Tuesday, April 28, 2015

ပါလက်စတိုင်းတွေ သေဆုံးမှု အစ္စရေးလက်ချက်လို့ ဆို



၂၀၁၄ ခုနှစ်က ဂါဇာစစ်ပွဲအတွင်းမှာ လူတွေခိုလှုံနေတဲ့ ကုလသမ္မဂ ကျောင်းတွေကို (၇) ကြိမ်တိတိ တိုက် ခိုက်ခံရမှုဟာ အစ္စရေးစစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ ကုလသမ္မဂ စုံစမ်းရေးအဖွဲ့က ထုတ်ပြန်လိုက် ပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း အစ္စရေးလက်ချက်နဲ့ အနည်းဆုံး ပါလက်စတိုင်း လူမျိုး ၄၇ ဦးသေဆုံးခဲ့ပြီး လူ၂၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ကုလသမ္မဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြော ကြားခဲ့ပါတယ်။

ပါလက်စတိုင်း လက်နက်ကိုင်တွေက ဒေသတွင်းက လွတ်လပ်နေတဲ့ ကုလသမ္မဂ ကျောင်း ၃ ကျောင်းမှာ လက်နက်တွေ ၀ှက်ထားခဲ့တယ် ဆိုတာကိုလည်း ဒီစုံစမ်းရေးအဖွဲ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီစာသင်ကျောင်း တိုက်ခိုက်မှုတွေအတွက် ရာဇ၀တ်ကြောင်းအရ စုံစမ်း စစ်ဆေးပြီးဖြစ်တယ်လို့လည်း အစ္စရေးဘက်က ပြောပါတယ်။

BBC Burmese

No comments:

Post a Comment

My Blog List