDJC ရဲ့အဓိက တာဝန်က NCA စာချုပ်ပါအတိုင်းနှစ်ပေါင်း ၆ဝအ တွင်းမှာ အားလုံး လက်ခံနိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကို အစီစဉ်စနစ် တကျနဲ့ ထိန်းကျောင်း သွားနိုင်မည့်နိုင်ငံရေးမူဘောင် တစ်ရပ်ကိုဆွေးနွေး သွားမှာဖြစ် ပါတယ်''ဟုဆိုသည်။
UPDJC ကော်မတီအတွက် အဆိုပါအစည်းအဝေးတွင်လည်း နိုင်ငံရေး ပါတီ များ၏ကိုယ်စားလှယ် များဘက်မှ ဒုဥက္ကဌတစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦးကို ရွေးချယ် သွားမည်ဖြစ်ကြောင်း ပဒိုစောကွယ် ထူးဝင်းကဆိုသည်။

#Democracytoday

No comments:

Post a Comment

My Blog List