Thursday, June 19, 2014

ဆူနီတွေကို ဝေဟင်ကနေ တိုက်ခိုက်ဖို့ အီရတ်က ကန်ကို တရားဝင် တောင်းဆို


အီရတ်နိုင်ငံက ​နေရာအတော်များများကို ​သိမ်းပိုက်ထားတဲ့ ​ဆူနီ ​လက်နက်ကိုင်အဖွဲ့ ​တွေကို ​ဝေဟင်ကနေ တိုက်ခိုက်ပေးဖို့အတွက် ​အီရတ်အစိုးရက ​အမေရိကန်ကို ​တရားဝင်တောင်းဆိုလိုက်ပြီ ​ဖြစ်ပါတယ်။ အခု ​တရားဝင် ​တောင်းဆိုလိုက်တဲ့ ​ဝေဟင်တိုက်ခိုက်မှုကိစ္စဟာ ​နှစ်​နိုင်ငံကြားထားရှိတဲ့ ​လုံခြုံရေးဆိုင်ရာ ​သဘောတူညီမှုကနေ ​တောင်းဆိုတာ​ဖြစ်တယ်လို့ ​အီရတ် ​နိုင်ငံခြားရေး ​၀န်ကြီး ​Hoshyar ​Zebari ​က ​ပြောပါတယ်။

ဝေဟင် ​တိုက်ခိုက်မှု​တွေဟာ ​အကြမ်းဖက်အဖွဲ့တွေကိုပဲ ​တိုက်ရိုက်တိုက်ခိုက်​ရမှာ ​ဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

ဒါပေမဲ့ ​အီရတ်ဘက်က ​တောင်းဆိုထားတဲ့ ​ဝေဟင် ​တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ​လုပ်ဆောင်မယ် ​မလုပ်ဆောင်ဘူး​ဆိုတာကို ​အမေရိကန်​သမ္မတ ​ဘာရက် ​အိုဘားမားက ​မဆုံးဖြတ်​ရသေးဘူးလို့ ​အိမ်ဖြူတော် က ​ပြောပါတယ်။

တဆက်တည်းမှာပဲ ​အီရတ်နိုင်ငံ ​မြောက်ဘက်ပိုင်းမှာ ​ဆောက်လုပ်ရေး ​အလုပ်လုပ် ​နေကြတဲ့ ​အန္ဒိယ ​အလုပ်သမား ​အယောက် ​၄၀ ​လောက်ကို ​ဆူနီလက်နက်ကိုင်​အဖွဲ့က ​ပြန်ပေးဆွဲ ​ဖမ်းဆီးခေါ်ဆောင် ​သွားတယ်လို့ ​သိရပါတယ်။

အဆိုပါ ​ပြန်ပေးဆွဲ ​ခေါ်ဆောင်ခံ​ရတဲ့သူတွေကို ​ဘယ်နေရာမှာထားလည်း ​ဆိုတာကိုတော့ ​အစိုးရတာဝန်ရှိ ​သူတွေအနေနဲ့ ​မသိရသေး ​ဘူးလို့ ​ဆိုပါတယ်။

ABC

No comments:

Post a Comment

My Blog List