Tuesday, March 25, 2014

သင်္ကြန်မှာ ရိပ်သာဝင်မယ့် ခင်ဝင့်ဝါ


မြန်မာ့ရိုးရာ သင်္ကြန်ကာလတွင် တရားရိပ်သာဝင်မည်ဖြစ်ကြောင်း အလှမယ် ခင်ဝင့်ဝါ က ပြောသည်။ ‘‘သင်္ကြန်မှာ ရိပ်သာဝင်ဖြစ်မယ်။ ဘယ်မှာဝင်ဖြစ်မလဲဆိုတာတော့ မသိသေးဘူး။ ညီမမှန်းထား တာတော့ သင်္ကြန်မတိုင်ခင် ၉ ရက် (သို့) ၁၀ ရက်နေ့တော့ ရိပ်သာဝင်ဖြစ်မယ်။ ဒီနှစ်ကလည်း ရိပ်သာ ၀င်ချင်စိတ်ပေါက်တာနဲ့ ၀င်ဖြစ်တာ’’ ဟု ခင်ဝင့်ဝါက ပြောသည်။
သင်္ကြန်တွင် ဖျော်ဖြေရန် ကမ်းလှမ်းခံခဲ့ရသော်လည်းရိပ်သာဝင်လိုသောကြောင့် လက်မခံခဲ့ကြောင်း ခင်ဝင့်ဝါက ပြောသည်။

ခင်ဝင့်ဝါသည် သင်္ကြန်ကာလများ၌ ဆယ်တန်းနှစ်တွင်  သီလရှင်ဝတ်ခဲ့ပြီး တက္ကသိုလ်ပထမနှစ်၊ ဒုတိယနှစ်များတွင် ရိပ်သာဝင်ခဲ့ကာ တတိယနှစ်တွင် အိမ်တွင်သာ အနားယူခဲ့ကြောင်း သိရသည်။

‘‘ပရိသတ်တွေအားလုံး  ၂၀၁၄ သင်္ကြန်မှာ ရာသီဥတုက အရမ်းပူတော့ ဘေးအန္တရာယ်ကင်းကင်း နဲ့ ရေကစားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်’’ ဟု ခင်ဝင့်ဝါက နှစ်သစ်ဆုတောင်းပေးထားသည်။

ဒါရိုက်တာသည်ခေတ်နေ ရိုက်ကူးပြီး မင်းသားနေတိုးနှင့် သရုပ်ဆောင်ထားသော ‘‘အရုပ်ကလေးကို ကျွန်တော်ပြန်မပေးပါ’’ ဇာတ်ကားတွင် ခင်ဝင့်ဝါသည် မိတ်ကပ်၊ ဖက်ရှင်ဒီဇိုင်းများကို သေချာပြင်ဆင်ကာ ဘာဘီရုပ်လေးသဖွယ်  ၀တ်ဆင်ရိုက်ကူးခဲ့သလို ပရိသတ်များကလည်း ဘာဘီရုပ်နှင့်တူသည်ဟု မှတ် ချက်ပြုခဲ့ကြသည်။

Camella အလှကုန် သံတမန်တစ်ဦးအနေဖြင့် ချောင်းသာမှ ပရိသတ်များနှင့် တွေ့ဆုံရန် မတ်လ၂၅ ရက်တွင် သွားရောက်မည်ဖြစ်ပြီး ငါးရက်ကြာမည်ဖြစ်ကြောင်း သိရသည်။ 
 
ဧပြီ ၁ ရက်တွင် ဒါရိုက်တာမီးပွားနှင့် ဇာတ်ကားတစ်ကား ရိုက်ရန်ရှိပြီး သင်္ကြန်အပြီးတွင် ပြင်ဦးလွင်သို့ ဇာတ်ကားရိုက်သွားမည်ဖြစ်ကြောင်း သိရသည်။


7Day Daily Newspaper

No comments:

Post a Comment

My Blog List