Monday, November 09, 2015

အင်တာဗျူး မလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောကြား



ရွေးကောက်ပွဲနှင့် ပတ်သက်သော အချက်အလက်များကို အင်တာဗျူး လာမလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ညွန်ကြားရေးမှူး ဦးသိန်းဦးက ပြောသည်။
ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် အာဆီယံမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် တွေ့ဆုံပွဲအပြီးတွင် ၄င်းက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယနေ့ ညနေ ၄ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး (နေပြည်တော်) တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးမည်ဖြစ်ပြီး လက်ရှိအခြေအနေကို မေးမြန်းမှုမပြုရန် ၄င်းက ထပ်လောင်းပြောဆိုသည်။

ဦးတင်အေးသည် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် တွေ့ဆုံပွဲ၌ မီဒီယာများကို မေးခွန်း ၃ ခု မေးမြန်းရန် ပြောကြားခဲ့သော်လည်း The Voice မှ မေးမြန်းရန် ပြုလုပ်စဉ် မေးမြန်းမှုကို လက်မခံခဲ့သည့်အပြင် မည်သည့်မီဒီယာကိုမျှ မေးမြန်းခွင့် မပြုခဲ့ပေ။

“မေးခွန်းရှိလားလို့ မေးတယ်၊ ကျွန်တော်က ရှိပါတယ်လို့ ပြောတော့လည်း မေးဖို့ စကားအစချီတာတောင် လက်မခံပါဘူး၊ ဦးတင်အေး အခမ်းအနားထဲက ပြန်အထွက်မှာလည်း နောက်တကြိမ် လိုက်မေးဖို့ လုပ်ပါတယ်။ မျက်နှာက ကြည်ဖြူတဲ့ပုံ မပေါ်တဲ့အပြင် မျက်နှာကို တင်းထားတယ်” ဟု ကော်မရှင်သို့ ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။

ယင်းကဲ့သို့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကို မေးမြန်းမှု ပြုလုပ်သည့်အချိန်တွင် ကော်မရှင် ညွန်ကြားရေးမှူးက The Voice သတင်းထောက်၏ ရင်ဘတ်ကို တွန်းထုတ်၍ တားဆီးခဲ့ကြောင်း ၄င်းက ထပ်လောင်းပြောသည်။

“ဦးသိန်းဦးက လုံးဝအင်တာမဗျူးပါနဲ့လို့ကို ပြောလိုက်တာ” ဟု ၄င်းက ထပ်လောင်းဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List