Friday, November 06, 2015

မဲဆန္ဒရှင်စာရင်းထဲ ပါသော်လည်း သက်သေခံကဒ်မရသူ ဦးရေများရှိ


ကယား(ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဟိုယာကျေး ရွာအုပ်စု ဟိုယာကျေးရွာတွင် နောက်ဆုံးအကြိမ်ထုတ် မဲဆန္ဒရှင် စာရင်းထဲ ပါသော်လည်း သက်သေခံကဒ်မရသူ ဦးရေ(၃၀)ဝန်းကျင်ရှိကြောင်း သိရသည်။

မဲဆန္ဒရှင် သက်သေခံကဒ် မရသူများပြားနေကြောင်းကို ဟိုယာကျေးရွာ ဥက္ကဌဦးပါစကွားလယ်က "ကျတော်ကတော့ ရတယ် ဒါပေမဲ့ ကျတော်အိမ် မှာဆို မရတဲ့သူတွေ ၆ယောက်တောင်ရှိတယ်။ ဘာလို့အဲ့လောက်တောင် မရတာလဲ မသိဘူး" ဟုပြောသည်။

ထုတ်ပြန်ကြေငြာထားသည့် မဲစာရင်းထဲတွင် အမည်ပါရှိသူများသည် သက် သေခံကဒ်ပြား ရရှိရမည်ဖြစ်သည်ဟု ဖရူဆိုမြို့နယ် ကော်မရှင်အတွင်းရေး မှူး ဦးထွန်းထွန်းလင်း ပြောပါသည်။

၎င်းက “သက်ဆိုင်ရာ ရပ်ကျေးမှာရှိပါတယ်မဲစာရင်းထဲမှာပါရင် အကုန်ရ ပါတယ်။ မရမရှိပါဘူး။ မှတ်ပုံတင်လက်မှတ်ပါလဲရတယ်။” ဟု ပြောသည်။

ထိုသို့ မဲဆန္ဒရှင် သက်သေခံကဒ်မရခြင်းဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမည်ကို စိုးရိမ်ကြကြောင်း ၎င်းကဆက်ပြောသည်။

သေသခံများက သက်သေခံကဒ်မပါသည့်အကြောင်း အရာကို မေးသည့်အခါ ကျေးရွာကော်မရှင် အဖွဲ့ခွဲက မသိကြောင်း မပါခဲ့သည့်အကြောင်းအရာ ကိုလည်း မပြောပြကြောင်း ကျေးရွာဥက္ကဌက ပြောသည်။

ဟိုယာအုပ်စု ထေခိုကျေးရွာတွင် မဲဆန္ဒရှင်စာရင်းနှင့် သက်သေခံကဒ်ပြား ကိုက်ညီမှုရှိသော်လည်း မဲလက်မှတ်တွင် နာမည်မပါဘဲ ဗလာဖြစ်နေသည့် လက်မှတ်များ ပါရှိနေသည်ကို တွေ့ရသည်။

" အဲဒါရပ်ကျေးကော်မရှင်က ရေးပေးရမယ်။ သူတို့ထည့်ပေးရမယ်။ ရပ်ကျေးကော်မရှင်က တာဝန်ဖြစ်တယ်။ ကော်မရှင်က လုပ်ရတဲ့အလုပ်ပါ သူတို့ထည့်ရေးရမယ်။" ဟု ဦးထွန်းထွန်းလင်းက ပြောသည်။

ဟိုယာကျေးရွာအုပ်စုရှိ ဟိုယာကျေးရွာသည် မဲဆန္ဒနယ်အမှတ်(၁)ဖြစ်ပြီး မဲဆန္ဒရှင်ဦးရေပေါင်း(၄၅၃)ဦးရှိသည်။

Kantarawaddy Times

No comments:

Post a Comment

My Blog List