Tuesday, March 24, 2015

အမေရိကန်က ယီမင်ရှိ ဝန်ထမ်းများရုတ်သိမ်း



ပြည်တွင်းစစ်မီးလောင်ကျွမ်းနေသည့် အာရေဗျကျွန်းဆွယ်နိုင်ငံ ယီမင်တွင် တစ်စထက်တစ်စ ပိုမိုဆိုးရွား လာ နေသည့် အကြမ်းဖက်မှုနှင့် နိုင်ငံရေး ပဋိပက္ခများကြောင့် ယီမင်နိုင်ငံတွင်းမှ အမေရိကန် ဝန်ထမ်းများ အားလုံး ကိုနေရပ်သို့ပြန်လည်ခေါ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန်က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့ သည်။
“ယီမင်နိုင်ငံရဲ့ ပျက်စီးယိုယွင်းနေတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ယီမင်နိုင်ငံတွင်း ကျန်ရှိနေသေးတဲ့ အမေရိကန်ဝန်ထမ်းတွေအားလုံးကို ယာယီအနေနဲ့ လွတ်ကင်းရာနေရာကို ရွှေ့ပြောင်းထားပါတယ်” ဟု အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောခွင့်ရ Jeffrey Rathke က ဆိုသည်။

အမေရိကန်လိုလားသည့် ယီမင်သမ္မတ အဗ္ဗ ရဘူ မန်ဆော ဟာဒီသည် လည်း ဖေဖော်ဝါရီလတွင် သူပုန် များ မြို့တော် ဆာနားကို သိမ်းပိုက် ပြီးနောက် နိုင်ငံတောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဟူသီသူပုန်များက မြို့တော် ဆာနားကို သိမ်းပိုက်လိုက်ပြီးနောက် မြို့တော်အတွင်းရှိ အမေရိကန် သံရုံးကို ပိတ်သိမ်းလိုက်ပြီး ၄င်းတို့သံရုံးဝန်ထမ်းများကို ဘေးကင်းရာသို့ရွှေ့ပြောင်းလိုက်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။

စနေနေ့တွင် အယ်လ်ကိုင်းဒါးလက်နက်ကိုင်များက Al-Houta မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ယင်းမြို့အနီးရှိ Al Anad လေတပ်အခြေစိုက်စခန်းမှ အမေရိကန်တပ်ဖွဲ့များကို ပြန်လည်ခေါ်ယူခဲ့သည်ဟု သိရသည်။

တနင်္ဂနွေနေ့တွင် ယီမင်နိုင်ငံအလယ်ပိုင်းရှိ တိုင်ဇ်မြို့ကို ဟူသီသူပုန်များက ထပ်မံသိမ်းပိုက်လိုက်ပြီး ယီမင်သမ္မ တိမ်းရှောင်ခိုလှုံနေသည့် ယီမင်တောင်ပိုင်းသို့ပါ ၄င်း၏ တပ်ဖွဲ့များကို စေလွှတ်မည်ဟု ခြိမ်းခြောက်ထားသည်။

ယီမင်အရေးစောင့်ကြည့်လေ့လာသူများက လတ်တလောတွင် ယီမင်နိုင်ငံတွင်း ဖြစ်ပွားနေသည့် အာဏာ လုစစ်ပွဲများနှင့် အကြမ်းဖက် အသေခံဗုံးခွဲမှုများကြောင့် ယီမင်နိုင်ငံရေးသည် ပြည်တွင်းစစ်နှင့် ဂိုဏ်းဂဏစွဲ စစ်ပွဲများရေရှည်ဖြစ်ပွားရန် တွန်းပို့ခံနေရသည်ဟု ဝေဖန်နေကြသည်။

အလင်းအိမ်
Source: BBC
The Myanma Age

No comments:

Post a Comment

My Blog List