Monday, October 27, 2014

တိုင်းဧရာလွှတ်တော်၌ စီမံကိန်းများကို ပွင့်လင်းမြင်သာစွာချပြရန် ဆွေးနွေးမှုပြုလုပ်


ဧရာဝတီတိုင်းဒေသကြီးအတွင်း အစိုးရ ၏ စီမံကိန်းများနှင့် တန်ဖိုးငွေများကို ပြည်သူများအားပွင့်လင်းမြင် သာ စွာအသိပေးရေးအဆိုအား (၁၁) ကြိမ် မြောက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တွင် ငပု တောမြို့နယ် ကိုယ်စားလှယ်ဦးအေး ကြည်က အဆိုတင်သွင်းလိုက်သည်။

ယင်းအဆိုကိုလပွတ္တာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်း နှင့် ရေကြည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာလှမြတ်သွေး တို့က ထောက်ခံဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့က ကန့်ကွက်ခြင်းမရှိခဲ့သည့်အတွက် လွှတ်တော်တွင် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

''အခုပြည်သူတွေက ကိုယ့်ဒေ သမှာ ဘာစီမံကိန်းလုပ်လို့ ဘယ် လောက်ကုန်ကျတယ်ဆိုတာ မသိ ကြ ဘူးဖြစ်နေတယ်။ သိချင်ရင်တောင် ဘယ်သူ့မေးရမှန်းမသိတဲ့အနေအထားဖြစ်နေတယ်''ဟုငပုတောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးအေး ကြည်က အဆိုတင်သွင်းရာတွင်ထည့် သွင်းပြောကြားခဲ့သည်။

လက်ရှိငရုတ်ကောင်းကမ်းခြေ ဒေသတွင် တည်ဆောက်မည့်ကျောက် မီးသွေးစွမ်းအင်သုံးလျှပ်စစ်ဓာတ် အား ပေးစက်ရုံကဲ့သို့ တန်ဖိုးကြီးမားသည့် နိုင်ငံတော်စီမံကိန်းများမှအစ အောက် ခြေမြို့နယ်များတွင် လမ်းပြင်၊ ကျောင်း ဆောက်သည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအထိ လုပ်ငန်းစီမံချက်နှင့်တန်ဖိုး ငွေများကို ပြည်သူများမသိရှိရသည့် အတွက် ပွင့်လင်းမြင်သာစွာ ပြည်သူ ကို အသိပေးရေးအဆိုကိုတင်သွင်း ရခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

''ဝန်ကြီးချုပ်ကသူ့သဘောနဲ့ သူလုပ်ပြီးတော့မှ MoU (နားလည်မှု စာချွန်လွှာ) တွေထိုး၊ အကုန်လုံး စီစဉ်ပြီးမှဒါကိုထုတ်ပြောလိုက်တယ်။ အဲဒီအချိန်မှာ ပြန်ပြင်ဆင်လို့မရတော့ ဘူး။ ဒီလိုပြင်ဆင်လို့မရတော့မှ ထုတ်ပြောတတ်တဲ့ အစိုးရတစ်ရပ်ဖြစ် နေတယ်''ဟု ရေကြည်မြို့နယ် လွှတ် တော်ကိုယ်စားလှယ်ဒေါက်တာ လှ မြတ်သွေးက ပြောသည်။

စီမံကိန်းများကို ပြည်သူများ အားချပြပြီး ပြည်သူသဘောတူမှ ဆောင်ရွက်ရန် ငပုတောကိုယ်စားလှယ် ဦးအေးကြည်နှင့်လပွတ္တာကိုယ် စားလှယ်ဦးဇော်ဝင်းတို့က ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော်၏ ရှစ် ကြိမ်မြောက်နှင့် ကိုးကြိမ်မြောက်ပုံ မှန်အစည်းအဝေးတို့တွင် အဆိုများ တင်သွင်းခဲ့သော်လည်း ဧရာဝတီ တိုင်း ဒေသကြီးအစိုးရမှ ကန့်ကွက်ခဲ့ပြီး လွှတ်တော်၌မဲခွဲရာတွင်လည်း ယင်း အဆိုများရှုံးနိမ့်ခဲ့ပြီး ယခု အဆိုတင် သွင်းမှုတွင် အစိုးရအဖွဲ့မှထောက်ခံ ခဲ့ခြင်းဖြစ်သည်။

လက်ရှိဆောင်ရွက်နေသည့် ငရုတ်ကောင်းကျောက်မီးသွေးဓာတ် အားပေးစက်ရုံစီမံကိန်းမှာ ငရုတ် ကောင်း ပင်လယ်ကမ်းခြေနှင့်သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမည်ကို စိုးရိမ်ကြသည့်အတွက် ငရုတ်ကောင်း ဒေသခံအများစုက ဝိုင်းဝန်းကန့်ကွက် နေကြကြောင်း၊ ပြည်သူလည်းကြို တင်မသိရှိ၊ လွှတ်တော်တွင် ဆွေးနွေး တင်ပြခြင်းမျိုး မပြုလုပ်ခဲ့ဘဲ အစိုးရ မှ လုပ်ဆောင်သည့်လုပ်ရပ်မျိုးဖြစ်နေ ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ထောက်ပြဝေဖန်ထားသည်။

#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List