Wednesday, December 17, 2014

လူမှုဖူလုံရေးနှင့် အလှမ်းဝေးနေသည့် လုပ်ငန်းခွင်များရှိ စက်ရုံအလုပ်သမားများ လက်ရှိအချိန်ထိ မီးဖွားခွင့် မခံစားရသေး



အမျိုးသမီးလုပ်သားများအတွက် မီးဖွားခွင့်ကို သတ်မှတ်ပေးထား သော်လည်း လူမှုဖူလုံရေးနှင့်အလှမ်း ဝေးနေသည့်လုပ်ငန်းခွင်များရှိ စက်ရုံ အလုပ်သမားများတွင် လက်ရှိအချိန် ထိ အကျိုးခံစားခွင့် မရရှိသေး ကြောင်း သိရသည်။

လူမှုဖူလုံရေး ဥပဒေသစ်အရ အမျိုးသမီး အလုပ်သမားများအား ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားခွင့်အ တွက် ဆေးကုသခွင့်၊ ငွေကြေးအကျိုး ခံစားခွင့်ကို ၂ဝ၁၂ ဥပဒေသစ်အရ အောက်တိုဘာ ၁ ရက်နေ့မှ စတင် ၍အကျိုးခံစားခွင့်ပြုနေပြီဖြစ်သော်လည်း လက်တွေ့တွင် ခွင့်ရက်ခံစားမှု များမှာ အငြင်းပွားဖွယ်ရာဆက်လက် ဖြစ်ပွားနေသည်။ ထို့အပြင် မီးဖွား ရန်ခွင့်မရရှိသောကြောင့်အလုပ်မှ ထွက်ခြင်း၊ အခြားလုပ်ငန်းခွင်များ တွင် သွားရောက်လုပ်ကိုင်ရန်လည်းခက်ခဲခြင်း စသည့်အခက်အခဲများကို အမျိုးသမီး 
လုပ်သားများအနေဖြင့်ခံစားနေကြရသေးသည်ဟု လှိုင်သာ ယာစက်မှုဇုန်ရှိ အလုပ်သမားရေးရာကိစ္စရပ်များကို ကူညီဖြေရှင်းပေးနေ သည့်ရှေ့နေဦးဌေးက ကြုံတွေ့နေရမှု များကိုပြောသည်။

မီးဖွားခွင့်ကို လူမှုဖူလုံရေး အကျိုးခံစားခွင့်အရ လူမှုဖူလုံရေး အာမခံစနစ် ထည့်ဝင်ကြေး ၆ လ သွင်းထားပြီးသည့် သူတိုင်းခံစားခွင့် ရှိသည့် အကျိုးခံစားခွင့်ကို ယခင်က ကျင့်သုံးခဲ့သည်။ ၁၉၅၄ ခုနှစ် ဥပဒေ အရမီးမဖွားခင် ခြောက်ပတ်၊ မီးဖွား ပြီး ခြောက်ပတ်နှင့် ဆေးကုသစရိတ် ငွေကြေးခံစားခွင့်အား လစာ၏ ၆၆ ဒသမ ၆၇ရာခိုင်နှုန်းခံစားခွင့်ရှိသည်။ လက်ရှိကျင့်သုံးသော ဥပဒေသစ် အရ မီးမဖွားခင် ခြောက်ပတ်၊ မီးဖွား ပြီးရှစ်ပတ်နှင့်ဆေးကုသစရိတ်ငွေကြေး ခံစားခွင့်အားလစာ၏ ၇ဝရာခိုင်နှုန်း ကို 
အကျိုးခံစားခွင့် ရရှိနေပြီဖြစ် သည်။ ထပ်မံ၍ ဥပဒေသစ်၏ အကျိုးခံစားခွင့်အရ မီးဖွားစရိတ် အား ကလေးတစ်ဦးလျှင် လစာ၏ ၅ဝ ရာခိုင်နှုန်း၊ အမြွှာကလေး ၂ ဦးမွေး လျှင် လစာ၏ ၇၅ ရာခိုင်နှုန်း၊ အမြွှာ ကလေးသုံးဦးနှင့်အထက်မွေးလျှင် လစာငွေ ၁ဝဝ ရာခိုင်နှုန်း အကျိုး ခံစားခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် လူမှုဖူလုံရေး အာမခံစနစ်ဝင်ထားသူ အမျိုးသား ဖြစ်ပါက ၄င်း၏ဇနီးဖြစ်သူ မီးဖွား ခြင်းအတွက် ခွင့် ၁၅ရက်နှင့် လုပ်ခ ၏ ၇ဝရာခိုင်နှုန်းနှင့် မီးဖွားစရိတ် ၂၅ ဒသမ ၅ဝ ရာခိုင်နှုန်းအထိထောက်ပံ့ 
ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

