Wednesday, May 28, 2014

ရန်ကုန်တိုင်းစုပေါင်းတရားရုံးအား ပုဂ္ဂုလိက ကုမ္ပဏီများသို့ အငှားချလိုက်သောကြောင့် မြန်မာနိုင်ငံရှေ့နေများကွန်ယက်မှ ဒုတိယအကြိမ်ဆန္ဒပြ





နိုင်ငံတော်အစိုးရသည် ရန်ကုန်တိုင်းစုပေါင်းတရားရုံးချုပ်အား ပုဂ္ဂိုလိကကုမ္ပဏီများသို့ အငှားချလိုက် သောကြောင့် မြန်မာနိုင်ငံရှေ့နေများကွန်ယက်မှ မေလ(၂၈)ရက်က ကျောက်တံတားမြို့ နယ် ရဲစခန်း၏ ခွင့်ပြုချက်ဖြင့် မဟာဗန္ဓုလပန်းခြံရှေ့မှာ ကမ်းနားလမ်းနှင့်ဆူးလေဘုရားလမ်းထောင့်ရှိ ရန်ကုန်တိုင်းစုပေါင်း တရားအားရုံးချုပ်ရှေ့သို့ စီတန်းလှည့်လည်ကာ ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်ခဲ့သည်။

“ရန်ကုန်တိုင်းစုပေါင်းတရားရုံးဟာ သမိုင်းဝင်မှတ်တမ်းများနဲ့ပြည့်နေတဲ့ရုံးဖြစ်ပါတယ်။ ဒီလိုတရားရုံးချုပ်ကို ဟိုတယ်ဆောက်ဖို့အတွက်ငှားရမ်းလိုက်မယ်ဆိုရင် ကျွန်တော်တို့ရန်ကုန်တရားရုံးချုပ်ကြီးမှာရှိတဲ့ ဧည့်ခန်း ဟာ အရက်ဘားခန်းဖြစ်လာမယ်၊ဆွေးနွေးတိုင်ပင်တဲ့အခန်းဟာ အိပ်ခန်းတွေ၊သန့်စင်ခန်းတွေဖြစ်လာမယ်။ နောက်တစ်ခုက တရားရုံးဆိုတာ မြို့ လယ်မှာပဲရှိသင့်တဲ့အရာဖြစ်တယ် ဒါမှသွားရေးလာရေးလည် အဆင်ပြေမယ်။ပြည်သူအရေးကိုလည်း ကောင်းကောင်းမွန်မွန်ဆောင်ရွက်လုပ်ကိုင်ပေးနိုင်မှာဖြစ်ပါတယ်

ကျွန်တော်တို့ သမိုင်းဝင်မှတ်တမ်းများနဲ့ပြည့်နေတဲ့ရန်ကုန်တရားရုံးချုပ်အဆောက်အဦးကို ဘယ်လိုနည်းနဲ့မှ အဆုံးအရှုံးမခံနိုင်ပါဘူးဖြစ်တဲ့နည်းနဲ့ပြန်လည်ရရှိအောင်ဆောင်ရွက်သွားမယ်။”ဟုတရားလွှတ်တော်ရှေ့နေ ဦးကိုနီကပြောသည်။

“တရားလွှတ်တော်အဆောက်အအုံနဲ့ ကမ်းနားမှာရှိတဲ့ ရန်ကုန်တိုင်းစုပေါင်းတရားရုံးပေါ့ ဒီနှစ်ခုကို ပုဂ္ဂိုလ်ကကို လွဲပေးမယ်လို့ပြောတယ်ဒီလိုနဲ့ ၂၀၁၂၊ဇွန်လလောက်ကစပြီး ဆရာတို့အစိုးရကို ကန့်ကွက်ခဲ့တယ်။စာတွေရေးပို့တယ် ဒါကိုမလုပ်ဖို့ရပေါ့ တရားရုံးအဆောက်အအုံကိုတရားရုံးအဆောက် အအုံတိုင်း ထားပေးဖို့မေတ္တာရပ်ခံခဲ့တယ် ဒါပေမဲ့ အခြေအနေက မထူးခြားလာဘူး ဒါကြောင့်ဒီနေ့ အခုလိုဆန္ဒပြတောင်းဆိုရခြင်းဖြစ်ပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကဆိုသည်။

၎င်းဆန္ဒပြခြင်းအား လူအင်အား (၂၀၀)ဖြင့် ဆန္ဒပြထုတ်ဖော်ခဲ့ပြီး အချက်(၇)ချက်ကို တောင်းဆိုခဲ့သည်။ ယင်းအချက်များမှာ

(၁)တရားရုံးအဆောက်အအုံများ အငှားချမစားရေး၊(၂)ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများ တရားရုံးအဖြစ်တည်ရှိရေး
(၃)တရားရုံးအဆောက်အအုံများ ဟိုတယ်မဖြစ်ရေး
(၄) အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများထိန်းသိမ်းကာကွယ်ရေး
(၅)တရားဥပဒေစိုးမိုးရေးအတွက် ရှေ့နေအဖွဲှ့ချုပ်ပေါ်ပေါက်ရေး
(၆)တရားဥပဒေစိုးမိုးရေး(၇)သယံဇာတပေါများတဲ့ နိုင်ငံမှာ တရားရုံးပြုပြင်စရိတ်မရှိဆိုတာ မဖြစ်သင့်ရေး၊စသည့် အချက်များကို ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့သည်။

မြန်မာနိုင်ငံရှေ့နေများကွန်ယက်သည် ၂၀၁၂၊(၁၀)လပိုင်းတွင် ပထမအကြိမ်ဆန္ဒပြခဲ့ပြီး (ယနေ့)မေ ၂၈ ရက်၌ ဒုတိယအကြိမ်ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ချစ်မင်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List