Wednesday, September 09, 2015

တစညပါတီ နိုင်ငံစီးပွားရေးနှင့် ငြိမ်းချမ်းရေးကို အဓိကထားလုပ်ဆောင်မည်ဟု မဲဆွယ်စည်းရုံးဟောပြော


တ စ ည ပါတီအနေဖြင့် လက်ရှိနိုင်ငံအတွင်း၌ ဖြစ်ပေါ်နေသည့် ပြဿနာရပ်များကို အဓိကထားဆောင် ရွက်ပေးသွားမည့်အကြောင်းများနှင့် ငြိမ်းချမ်းရေး၊နိုင်ငံစီးပွားရေးတို့ကိုအဓိကထားလုပ်ဆောင်မည်ဖြစ်ပြီး လယ်ယာမြေပြသာနာများအတွက် လယ်လုပ်သူလယ်ပိုင်ခွင့်ရအောင်လုပ်ဆောင်ပေးမည်ဟု စက်တင်ဘာ ၈ရက်နေ့ညတွင် မြန်မာ့ရုပ်သံမှတစ်ဆင့်ထုတ်လွှင့်သည့် မဲင်္ဆဆွယ်ဟောပြောပွဲတွင်ပြောကြားခဲ့သည်။

""မကြာခင်ကဖြစ်ခဲ့တဲ့ ရေဘေးကြောင့်တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ အများအပြားပျက်စီးဆုံးရှုံးခဲ့ပါတယ်။ လယ်ယာမြေဧက တစ်သန်းကျော် ထိခိုက်ခဲ့ရပြီး ဧက ရှစ်သိန်းကျော် ပျက်စီးထိခိုက်ခဲ့ပါတယ်။ပြည်သူနဲ့ တောင်သူလယ်သမားတွေ မူလအခြေအနေပြန်ရောက်ရေးအတွက် ဦးစားပေးလုပ်ဆောင်သွားမှာပါ။ လယ်ယာမြေပြဿနာမှာလည်း လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်ရအောင် လုပ်ပေးသွားမှာပါ။""ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ ဟောပြောချက်များတွင်ပါရှိခဲ့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ပါတီများသည် ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်အရ စက်တင်ဘာလ ၈ ရက်နေ့မှစတင်မဲဆွယ်ခြင်း များပြုလုပ်ခဲ့ကြရာ ယနေ့ညတွင် မြန်မာ့ရုပ်မြင်သံကြား၊ရေဒီယိုများမှတစ်ဆင့် တိုင်းရင်သားစည်းလုံးညီ ညွတ်ရေးပါတီအပါအဝင် ပါတီ သုံးခု မှ မဲဆွယ်ဟောပြောခဲ့သည်။

စက်တင်ဘာ၈ရက်နေ့ညတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့မှ ဆယ်ငါးမိနစ်ခန့်ဆီ ဟောပြောခဲ့ကြသည်။

ဟောပြောရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် မူဘောင် များနှင့် ကျင့်သုံးသွားမည့် အကြောင်းအရာတို့ကို ပြေကြားခဲ့ပြီး အခြားပါတီများအနေဖြင့် တိုင်းရင်းသား ကိစ္စရပ်များကိုသာအဓိကထားပြောကြားသွားသည်ကိုတွေ့ရသည်။လာမည့်ရွေးကောက်ပွဲတွင် မြိုတိုင်းရင်း သားဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ခြောက်ဦး၊လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ မဲဆန္ဒ နယ် ၂၉ နေရာတွင်ဝင်ရောက်ယှဉ်ပြ်ုင်သွားမည်ဟုသိရသည်။

Mwt
The Ladies News Journal

No comments:

Post a Comment

My Blog List