စက်ရုံက အမျိုးသမီးအများစု ကတော့ မီးဖွားခွင့်ကိုတင်ဖို့ အဆင် မပြေဘူး ခုချိန်ထိကိုမရတာ တချို့ စက်ရုံတွေကလည်း ဘာမှမလုပ်ပေး ချင်ကြဘူး''ဟု¤င်းကဆက်ပြောသည်။

''ဥပဒေသစ်ကိုလိုက်နာကျင့်သုံး ဖို့ အသိပညာပေးတာတွေ လုပ်နေ တယ်။ လုပ်ငန်းခွင်တွေထဲမှာလည်း ကျင့်သုံးနေကြပါပြီ''ဟု လူမှုဖူလုံရေး ဦးစီးဌာနမှ ဒေါ်သန်းသန်းနုက ပြော သည်။

လူမှုဖူလုံရေး ဥပဒေသစ်တွင် ရရှိမည့် အကျိုးခံစားခွင့်သစ်များ ကိုအာမခံထားရှိသည့် အလုပ်သမား သာမက အာမခံစနစ်မရှိသေးသော လုပ်သားများ နားလည်သဘောပေါက် စေရန်ရည်ရွယ်၍ လူမှုဖူလုံရေးနှင့် ပတ်သက်သည့်အကြောင်းအရာ များကို အသိပညာပေးလျက်ရှိသည်။ လက်ရှိတွင် ဥပဒေကို လိုက်နာရန် အဓိက အကောင်အထည်ဖော်လျက် ရှိပြီး မီးဖွားခွင့်နှင့်အကျိုးခံစားခွင့် များကိုလည်း လုပ်ငန်းရှင်များက တိကျစွာပေးရန်နှင့် အလုပ်သမားများ အတွက် လုပ်ငန်းခွင်တွင်အဆင်ပြေ ပြီး အကျိုးခံစားခွင့် အခိုင်အမာ ရစေရန် တိုက်တွန်းအသိပညာ ပေးခြင်းကိုသာ လက်ရှိတွင်လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

''မလိုက်နာရင်တော့ ဥပဒေထဲ မှာလည်း အရေးယူမယ့်အပိုင်းတွေ ပါပြီးသားလေ။ ဒါတွေကိုကျင့်သုံးပြီး အကောင်ထည်ဖော်သွားမှာပါ ''ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အမျိုးသမီး အလုပ်သမားများ အတွက် မီးဖွားခွင့်နှင့်ပတ်သက်၍ အကျိုးခံစားခွင့်၊ ခွင့်ရက်များကို ယခင်ကတည်းက ဥပဒေတွင် ဖော်ပြ ခဲ့သော်လည်းလက်တွေ့တွင်ကျင့်သုံး ကြခြင်းမရှိသည်နှင့်အညီ အမျိုးသမီး အလုပ်သမားများအတွက် မီးဖွားပြီး ပါက လုပ်ငန်းခွင်တွင် ပြန်လည်ဝင် ရောက် လုပ်ကိုင်ရန် စိတ်ဓာတ်ကျ ခြင်း၊ မီးဖွားရန်အတွက် ခွင့်တင်ရာ တွင် တချို့လုပ်ငန်းရှင်များမှ နား လည်မှု မထားသဖြင့် မီးဖွားရန် အလုပ်မှ ထွက်ကြခြင်း၊ မီးဖွားပြီး အမျိုးသမီးများ ပြန်လည်အလုပ်လုပ် ကိုင်ရန် အလုပ်ရှာဖွေရာတွင် လုပ် ငန်းရှင်များက လက်မခံခြင်းအစရှိ သည်များကြောင့် အမျိုးသမီးလုပ် သားများ လုပ်ငန်းခွင်အတွင်း မရောက်ရှိတော့ကြောင်း ရှေ့နေ ဦးဌေးက အလုပ်သမားများ ကြုံတွေ့ နေရပုံကို ရှင်းပြသည်။

''အမျိုးသမီးတွေအတွက် အ ခွင့်အရေးတွေက တောင်းဆိုနေရဦး မှာပဲ။ သူတို့တွေအတွက် အကာအ ကွယ် မပေးနိုင်တာက အများကြီး။လုပ်စရာတွေ လိုအပ်နေသေးတယ်'' ဟု ၄င်းကဆက်ပြောသည်။

အမျိုးသမီး အလုပ်သမားများ အတွက် မီးဖွားခွင့်နှင့် လူမှုဖူလုံရေး အာမခံထားရှိထားသော အလုပ် သမားများအတွက် အကျိုးခံစားခွင့်ကို တိကျစွာသိရှိစေရန် လိုအပ်ပြီး ခံစားခွင့်မရရှိပါက ဥပဒေတွင်ရေးဆွဲ ထားသောပြစ်မှုများအရ အရေးယူရန်တိုင်ကြားနိုင်ကြောင်း သိရသည်။

ခိုင်နွယ်ဦး

ပုံစာ - ရန်ကုန် လူမှုဖူလုံရေးအဖွဲ့ အလုပ်သမားဆေးရုံကြီး

Popular Myanmar News Journal

No comments:

Post a Comment

My Blog List