Monday, July 27, 2015

သျှမ်းပြည်နယ်အစိုးရ ၀န်ကြီးရာထူးစွန့်၍ အမျိုးသားလွှတ်တော်တွင် စိုင်းအိုက်ပေါင်းပြိုင်မည်


သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် SNDP ခေါ် ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းသည် လာမည့် ၂၀၁၅ ရွေး ကောက်ပွဲတွင် ၀န်ကြီးနေရာ စွန့်လွတ်ကာ အမျိုးသားလွှတ်တော်အမတ်အဖြစ်သာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည် ။

" ကျနော့ အသက် ၇၀ ကျော်သွားပြီလေ။ လူငယ် တွေကိုနေရာပေးရတော့ မယ်။ ၀န်ကြီးတော့ ထပ်မလုပ်တော့ဘူး။ ဒါပေမဲ့ အမျိုးသားလွှတ်တော် မှာဝင် ပြိုင်မယ် " ဟု ဦးစိုင်းအိုက်ပေါင်းကပြောသည်။

ပါတီမူဝါဒခြင်းမတူသောကြောင့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ SNLD ပါတီနှင့် ပူးပေါင်းဖြစ်မည်မဟုတ်ကြောင်း ၊ ကျားဖြူပါတီ အနေနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင်အနိုင်ရရှိ၍ သျှမ်းပြည်နယ်အစိုးရအဖွဲ့ဖွဲ့ဖြစ်ပါက သျှမ်းပြည်သူလူထု အများဆုံး ရင်ဆိုင်နေရသော မြေယာသိမ်း ဆည်းခံ ရမှုပြဿနာ များအားဖြေရှင်း ဆောင်ရွက်ပေးမည်ဟု ၄င်းကဆက် လက်ပြောကြားသည် ။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကျားဖြူပါတီအနေနှင့် လွှတ်တော်အ မတ်ပေါင်း ၂၀၀ ၀န်းကျင် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ရာ အမျိုးသမီးအမတ် ၃၀ ဦးပါဝင်သည်ဟုဆိုပါသည်။

ကျားဖြူပါတီသည် မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင်ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ၊ အမျိုးသား လွှတ်တော် ၊တိုင်းဒေ သကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် နှင့် တိုင်းရင်းသားရေးရာ ၀န်ကြီး နေရာတွင် အခါ ၊ လားဟူး ၊ လီဆူး ၊ ဗမာ ၊ ကချင် စသည့် တိုင်းရင်းသား များဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည် ။


Panglong(Burmese)

No comments:

Post a Comment

My Blog List