Thursday, April 17, 2014

ဒီမိုကရေစီအတွက် အရေးကြီးချိန် ရောက်ပြီလို့ ဒေါ်စုပြော


အမျိုးသားဒီမိုကရေစီ​အဖွဲ့ချုပ်ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​မြန်မာနိုင်ငံနိုင်ငံဟာ ​ဒီမိုကရေ စီ ​ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ​အခက်ခဲဆုံး​အချိန် ကြုံတွေ့နေတဲ့အတွက် ​နိုင်ငံတကာ အနေနဲ့ ​ထောက် ခံအားပေးမှုတွေလုပ်ဖို့ ​လိုကြောင်း ​ပြောသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ရဲ့ ​ပြင်သစ် ​နိုင်ငံ ​ခရီးစဉ် ​အတွင်းမှာ ​ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်း ​စုကြည်က ​ပြင်သစ်သမ္မတ ​Francois ​Hollande ​ဖရန်ဆွာ ​အော်လွန်းနဲ့ ​အင်္ဂါနေ့ ​မှာ ​တွေ့ ​ဆုံခဲ့တာ ​ဖြစ်​ပြီး ​မြန်မာ​နိုင်ငံရဲ့ ​ပြုပြင် ​ပြောင်းလဲ​ရေးဟာ ​အခု ​ချိန်မှာ ​ခက်ခဲပြီး ​သတိနဲ့ ​လုပ်ဆောင် ​နေရတဲ့ ​အချိန် ​ရောက်လာ ​နေပြီ ​ဖြစ်တယ်လို့ ​ပြောသွား ​ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖွဲ့စည်းပုံအခြေခံဥပဒေ ​ပြင်ဆင်ဖို့ ​လိုအပ်သလို ​ဗုဒ္ဓဘာသာနဲ့ ​မွတ်စလင်တွေအကြား ​တင်းမာမှုတွေကလည်း ​အရေးကြီးတဲ့အပြင် ​စစ်တပ်ကလည်း ​ပြုပြင်ပြောင်း ​လဲရေး ​အတွက် ​စိန်ခေါ်မှုတစ်ခု ​ဖြစ်နေတယ်လို့ ​ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်း ​စုကြည်ရဲ့ ​၂၀၁၂ ​ခုနှစ် ​ပြင်သစ်နိုင်ငံ ​ခရီးစဉ်အတွင်း ​မြန်မာနိုင်ငံရဲ့ ​ဒီမိုကရေစီ ​အသွင်ကူးပြောင်းမှုတွေကို ​ပြင်သစ်နိုင်ငံအနေနဲ့ ​ထောက်ခံမှာ ​ဖြစ်ကြောင်း ​ပြင်သစ်နိုင်ငံက ​ကတိပေး ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​ပြုပြင်ပြောင်းလဲရေးတွေ ​လုပ်မယ်လို့ ​ကတိကဝတ်ပြုမှုတွေ ​ရရှိပြီးနောက် ပိုင်း ​ပြင်သစ်နိုင်ငံက ​မြန်မာနိုင်ငံအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေ ​ဖယ်ရှားပေးတဲ့အကြောင်း ​မြန်မာအနေနဲ့ ​စီးပွားရေးလောကမှာ ​ပါဝင်လာနိုင်အောင် ​လုပ်ဆောင်တာတွေလည်း ​ရှိခဲ့ကြောင်း ​ပြင်သစ်သမ္မတ က ​ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း ​တွေ့ဆုံမှုတွေ ​လုပ်ခဲ့ပြီး ​ခုအချိန် မှာ ​ပြင်သစ်နိုင်ငံကနေ ​မြန်မာနိုင်ငံဆီကို ​ပြန်လာနေပြီ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List