Friday, August 08, 2014

မလေးရှား ၀တ်လစ်စလစ်ကစားပွဲတွင် ပါဝင်ခဲ့သူများကို နိုင်ငံတကာရဲတပ်ဖွဲ့ဖြင့် ဖမ်းဆီးမည်



ပီနန်အမျိုးသားဥယျာဉ်အတွင်းမှ တီလတ်ကမ်ပီကမ်းခြေတွင် ၀တ်လစ်စလစ်ကစားပွဲတစ်ခု ဆင်နွှဲခဲ့ကြသူ ၁၅ ဦးအနက်မှ နိုင်ငံခြားသား ရှစ်ဦးကို ဖမ်းဆီးနိုင်ရန် ပီနန်ရဲတပ်ဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) ထံ အကူအညီတောင်းခဲ့သွားမည်ဟု သိရသည်။
‘၂၀၁၄ ပီနန်ဝတ်လစ်စလစ်အားကစားပွဲ’ဟု အမည်ပေးခဲ့ကြသည့်ပွဲတွင် မြန်မာနိုင်ငံမှ နှစ်ဦး၊ စင်ကာပူမှ လေးဦး နှင့် ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံတို့မှ တစ်ဦးစီနှင့် မလေးရှားနိုင်ငံသား ရှစ်ဦးတို့ ပါဝင်ခဲ့ရာ မလေးရှားနိုင်ငံသားများကို ဖော်ထုတ်သိရှိ ထားပြီဖြစ်ကြောင်း သိရသည်။

ပီနန်ရဲချုပ် ဒါတွတ်အဒူရာမင်ဟာနာဖီက “သူတို့ကို မကြာခင် ရှာတွေ့နိုင်ပါ လိမ့်မယ်။ ပြီးတော့မှာ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းမှုတွေ ထပ်လုပ်ပါမယ်” ဟု ပြောကြားသည်။

လူမှုမီဒီယာများတွင် ပျံ့နှံ့ ခဲ့သည့် အဆိုပါ ကိုယ်လုံးတီး ကစားပွဲ ဗီဒီယိုဖိုင်တွင် အမျိုးသား ကိုးဦးနှင့် အမျိုးသမီး ခြောက်ဦး တို့ပါဝင်ပြီး ၎င်းတို့ကိုယ်ပေါ်တွင် အရုပ်များ ဆွဲထားပြီး ကမ်းခြေပေါ်တွင် ကခုန်ဆော့ကစားနေခဲ့ကြသည်။

မလေးရှားနိုင်ငံများသည် အသက် ၂၀ မှ ၅၀ အကြားအရွယ်များဖြစ်ကြောင်း သိရသည်။ ပွဲစီစဉ်သူများ မှာ အသက် ၅၀ ခန့်အရွယ် မလေးရှားအမျိုးသား တစ်ဦးနှင့် ဗီဒီယိုအား ရိုက်ကူးပြီး လူမှုမီဒီယာပေါ်တွင် တင်ခဲ့သည့် နိုင်ငံခြားသားတစ်ဦးတို့ဖြစ်သည်။

ဂျော့တောင်းမြို့မှ ဒုတိယကျန်းမာရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒါတွတ် ဆရီ ဒေါက်တာဟီမီယာ ဟာရာက အဆိုပါ ၀တ်လစ်စ လစ်ပွဲနှင့် ပတ်သက်၍ ပြစ်တင်ရှုတ်ချခဲ့သည်။

“ဒီလိုကိစ္စမျိုး ကျွန်တော့် မဲဆန္ဒနယ်ထဲက လူမြင်ကွင်းမမှာဖြစ်တာ အလွန်ရှက် ဖို့ကောင်းပါတယ်” ဟု ပြောကြားသည်။

Ref:BERNAMA/al
Mizzima - News in Burmese

No comments:

Post a Comment

My Blog List