Tuesday, October 14, 2014
စစ်သွေးကြွများက မလေးရှားကျောင်းသူများကို ပစ်မှတ်ထား လူသစ်စုဆောင်းနေ
မလေးရှားနိုင်ငံတွင် ကျောင်းသူ မိန်းကလေးများအပါအ၀င် ကျောင်းသားကျောင်းသူများကို စစ် သွေးကြွ အုပ်စုများက အဖွဲ့ဝင်အဖြစ်ပူးပေါင်းပါဝင်ရန် သွေးဆောင်ခေါ်ယူမှုများရှိနေပြီးကြောင်း မလေးရှား နိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးဌာနမှ လက်ထောက် ဒါရိုက်တာ အေယော့ ခန်မိုင် ဒင် ပစ်ချေးကပြော သည်။
စစ်သွေးကြွများအတွက်လူသစ်စုဆောင်းပေးသူများသည် လှည့်စားရလွယ်ကူသော ငယ်ရွုယ်သည့် လူငယ် များကို ဖေ့စ်ဘွတ်မှတစ်ဆင့် စည်းရုံးနေ ကြခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
“ဖေ့ဘုတ်ကနေပြီးတော့ အသက် ၁၅ နှစ် နဲ့ ၃၀ ကြား ငယ်ရွယ်တဲ့ လူငယ်လေးတွေကို စစ်သွေးကြွအုပ်စု အတွက် ခေါ်ဆောင်နေတာတွေက တကယ့်ကို စိုးရိမ်စရာပါပဲ” ဟု၎င်းက ပြောသည်။
“ကျောင်းသားကျောင်းသူတွေအပြင် အစိုးရနဲ့ ပုဂ္ဂလိက အလုပ်ခွင်ထဲက လူငယ်တွေဟာ ဒီလို စစ်သွေးကြွ
တွေနဲ့ ပူးပေါင်းဖို့ စည်းရုံးခံနေရပါတယ်” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။
ဆက်လက်၍ ဆီးရီးယားနိုင်ငံရှိ IS အဖွဲ့ နှင့်အတူ အခြားစစ်သွေးကြွအုပ်စု များဖြစ်သည့် အယ်လ်နူဆရာ နှင့် အယ်လ်ရှန် အဖွဲ့များတွင် မလေးရှားနိုင်ငံ သားများပါဝင်နေသည်ဟု အေယော့ ခန်က ပြောသည်။
လက်ရှိအချိန်ထိ အမျိုးသမီးသုံးဦးအပါအ၀င် မလေးရှားနိုင်ငံသား ၂၂ ဦးသည် ဆီးရီးယားရှိ စစ်သွေးကြွ အုပ်စုများတွင် ပါဝင်နေသည် ကို တွေ့ရှိခဲ့ရပြီး အခြား ၂၃ ဦးကိုလည်း ယင်းကဲ့သို့ ဆက်သွယ်ခဲ့မှု များကြောင့် ထိန်းသိမ်းထားရသည်။
Ref:AFP
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment